တိုက်ပွဲသတင်း

ကလေး တိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် တောင်ပိုင်း သာစည်ကျေးရွာတွင် ဇွန်လ ၂၅ ရက်နေ့ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ရာ ချင်းကာကွယ်ရေးတပ်ဘက်မှ တပ်သား တစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။

စစ်အင်အား ၁၅၀ ကျော်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် ကလေးမြို့ပေါ်မှ သာစည်ကျေးရွာဘက်သို့ ဝင်ရောက်လာခဲ့ရာ လမ်းခုလပ်တစ်နေရာတွင် ၂ ဖက်တပ် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက KNG ကိုပြောသည်။

စစ်ကြောင်းတွေဝင်လာကြတာ သူတို့ဘက်ကစစ်ကြောင်းထိုးလာတော့ အဆင်သင့်စောင့်နေတဲ့ကာကွယ် ရေးတပ်တွေက တောက်လျှောက်ပစ်ခတ်တော့တာပဲ အဲ့မှာထိတွေ့တိုက်ပွဲစဖြစ်တာပါ တိုက်ပွဲအတွင်း CNDFကတစ်ဦး လက်နက်ကြီးထိ မှန်လို့ကျဆုံးသွားတာပေါ့နော်ဟုပြောသည်။

တိုက်ပွဲတွင် ကျဆုံးသွားသည့်သူမှာ ချင်းကာကွယ်ရေးတပ် VAKOK-CNDFမှ မင်းခန့်ကျော်()သားလေးဆိုသူဖြစ်ပြီး နောက်ထပ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် စစ်ကြောင်းထိုးဝင်ရောက်လာချိန် သာစည်နှင့် တည်းနမ့် စသည့် ကျေးရွာမှ နေအိမ်တစ်ချို့ကို မီးရှို့ဖျက်ဆီးသွားသည်ဟုလည်း သိရသည်။

စခတွေရဲ့ထုံးတမ်းစဥ်လာအတိုင်း သာစည်ရွာက ပြည်သူနေအိမ်၁၀လုံးမီးရှို့ခဲ့တယ် သာစည်နဲ့ တစ်ဆက် တည်းနမ့်တောကျေးရွာကိုလည်းမီးရှို့တယ် ၁၀လုံး လို့သိရတယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆက်လက်ပြောဆိုသည်။

အဆိုပါတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်ကြသည့် VAKOK-CNDF KKG(CDF) Kalay PDF နှင့် ဒေသကာကွယ်ရေးအဖွဲ့ဝင်များ ပူးပေါင်းတိုက်ခဲ့ကြောင်း သိရသည်။

ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်တို့ကြား ဇွန်လ ၁၆ ရက်နေ့မှစတင်ကာ စစ်ရေးတင်းမာမှုဖြစ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားလာနိုင်သည့်အခြေနေကြောင့် ကလေးမြို့ပေါ် သွားလာမှုကို ပိတ်ဆို့ထားသည်ဟုသိရသည်။

ဇွန်လ ၁၆ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကလေးမြို့ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များ အနီးတဝိုက် ကျေးရွာများရှိသည့်ဘက်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် တစ်ပတ်ကျော်အတွင်း ကလေး ၂ ဦးအပါအဝင် သေဆုံးသူ ၆ ဦးအထိရှိခဲ့သည်။

Show More

Related Articles

Back to top button