သတင်း

အသက် ၆၀ ကျော်အမျိုးသားတစ်ဦး ကားကြိတ်ခံရ

ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသားတစ်ဦး ကားနဲ့ဖြတ်တိုက် ကြိတ်မိပြီးသေဆုံးသွားတယ်လို့ မွန်မြတ်စေတနာလူမှုကယ်ဆယ်ရေးအသင်းက သိရပါတယ်။

ဝိုင်းမော်မြို့ မိုင်းနားကျေးရွာ အထကကျောင်းရှေ့  နိုဝင်ဘာလ ၂၈ ရက်နေ့ နေ့လည်ပိုင်း ၂နာရီခွဲဝန်းကျင်လောက်မှာ ဆိုင်ကယ်မောင်းလာတဲ့အမျိုးသားတစ်ဦးကို သဲကျောက်သယ်တဲ့ ကားကတိုက်ပြီး ဦးခေါင်းကိုလည်း ဘီးနဲ့နှင်းပြားသွားတဲ့အတွက် အခင်းဖြစ်တဲ့နေရာမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ မွန်မြတ်စေတနာအသင်းမှ တာဝန်ရှိသူ ကပြောပါတယ်။

ဖြစ်တာကနှစ်နာရီခွဲလောက်မှာ ဖြစ်တာဟုတ်တယ် ဆိုင်ကယ်နဲ့ သဲကျောက်သယ်တဲ့ကားနဲ့ တိုက်မိတာ ဖြစ်တဲ့နေရာမှာဘဲ ဆုံးတာ မိုင်းနားကလို့ ပြောပါတယ်။

 သေဆုံးသူဟာ မိုင်းနားကျေးရွာမှာနေတဲ့ အသက် ၆၀အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး ရုပ်အလောင်းကိုတော့ မြင့်မြတ်စေတနာ အသင်းက မြစ်ကြီးနားရင်ခွဲရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် သဲကျောက်ကားကိုမောင်းတဲ့သူကိုတော့ ဝိုင်းမော်ရဲစခန်းက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

 ဝိုင်းမော်မြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလမှာလည်း ယဉ်တိုက်မှုပေါင်း ၂၀ ကျော်ထရှိခဲ့တဲ့အပြင် နိုဝင်ဘာလတစ်လအတွင်းမှာဘဲ ယာဉ်တိုက်မှုပေါင်း ခန့်မှန်းခြေ အကြိမ်၂၀ ကျော်ဖြစ်ခဲ့တယ်လို့ ဝိုင်းမော်မြို့နယ်မှာ အကူအညီပေးနေတဲ့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းရဲ့ တာဝန်ရှိသူကပြောပါတယ်။

By – Hope

Show More

Related Articles

Back to top button