တိုက်ပွဲသတင်း

တာမခံ တပ်စခန်းကိုအပြီးသတ်သိမ်းပိုက််ပြီး စစ်တပ်ဘက် သေဆုံးမှုများ

ဖားကန့်မြို့နယ် တာမခံကျေးရွာ နန့်ရေတောင်ကုန်းမှာရှိတဲ့ ခမရ ၁၁၉ စစ်ကောင်စီတပ်စခန်းကို KIA၊KPDF ပူးပေါင်းတပ်တွေ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲမှာစစ်တပ်ဘက်သေဆုံးမှုတဲ့အပြင် အရှင်ဖမ်းမိတာတွေလည်းရှိတယ်လို့ KPDF ရှေ့တန်းသတင်းရင်းမြစ်က သိရပါတယ်။

နန့်ရေတောင်တပ်စခန်းကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၄ နာရီအချိန်ကတည်းကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနေ့ည ၅ နာရီဝန်းကျင်လောက်မှာ ရဲစခန်းသိမ်းပိုက်လိုက်ပြီးနောက် ဒီနေ့ နေ့လည် ၁၁ နာရီတိတိမှာတော့စစ်တပ်စခန်းကို ထပ်မံ သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ KPDF က တာဝန်ရှိသူတစ်ယောက် KNGကိုအတည်ပြုပြောပါတယ်။

 

စခန်းကထပ်ရလိုက်ပြီဗျ ဒီကနေ့ မနက် ၁၁ နာရီ လောက်မှာရလိုက်တယ် အခုတာမခံကို ထိန်းချုပ်လိုက်ပါပြီလို့သူကပြောပါတယ်။အဲ့ဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီစစ်သားတွေ သေဆုံးမှုများခဲ့ပြီး အရှင်ဖမ်းမိထားတာတွေလည်းရှိတယ်လို့ KIAနဲ့နီး စပ်တဲ့ တာမခံကျေးရွာနေအမျိုးသမီးက KNG ကိုပြောပါတယ်။

ကိုယ့်ဘက်(KIAKPDF)ဘက်ကလည်း တစ်ယောက်ကျသွားတယ်တဲ့။ လောလောဆယ်သိရသလောက်ပေါ့ပြီးတော့စစ်သားတွေလည်း အတော်လည်းအသေအဆုံးများတယ်ပြောတယ်။ တချို့ကထွက်ပြေးတာနောက်ကနေလိုက်ဖမ်းလို့ အခုနကလည်း တာမခံမေတ္တာရုံးရှေ့ ရဲစခန်းအတက်နားလေးမှာတစ်ယောက်ဖမ်းမိတယ် နောက်ထပ် ၂ယောက်လည်းထွက်ပြေးတာလိုက်ဖမ်းမိတယ်တဲ့လို့သူကပြောပါတယ်။

အဲ့ဒီစခန်းသိမ်းတိုက်ပွဲမှာ KIA ဘက်က အရာခံဗိုလ်တစ်ဦးကျဆုံးကာ သုံးဦးဒဏ်ရာရရှိထားကြောင်းသိရပြီး စစ်ကောင်စီ စစ်သားအရှင်ဖမ်းဆီးရမှုနဲ့ သေဆုံးမှုစာရင်းအတိအကျကို စုံစမ်းနေဆဲဖြစ်ပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီက လေယာဥ်နဲ့ဗုံးကျဲတိုက်ခိုက်မှု မနေ့ညပိုင်းမှာတစ်ကြိမ်၊ဒီကနေ့ မနက်  ၉နာရီ ခွဲအချိန်တစ်ကြိမ်၊ နေ့လည် ၁၁ နာရီမှာတစ်ကြိမ်နဲ့ နေ့လည် ၁၂ နာရီခွဲအချိန်မှာတစ်ကြိမ် သုံးကြိမ်တိတိလာကျဲသွားပြီး အရပ်သားထိခိုက်သေဆုံးမှုနဲ့ နေအိမ်ပျက်စီးမှုတွေအများအပြားရှိသွားတယ်လို့သိရပါတယ်။

တစ်ခါလာကျဲရင် ၂လုံး ၃လုံးထိချတယ်။ စက်သေနတ်တွေနဲ့ကောပါ့လေယာဥ်ပေါကနေပစ်တာ မနက်ပိုင်းက ၂စီးလာပြီးကျတယ် ခုနနောက်ဆုံးတစ်ခေါက်ကတော့ တစ်စီးပဲ ရွာထဲကိုတည့်တည့် သုံးလုံးကျသွားတယ်လို့ အထက်မှာဖော်ပြခဲ့တဲ့အမျိုးသမီးကပြောပါတယ်။

စစ်ကောင်စီတပ်က လေယာဥ်နဲ့ဗုံးကျဲတိုက်ခိုက်တာအပြင် ဖားကန့်တပ်မကုန်းကနေ လက်နက်ကြီးပစ်ကူတွေကြောင့် မနေ့က တာမခံဒေသခံဦးလှမြင့်ဆိုသူ ပေါင်ထိမှန်ကျိုးသွားပြီးဒီကနေ့မှာလ ည်း မော်ဝမ်းကြီးရွာထဲကအသက် ၆၀ ကျော်အမျိုးသားတစ်ဦး ဗုံးထိမှန်သေဆုံးသွားတယ်လို့သိရပါတယ်။

KIA နဲ့ KPDF ပူးပေါင်းတပ်တွေဟာ ဖားကန့်မြို့နယ်ထဲက ဝှေခါစစ်တပ်ကုန်းကို ဇန်နဝါရီလ ၂၀ ရက်နေ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် နန့်တိန်းစစ်တပ်ကုန်းကိုလည်း ဖေဖော်ဝါရီလ ၂ရက်နေ့မှာထပ်မံသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button