တိုက်ပွဲ
-
Mar- 2024 -4 March
KIA တပ်ရင်း ၁၂ ဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ် တစ်ရက်ထဲ ၂ ကြိမ်တိုက်ခိုက်ခံရပြီး အထိနာ
အဲဒီစစ်ကြောင်းဟာ မတ်လ ၃ ရက် မနေ့က နေ့မနက်ပိုင်းမှာ ရွှေကူမြို့ဘက်ကနေ မြို့အထက် နန့်ဖာဘက်ကို အင်အား ၈၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာချိန် လမ်းကူးကျေးရွာနဲ့ မီတာ ၂၀၀ ကျော်အကွာ (ဒေသအခေါ် )ကျောက်ကွင်းစခန်းအနီးမှာ KIAနဲ့ KPDF ၊LPDF ပူးပေါင်းတပ်တွေတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရွှေကူနယ် LPDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။
Read More » -
4 March
တာမခံတိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်ရွာမီးရှို့ဖျက်ဆီးနေ
ဖားကန့်မြို့နယ် တာမခံကျေးရွာမှာ စစ်ကောင်စီတပ်က ရွာထဲကနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတဲ့အပြင် နှစ်ဖက်တပ်တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၃ ရက်နေ့ မနေ့က မနက်ပိုင်းကစပြီး စစ်ကောင်စီတပ် ခလရ ၄၂၊ ခလရ ၁၂၊ ခလရ ၇၆ ပူးပေါင်းတပ်တို့ဟာ ဖာကန့်ဘက်ကနေ တိုက်ပွဲဖြစ်ပွားနေတဲ့တာမခံဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာချိန် ဟောင်ပါးအုပ်စု မှော်လုံကျေးရွာအနီး KIA နဲ့ PDF ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာကနေ စစ်ကောင်စီတပ်တွေဟာ တာမခံကျေးရွာထဲကိုဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးဖျက်ဆီးနေတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရွာတွင်းဝင်ရောက်နေတဲ့ စစ်ကြောင်းနဲ့ KIA,PDF ပူးပေါင်းတပ်တွေကလည်း မေလ ၄ ရက် ဒီကနေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်ကနေ ရွာထဲမှာနှစ်ဖက်တပ်တိုက်ပွဲထပ်ပြီးဖြစ်ပွားနေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်က KNG ကိုပြောပါတယ်။ “ဒီကနေ့ အခြေအနေက ရွာထဲမှာ မီးရှို့နေတဲ့ စစ်ကောင်စီတပ်သားတွေ၊ ရှမ်းနီတပ်တွေနဲ့ ပျူစောထီး တပ်တွေက ရွာထဲမှာ မနေ့ကနေ မီးရှို့ပြီး ရှိနေတာကို KIA က ပိတ်ဆို့ပြီး ဝိုင်းရံ တိုက်ခိုက်နေတာဟုတ်တယ်။ တိုက်ပွဲဖြစ်တာက ဒီမနက် ၆ နာရီလောက်ကနေ ဖြစ်တာ။ စစ်တပ်ဘက်ကနေ ထိခိုက်ဒဏ်ရာရသွားတဲ့သူတွေကို ပွင့်ထုတ်နေကြတယ်။ သေဆုံးတာနဲ့ ပတ်သက်ပြီး အတိအကျပြောဖို့တော့ခက်သေးတယ်”လို့ပြောပါတယ်။ လက်ရှိ စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ်မတော် SAN ပူးပေါင်းတပ်တွေက တာမခံကျေးရွာကို မီးရှို့ဖျက်ဆီးနေတာကြောင့် KIA နဲ့ PDF တပ်တွေက ဒီကနေ့ မနက်ပိုင်းကနေ ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပြီး ကျေးရွာအတွင်း တိုက်ပွဲပြင်းထန်နေတာဖြစ်တယ်လို့ ဆက်ဆိုပါတယ်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ဖွဲ့တွေက တာမခံ ခလရ ၁၁၉ စစ်ကောင်စီတပ်စခန်းကို စခန်းသိမ်းတိုက်ပွဲအဖြစ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တိုက်ပွဲဟာ ဒီနေ့ချိန်အထိတိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို တစ်ဖက်မှာ တာမခံဘက်အင်အားဖြည့်စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းနဲ့ KIA,PDF ပူးပေါင်းတပ်ဖွဲ့တစ်ချို့ကလည်း ရွာထဲမှာတိုက်ပွဲဖြစ်နေတာဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေ ကျေးရွာမီးရှို့ဖျက်ဆီးနေတာကြောင့် ကျေးရွာ ၃ ပုံတစ်ပုံက မီးလောင်ပျက်စီးသွားပြီး ကျေးရွာအလယ်ပတ်ပတ်လည်လည်ရှိ လူနေအိမ် အများဆုံး မီးရှို့ဖျက်ဆီးခံထားရတယ်လို့ သိရပါတယ်။ တာမခံကျေးရွာအတွင်း မီးလောင်ပျက်စီးသွားတဲ့နေအိမ်တွေကို ကျေးရွာအနီးတဝိုက်ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံပြည်သူတစ်ချို့က ရွာထဲဝင်ရောက်ပြီး မီးသတ်ငြိမ်းဖို့ ကြိုးစားနေကြပေမယ့် စစ်ကောင်စီတပ်ဘက်နေ ပိတ်ပင်တားမြစ်ထားတယ်လို့ KIA သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။ “ဒေသခံတွေက ရွာထဲကို ဝင်ပြီး သူတို့ရဲ့ မီးလောင်နေတဲ့ အိမ်တွေကို သတ်ငြိမ်းဖို့ ပြောကြလို့ မီးသတ်ကားတွေနဲ့ ဝင်ခိုင်းတယ်။ ဒါပေမယ့် စစ်တပ်ဘက်ကနေ ရွာထဲကို လုံးဝမဝင်ခိုင်းဘူး။ ဝင်လာတဲ့ သူတွေကို သတ်မယ်လို့ ပြောတယ်။ အဲဒါကြောင့် ရွာသားတွေကလည်း ဘယ်သူမှ မဝင်ရဲကြဘူး။ မီးက ဒီအတိုင်းလောင်နေတာ” လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေက တာမခံတပ်စခန်းကို လက်မလွတ်ရအောင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ နောက်ပိုင်း နေ့တိုင်းတိုင်းလိုလို လာရောက်ဗုံးကျဲတိုက်ခိုက်နေပြီး ဒီကနေ့မနက်ပိုင်းမှာလည်း တိုက်ပွဲဖြစ်ပွားနေတဲ့ တာမခံတပ်စခန်းမှာ ဂျက်လေယာဉ် ၂ စီးနဲ့ လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့တာရှိသလို တာမခံစစ်ကောင်စီတပ်စခန်းကိုလည်း KIA ဘက်ကနေ ဝိုင်းရံပိတ်ဆို့နေဆဲဖြစ်တာကြောင့် နေတိုင်းပစ်ခတ်မှုဖြစ်ပွားနေတယ်လို့ သိရပါတယ်။ လက်ရှိ KIA နဲ့ PDF ပူးပေါင်းတပ်တွေက တာမခံ ရဲစခန်းတစ်ခုတည်းကိုသာ သိမ်းပိုက်ထားနိုင်တာဖြစ်ပြီး ခမရ ၁၁၉ တပ်စခန်းကိုတော့ စစ်ကောင်စီဘက်က အဆက်မပြတ်လေကြောင်းတိုက်ခိုက်နေတကြောင့် သိမ်းပိုက်နိုင်းခြင်းမရှိသေးတဲ့အခြေအနေဖြစ်နေပါတယ်။ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ တာမခံဒေသခံ ၅၀၀၀ လောက်က ဟောင်ပါးအုပ်စုထဲမှာရှိတဲ့ ကျေးရွာတစ်ချို့နဲ့ ဖားကန့်မြို့ပေါ်ထဲက ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ဘုရားကျောင်းဝင်းနေရာတွေမှာ ခက်ခက်ခဲခဲ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
2 March
ကသာနယ်မှာ စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကျဲ
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ငါးတဲကျေးရွာအုပ်စုထဲက ပျဥ်ထောင်လေးကျေးရွာ နဲ့ ပျဥ်ထောင်ကြီးကျေးရွာဘက်ကို စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဂျက်ဖိုက်တာ နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီကျေးရွာ ၂ ရွာဟာ စစ်ကိုင်းတိုင်း ကသာမြို့နယ်…
Read More » -
Feb- 2024 -29 February
KIA သိမ်းပိုက်ထားတဲ့ စီခမ်းကြီးစခန်း ဘက်ကို စစ်တပ် စစ်ကြောင်းထိုးတိုက်ခိုက်နေ
ကချင်ပြည်နယ် ၊ မံစီမြို့နယ်ထဲက ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF၊ ရက္ခိုင့်တပ်တော် AA ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ စီးခမ်းကြီးကျေးရွာဘက်ကို စစ်တပ်ကလေကြောင်းပစ်ခတ်တာအပြင် စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။ စီခမ်းကြီးကျေးရွာထဲကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂၉ ရက်…
Read More » -
29 February
တာမခံတပ်စခန်းကို KIA က ပိတ်ဆို့တိုက်ခိုက်နေ
ဖားကန့်မြို့နယ်၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စခန်းသိမ်းတိုက်ပွဲအဖြစ် ပိတ်ဆို့တိုက်ခိုက်နေတဲ့ တာမခံစစ်ကောင်စီတပ်ခန်းကို အလုံးစုံ လက်မလွတ်ရေးအတွက် စစ်တပ်ဖက်ကလည်း လေကြောင်းနဲ့ အဆက်မပြတ် ဗုံးကျဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၂၈ ရက်ည ၉ နာရီလောက်မှာ Y -12 အမျိုးအစား လေယာဉ်အပြင် ဂျက်လေယာဉ် ၂ စီးနဲ့ စုစုပေါင်း ဗုံးအလုံးရေ ၆၀ ထက်မနည်း လာရောက်ဗုံးကျဲခဲ့တယ်လို့ KIA ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးက KNG ကို ပြောပါတယ်။ “မနေ့ည လာတဲ့ စစ်တပ်လေယာဉ်က ၃ စီးရှိတယ်။ အဲထဲမှာ Y – 12 လေယာဉ်အမျိုးအစားက ဗုံးကျဲလေယာဉ်ဟုတ်တယ်။ ဗုံးအလုံးရေကို တစ်လုံးပြီး တစ်လုံးချတာ အလုံးရေ ၆၀ ကျော်တယ်။ Y -12 က အရင်လာတယ်။ အဲဒါပြီးမှ ဂျက်ဖိုက်တာ ၂ စီး ပြန်လာတယ်။ အဲ ၂ စီးက လှည့်ပတ်ပြီး ပြန်ခေါက်သွားတယ်” လို့ ပြောပါတယ်။ တာမခံ စစ်ကောင်စီတပ်စခန်းကို KIA က အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့ အခြေအနေ ဖြစ်တယ်လို့ သူကဆိုပါတယ်။ “အခြေအနေကိုပြောရမယ်ဆိုရင် စခန်းကို အပြီးသတ်တော့ မသိမ်းနိုင်သေးဘူး” လို့…
Read More » -
28 February
ဟိုပင်မှာ တိုက်ပွဲဖြစ်နေပြီး အရပ်သားတချို့တိမ်းရှောင်နေရ
မိုးညှင်းမြို့နယ် ဟိုပင်မြို့အရှေ့ဘက် နန့်ရင်းရွာအနီးတစ်ဝိုက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က အကျအဆုံးတွေရှိတယ်လို့ Hopin PDF ဆီကသိရပါတယ်။ ဖေဖော်ဝါရီလ ၂၈ ရက်ဒီကနေ့ မနက်ပိုင်း ၉ နာရီလောက်မှာပဲ အပြန်အလှန်ပစ်ခတ်မှုတွေပြင်းထန်နေတာဖြစ်ပြီးတော့ လက်ရှိသတင်းရေးသားနေတဲ့အချိန်ထိတိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဟိုပင်…
Read More » -
27 February
တာမခံ တပ်စခန်းကိုအပြီးသတ်သိမ်းပိုက််ပြီး စစ်တပ်ဘက် သေဆုံးမှုများ
ဖားကန့်မြို့နယ် တာမခံကျေးရွာ နန့်ရေတောင်ကုန်းမှာရှိတဲ့ ခမရ ၁၁၉ စစ်ကောင်စီတပ်စခန်းကို KIA၊KPDF ပူးပေါင်းတပ်တွေ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲမှာစစ်တပ်ဘက်သေဆုံးမှုတဲ့အပြင် အရှင်ဖမ်းမိတာတွေလည်းရှိတယ်လို့ KPDF ရှေ့တန်းသတင်းရင်းမြစ်က သိရပါတယ်။ နန့်ရေတောင်တပ်စခန်းကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၄…
Read More » -
27 February
တာမခံ ရဲစခန်း KIA နဲ့ PDF သိမ်းပိုက်နိုင်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာမခံကျေးရွာထဲက စစ်ကောင်စီတပ်ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိထားပြီး စစ်တပ်စခန်းကုန်းကိုသိမ်းပိုက်နိုင်ဖို့ ဆက်ပြီးတိုက်ခိုက်နေတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။ တာမခံကျေးရွာ အထက်တန်းကျောင်းအနီးက တောင်ကုန်း ဒေသအခေါ်(နန့်ရေတောင်ကုန်း)…
Read More » -
26 February
နန့်ရီတောင်ကုန်းမှာရှိတဲ့ စစ်တပ်စခန်း KIA ပူးပေါင်းတပ် တိုက်ခိုက်နေ
ဖားကန့်မြို့နယ်ရှိ တာမခံကျေးရွာမှာ ဒီနေ့ညနေပိုင်းကစပြီး ကချင်လွတ်လပ်ရေးတပ်မ တော် KIA ဒေသကာကွယ်ရေးတပ်ဖွဲ့ KPDF နှင့် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၅…
Read More » -
26 February
ကောလင်းမြို့ရဲ့ ၈၀ ရာခိုင်နှုန်းမီးရှို့ဖျက်ဆီးခံထားရ
စစ်ကိုင်းနဲ့ကချင်အစပ်က စစ်ကောင်စီတပ်တွေပြန်လည်ထိန်းချုပ်ထားတဲ့ ကောလင်းမြို့မှာ စစ်ကောင်စီတပ်ဘက်က မြို့ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ကောလင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေဆီကသိရပါတယ်။ စစ်ကောင်စီတပ်ဘက်က ကောလင်းမြို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာပဲ အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပြီး ထိန်းချုပ်လိုက်တဲ့နေ့ကစ နေ့တိုင်းဆိုသလို…
Read More »









