လူ့အခွင့်အရေးချိုးဖောက်မှု

  • Mar- 2024 -
    13 March

    ဗန်းမော်မှာ စစ်တပ်က လက်နက်ကြီးပစ်ခတ်လို့ ကလေး ၃ ဦးအပါအဝင် စုစုပေါင်း ၅ ဦးသေဆုံး

    ကချင်ပြည်နယ် ဗန်းမော်မြို့မှာ စကခ ၂၁ စစ်တပ်က ပစ်ခတ်နေတဲ့လက်နက်ကြီးကျည်တွေဟာ ကမ်းနီကျေးရွာအပါအဝင် ရွာ ၄ ရွာမှာကျရောက်ပေါက်ကွဲလို့ အသက် ၁၀ နှစ်အောက် ကလေး ၃ ဦးအပါအဝင် စုစုပေါင်း ၅ ဦးသေဆုံးတယ်လို့ ဗန်းမော်မြို့ခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဗန်းမော်မြို့ အမှတ် –၂၁ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) ဗျူဟာကုန်းကနေ ဗန်းမော်မြို့ပတ်ပတ်လည်ကို နေ့၊ည မပြတ်လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေတာဖြစ်ပြီး ဗန်းမော်မြို့ တစ်ဖက်ကမ်း ဧရာဝတီမြစ်အနောက်ဘက် အလယ်ကျွန်းရှိ မိုးစိမ်းကျွန်းနှင့် မိုင်းကာကျေးရွာအပြင် ကမ်းနီကျေးရွာနဲ့ စင့်ကင်ရွာမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဗန်းမော်မြို့ခံတစ်ဦးက ခုလိုပြောပါတယ်။ “ခုက ပတ်ပတ်လည်ပစ်နေတာ သေတဲ့သူတွေရဲ့နာမည်စာရင်း အတိကျတော့သိရဖို့ခက်တယ် တိတိကျကျပြောလို့ရတာက အသက် ၁၀နှစ်အောက် ကလေး ၃ယောက်ပါတယ် အမျိုးသမီး ၂ ယောက်ပါတယ်”လို့ ပြောပါတယ်။ လက်နက်ကြီးကျည်ထိမှန်သေဆုံးသွားသူတွေဟာ မိုင်းကာရွာ အသက် ၃၀ နှစ်ဝန်းကျင်အမျိုးသမီးတစ်ဦး၊ မိုးစိမ်းကျွန်း တစ်နှစ်ကျော်အရွယ်ကလေးတစ်ဦး၊ စင့်ကင်ရွာ အသက် ၅၇ နှစ်အရွယ် မဝင်းချစ်နဲ့ ကမ်းနီရွာမှာနောက်ထပ် ကလေး ၁၀အောက်ကလေး ၃ ဦးနဲ့ အသက် ၃၀ ဝန်းကျင် မိခင် ၂ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ မတ်လ ၇ ရက်နေ့ကစပြီး မြစ်ကြီးနား– ဗန်းမော်မြို့လမ်းမတစ်လျှောက် စစ်ကောင်စီတပ်စခန်းကို KIA ကစခန်းသိမ်းတိုက်ပွဲ စတင်လာတဲနေ့ကတည်းကနေစပြီး ဗန်းမော်မြို့ထဲမှာ စစ်ကောင်စီတပ်တွေက KPDF တွေမြို့ထဲဝင်ရောက်နေပြီဆိုတဲ့အကြောင်းပြချက်နဲ့ မြို့တွင်းမြို့ပြင် အရပ်သားတွေပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးတာ ပစ်သတ်တာတွေများလာနေပြီဖြစ်တယ်လို့ ဗန်းမော်မြို့ခံတွေကပြောပါတယ်။ လက်ရှိ မြို့ရှောင်လမ်း၊ ၃မိုင်၊ အရှေ့သာစည်၊ ၂ မိုင်အောင်သာ၊ဟန်းတဲရပ်ကွက်တွေမှာ လမ်းမပေါ်ထွက်လာတဲ့သူမှန်သမျှ စစ်တပ်က ပစ်သတ်နေလို့ သေဆုံးတဲ့ အရပ်သား ၁၀  ဦးထက်ဦးထက်မနည်းရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ပစ်သတ်ခံရတဲ့သူတွေဟာ ဘယ်သူဘယ်ဝါဆိုတာကို သိခွင့်မရဘဲ စစ်တပ်က မှောက်လျက်အနေထားနဲ့ပစ်သတ်ထားပြီး နာရေးကူညီမှုအသင်းကလည်း မှောက်လျက်အနေထားနဲ့ သယ်ယူဖို့နဲ့ ဓါတ်ပုံမှတ်တမ်းတွေမရိုက်ဖို့ ခံဝန်ကတိရေးထိုးပြီး သယ်ယူနေကြတယ်လို့ ဆိုကြပါတယ်။ “နာရေးကူညီမှုအသင်းတွေအများကြီးရှိတယ် အဲထဲကမှသူတို့ရွေးပြီးခေါ်တာလို့သိရတယ် မှောက်တဲ့အနေထားနဲ့ပစ်သတ်ထားတယ် မျက်နှာကြည့်ခွင့်မရှိ လူနာတင်တဲ့သူတွေကလည်း မှောက်လျက်တင်ပြီး မီးရှို့ရတယ်ပြောတယ်”လို့ မြို့ခံတစ်ဦးကပြောပါတယ်။ မတ်လ ၇ ရက်နေ့ကစပြီး မြစ်ကြီးနား– ဗန်းမော်မြို့လမ်းမတစ်လျှောက် စစ်ကောင်စီတပ်စခန်းကို KIA ကစခန်းသိမ်းတိုက်ပွဲ စတင်လာတဲနေ့ကတည်းကနေစပြီး ဗန်းမော်မြို့မှာအကြောင်းမဲ့ဖမ်းဆီးခံရတဲ့သူတွေလည်း များလာနေပြီဖြစ်သလို လက်ရှိဗန်းမော်မြို့မှာ MPT နဲ့ဖုန်းလိုင်းတစ်ချို့လည်းပိတ်ခံထားရတယ်လို့ဆိုပါတယ်။ By – ဇမီ

    Read More »
  • 12 March

    အောင်မြေ(၂) ဒေသခံပြည်သူတွေ ပိတ်မိနေတဲ့ နေရာမှာ အသက်ရှုကြပ်ပြီး အသက်ကြီးရွယ်အို တစ်ချို့သေဆုံးမှုရှိလာ

    တိုက်ပွဲဖြစ်ပွားနေတဲ့ ဝိုင်းမော်မြို့နယ် အောင်မြေ(၂) ကျေးရွာမှာ ဒေသခံပြည်သူ ၇၀၀ လောက်က လုံခြုံတဲ့နေရာကို ထွက်ခွင့်မရဘဲ ပိတ်မိနေသေးတာကြောင့် အသက်ကြီးရွယ်အိုတစ်ချို့ အသက်ရှုကြပ်ပြီး အသက်အန္တရာယ်သေဆုံးသွားတဲ့အထိကြုံတွေ့နေရတယ်လို့ ပိတ်မိပြည်သူတွေက ပြောပါတယ်။  မတ်လ ၁၂ ရက် ဒီကနေ့ ညနေပိုင်း…

    Read More »
  • 12 March

    နောင်ကောန်(Nawng Kawn)တပ်မှ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ရှမ်းအမျိုးသမီးငယ် ၃ ဦးသေဆုံး

    မြစ်ကြီးနား – ဗန်းမော်လမ်းမကြီးပေါ် နွမ်လန့်ကျေးရွာအနီးမှာရှိတဲ့ နောင်ကောန်(Nawng Kawn) အမြှောက်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် နန်းအီ(Nang Ei) ကျေးရွာမှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ တာလီ(Tar Li)ဒေသခံ ရှမ်းအမျိုးသမီးငယ် ၃ ယောက် အသက်သေဆုံးမှုရှိခဲ့တယ်လို့…

    Read More »
  • 8 March

    လိုင်ဇာမှာ စစ်တပ်ကလေကြောင်းနဲ့ ဗုံးကျဲ၊ တရုတ်ဘက်ခြမ်းလည်း ကျရောက်ပေါက်ကွဲ

    KIO ဌာနချုပ် လိုင်ဇာမြို့ထဲကို စစ်တပ်က မတ်လ ၈ ရက်၊ ဒီကနေ့ မနက်မှာ လေကြောင်းနဲ့ ဗုံးကျဲတိုက်ခိုက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မတ်လ ၇ ရက်နေ့ စတင်ခဲ့တဲ့ လိုင်ဇာအနီးတစ်ဝိုက် စစ်ကောင်စီတပ်စခန်းတွေကို တစ်ပြိုင်နက်တိုက်ခိုက်တဲ့…

    Read More »
  • 7 March

    စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် သားအမိ ၂ ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိ

    KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့အနီး စစ်တပ်စခန်းကနေ မြို့ထဲကို လက်နက်ကြီးပစ်ခတ်တာကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး နောက်ထပ်အရပ်သား ၁ ဦးထိလည်း ဒဏ်ရာပြင်းထန်စွာရရှိထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၇ ရက်နေ့ ဒီကနေ့ မနက်ပိုင်းကနေ…

    Read More »
  • Feb- 2024 -
    29 February

    မံစီမှာစစ်တပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးတစ်ဦးထိခိုက်ဒဏ်ရာရရှိ

    ဗန်းမော်ခရိုင် မံစီမြို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းတမ်းပစ်ခတ်လို့ ကလေးငယ်တစ်ဦးထိခိုက်ရရှိထားပြီး နေအိမ်တစ်ချို့ပျက်စီးတာတွေရှိနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ဖေဖော်ဝါရီ ၂၈ မနေ့ညနေ ၄ နာရီကနေ ၅ နာရီလောက်ထိ စစ်ကောင်စီတပ်လက်နက်ကြီး ဆက်တိုက်ပစ်ခတ်ခဲ့တဲ့အတွက် မံစီမြို့ မောရဝတီရပ်ကွက်ထဲက အသက်…

    Read More »
  • 19 February

    မိုးမိတ်မြို့မှာ နေအိမ်တွေ ဖောက်ထွင်းခံနေရ

    ရှမ်းပြည်မြောက်ပိုင်း နဲ့ကချင်ပြည်နယ်အစပ်က စစ်ကောင်စီတပ်တွေပြန်လည်ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့ထဲမှာ မြို့ခံအရပ်သားတွေအပြင် အမည်မသိတဲ့သူတွေအုပ်စုဖွဲ့ပြီး မြို့တွင်းထဲက နေအိမ်တွေကိုဖောက်ထွင်းပြီး ပစ္စည်းခိုးယူတာတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကာကွယ်ရေးပူးပေါင်း တပ်တွေပူးပေါင်းပြီးတော့ မိုးမိတ်မြို့ကိုသိမ်းပိုက်ဖို့…

    Read More »
  • 16 February

    ကချင်- ရှမ်းအစပ်မှာ တိုက်ပွဲဖြစ်တာမရှိပေမယ့် စစ်တပ်ကလေယာဉ်နဲ့ဗုံးကြဲ

    ကချင်–ရှမ်းမြောက်အစပ် မဘိမ်းမြို့နယ် မိုးလိုင်းဒေသတစ်လျှောက်ကျေးရွာတွေမှာ တိုက်ပွဲဖြစ်တာ မရှိပေမယ့် စစ်တပ်ဘက်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေမကြာခဏ ပြုလုပ်နေတာကြောင့် ဒေသခံတစ်ချို့ထွက်‌ပြေးတိမ်းရှောင်နေကြရတယ်လို့ မိုးလိုင်းဒေသခံတွေက ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မနေ့မနက် ၁၀ နာရီခွဲဝန်းကျင်မှာ မဘိမ်းမြို့နယ် မိုးလိုင်းကျေးရွာအတွင်း…

    Read More »
  • 16 February

    ချီဖွေနဲ့ ပန်ဝါဒေသဘက်ကို ထောက်ခံချက်ရမှသာ သွားလာခွင့်ရရှိ

    ပန်ဝါဒေသကို တက်လာတဲ့ ခရီးသည်းတွေအားလုံးကို ဝိုင်းမော်မြို့နယ် ရှငေါ် (Shangaw) စစ်တပ်ဂိတ်မှာ သွားလာရေး ကန့်သတ်ထားပြီး သွားလာမယ့် နေရာရဲ့ ထောက်ခံချက်ပါရှိမှသာ သွားလာခွင့်ပြုနေတယ်လို့ သိရပါတယ်။ ဇန်နဝါရီလကုန်ပိုင်းလောက်ကနေ မြစ်ကြီးနားနဲ့ အခြားဒေသက လာတဲ့ ခရီးသည်တွေကို သွားလာခွင့်…

    Read More »
  • 14 February

    TNLA ထိန်းချုပ်ထားတဲ့နယ်မြေမှာ ဒေသခံတွကိုခွဲခြားဆက်ဆံနေ

    ၂၇ စစ်ဆင်ရေးဖြင့် ရှမ်းမြောက်ဒေသ နယ်မြေတစ်ချို့ကို စိုးမိုးထားတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ဟာ ဒေသခံတွေအပေါ် ခွဲခြားဆက်ဆံတဲ့အသွင်နဲ့ အုပ်ချူပ်လာမှုကြောင့် အတူယှဉ်တွဲနေထိုင်ရေးမှာ အခက်ကြုံလာတယ်လို့ လက်ရှိ TNLA ထိန်းချူပ်မှုအောက်မှာရှိတဲ့ ဒေသခံတွေ ပြောပါတယ်။ ကွတ်ခိုင်မြို့ခံ…

    Read More »
Back to top button