,

Breaking News :

ဖားကန့်တွင် အရပ်သား ၈၀ ကျော်ကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ထား

ကသာမြို့တွင် ရဲကားဖြင့် လိုက်လံပစ်ခတ်သဖြင့် လူငယ် ၁ ဦးသေဆုံး

ဦးရွှေမင်း ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့ တနိုင်ဒေသတွင် စတင်အခြေချ၊ ဒေသခံများကန့်ကွက်

ဖားကန့် ဆိပ်မူ စစ်ရှောင်ပြည်သူ ၅၀၀ ကျော်အတွက် အရေးပေါ်အကူအညီလိုအပ်နေ

ကရင်ချောင်ကျေးရွာအနီးက ကျောက်စိမ်းတူးသည့် အလုပ်သမား ၃၀ ကျော် ဖမ်းဆီးခံထားရ

ကားမိုင်းထွေအုပ်ရုံး ဗုံးဖောက်ခွဲခံရပြီး အုပ်ချုပ်ရေးမှူး ဒဏ်ရာပြင်းထန်ရရှိကာ ၁ ဦးသေဆုံး

ဖားကန့်တွင် အရပ်သားကား ၂ စီးကို စစ်ကောင်စီတပ် ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦးသေဆုံး

ခင်ဦးတွင် ဒေသခံ ၂ သောင်းကျော်ထွက်ပြေးတိမ်းရှောင်နေရပြီး ဆေးဝါး၊ ဆောင်နှင့် အဝတ်အထည်များလိုအပ်နေ

ဖားကန့်တွင် ၁၀၀၀၀ ကျပ်တန်ငွေစက္ကူအတု ပိုမိုအသုံးပြုလာနေ

လုံးခင်းတွင် ဆိုင်ကယ်စီးနှင်လာသည့် လူငယ်တစ် ဦး သေနတ်ပစ်သတ်ခံရ

ရွှေကူအနောက်ခြမ်း စစ်ကောင်စီတပ်ဝင်လာသဖြင့် ဒေသခံ ၅၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

စက်တင်ဘာလ ၂၂ရက်နေ့ တိုက်ပွဲကြောင့် ရွှေကူမြို့ ဘုန်းကြီးကျောင်းသို့ ထွက်ပြေးလာသည့် မိုးစစ်နဲ့ကျွန်းတော် ပြည်သူများ

ကချင်ပြည်နယ် ရွှေကူမြို့နယ် အနောက်ဘက်ခြမ်းတွင် စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာမှုကြောင့် ကျေးရွာ ၄ ခုမှ ပြည်သူ ၅၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း သိရသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်း ၈ နာရီခန့်မှစတင်ကာ စစ်အင်အား ၃၀၀ ကျော်ပါရှိသည့် စစ်ကောင်စီတပ်သည် နတ်လင်း၊ နောက်လတ်ကြီး၊ ဝင်ဝရွာ စသောကျေးရွာတို့တွင် ဝင်ရောက်စီးနင်းခဲ့သောကြောင့် ဒေသခံများ ထွက်ပြေးတိမ်ရှောင်ခဲ့ရကြောင်း စစ်ရှောင်ကူညီပေးနေသူတစ်ဦး KNG ကိုပြောသည်။

စစ်ရှောင်တွေက ရွှေကူဘက်ကို မနေ့က နေ့လည်ပိုင်းကနေရောက်လာကြတယ်။ အခုလောလောဆယ်က ဘုန်းကြီးကျောင်းတွေထဲမှာ တည်းခိုနေကြတယ်။ အခုဒီမှာက ၂၀၀ ဝန်းကျင်လောက်ရှိပြီ။ ကျန်တဲ့ သူတွေက အသိမိတ်ဆွေအိမ်တွေမှာ ရှိနေကြတယ်။ တစ်ချို့ကတော့ မိုးကင့်ဘက်ကို ရှောင်သွားကြတယ် ဟု ဆိုသည်။

လက်ရှိတွင် ရွှေကူမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းဝင်းတွင် ၁၉၆ ဦးနှင့် မိုးကင့်ကျေးရွာရှိ ရွာဘုန်းကြီးကျောင်းတွင် ၃၁၉ ဦး စုစုပေါင်း စစ်ရှောင်လူဦးရေ ၅၁၁ အထိရှိနေကြောင်း သိရသည်။

စစ်ဘေးရှောင်ခဲ့ရသည့် ကျေးရွာနေအိမ်များကို စစ်ကောင်စီတပ်မှ တစ်အိမ်ဝင် တစ်အိမ်ထွက် ဝင်ရောက်ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။

ရွှေကူမြို့နယ်တွင် စစ်ကြောင်းထိုးဝင်ရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA  PDF ပူးပေါင်းတပ်တို့ကြား နတ်လင်းနှင့် နောင်လတ်ကြီးကျေးရွာအနီးတွင် အောက်တိုဘာလ ၁၁ရက်နေ့ နံနက်ပိုင်း ၈နာရီဝန်းကျင်မှ ည ၁၂ နာရီဝန်းကျင်အထိ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် နောင်လင်းနှင့် နောင်လတ်ကြီး ကျေးရွာတို့သည် ရွှေကူမြို့နှင့် ၁၀ မိုင်ကျော်ခန့်အကွာတွင် ရှိသည်။

ပြီးခဲ့သော စက်တင်ဘာလ ၂၂ ရက်နေ့တွင်လည်း ရွှေကူနယ် မိုးစစ်ကျေးရွာတွင် စစ်ကောင်စီတပ် စစ်အင်အား ၁၀၀ ကျော်တပ်စွဲနေထိုင်ခဲ့သောကြောင့် ပြည်သူ ၄၀၀ ကျော် ၂ပတ်ခန့်အထိ ရွှေကူမြို့ပေါ်သို့ တိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်။

Read Previous

စစ်ကိုင်းတိုင်း တိုက်ပွဲအပေါ် ကာကွယ်ရေးတပ်ဖွဲ့များ၏ အမြင် နဲ့ သုံးသပ်ချက်များ

Read Next

အာဏာသိမ်းပြီးနောက် ရွေ့ပြောင်းအခြေချသူ ပိုများလာတဲ့ ဖားကန့် ကျောက်စိမ်းတွင်း