သတင်း
-
Dec- 2024 -6 December
မန်ပိန်းရွာ စာသင်ကျောင်းမှာတပ်မစွဲဖို့ ကန့်ကွက်တယ်လို့ဆိုကာ ရွာအုပ်ချုပ်ရေးမှူးကို TNLA ဖမ်းဆီးထား
ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး မန်ပိန်းကျေးရွာစာသင်ကျောင်းမှာ တပ်မစွဲဖို့ကန့်ကွက်တယ်လို့ဆိုကာ ရွာအုပ်ချုပ်ရေးမှူးကို TNLA တပ်က ဖမ်းဆီးထားပြီး စာသင်ကျောင်းကိုလည်း ပိတ်ပေးလိုက်တယ်လို့ ဒေသခံတွေ ပြောပါတယ်။…
Read More » -
5 December
ဗန်းမော်မှာတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး အရပ်သား သေဆုံးမှု ၁၀ ဦးခန့်ရှိလာ
ကချင်ပြည်နယ် ဗန်းမော်မြို့ပတ်ပတ်လည်မှာတိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး…
Read More » -
5 December
ဗန်းမော် ၃ မိုင်ရပ်ကွက်မှာ ဒေသခံပြည်သူထောင်ချီပိတ်မိနေ
ဗန်းမော်မြို့ ၃ မိုင်ရပ်ကွက်မှာ စစ်တပ်ကအဝင်အထွက်အားလုံး ပိတ်လိုက်တဲ့အတွက် ဒေသခံပြည်သူထောင်ချီပိတ်မိနေတယ်လို့ ၃ မိုင်ရပ်ကွက်မှာနေထိုင်တဲ့ ပြည်သူတွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ကနေ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် ဗန်းမော်မြို့ဘက်ဝင်ရောက်လာချိန် ၃ မိုင်ရပ်ကွက်အရောက် စစ်တပ်နဲ့ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး ပြည်သူတွေ ပိတ်မိကုန်တာဖြစ်တယ်လို့ ၃ မိုင်ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦး KNG ကိုခုလိုပြောပါတယ်။…
Read More » -
5 December
ဗန်းမော်တိုက်ပွဲ ကာကင်းစခန်း ၇ ခု KIA သိမ်းပိုက်၊ စစ်မျက်နှာ ၃ ခုမှာ တိုက်ပွဲပြင်းထန်နေဆဲ
ဗန်းမော်နဲ့ မံစီမြို့နယ်နှစ်ခုမှာ တိုက်ခိုက်ပွဲဖော်ဆောင်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်က မနေ့ကတစ်ရက်အတွင်း တပ်စခန်းငယ် ၇ ခုကိုသိမ်းပိုက်ထားနိုင်ပြီး စစ်မျက်နှာပြင် ၃ နေရာမှာ တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က သိရပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ ဗန်းမော်မြို့– မံစီမြို့ကြားမှာရှိတဲ့ ခလရ ၄၇ တပ်ရင်း၊ ညောင်ပင်သာ၊ နမ်ဖာ၊ မံစီမြို့တွင်းတပ် ခမရ ၃၁၉၊ ခမရ ၆၀၁၊ ခမရ ၃၅၂ အပါအဝင် ဗန်းမော်တက္ကသိုလ်ဝင်း၊ မိုးမောက်သွားလမ်း ၃ မိုင်၊ ၄ မိုင် စတဲ့ နေရာအားလုံးကို KIA တပ်က တပြိုင်နက်ထိုးစစ်ဆင် ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပါတယ်။…
Read More » -
4 December
နမ့်ပေါင်လေတပ်စခန်း လက်နက်ကြီးပစ်ခတ်ခံရ၊ စစ်တပ်ဘက်က တန်ပြန်ပစ်တဲ့ လက်နက်ကြီး မြို့သစ်ကြီးရပ်ကွက် တစ်လုံးကျပေါက်ကွဲ
ကချင်ပြည််နယ် မြစ်ကြီနားမြို့ရှိ စစ်ကောင်စီတပ်ရဲ့ နမ့်ပေါင်လေတပ်စခန်း ဒီမနက် ၆ နာရီဝန်းကျင်မှာ ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခံရတယ်လို့ တပ်နဲ့နီးစပ်သူတွေပြောပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်မှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးပစ်ခံရတယ်လို့ တပ်နဲ့နီးစပ်သူတစ်ဦး KNG ကို ခုလိုပြောပါတယ်။…
Read More » -
4 December
တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မှာ ရေလမ်း၊ကုန်းလမ်းအားလုံး စစ်တပ်ကပိတ်
ကချင်ပြည်နယ် ဗန်းမော်မြို့ပတ်ပတ်လည်မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံတွေထွက်ပြေးနေကြပေမဲ့ စစ်ကောင်စီတပ်က ရေလမ်း၊ကုန်းလမ်း အားလုံးပိတ်လိုက်တာကြောင့် ပြည်သူအများပိုင်းမြို့ထဲပိတ်မိနေတယ်လို့ ဒေသခံတွေကပြောပါ တယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ ဒီကနေ့ မနက်ပိုင်းကစလို့ ဗန်းမော်မြို့– မံစီမြို့အကြားတပ်စခန်းအားလုံးနဲ့ ဗန်းမော်မြို့– မိုးမောက်ဘက် ၃ မိုင်နေရာမှာတိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံတွေဟာ ရေလမ်း၊ ကုန်းလမ်းတွေကိုအသုံးပြုပြီး ဘေးလွှတ်ရာကိုထွက်ပြေးနေကြပေမယ့် နေ့လည် ၁ နာရီဝန်းကျင်ကစလို့ စစ်ကောင်စီတပ်ဟာ ရေလမ်းနဲ့ ကုန်းလမ်းပိုင်းအားလုံး နေရာယူတပ်စွဲပြီးပိတ်ဆို့လိုက်တာလို့ ဒေသခံအမျိုးသားတစ်ဦး ခုလိုပြောပါတယ်။…
Read More » -
4 December
ဗန်းမော်- မံစီအကြားမှာရှိတဲ့ စစ်တပ်စခန်းအားလုံးနီးပါး KIA ပိတ်ဆို့တိုက်ခိုက်နေပြီး တပ်စခန်းတစ်ချို့သိမ်းပိုက်နိုင်
ကချင်ပြည်နယ် ဗန်းမော်နဲ့ မံစီမြို့နယ်ကြားမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း အားလုံးနီးပါးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ် ဒီနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ကစပြီး စစ်မျက်နှာပြင်ဖွင့် တိုက်ပွဲဖော်ဆောင်လိုက်ပြီးတော့ တပ်စခန်းတစ်ချို့ သိမ်းပိုက်ရရှိထားပြီလို့ KIA ရှေ့တန်း သတင်းအရင်းမြစ်ကနေ သိရပါတယ်။…
Read More » -
3 December
ဖားကန့်မှာ စက်သုံးဆီတစ်လီတာ ကျပ်၂သောင်းဝန်းကျင်ပေးဝယ်နေရ
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ စက်သုံးဆီ 92 တစ်လီတာကို ကျပ် ၂ သောင်းအထိပေးဝယ်နေရပြီး အကန့်အသတ်တွေနဲ့သာရောင်းချပေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဖားကန့်မြို့နယ်ထဲက စက်သုံးဆီပန့်ဆိုင်ကြီးတွေမှာတော့ စက်သုံးဆီ တစ်ဂါလံကို ကျပ် ၈သောင်း၂ထောင် အထိရှိပြီး မနက်ပိုင်းတစ်ချိန်ပဲအကန့်အသတ်တွေနဲ့ရောင်းချပေးနေတယ်လို့ ဒေသခံတစ်ယောက်ကပြော ပါတယ်။…
Read More » -
3 December
မန်ပိန်းရွာ စာသင်ကျောင်းမှာတပ်မစွဲဖို့ပြောတဲ့ ကျောင်းသားမိဘတွေကို TNLA က သေနတ်နဲ့ခြိမ်းခြောက်ပြီး အတင်းအဓ္ဓမတပ်စွဲနေ
ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး…
Read More » -
2 December
ဝိုင်းမော်မြို့နယ်မှာ စစ်တပ်က လုံခြုံရေးပိုတင်းကြပ်လာပြီး စစ်ရေးပြင်ဆင်မှုတွေ သိသိသာသာလုပ်ဆောင်နေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင်း KIA စိုးမိုးထားတဲ့နယ်မြေတစ်လျှောက် စစ်တပ်က လေကြောင်း၊ဒရုန်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာအပြင် မြို့တွင်း၊မြို့ပြင် စစ်ရေးပြင်ဆင်မှုတွေ သိသိသာသာ လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။…
Read More »