,
ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်နိုင်ငံတို့ကြားပူးပေါင်းဆောင်ရွက်မည့် နန်ကျင်ဘက်စုံ စီးပွားရေးဇုန်အတွင်းရှိ ဒေသခံများ၏ နယ်မြေများကို ကျူးကျော်အဖြစ်သတ်မှတ်မှုကို တိကျရှင်းလင်းစွာ ချပြရန် ဒေသခံများ တောင်းဆိုနေကြပါသည်။ မြစ်ကြီးနား စီးပွားရေး ဖွံ့ဖြိုးရေးဇုန် စီမံကိန်း ဘက်စုံပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးကော်မတီ (MEDZC) နှင့် တရုတ်နိုင်ငံ ယူနန် ထိန်ချုံးဟိန်ယုံ ရင်နှီးမြှုပ်နှံမှု ကုမ္ပဏီလီမီတက် (YTHIC) တို့ဖော်ဆောင်မည့် မြစ်ကြီးနားမြို့ အနောက်မြောက်ဘက် ၈ မိုင်ခန့်အကွာ ပြည်ထောင် ကြိုးဝိုင်း လီဒိုလမ်းမကြီးပေါ်ရှိ နန်ကျင်ကျေးရွာအုပ်စုတွင် ပြုလုပ်ရန် မြေဧက
ကချင်ပြည်နယ် ဟူးဟောင့်ချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ်ရှိ ကျေးရွာ(၅)ခုသည် သိမ်းဆည်းခံခဲ့ရသော ၎င်းတို့၏ လယ်ယာမြေများကို ‘စားကျက်မြေ’ အဖြစ် ပြန်လည်သတ်မှတ်သည့် တတိယအကြိမ် လှုပ်ရှားမှု အစီအစဉ်ကို ပြုလုပ်ခဲ့ကြပါသည်။ ကျေးရွာ ၅ခု ဖြစ်သည့် ရှဒူးဇွပ်ကျေးရွာ၊ ဒွန်ဘန်ကျေးရွာ၊ လဝါးကျေးရွာ၊ မဂေါင်ကထောင်ကျေးရွာနှင့် ဒွန်ဘုံး ကျေးရွာတို့တွင် ကချင်လူမှုတိုးတက်ရေးအဖွဲ့(Mungchying Rawt Jat) မှ ဦးဆောင်ပြီး နိုဝင်ဘာလ ၁၇မှ ၁၈ရက်အထိ စားကျက်မြေ သတ်မှတ်သည့် လုပ်ငန်းကို လုပ်ဆောင်ခဲ့ကြောင်း
ဝိုင်းမော်မြို့နယ် ဖုန်တန်ယန်အုပ်စု ဝါရာယန်ကျေးရွာအတွင်း သစ်သျှူးငှက်ပျောခြံသုံး ဓာတုပိုးသတ်ဆေးကြောင့် ချောင်းရေအတွင်း ငါးများ အစုအပြုံလိုက် သေဆုံးမှု ဖြစ်ပွားနေကြောင်း ဒေသခံများ ပြောပါသည်။ နိုဝင်ဘာလ ၁၆ရက်နေ့တွင် ဝါရာဝန်ကျေးရွာအနီး ငှက်ပျောခြံ ကုမ္မဏီလုပ်သားများက ဒေသခံများ သောက်သုံးနေသည့် ‘အင်ဂမ့်ခ’ (N Gam Hka) ချောင်းအတွင်း ပိုးသတ်ဆေးသုံးကာ ငါးဖမ်းခဲ့သဖြင့် ယနေ့ ၄ရက်ခန့်အကြာအထိ ငါးများအဆက်မပြတ် သေဆုံးနေသည်ဟု မျက်မြင် ဒေသခံ ဦး Ndau Tu
ကချင်ပြည်နယ်အတွင်း မှတ်ပုံတင်နှင့် အိမ်ထောင်စုများ ပြုလုပ်ရာတွင် ငွေကြေးတောင်းခံခြင်းနှင့် ခရီးသွားလာစဉ် စစ်ဆေးရေးဂိတ်များတွင် မှတ်ပုံတင် မပါသူများအား ဒဏ်ငွေရိုက်ခြင်းများပြုလုပ်ပါက သက်ဆိုင်ရာသို့ ချက်ချင်းတိုင်ကြားနိုင်ကြောင်း ပြည်နယ် လူဝင်မူကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်း ပြောပါသည်။ “ကျနော်တို့ဌာနအနေနဲ့ ပြည်သူတွေကို ဝန်ဆောင်မူပေးတာ တိကျတာမှုပဲ ဖြစ်တယ်။ အဲလိုတောင်းခံတဲ့ ဝန်ထမ်းတွေရှိလို့ ရှိရင် တိတိကျကျတိုင်တန်းနိုင်တယ်။ ဆက်သွယ်တိုင်တန်းလာတဲ့သူတွေရှိရင် ဝန်ထမ်းတွေကို သေချာစီစစ်ပြီးတော့ အရေးယူမူတွေဆောင်ရွက်နေပါတယ်။” ဟု လူဝင်မူကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးဇော်ဝင်းက
တရုတ်တစ်သျှူးငှက်ပျော်ကုမ္မဏီ၏ တရားစွဲဆိုခံထားရသည့် မုတ်ကျိတ်ဒေသခံ (၇) ဦးအား ငွေဒဏ် ၅ သောင်းသို့မဟုတ် ထောင် ၆ လ ချခံရန် ဝိုင်းမော်မြို့နယ် တရားရုံးမှ နိုဝင်ဘာလ ၁၈ရက်နေ့တွင် အပြီးသတ်အမိန့်ချလိုက်ပြီဖြစ်သည်။ ထိုကြောင့် ဒေသခံ (၇) ဦးက တစ်ဦးလျှင် ငွေဒဏ် ၅ သောင်စီပေးရန် ရွေးချယ်လိုက်ကြပါသည်။ ငှက်ပျောစိုက်သည့် မျိုးဆက်သစ်ကုမ္မဏီမှ လုပ်ငန်းလုပ်ကိုင်နေစဉ်တွင် လာရောက်နှောင့်ယှက်ဖျက်စီးခဲ့သည်ဟု ဆိုကာ ၂၀၁၈ ဧပြီလ ၂၆ရက်နေ့တွင် အကျိုးဖျက်စီးမူ
ဂျပန်နိုင်ငံတွင် ယခုအပတ် ပြုလုပ်ကျင်းပမည့် ကျူရှင်းကာရာတေးပြိုင်ပွဲကြီး၏ အမြင့်ဆုံး World Champion အဆင့်ပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ ကစားသမား လူငယ် ၄ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရပါသည်။ နိုဝင်ဘာ ၂၂-၂၃ တို့တွင် ကျင်းပမည့် ၁၂ ကြိမ်မြောက် အဆိုပါ ကမ္ဘာ့ကျူရှင်းကာရာတေး ချန်ပီယံ ပြိုင်ပွဲသည် ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့ ဂျပန်နိုင်ငံပြိုင်ပွဲတွင် ချန်ပီယံရရှိခဲ့သူများသာ ပြန်လည်ယှဉ်ပြိုင်နိုင်သည့် ပွဲဖြစ်ကြောင်း သိရပါသည်။ “ဒီတစ်ခေါက်ပြိုင်ပွဲက
ရိုဟင်ဂျာလူနည်းစုများပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနှင့်ပတ်သက်ပြီး မြန်မာခေါင်းဆောင်များကို ICJ နိုင်ငံတကာခုံရုံးမှာ ဂမ်ဘီယာနိုင်ငံ တရားစွဲထားခြင်းကို ထောက်ခံကြောင်း ကချင်အမျိုးသားအစည်းအရုံး (KNO) က သတင်းထုတ်ပြန်သည်။ Kachin National Organization – KNO သည် ၂၀၀၈ စစ်တပ်ရေးဆွဲသည့် အခြေခံဥပဒေအရ ဖွဲ့စည်းသော အစိုးရကို ယခုအချိန်ထိ အသိအမှတ်ပြုခြင်း မရှိသည့် ပြည်ပအခြေစိုက် အကြီးဆုံး ကချင်နိုင်ငံရေးအဖွဲ့အစည်း ဖြစ်သည်။ အဖွဲ့ဝင် (၅၇) နိုင်ငံ ပါဝင်သော OIC
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် အလယ်ပိုင်းဒေသများတွင် လယ်ယာစိုက်ပျိုးရေးနှင့်အစားအစာထုတ်ကုန်စနစ်ဖွံ့ဖြိုးစေရန် အမေရိကန်နိုင်ငံက ဒေါ်လာ ၃၈ သန်းကို ၅ နှစ်စီမံကိန်းအဖြစ် ထောက်ပံ့မည့်အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ သိရပါသည်။ နိုဝင်ဘာ ၁၄ ရက်နေ့ မြစ်ကြီးနားမြို့ ကာတယ် (Cartel Hotel) ဟိုတယ်တွင် စီမံကိန်းနှင့်ပတ်သက်ပြီး ကချင်ဒေသခံတောင်သူ ၆၀ ကျော်ကို ရှင်းလင်းပွဲ ပြုလုပ်သွားခဲ့ပါသည်။ “ ကျနော်တို့မှာ အတွေ့အကြုံတွေတော့ အများကြီးရှိပါတယ်။ စီမံကိန်းမစခင် ကျနော်တို့အနေနဲ့ ဒီမြေနေရာနဲ့
နှစ်စဉ် နိုဝင်ဘာလသည် ကချင်လူမျိုးများ၏ ‘ကောက်သစ်စားပွဲတော်’ ကာလဖြစ်သော်လည်း ကျိန်ထောင်ပါ (Chying Htawng Pa) ကျေးရွာတွင်ပြုလုပ်သော ကောက်သစ်စား ပွဲတော်သည် အခြားသောဒေသများထက် ပိုမိုထူးခြားစွာ ကချင်ရိုးရာဓလေ့နှင့်အညီ ပြုလုပ်နေဆဲ ဖြစ်ပါသည်။ [caption id="attachment_5575" align="alignnone" width="1920"] ကျိန်ထောင်ပါကောက်သစ်စားပွဲတော် ၂၀၁၉ (နိုဝင်ဘာ ၁၁-၁၂)[/caption] ဝိုင်းမော် ဆဒုံမြို့နယ်ခွဲရှိ အဆိုပါကျေးရွာတွင် နှစ်ခြင်းခရစ်ယာန်ယုံကြည်သူ ဒေသခံများက နိုဝင်ဘာ ၁၁-၁၂ ရက်များတွင် ‘ကျေးဇူးတော်ချီးမွမ်းခြင်း ကောက်သစ်စားပွဲတော်’
မြစ်ကြီးနားအကျဉ်းထောင်ရှိ အကျဉ်းသားများအတွက် နှစ်စဉ်ပြုလုပ်နေသည့် ‘ကျေးဇူးတော်ချီးမွမ်းခြင်းပွဲတော်’ ကို YCC အကျဉ်းထောင်သာနာအဖွဲ့ ဦးဆောင်ပြီး နိုဝင်ဘာ ၁၀ ယမန်နေ့ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ဆယ်စုနှစ်များစွာ မြစ်ကြီးနားထောင်တွင်း အဝင်အထွက်ပြုကာ အကျဉ်းထောင်သနာပြုလုပ်နေသော Youth for Christ Center ထူထောင်သူ ကချင်နာမည်ကျော် အဆိုတော် အင်ဒိန်အားဂျာက ကျေးဇူးတော်ချီးမွမ်းပွဲပြုလုပ်ရခြင်းအကြောင်း ယခုလိုပြောပါသည်။ ‘ထောင်ကျတာ က နှစ်နဲ့ချီပြီး ကျတာလေ။သူတို့အိမ်မှာ ကျန်ခဲ့တဲ့ မိသားစုကွဲကုန်တယ်။ ကလေးတွေ ပျက်စီး