တိုက်ပွဲ
-
Apr- 2023 -20 April
KIA တပ်ရင်း ၆ ဌာနချုုပ်ကို စစ်တပ် ဂျက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်
ဖားကန့်မြို့နယ် ကံဆီးကျေးရွာအထက်ပိုင်း အင်မာဘွမ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၆ ဌာနချုပ် တပ်စခန်းကို ဧပြီလ ၁၉ ရက်နေ့ညနေပိုင်းတွင် စစ်ကောင်စီတပ်မှ ဂျက်လေယာဉ် ၃ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ညနေ ၅ နာရီခွဲခန့်တွင် လာရောက်ဗုံးကျဲခဲ့ခြင်းဖြစ်ပြီး အဆောက်အဦးများတစ်ချို့ ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု KIA နှင့် နီးစပ်သူ ဖားကန့်ဒေသခံတစ်ဦး KNG ကိုပြောသည်။ “လူက…
Read More » -
19 April
ဆိုင်းဖရာအနီးတစ်ဝိုက် စစ်တပ်အင်အားဖြည့်မည့်သတင်းကြောင့် ဒေသခံများ ထပ်မံ တိမ်းရှောင်နေရ
ဖားကန့် လမ်းမပေါ်သို့ စစ်တပ်အင်အားထပ်ဖြည့်မည်ဟူသော သတင်းကြောင့် ကျေးရွာ ၃ ရွာမှ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်သည်ဟု သိရသည်။ ယမန်နေ့ စစ်ကောင်စီတပ်ဖွဲ့၏ စီးနင်းမှုခံရသည့် ဆိုင်းဖရာကျေးရွာဘက်သို့ စစ်တပ်အင်အားဖြည့်လာမည့်သတင်းကြောင့် အနီးနားရှိ ကျေးရွာများမှာ ဒေသခံများလည်း ထွက်ပြေးနေသည်ဟု ဆိုင်းဖရာဒေသခံတစ်ဦးက KNG ကိုပြောသည်။ “ဒီကနေ့အထိ ရွာသားတွေက ကြောက်လို့…
Read More » -
18 April
စစ်ကောင်စီ ယာဉ်တန်းတိုက်ခိုက်ခံရမှုကြောင့် ဆိုင်းဖရာဒေသခံ တစ်ဦးသေဆုံးပြီး ၆ ဦးပြင်းထန်ဒဏ်ရာရ
ဖားကန့်သွား လမ်းမပေါ်တွင်ရှိသော ဆိုင်းဖရာကျေးရွာ ဒေသခံပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရမှုကြောင့် ဒေသခံပြည်သူ ၆ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးသေဆုံးသွားကြောင်းသိရသည်။ ယနေ့ နံနက်ပိုင်း ၅ နာရီဝန်းကျင် အချိန် စစ်ကောင်စီတပ်ဖွဲ့သည်…
Read More » -
18 April
SNA တပ်စခန်းတစ်ခုကို KIA နှင့် PDF တို့ တိုက်ခိုက်သိမ်းပိုက်ထား
ကချင် နှင့် စစ်ကိုင်းနယ်စပ် ဟုမ္မလင်းမြို့နယ် မန်ဇိန်းကျေးရွာအနီး နန့်ကသာ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့မှ တိုက်ခိုက် သိမ်းပိုက်ထားသည်ဟု သိရသည်။ ဧပြီလ ၁၇ ရက်နေ့ နံနက်ပိုင်း ၅ နာရီဝန်းကျင်တွင် KIA တပ်မဟာ ၉ ၊ တပ်ရင်း ၂၆ အဖွဲ့ကတိုက်ခိုက်ခဲ့ပြီး လက်ရှိ…
Read More » -
17 April
ပဇီကြီး လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူများတွင် ကလေးသူငယ် ၄၀ ဦး ဝန်းကျင်ပါဝင်
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူများတွင် အရပ်သားပြည်သူ ၁၇၁ ဦးပါဝင်ရာ ထိုအထဲတွင် အသက်မပြည့်သေးသည့် ကလေးငယ် ၃၇ ဦး နှင့် အမျိုးသမီး ၂၄ ဦးပါဝင်ကြောင်း မြေပြင်ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများနှင့် ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။ အဆိုပါ သေဆုံးသွားသည့် ကလေးငယ်များတွင် အသက်…
Read More » -
13 April
ဗန်းမောက်တွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိ
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် သာယာကုန်းကျေးရွာတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အသက်ကြီးရွယ်တစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦးအပါအဝင် ၆ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံပြည်သူများထံမှသိရသည်။ ဧပြီလ ၁၂ ရက်နေ့ နံနက်ပိုင်း ၁၂ နာရီဝန်းကျင်အချိန် ဂျက်ဖိုက်တာဖြင့် ၈ ကြိမ်အထက် ဗုံးကျဲတိုက်ခိုက်သွားပြီး နေ့လည်…
Read More » -
13 April
ပဇီကြီး လေကြောင်းတိုက်ခိုက်ခံရမှုတွင် အရပ်သား ၁၆၈ ဦးအထိ သေဆုံးမှုရှိခဲ့ပြီး ရှင်းလင်းရေးဆောင်ရွက်နေဆဲ
ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာတွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက်သေဆုံးမှုတွင် ကျေးရွာ ၉ ရွာမှ ပြည်သူ ၁၆၈ ဦးအထိရှိခဲ့ကြောင်း မြေပြင်ကယ်ဆယ်ရေးအဖွဲ့ထံမှသိရသည်။ သေဆုံးမှုတွင် ဗုံးကျဲတိုက်ခိုက်ခံရသည့်နေရာတွင် ပွဲချင်းပြီး သေဆုံးသွားသူများသာဖြစ်ကြပြီး ထိုထဲတွင် ၆ နှစ်သားအရွယ်များနှင့်…
Read More » -
11 April
ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ညနေပိုင်း ဒုတိယအကြိမ် ထပ်မံ ဗုံးကျဲတိုက်ခိုက်
ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာတွင် ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးနေသော ရုပ်အလောင်းများကို ကောက်ယူနေသော အရပ်သားများကို စစ်တပ်က ယနေ့ ညနေပိုင်းတွင် ဒုတိယအကြိမ် ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့သည်။ ယနေ့ ညနေ ၅ နာရီခန့်တွင် ဂျက်ဖိုက်တာတစ်စီးသည် ၁၀ မိနစ်ခြားကာ နှစ်ကြိမ်တိုင်တိုင် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မြေပြင်မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက…
Read More » -
11 April
ကန့်ဘလူတွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၀၀ ကျော်သေဆုံးနိုင်ပြီး ထိုထဲတွင် ကလေးငယ်နှင့် ကိုယ်ဝန်ဆောင် ၃၀ ကျော်ပါဝင်နေ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မလည်တိုက်နယ် ပဇီကြီးကျေးရွာတွင် ပြည်သူ့လုံခြုံရေးရုံးဖွင့်ပွဲ ပြုလုပ်နေစဉ် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သားပြည်သူ အစုလိုက်အပြုံလိုက် သေဆုံးသူ ၁၀၀ ကျော်အထိရှိနိုင်ပြီး ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်အများဆုံးပါဝင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။ ယနေ့နံနက်ပိုင်း ၈ နာရီဝန်းကျင်အချိန် ဂျက်လေယာဉ်ဖြင့်တိုက်ခိုက်မှု တစ်ကြိမ်၊…
Read More » -
10 April
ရွှေကူ စီသောင်ရွာ ထပ်မံ ဗုံးကျဲတိုက်ခိုက်ခံရသဖြင့် ရွာလုံးကျွတ်မီးလောင်မှုဖြစ်ပွားခဲ့
ရွှေကူမြို့နယ် အရှေ့ဘက် စီသောင်းကျေးရွာကို စစ်ကောင်စီတပ်မှ ဧပြီလ ၉ ရက်နေ့တွင် လေယာဉ် ၂ စီးဖြင့် ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာတစ်ခုလုံး မီးလောင်ပြာကျမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ရွှေကူမြို့မှ ၉ မိုင်ကျော်အကွာတွင်ရှိသော စီသောင်းကျေးရွာကို စစ်ကောင်စီတပ်သည် လေကြောင်းအပြင်…
Read More »









