လူ့အခွင့်အရေးချိုးဖောက်မှု

  • Jul- 2023 -
    12 July
    Photo- ဝက်လက်မြို့အဝင် ဆိုင်းဘုတ်

    ဝက်လက်မှာ ဒေသခံအမျိုးသားတစ်ဦး ပစ်သတ်ခံရ

    စစ်ကိုင်းတိုင်း ဝက်လက်နယ်‌တောင်ဘက်ခြမ်း ရထားသံလမ်းဘက်ကို ဒီကနေ့ မနက်ပိုင်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က သံလမ်းဘေးက သာလိုင်းရွာဒေသခံအမျိုးသားတစ်ဦးကို ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “စစ်ကြောင်းဝင်လာတဲ့အချိန် သာလိုင်းရွာအရောက်မှာ ပြည်သူတစ်ချို့လည်းပြေးကြတစ်ချို့ကြလည်း မပြေးကြဘူးပေါ့ဗျာ အဲ့မှာသူတို့နဲ့ပက်ပင်းတိုးပြီး သူတို့ရှေ့ပြေး တယ်ဆိုပြီးတော့ ပစ်သတ်လိုက်တဲ့သဘောပေါ့ ပစ်တာကတော့ရည်ရွယ် ချက်ရှိရှိကိုပစ်တာပါ“ လို့ပြောပါတယ်။ ပစ်သတ်ခံခဲ့ရသူဟာ သာလိုင်းကျေးရွာဒေသခံ အသက်၆၀နှစ်အရွယ် ဦးသံချောင်းဆိုသူဖြစ်ပြီးတော့ ရုပ်အလောင်းကိုတော့ စစ်ကောင်စီစစ်ကြောင်း ပြန်လည်ထွက်ခွာသွားချိန်မှာပဲ ဒေသခံတွေနဲ့ကာကွယ်ရေး တပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေးပြုလုပ်ရင်း သဂြိုလ်ပေးခဲ့တယ်လို့သိရပါတယ်။…

    Read More »
  • 11 July
    Photo-ဇူလိုင်လ၁၀ရက်နေ့က လက်နက်ကြီးထိမှန်သေဆုံးခဲ့သော မအူရွာကအမျိုးသမီးတစ်ဦး(crd - မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး)

    မုံရွာမှာ လက်နက်ကြီးထိမှန်ပြီး အမျိုးသမီးတစ်ဦးသေဆုံ

    စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မအူကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့လက်နက်ကြီးကြောင့် ဒေသခံအမျိုးသမီး၁ဦးသေဆုံးခဲ့ရပြီး ၂ဦးဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေထံကသိရပါတယ်။ မနေ့က ညနေပိုင်း ၆နာရီဝန်းကျင်မှာ မုံရွာမြို့အဝင် မအူရွာစစ်ဆေးရေးဂိတ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မအူရွာဘက်ကို ၆၀မမ လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါ တယ်။ “သူတို့က ရမ်းသမ်းပြီးပစ်တာ ဘာမှလည်းဖြစ်နေတာမဟုတ်ပဲ မအူရွာကိုကျတာထိတာကတော့၃ယောက်…

    Read More »
  • 10 July
    photo- စစ်တပ်က ဖမ်းဆီးသွားတဲ့ ကားသမားဦးဇော်အောင်

    စစ်တပ်ဂိတ်ကဖမ်းသွားတဲ့ ကားသမား ၂လကြာပေမယ့် မိသားစုနဲ့အဆက်အသွယ်မရသေး

    ကွတ်ခိုင်မြို့နယ် နမ်ဖတ်ကာစစ်တပ်ဂိတ်မှာ KIA တပ်သား ၄ ဦးနဲ့အတူဖမ်းခံလိုက်ရတဲ့ ကားသမားကို ယနေ့ချိန်ထိ မိသားစုနဲ့အဆက်အသွယ်မရဖြစ်နေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ကွတ်ခိုင်မြို့  ရပ်ကွက် ၇ တွင်နေထိုင်သော ဦးဇော်အောင်ဆိုတဲ့ကားသမားဟာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့မှာ နမ်ဖတ်ကာစစ်တပ်ဂိတ်မှာ ဖမ်းဆီးခံသွားရတာဖြစ်တယ်လို့ ဇနီးဖြစ်သူ ဒေါ်လဖိုင်ဂျာအိန်မှ KNG သတင်းဌာနအား ယခုလိုပြောပြသည်။ “အခုချိန်ထိ ဘာသတင်းမှမကြားတော့တာ။ သူက မူဆယ်နဲ့ကွတ်ခိုင်ကြား ကားဆွဲတဲ့အလုပ်လုပ်တယ်။ အဲ့နေ့က မူဆယ်ကနေ ဒီဘက်ကိုဆင်းလာဖို့လုပ်ချိန် ခရီးသည်မရှိတာကြောင့် အိမ်ကိုပဲတန်းပြန်လာပြီး…

    Read More »
  • 10 July
    ဓါတ်ပုံ - ဇူလိုင်လ ၉ ရက်၊ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ခဲ့သော နေရာ

    စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် နမ့်ဖတ်ကာ ဒေသခံကချင်အမျိုးသမီးတစ်ဦး ထိခိုက်

    ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ မနေ့ည ၇ နာရီလောက်က စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။ နမ်ဖတ်ကာရှိ စစ်ကောင်စီ ခလရ ၁၂၃ တပ်ကနေ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် နမ်ဖတ်ကာအရှေ့ဘက် နားဖိုင်ကျေးရွာမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့သိရပါတယ်။ “တိုက်ပွဲမဖြစ်လဲ နမ်ဖတ်ကာစစ်တပ်က ပုံမှန်လက်နက်ကြီးရမ်းသမ်းပစ်နေကျ ဟုတ်တယ်။…

    Read More »
  • 8 July
    photo-ဇူလိုင်လ၇ရက်နေ့နဲ့၈ရက်နေ့ ထွက်ပြေးနေရတဲ့ ခင်ဦးကစစ်ဘေးရှောင်များ

    ခင်ဦးမှာ ကလေးနဲ့ သက်ကြီးရွယ်အို ၃၀၀ ကျော်အပါအဝင် ဒေသခံ ၃ထောင် ကျော်ထွက်ပြေးနေရ

    စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေမှာ စစ်ကောင် စီတပ်သားတွေနဲ့ပျူစောထီးအဖွဲ့ပေါင်းပြီး စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့်သက်ကြီးရွယ်အိုနဲ့ကလေးငယ် ၃၀၀ကျော်အပါအဝင် ဒေသခံ ၃ထောင် ကျော်ထွက်ပြေးနေရတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေထံကနေ သိရပါတယ်။ အင်းပတ်ကွေ့အထိုင်စစ်ကောင်စီတပ်ဖွဲ့နဲ့ ရွာသစ်ကုန်းရွာက ပျူစောထီးပူးပေါင်းအဖွဲ့အင်အား၂၀ကျော်က ဇူလိုင်လ ၇ရက်နေ့ကစပြီး ကျေးရွာတစ်ချို့မှာ ဝင်ရောက်စီးနင်းခဲ့ကြတာကြောင့် ဒေသခံတွေထွက်ပြေးနေကြရတာဖြစ်တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှတာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ “ နှစ်ရက်ရှိပြီ သူတို့အထိုင်စခန်းတွေနဲ့အနီးနားကရွာတွေကိုအကြမ်းဖက် ဝင်ရောက်ပြီးဒုက္ခပေးနေတာ ပြေးနေရတဲ့ဒေသခံတွေထဲမှာ သက်ကြီးရွယ်အိုနဲ့ကလေးပေါင်းကို ၃၀၀ကျော် ၄၀၀ ဝန်းကျင်ရှိတယ် ဒေသခံ အားလုံးပေါင်းကို ၃၀၀၀ကျော်ရှိတယ်ဗျ” လို့ပြောပါတယ်။ လက်ရှိ စစ်ကောင်စီတပ်က…

    Read More »
  • 8 July
    ရွှေကူမြို့စျေးတန်း

    ရွှေကူမှာ စစ်ရှောင်ပြည်သူတွေကို ကူညီပေးနေတဲ့ အမျိုးသမီးတစ်ဦးပစ်သတ်ခံရ

    ကချင်ပြည်နယ် ရွှေကူမြို့ပေါ်က စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေးနေတဲ့အမျိုးသမီးတစ်ဦး သေနတ်နဲ့လုပ်ကြံသတ်ဖြတ်ခံလိုက်ရကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ ရွှေကူမြို့ ခုန်ခမ်းရပ်ကွက် ၊အမှတ် (၁) ထဲက တရုတ်နွယ်ဖွားဖြစ်တဲ့ အသက် ၄၀ ကျော် အရွယ် ဒေါ်အေးအေးသန်း(ခ) ဒေါ်တုံးစိန်ဆိုသူ ဇူလိုင်လ ၇ရက်နေ့ ည…

    Read More »
  • 7 July
    ယမန်နေ့ဇူလိုင်လ ၆ရက်နေ့က စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မူကြောင့် သေဆုံးခဲ့သည့်ဝက်လက်ဒေသခံများ

    ဝက်လက်မှာ စျေးသည်အမျိုးသမီးတွေအပါအဝင် ၇ ဦးပစ်သတ်ခံရ

    စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် သမရိုးရွာနားမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်မူကြောင့် ဈေးသည်အမျိူးသမီးများအပါအဝင် အရပ်သား ၇ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွာသာကြီးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မနေ့ကမနက်ပိုင်း ၄နာရီဝန်းမှာ သမ္မရိုးရွာဘက်ကို စစ်ကြောင်းထွက်လာချိန်လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတွေ သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “သူတို့ကရွာသာကြီးမှာတပ်စွဲညအိပ်တာ အဲ့ကနေမနက်၄နာရီလောက် စစ်ကြောင်းပြန်ထွက်တော့ ဈေးသည် တွေကလည်းမနက်၅နာရီလောက်ဆို ဈေးထွက်ရောင်းတာဗျ အဲ့မှာသူတို့သမ္မာရိုးရွာအရောက်မှာ ပတ်လည်ကို ပတ်ပစ်တာ အဲ့မှာဈေးသည်တွေသွားမှန်တာ ပွဲချင်းပြီးသေကုန်တာပဲ”လို့…

    Read More »
  • 6 July
    ခလုံးချောင်းရေဆိပ်

    နာဂလက်နက်ကိုင်ဌာနချုပ်ဘက်ကို စစ်တပ်ကစက်သုံးဆီနဲ့ဆန်တင်ပို့ခွင့်ပိတ်ထား၍ စျေးအဆမတန်မြင့်တက်

    စစ်ကိုင်းတိုင်း နန်းယွန်းမြို့နယ် နာဂလက်နက်ကိုင်တပ်ဌာနချုပ်ရှိတဲ့ဘက်ကို စစ်ကောင်စီတပ်က ဆန်နဲ့ စက်သုံးဆီသယ်ယူခွင့်ကို ပိတ်ထားသောကြောင့် ဆန်နဲ့ဆီစျေးတွေအဆမတန် မြင့်တက်နေတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။ ပုံမှန်အားဖြင့် တလူးကျေးရွာနဲ့ တကားကျေးရွာဘက်ကို ဆန်နဲ့စက်သုံးဆီတင်ပို့ရာမှာ တနိုင်းချောင်းကိုအသုံးပြုလျက်ရှိပြီး လက်ရှိ တလူးမှာထိုင်ထားတဲ့ စစ်ကောင်စီတပ်က အဲ့ဒီရေကြောင်းလမ်းကနေဆန်နဲ့ စက်သုံးဆီသယ်ယူခွင့်ကိုပိတ်လိုက် တာကြောင့် တလူး၊တကားကျေးရွာဘက်တွေမှာ စျေးတွေအဆမတန်မြင့်တက်နေတယ်လို့ ဆန်နဲ့စက်သုံးဆီတင်သွင်းတဲ့တလူးကျေးရွာနေအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။…

    Read More »
  • 5 July
    စစ်ကိုင်းတိုင်းတစ်နေရာက စစ်ဘေးရှောင်များ (ပုံဟောင်း)

    မိဿလင်ကုန်းရွာက ဒေသခံ ၅၀ကျော် ဓားစာခံအဖြစ်ဖမ်းဆီးခံရ

    စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မိဿလင်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က ဒီကနေ့ မနက်ပိုင်းမှာ ရုတ်တရက်ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံပြည်သူ၅၀ကျော်ဓားစာခံအဖြစ်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကိုးတောင်ဘို့မှာအထိုင်ချထားတဲ့ စစ်ကောင်တပ်အင်အား ၅၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းက ကိုးတောင်ဘို့ကနေ ၂မိုင်ခန့်အကွာမှာရှိတဲ့ မိဿလင် ကုန်းကျေးရွာကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က…

    Read More »
  • 4 July
    ဟုမ္မလင်းမြို့အဝင်ဆိုင်းဘုတ်

    ဖမ်းဆီးခံသွားရတဲ့ Non-CDM ကျောင်းဆရာနဲ့ဆရာမနှစ်ဦး မိသားစုဝင်တွေနဲ့အဆက်အသွယ်ပြတ်နေ

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်က အမည်မသိလက်နက်ကိုင်အဖွဲ့ဖမ်းဆီးသွားတဲ့  Non-CDM ကျောင်းဆရာတစ်ဦးနဲ့ ဆရာမတစ်ဦးတို့ ပြန်လွတ်လာခြင်းမရှိသေးတဲ့အပြင် မိသားစုဝင်တွေနဲ့လည်းအဆက်အသွယ်ပြတ် နေတယ်လို့ သိရပါတယ်။ ဟုမ္မလင်းမြို့နယ် နောင်ဖာမူကျေးရွာအုပ်စု တာပန်ကျေးရွာက စစ်ကောင်စီအစိုးရဖွင့်လှစ်ထားတဲ့မူလတန်းကျောင်းမှာ စာသင်ပြပေးနေတဲ့ ကျောင်းဆရာတစ်ဦးနဲ့ ကျောင်းဆရာမတစ်ဦးတို့ ဇွန်လ ၃၀ ရက်နေ့ ညပိုင်းက အမည်မသိလက်နက်ကိုင်အဖွဲ့အစည်းက ကျောင်းဝင်းထဲမှာရှိတဲ့ ဆရာ၊မတွေရဲ့အဆောင်ကနေ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ ဟုမ္မလင်းမြို့နေ အမျိုးသမီးက KNG ကိုအခုလိုပြောပါတယ်။ “ဟုတ်တယ် အဲ့တာ PDF ကဖမ်းတာလား ရှမ်းနီကဖမ်းတာလား…

    Read More »
Back to top button