တိုက်ပွဲသတင်း

KIA သိမ်းပိုက်ထားတဲ့ စီခမ်းကြီးစခန်း ဘက်ကို စစ်တပ် စစ်ကြောင်းထိုးတိုက်ခိုက်နေ

ကချင်ပြည်နယ် ၊ မံစီမြို့နယ်ထဲက ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF၊ ရက္ခိုင့်တပ်တော် AA ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ စီးခမ်းကြီးကျေးရွာဘက်ကို စစ်တပ်ကလေကြောင်းပစ်ခတ်တာအပြင် စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

စီခမ်းကြီးကျေးရွာထဲကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂၉ ရက် ဒီနေ့မနက် ၅ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်တာအပြင် မံစီမြို့တွင်းကနေ စစ်ကြောင်းနှစ်ကြောင်း ရွှေကူနယ်၊ ငဘတ်ကြီးရွာဘက်ကနေ စစ်ကြောင်းတစ်ကြောင်း ထိုးနေတယ်လို့ ရွှေကူနယ် LPDF တာဝန်ရှိသူတစ်ဦက KNG ကိုပြောပါတယ်။

စီးခမ်းကြီးကချတော့မချသေးဘူး ထိုးစစ်ဆင်ဖို့တော့ပြင်ဆင်နေကြတယ်တဲ့ သူတို့တွေတက်တော့တက်ခဲ့တယ်ပြောတယ်။ စစ်ကြောင်းတက်ခဲ့တယ် မနေ့ကမံစီးဘက်ကနေတက်လာတယ်။အင်အား ၁၀၀ ကတစ်ကြောင်း ၂၀၀ ကတစ်ကြောင်း စစ်ကြောင်းနှစ်ကြောင်းနဲ့တက်လာတယ်လို့ သတင်းရထားတယ်လို့ ပြောပါတယ်။

ဒီကနေ့ မနက် ဗုံးကျဲတိုက်ခိုက်ရာမှာ ပေါင် ၅၀၀ လောက်ရှိတဲ့ ဗုံး ၂ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ သိရပေမယ့် ထိခိုက်မှု ရှိမရှိကိုတော့ မသိရသေးပါဘူး။

ဒါ့အပြင် မံစီမြို့တွင်းကနေတက်လာတဲ့အဲ့ဒီစစ်ကြောင်း မနေ့က မနက် ၁၀ နာရီခွဲလောက်ကနေ တက်လာတာဖြစ်ပြီး လက်ရှိ စီးခမ်းကြီးနဲ့ ၈ မိုင်လောက်ဝေးတဲ့ မံထက်ကျေးရွာနဲ့ မံဟဲကျေးရွာအနီးက တောတောင်တွေထဲမှာရှိနေတယ်လို့သိရပါတယ်။

အလားတူ စီးခမ်းကြီးဘက်ကိုမံစီဘက်ကနေ စစ်ကြောင်းဝင်နေသလို ဒီကနေ့ မနက် အစောပိုင်းကနေလည်း ရွှေကူမြို့တွင်းတပ်ကနေ အင်အား ၁၀၀ ကျော်ပါတဲ့စစ်ကြောင်းတစ်ကြောင်းတက်လာနေပြီး လက်ရှိ စီခမ်းကြီးနဲ့ ၁၀ မိုင်ကျော်ဝေးတဲ့ ငဘတ်ကြီးကျေးရွာမှာ ရောက်နေတယ်လို့သိရပါတယ်။

ရွှေကူဘက်ကနေဟာက လောလောဆယ် ငဘတ်ကြီးဘက်ကိုဦးတည်နေတယ်လောလောတယ်ငဘတ်ဝနားရောက်နေတယ် ဖောကားသုံးစီးနဲ့ ရွှေပျံတော်ဆိပ်မှာလာချပြီးအဲ့ကနေခြေလျှင်တက်လာနေတယ် စီးခမ်းကြီး ဘက်ကိုတက်ချင်တာလား ရွာတွေထဲကိုဝင်ချင်တာလားအသေချာမသိရသေးဘူးလို့ သူကဆက်ဆိုပါတယ်။

ရွှေကူဘက်ကတက်လာတဲ့စစ်ကြောင်းဝင်ရောက်မယ့်ငဘတ်ကြီးကျေးရွာဟာ စီးခမ်းကြီးနဲ့ ၁၀ မိုင်ကျော်ဝေးပြီး ငဘတ်ကြီးကနေ ဗျူဟာလမ်းအတိုင်းသွားရင် စီးခမ်းကြီးကျေးရွာ ကိုရောက်မှာဖြစ်တဲ့အတွက် စီးခမ်းကြီးဘက်စစ်ကြောင်းထိုးတာဖြစ်နိုင်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

KIAKPDF တပ်တွေထိန်းချုပ်ထားတဲ့ စီးခမ်းကြီးကျေးရွာဟာ ရွှေကူနယ်နဲ့ ဗန်းမော်နယ်ကြားမှာရှိတာဖြစ်ပြီး ဗန်းမော်၊ မံစီဘက်ကို စစ်အင်အား၊ရိက္ခာတွေတင်ပို့တဲ့အရေးပါတဲ့လမ်းကြောင်းပေါ်မှာရှိနေတာကြောင့် စစ်ကောင်စီတပ်ကပြန်သိမ်းယူဖို့ကြိုးပမ်းနေတာဖြစ်နိုင်တယ်လို့သိရပါတယ်။

လက်ရှိ စီးခမ်းကြီးကျေးအနီးဝန်းတိုက်ပွဲတွေမရှိပေမယ့် စစ်ကောင်စီဘက်ကစစ်ကြောင်းထိုးတာတွေ လေကြောင်းနဲ့ပုံမှန်ကင်းထောက်တာ ရှိနေတာကြောင့်စီးခမ်းကြီးအပါအနီးဝန်းကျင်က ကျေးရွာပေါင်း ၈ ခန့်တိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။

စီခမ်းကြီးရွာက KIA နဲ့ KPDF တိုက်ခိုက်သိမ်းပိုက်ထားတဲ့စခန်းဟာ နှစ်ပေါင်း ၅၀ ဝန်းကျင်ရှိတဲ့ ဗျူဟာမြောက်အထိုင်းစခန်းဖြစ်ပြီး မြစ်ကြီးနားမန္တလေး ပြည်ထောင်စုလမ်းမပေါ်မှာ ရှိတဲ့စခန်းဖြစ်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက် ခြေလျင်တပ်ရင်း ၄ ရင်းပေါင်းပြီး အထိုင်ချထားတဲ့စခန်းဖြစ်ပြီး စစ်ရေးအရ အချက်ချာကျတဲ့စခန်းဖြစ်ပါတယ်။

ဒီစခန်းကို KIAKPDF,AA ပူးပါင်းတပ်တို့က ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကနေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ သိမ်းပိုက်လိုက်နိုင်တာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button