မြေယာနှင့် သဘာဝပတ်ဝန်းကျင်
-
Nov- 2024 -11 November
နမ်ဘူယန်ကျေးရွာနီး စက်ယန္တရားကြီးနဲ့ရွှေတူးဖော်မှုစတင်လာတာကြောင့် ရွာနယ်မြေအထိရောက်လာမှာ ဒေသခံတွေစိုးရိမ်
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် ကောင်းမှုလုံစေတီအနီး နမ်ဘူယန်ကျေးရွာမှာ ရွှေတူးဖော်ဖို့ ပြင်ဆင်နေတာကြောင့်ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းကစပြီး ကောင်းမှုလုံစေတီတော်ကနေ ၁ ဖာလုံအကွာမှာရှိတဲ့ နမ်ဘူယန်(Nambu Yang) ကျေးရွာတဝိုက် လုပ်ငန်းရှင်တစ်ချို့ စက်ယန္တရားကြီးတွေနဲ့ဝင်ရောက်လာပြီး ရွှေတူးဖို့စတင်အကောင်ထည် ပြင်ဆင်နေတာလို့ ဒေသခံအမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “ကောင်းမှုလုံအနီး…
Read More » -
Oct- 2024 -28 October
ရွှေကူမှာ ရွှေဖောင်အစီးရေ ၁၀၀ ဝန်းကျင်နဲ့ ရွှေပြန်လည်တူးဖော်နေ
ကချင်ပြည််နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် တရားမဝင်ရွှေတူးဖော်မှု အလွန်အကျွံလုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ၂၀၂၄ ခုနှစ် ပြီးခဲ့တဲ့ သြဂုတ်လကစလို့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရွှေကူမြို့အနီးဝန်းကျင်မှာရွှေဖောင်ကြီးတွေနဲ့ တရားမဝင်ရွှေတူးဖော်တာတွေလုပ်နေတယ်လို့ ရွှေကူဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ပြီးခဲ့တဲ့ ၈ လကုန်ပိုင်းလောက်ကတော့ တစ်စီးစနှစ်စအဲ့လိုရွှေဖောင်တွေနဲ့စတူးလာတာပဲ အခုနောက်ပိုင် တစ်လနီးနီးရှိပြီအများကြီးဖြစ်လာတယ် အခုရွှေဖောင်တွေနဲ့ပြည့်နေတာတချို့နေရာတွေဆို တအားကိုတူးနေကြတာ ရွှေလည်းအရမ်းရကြတယ်တဲ့”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားတစ်ဦးကပြောပါတယ်။ လက်ရှိ ရွှေကူနယ်မှာ ရွှေဖောင်အစီး ၁၀၀ ထက်မနည်းရှိတယ်လို့သိရပြီး အများစုက ငပေါက်ဝကျေးရွာအနီးတစ်ဝိုက်၊ ဆင်တပ်ရွာအောက်ဘက်တွေမှာများဆုံးတူးနေကြပြီး ကုန်းကျင်းမဟုတ်ဘဲ ရွှေဖောင်အကြီးကြီးတွေနဲ့ရေငုတ်ကျင်းတူးတာလို့ ဒေသခံတွေပြောပါတယ်။ ရွှေတူးဖော်ကြတဲ့သူတွေထဲမှာ ရွှေကူနယ်ခံတွေလည်းပါဝင်သလို ဗန်းမော်၊မြစ်ကြီးနား၊စစ်ကိုင်းဘက်က လာရောက်တူးဖော်ကြတဲ့သူတွေလည်းရှိတယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ကျွန်တော့်သူငယ်ချင်းတွေက အစက ဆင်ဘို၊တာလောကြီးတစ်လျှောက်မှာတူးတာရွှေမရလို့ဆိုပြီး ရွှေကူဘက်ဆင်းသွားတယ် နှစ်ပတ်ရှိပြီအဲ့မှာရွှေအရမ်းရကြလို့တဲ့ပြန်ကိုမလာတော့ဘူး”လို့ ရမ်ပူကျေးရွာနေအထက်ဖော်ပြပါအမျိူးသားကပြောပါတယ်။ ရွှေကူနယ်ထဲမှာ အခုလိုမြစ်ကြောင်းတစ်လျှောက် ရွှေတူးဖော်တာတွေအများအပြားလုပ်ဆောင်နေတာကြောင့် မြစ်ကြောင်းပျက်စီးနေတာကြောင့် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် သီးနှံစိုက်ခင်းတွေပျက်စီးထိခိုက်လာမှာနဲ့ ကမ်းပါးပြိုကျလာမှာကို ဒေသခံတွေအထူးစိုးရိမ်နေကြတယ်လို့သိရပါတယ်။ ရွှေကူနယ်ထဲပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း ဧရာဝတီမြစ်ကြောင်းတစ် လျှောက်ရွှေဖောင်တွေနဲ့ တရားမဝင်ရွှေတူးဖော်တာတွေ အများအပြားရှိခဲ့ပေမယ့် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြတာ၊ စစ်ကောင်စီတပ်တွေက ရွှေဖောင်တွေကိုဖမ်းဆီးတာ၊ မီးရှိူ့တာတွေကြောင့် အခုလိုရွှေတူးဖော်တာမရှိသလောက်ဖြစ်ခဲ့ပေမယ့်လက်ရှိပြန်လည်ပြီးတူးဖော်လာနေတာဖြစ်တယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်အာဏာသိမ်းတဲ့နောက်ပိုင်းမှာ့တော့ ကချင်ပြည်နယ်ထဲက ပူတာအို၊ရွှေကူ၊ဗန်းမော်၊ အင်းတော်ကြီးဒေသ စတဲ့နေရာတွေဟာ အလွန်အကျွ့ရွှေတူးဖော်မှုပြုလုပ်လာနေတဲ့နေရာတွေဖြစ်ပြီး ရွှေကူမြို့အနီးဝန်းကျင် ရွှေတူးဖော်မှုကိုတော့ စစ်တပ်နဲ့ KIA လက်နက်ကိုင်နှစ်ဖက်စလုံးကို အခွန်ပေးဆောင်ပြီး တူးဖော်နေကြတာလို့ ဒေသခံတွေပြောပါတယ်။ ခုလို ဧရာဝတိီမြစ်ကြောင်းတစ်လျှောက် ရွှေတူးဖော်မှုတွေ စည်းမဲ့ကမ်းမဲ့လုပ်ဆောင်နေတာကြောင့် မြစ်ကြောင်းပျက်စီးတာ၊မြစ်လက်တက်တွေ ပြောင်းလဲလာတာတွေကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုဟာ တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာနေတဲ့အတွက် မိုးရေကြီးတာ၊ရေကြီးရေလျှံတာလည်း ပိုဆိုးရွားလာနေတာလည်းဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
24 October
ဖီမော်မြို့ နယ်စပ်ဂိတ်ဆက်လက်ဖွင့်ထားပြီး တရုတ်လုပ်ငန်းရှင်တွေရဲ့ ကျောက်ဖြူနဲ့ သံသတ္တုလုပ်ငန်းဆက်လည်ပတ်နေ
ကချင်ပြည်နယ်တွင်း KIA ထိန်းချုပ်မှုအောက်မှာရှိတဲ့ တရုတ်နယ်စပ်ဂိတ်အားလုံးပိတ်လိုက်ပေမယ့် ကချင်အထူးဒေသ ၁ ထိန်းချုပ်မှုအောက်မှာရှိနေသေးတဲ့ ဖီမော်မြို့ နယ်စပ်ဂိတ်ဆက်ဖွင့်ထားပြီး တရုတ်လုပ်ငန်းရှင်တွေရဲ့ ကျောက်ဖြူ၊ သံသတ္တုလုပ်ငန်းဆက်လည်ပတ်နေတယ်လို့ ဖီမော်မြို့ဒေသခံတွေ ပြောပါတယ်။ KIA ထိန်းချုပ်မှုအောက် တရုတ်–မြန်မာနယ်စပ်ဂိတ် KIO ဌာနချုပ် လိုင်ဇာမြို့နယ်စပ်ဂိတ်၊ လွယ်ဂျယ်နယ်စပ်ဂိတ်၊ ပြီးခဲ့တဲ့ ရက်ပိုင်းသိမ်းပိုက်ထားတဲ့ ပန်ဝါမြို့နယ်စပ်ဂိတ်ရှိပြီး ကချင်အထူးဒေသ ၁ အောက်မှာ ကံပိုင်တည်၊ ဖီမော်နယ်စပ်ဂိတ်၊ အမှတ် ၇ နယ်စပ်ဂိတ်၊ ကမ့်ဖန့်နယ်စပ်ဂိတ်ရှိပါတယ်။ အဲဒီထဲက KIA ထိန်းချုပ်မှုအောက်ရှိ လိုင်ဇာ၊လွယ်ဂျယ်၊ပန်ဝါ ဂိတ်အားလုံးကို တရုတ်ဘက်က အောက်တိုဘာလ ၁၈ ရက်ညကစပြီး ပိတ်လိုက်သလို ကချင်အထူးဒေသ ၁ အောက်မှာရှိနေသေးတဲ့ ကံပိုင်တည်မြို့နယ်စပ်ဂိတ်ကိုလည်း ပိတ်ထားပြီး ကမ်းဖန့်ဂိတ်နဲ့အမှတ် ၇ နယ်စပ်ဂိတ်ကို ၂၀၂၂ ခုနှစ် ကိုဗစ်ကာလကတည်းက ပိတ်ထားတာဖြစ်ပါတယ်။ သို့သော် ဖီမော်မြို့နယ်စပ်ဂိတ်ကိုတော့ ပိတ်ထားတာမျိုးမရှိဘဲ တရုတ်လုပ်ငန်းရှင်တွေရဲ့ကျောက်ဖြူတူးဖော်ရေးလုပ်ငန်းတွေ ဆက်လည်ပတ်နေဆဲဖြစ်တယ်လို့ ဖီမော်ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ ဖီမော်နယ်စပ်ဂိတ်ကတော့ဖွင့်ပါတယ်။ ဒီမှာတော့ ပစ္စည်းပုံမှန်ယူနေကြတယ်။ ပန်ဝါဘက်ကပိတ်သွားပေမဲ့ ဒီမှာတော့ပုံမှန်အတိုင်းပဲ။ ဖီမော်မှာက ကျောက်ဖြူနဲ့ သံသတ္တုလုပ်ငန်းတွေရှိတယ်။ ဒါတွေလည်း ဆက်လုပ်နေတုန်းပဲ” လို့ ပြောပါတယ်။ ကချင်အထူးဒေသ ၁ ထဲမှာရှိနေသေးတဲ့ ဖီမော်နယ်စပ်ဂိတ်၊ ကမ့်ဖန်နယ်စပ်ဂိတ်၊ အမှတ် ၇ နယ်စပ်ဂိတ်၊ KIAသိမ်းပိုက်လိုက်တဲ့ ပန်ဝါနယ်စပ်ဂိတ်တွေဟာ နယ်စပ်တစ်လျှောက်နေထိုင်တဲ့ ပြည်သူတွေလိုအပ်တဲ့ စက်သုံးဆီ၊ အခြေခံစားသောက်ကုန်ပစ္စည်းတစ်ချို့အပါအဝင်၊ တွင်းထွက်လုပ်ငန်းတွေမှာအသုံးပြုတဲ့ ခဲ၊ယမ်းတွေကို အဓိကတင်သွင်းတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဂိတ်တွေမှာ ၂၀၂၀ ကိုဗစ်ကူးစက်ရောဂါဖြစ်ချိန်ကစလို့ တရုတ်နိုင်ငံထဲကိုတော့ မြန်မာနိုင်ငံသားတွေကို ဒီနေ့အထိပေးမဝင်ဘူးလို့ ဒေသခံတွေကပြောပါတယ်။ “တရုတ်ပြည်သားတွေတော့ ဒီဂိတ်တွေမှာအဝင်အထွက်လုပ်လို့ရတယ်။ မြန်မာပြည်သားတွေတော့မရဘူး။ ဒီဘက်ကမှာ တရုတ်ကနေဈေးရောင်းတဲ့သူတွေ၊ သံသတ္တုလုပ်တဲ့သူတွေ၊ ကျောက်ဖြူလုပ်ငန်းလုပ်တဲ့ သူတွေတော့ဝင်လာကြတယ်။ မြန်မာပြည်သားတွေကတော့ ကိုဗစ်ပြီးကတည်းကပဲဝင်လို့မရတော့တာ”လို့ ဒေသခံအမျိုးသားတစ်ဦး ကပြောပါတယ်။ ကချင်အထူးဒေသ ၁ နယ်မြေတစ်ဝှိုက်မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေ တောက်လျှောက် အရှိန်မြင့်လာတာနဲ့ အတူ ကံပိုင်တည်နယ်စပ်ဂိတ်မြို့ကိုပါ KIA ပူးပေါင်းတပ်ဘက်က ဆက်လက်သိမ်းပိုက်ဖို့ ဦးတည်နေပြီး တရုတ်ဘက်က ကံပိုင်တည်နယ်စပ်ဂိတ်ကို အောက်တိုဘာ ၁၈ ရက်နေ့မှာပိတ်လိုက်ထားပါတယ်။ တရုတ်နယ်စပ်တစ်လျှောက်မှာရှိတဲ့ မြို့တွေကို KIA မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတာနဲ့တစ်ပြိုင်နက်ထဲ တရုတ်နိုင်ငံဘက်က KIA ကို ထိုးစစ်ရပ်ဖို့ ဖိအားပေးတာမျိုးလည်း ဆက်တိုက်ရှိနေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ပြည်တွင်းရေး ဝင်ရောက်မစွက်ရေးမူကို ခိုင်မာစွာ လက်ကိုင်ထားတယ်လို့ ပြောနေတဲ့ တရုတ်ဟာ လက်တွေ့ကျင့်သုံးခြင်းမရှိဘဲ ပြည်တွင်းရေးကိုပေါ်ပေါ်တင်တင်ဝင်စွက်ဖက်နေတယ်လို့ နိုင်ငံရေးသုံးသပ်သူတွေပြောပါတယ်။ ဒါ့အပြင် စက်တင်ဘာလ ၁၄ ရက်နေ့ တရုတ်သံရုံးရဲ့ထုတ်ပြန်ချက်ထဲမှာလည်း မြန်မာနိုင်ငံရဲ့ပြည်တွင်းရေး ဝင်ရောက်မစွက်ရေးမူကို ခိုင်မာစွာ လက်ကိုင်ထားတယ်လို့ထပ်လောင်း ပြောဆိုထားပါတယ်။ By – အမိုး
Read More » -
14 October
လန်ဆယ်မှာ ရာသီတုပ်ကွေးအဖြစ်များနေပြီးဆေးဝါးအခက်ခဲကြုံနေ
ကချင်ပြည်နယ် ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသမှာ ရာသီတုပ်ကွေးအဖြစ်များနေတယ်လို့ လန်ဆယ်ကနေ မြစ်ကြီးနားဘက်ကို ရောက်လာတဲ့ပြည်သူတွေဆီကနေ သိရပါတယ်။ လန်ဆယ်ကျေးရွာဟာ ကချင်အထူးဒေသ (၁) ပြည်သူ့စစ်တွေရဲ့ ခွင့်ပြုချက်နဲ့ ဒေသခံတွေတနိုင်တစ်ပိုင်ကျောက်ရွှေတူးတာရှိသလို မြန်မာပြည် အနယ်နယ်အရပ်ရပ်က ရွှေ့ပြောင်းလုပ်သားတွေ တရုတ်လုပ်ငန်းရှင်တွေရဲ့လုပ်ကွက်တွေမှာ ကျောက်ရွှေတူးဖော်ကြတဲ့နေရာဖြစ်ပါတယ်။ လတ်တလော…
Read More » -
11 October
မုံးပေါ်ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် သုသာန်မြေနေရာကို ကိုးကန့်တပ်သိမ်းယူဖို့ကြိုးပမ်းနေ
ရှမ်းမြောက် မူဆယ်ခရိုင် မုံးပေါ်တိုက်နယ်ထဲက ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်ပိုင် သင်္ချိူင်းနယ်မြေကို ကိုးကန့် MNDAA က သိမ်းယူဖို့ ကြိုးစားလာတဲ့အပေါ် ဒေသခံတွေကန့်ကွက်နေပါတယ်။ မုံးပေါ်ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်ရဲ့ သုသာန်မြေနေရာကိုကြံစိုက်ခင်းလုပ်မည်ဟုဆိုကာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့ ကိုးကန့် MNDAA တပ်ခန့်ထားတဲ့ မုံးပေါ်အုပ်ချူပ်ရေးမှူးဆိုသူဟာ အသင်းတော်တာဝန်ရှိသူတွေကို သုသာန်မြေသိမ်းမယ့်အကြောင်း အကြောင်းလာတယ်လို့ မုံးပေါ် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်က အမှုတော်ဆောင်တစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ “MNDAA ဘက်က မုံးပေါ်တာဝန်ရှိသူပေါ့ သူကလာပြီးပြောတာ။ သူတို့ကဟိုမှာ အားလုံးအဆင်သင့်လုပ်ထားပြီးသား…
Read More » -
Sep- 2024 -4 September
KIO ထိန်းချုပ်ထားတဲ့ မြစ်ဆုံအထက် အင်ဂျန်းယန်ဒေသမှာ ရွှေအလွန်အကျွံတူးဖော်လာ
၂၀၂၃ ခုနှစ် နိုဝင်ဘာလ စစ်ကောင်စီထွက်သွားပြီးနောက် အင်ဂျန်းယန်ဒေသအလုံးစုံကို KIA ထိန်းချူပ်လိုက်တဲ့ ၉ လအတွင်း အင်ဂျန်ယန်မြို့တွင်းထိ ရွှေတူးတာတွေလုပ်နေကြတယ်လို့ ဒေသခံတွေပြောပါတယ်။
Read More » -
Aug- 2024 -27 August
မံစီမြို့နယ် ကိုင်းထိပ်ဒေသမှာ KIO မြေရှားတူးဖို့ပြင်ဆင်နေ
မြေရှားသတ္တုတူးဖော်ဖို့ ပြင်ဆင်နေတဲ့နေရာဟာ မန်ဝိန်းကြီးနဲ့ ၂၁ မိုင်အကွာ အင်ဘာပါဒေသနဲ့ တစ်ဆက်တည်းရှိပြီး KIA တပ်မဟာ ၁၁ နယ်မြေထဲရှိတာဖြစ်ပါတယ်။
Read More » -
Jul- 2024 -15 July
ရေဘေးသင့်ခဲ့တဲ့ မလိယန်ကျေးရွာမှာ လူနေအိမ် ၅၀ကျော်ပျက်စီး
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မြစ်ဆုံဒေသဖြစ်တဲ့ မလိယန်ကျေးရွာမှာ ရေကြီးရေလျှံမှုကြောင့် လူနေအိမ် ၅၀ကျော်ပျက်စီးသွားခဲ့တယ်လို့ မလိယန်ကျေးရွာဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက် မြစ်ကြီးနားမြို့၊ဝိုင်းမော်မြို့နယ်တွေမှာ ဧရာဝတီမြစ်ရေ စံချိန်တင်မြင့်တက်ခဲ့တာကြောင့် ပြည်သူတွေရေဘေးသင့်ခဲ့ပြီး မြစ်ကမ်းနံဘေးမှာရှိတဲ့ မလိယန်ကျေးရွာဟာလည်း ရွာရဲ့…
Read More » -
8 July
ဖားကန့်မှာ ကျောက်စိမ်းလုပ်ကွက်ဟောင်း ရေလောင်ကန် ၂ ခုပေါက်လုနီးပါးဖြစ်နေပြီး လုံးခင်းကျေးရွာတစ်ခုလုံးစိုးရိမ်ရတဲ့ အခြေအနေရှိနေ
“မဇွပ်ယန်နဲ့ ကုဋေမှော်ကြားက ရေလောင်ကန်ပေါက်ထွက်လာမှာစိုးရိမ်တဲ့အတွက် ပြီးခဲ့တဲ့ တစ်ရက်နေ့မှာက ဘက်ဟိုးတွေနဲ့ ရေယိုစိမ့်လာတဲ့ နေရာတွေကို ဖာထည်နေကြတယ်။ နေ့တိုင်းလိုလို ဒီလိုသာ မိုးရွာနေရင် ရေက မြင့်တက်လေလေဘဲ။ ဒါကြောင့် အားလုံးက အခုအရမ်းစိုးရိမ်နေကြတယ်။ ပြီးရင် ဆန်ခါမှာရှိတဲ့ တောက်ပကြယ် လုပ်ကွက်ဟောင်းနေရာမှာလည်း ဒီရက်ပိုင်းရေတအားကြီးလို့ ဥရုချောင်းကရေတွေ ဝင်လို့ အဲ့ဒီရေကန်လည်း ပြည့်လျှံနေတာ။ အဲဒီဘက်မှာလည်း ပြည်သူတွေက စိုးရိမ်နေကြတယ်”လို့ပြောပါတယ်။
Read More » -
Jun- 2024 -21 June
ပန်ဝါမြို့ မြေရှားသတ္တုတွင်းလုပ်ကွက် မြေပြိုမှုမှာ အလောင်း ၁၇ လောင်းတွေ့ရှိ
ပန်ဝါမြို့ ကချင်အထူးဒေသ (၁) ဥက္ကဌ ဦးဇခုန်တိန့်ယိန်း သားအဖတို့ရဲ့ မြေရှားသတ္တုတွင်းမြေပြိုမှုမှာ ပါသွားတဲ့ ကုမ္မဏီလုပ်သား ၁၇ ဦးရဲ့ လောင်းတွေ့ရှိထားပြီလို့ ပန်ဝါဒေသခံတွေက ပြောပါတယ်။ ဇွန်လ ၁၉ ရက် ည ၁၂ နာရီဝန်းကျင်မြေပြိုကျခဲ့တဲ့ မြေရှားသတ္တုတွင်းမှာ ရှာဖွေရေးဆက်တိုက်လုပ်နေပြီး ဒီကနေ့ နေ့လည် ၁၂ နာရီအထိ အမျိုးသမီးတစ်ဦးအပါအဝင် လုပ်သား ၁၇ ဦးရဲ့ အလောင်းရှာဖွေတွေ့ရှိထားပြီဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “အမျိုးသမီးတစ်ယောက်ပါတယ် နာမည်က ဝါဝါအောင်ဆိုလား နေရပ်ကတော့အတိအကျမသိဘူး။ ကျန်တာကတော့ ယောင်္ကျားတွေဘဲ အညာဘက်က အလုပ်လာလုပ်တဲ့ ဗမာတိုင်းရင်သားတွေနဲ့ ကချင်ပြည်နယ်နမ္မတီးဘက်ကသူတွေ ပါတယ်လို့ ပြောတယ် ခုရှာတွေ့ထားတဲ့ထဲမှာ”လို့ ပြောပါတယ်။ လက်ရှိ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ့ရှိထားတဲ့ထဲမှာ ဝါဝါအောင်ဆိုသူ အမျိုးသမီးရဲ့ ရုပ်အလောင်းလည်းပါရှိပြီး အမျိုးသားဖြစ်သူက ဇွန်လ ၂၀ ရက်နေ့မှာ အရှင်လွတ်မြောက်လာခဲ့ပြီးတော့ လက်ရှိ…
Read More »