စစ်ပြေးဒုက္ခသည်များ
-
Nov- 2022 -23 November
ခင်ဦးတွင် ဒေသခံ ၂ သောင်းကျော်ထွက်ပြေးတိမ်းရှောင်နေရပြီး ဆေးဝါး၊ ဆောင်နှင့် အဝတ်အထည်များလိုအပ်နေ
ခင်ဦးမြို့နယ်တွင် စစ်ကောင်စီက စစ်ကြောင်းနှစ်ခုဖြင့် ဝင်ရောက်စစ်ကြောင်းထိုးကာ ကျေးရွာများကို မီးရှို့ခဲ့သဖြင့် ဒေသခံ ၂ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ဆေးဝါး၊ စောင် နှင့် အဝတ်အထည်များ လိုအပ်နေသည်ဟု စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ၁၈ ရက်နေ့ ကတည်းက စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်တောင်ဘက်ခြမ်း နှင့် မြောက်ဘက်ခြမ်းကို…
Read More » -
3 November
လုံဂျာဘွမ်တိုက်ပွဲကြောင့် မိုးမောက်မြို့ပေါ်ဘက်သို့ တိမ်းရှောင်လာသည့် စစ်ရှောင်ပြည်သူ တစ်ထောင်ဝန်းကျင်အတွက် အကူအညီလိုအပ်နေ
ကချင်ပြည်နယ် မိုးမောက်မြို့နယ် လုံဂျာဘွမ်တောင်ကုန်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ကျေးရွာ ၄ ခုမှ စစ်ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် အဝတ်အထည်များ ကူညီထောက်ပံ့ပေးရန် အရေးပေါ်လိုအပ်နေကြောင်းသိရသည်။ မိုးမောက်မြို့၏ အရှေ့ဘက်ခြမ်းရှိ လုံဂျာဘွမ်တောင်ကုန်းတွင် အောက်တိုဘာလ ၂၂ ရက်နေ့စတင်ကာ စစ်ကောင်စီတပ်နှင့်…
Read More » -
Oct- 2022 -18 October
စစ်ကြောင်းပြန်ဆုတ်သွားသည့်အတွက် ရွှေကူအနောက်ခြမ်းရှိ စစ်ရှောင်ပြည်သူများ နေရပ်ပြန်
ရွှေကူမြို့နယ် အနောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ် ဆုတ်ခွာသွားပြီဖြစ်သောကြောင့် စစ်ရှောင်ပြည်သူများ နေရပ်ပြန်ကြပြီဟု သိရသည်။ အောက်တိုဘာ ၁၁ ရက်နေ့မှ စတင်ကာ စစ်အင်အား ၄၀၀ ကျော် စစ်ကြောင်း ဝင်ရောက်လာသောကြောင့် နတ်လင်း၊ နောက်လတ်ကြီး၊ ခေါ်လေး၊ စီသာ ၊ သာစည်၊ စီးမော် ၊စီမူလေး…
Read More » -
13 October
နေရပ်မပြန်နိုင်သေးသော ဆင်လီကောင်ရာဒေသခံများအတွက် စားနပ်ရိက္ခာ လိုအပ်နေ
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် တိုက်ပွဲကြောင့် စစ်ပြေးရှောင်နေရသည့် ဆင်လီကောင်ရာကျေးရွာဒေသခံများ နေရပ်မပြန်နိုင်သေးသည့်အပြင် အစားအသောက်ပြတ်လပ်မှုဒဏ် ထပ်မံကြုံလာနေရကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တိုက်ပွဲပြင်းထန်လာမှုကြောင့် ဆင်လီကောင်ရာ၊ မန်ဂျတ်နှင့် ကုန်းကယား စသည့်ကျေးရွာဒေသခံများ နီးစပ်ရာမြို့ဆီ ထွက်ပြေးတိမ်းရှောင်သွားရာတွင် ယခုချိန်ထိ ကျေးရွာအတွင်းလုံခြုံမှုမရှိသဖြင့်…
Read More » -
13 October
ရွှေကူအနောက်ခြမ်း စစ်ကောင်စီတပ်ဝင်လာသဖြင့် ဒေသခံ ၅၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ
ကချင်ပြည်နယ် ရွှေကူမြို့နယ် အနောက်ဘက်ခြမ်းတွင် စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာမှုကြောင့် ကျေးရွာ ၄ ခုမှ ပြည်သူ ၅၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း သိရသည်။ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်း ၈ နာရီခန့်မှစတင်ကာ စစ်အင်အား ၃၀၀ ကျော်ပါရှိသည့်…
Read More » -
10 October
တနိုင်း COC စစ်ရှောင်စခန်းမှ အရေပြား ဝေဒနာခံစားနေရသော ကလေးငယ်များအတွက် ဆေးဝါးအကူအညီလိုအပ်နေ
ကချင်ပြည်နယ် တနိုင်းမြို့ရှိ COC စစ်ရှောင်စခန်းတွင် အရေပြားယားယံ ဝေဒနာခံစားနေသည့် ကလေးငယ်များအတွက် ဆေးဝါးအကူအညီ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်စခန်း တာဝန်ရှိသူများထံမှ သိရသည်။ တနိုင်းမြို့ရှိ COC စစ်ရှောင်စခန်းတွင် အသက် ၁၀နှစ်အောက် ကလေးငယ် ၁၁ ဦးတွင် လွန်ခဲ့သည့် ၂ ပတ်မှစတင်ကာ အရေးပြားယားယံသည့် ဝေဒနာကူးစက်ပြန့်နှံ့နေပြီး ထိရောက်သည့် ဆေးဝါးကုသပေးမှု လိုအပ်နေကြောင်း စစ်ရှောင်စခန်း တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောသည်။ “ကလေးတွေထက်ဝက်နီးပါးလောက်ကူးစက်နေတယ်။ လွန်ခဲ့တဲ့နှစ်ပတ်လောက်ကစပြီး…
Read More » -
3 October
ဟောင်ပါးရောက် ဆယ်ဇင်းစစ်ရှောင်များအတွက် စားနပ်ရိက္ခာ ကူညီမှုများ လိုအပ်နေ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဟောင်ပါးတွင် ထွက်ပြေးတိမ်းရှောင်နေသည့် ဆယ်ဇင်း စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာခက်ခဲလာ၍ အရေးပေါ်ကူညီမှုများ လိုအပ်နေဆဲ ဖြစ်သည်ဟု သိရသည်။ ပြီးခဲ့သည့် သြဂုတ်လက စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရသည့် ဆယ်ဇင်းပြည်သူ ၂၀၀၀ ကျော်သည် နီးစပ်ရာ ကျေးရွာများရှိ…
Read More » -
Sep- 2022 -30 September
စစ်ကြောင်း ထွက်ခွာသွားသည့်အတွက် မိုးစစ် စစ်ရှောင်အများပိုင်း နေရပ်ပြန်
ဗန်းမော်နယ် ရွှေကူမြို့နယ် မိုးစစ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ စစ်ကြောင်း ကျေးရွာတွင်းမှ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်သောကြောင့် မိုးစစ်ကျေးရွာမှ စစ်ရှောင်ပြည်သူအများပိုင်း နေရပ်ပြန်ကြဖြစ်ကြောင်း သိရသည်။ စက်တင်ဘာလ ၂၂ ရက်နေ့ကတည်းက အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းသည် မိုးစစ်ကျေးရွာအတွင်း…
Read More » -
26 September
မိုးစစ်ကျေးရွာတွင် စစ်ကောင်စီတပ် တပ်စွဲထားသဖြင့် နေရပ်မပြန်နိုင်သည့် စစ်ရှောင် ၄၀၀ ကျော် အကူအညီလိုအပ်နေ
ရွှေကူမြို့နယ် မိုးစစ်ကျေးရွာတွင် စစ်ကောင်စီတပ်များ ပြည်သူပိုင်နေရာများတွင် တပ်စွဲထားသဖြင့် ကျေးရွာနေပြည်သူများ ၄၀၀ ကျော် နေရပ်မပြန်နိုင်၍ စစ်ရှောင်နေရဆဲဖြစ်ပြီး အစားအသောက်နှင့် စစ်ရှောင်အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်များထံမှသိရသည်။ စက်တင်ဘာလ ၂၂ရက်နေ့ စစ်အင်အား ၁၀၀ ဝန်းကျင်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည်…
Read More » -
7 September
မိုးမောက်တွင် စစ်ရေးတင်းမာနေသဖြင့် ဒေသခံ ၃၀၀ ဝန်းကျင်ထွက်ပြေးတိမ်းရှောင်နေရ
မိုးမောက်မြို့တွင် စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား စစ်ရေးတင်းမာနေသောကြောင့် နှစ်ဖက်တပ်ကြားတွင် ရှိနေသော ဒေသခံ ၃၀၀ ခန့်သည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေသည်ဟု သိရသည်။ စက်တင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ဗန်းမော်မြို့မှ စစ်ကောင်စီ ခမရ ၄၃၇ အင်အား ၂၀၀…
Read More »









