သတင်း

ကွတ်ခိုင်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် မိသားစုဝင် ၃ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ခိုနောင်ကျေးရွာအုပ်စု တုံဆင်ကျေးရွာမှာရှိတဲ့ နေအိမ်တစ်အိမ်မှာလက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် မိသားစုဝင် ၆ ဦးထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ တုံဆင်ဒေသခံတွေဆီကနေ သိရပါတယ်။

နိုဝင်ဘာ ၂၈ ရက်နေ့ ည ၁၁ နာရီကျော်လောက်မှာ မိသားစုအားလုံးအိပ်ပျော်နေချိန် ကွတ်ခိုင်တပ်မ ၄၀၅ ကနေပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် မိသားစုဝင် ၃ ဦးသေဆုံးပြီး နောက်ထပ်ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တဲ့တယ်လို့ ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။

မနေ့ည ၁၁ နာရီ ၁၂ မိနစ်မှာဟုတ်တယ်။ သူတို့မိသားစုတွေအားလုံးစုစုပေါင်း ယောက်ဟုတ်တယ်။ သူတို့ ယောက်လုံး အိပ်ပျော်နေချိန် လက်နက်ကြီးကျပြီး အိမ်လည်း တစ်စစီဖြစ်သွားတယ်။ အဲ့မှာ ဒဏ်ရာရတဲ့ မိသားစုဝင်တွေကို လူနာတင်ကားနဲ့ ကွတ်ခိုင်မြို့ကိုခေါ်တယ်။ မြို့ထဲရောက်ချိန် စစ်တပ်က သေနတ်နဲ့ ပြန်ပြီးလိုက်လံပစ်ခတ်လို့ လူနာတင်ကားဘီးလည်း ပေါက်သွားတယ်။ အဲ့လိုဘိန်းပေါက်ပေါက်ပြီး ဆေးရုံးအရောက်ဝင်သွားတယ်။ ဆေးရုံရောက်ချိန် မနက် နာရီမှာတော့

သေဆုံးသွားသူတွေမှာ မိခင်ဖြစ်သူ အသက် (၃၂နှစ်အရွယ် အဒေါ်အမ်းပူး နဲ့ ဖခင်( အသက် ၄၃ နှစ် ) ဦးနော်ခမ်း ၊ သမီးဖြစ်သူ ပထမတန်းကျောင်းသူ အသက်(နှစ်အရွယ် လွေးအမ်ကြာတို့ဖြစ်ကြောင်း သိရပြီး အသက်ရှင်ကျန်ရစ်တဲ့ ကလေးငယ် ၃ ယောက်မှာ အသက် ၂ နှစ်ကျော်အရွယ်အငယ်ဆုံးသားလေးနဲ့ အကြီးမ ၁၄ နှစ်၊ အလတ်မ ၁၁ နှစ် တို့ ထိခိုက်ဒဏ်ရာရရှိထားတဲ့အတွက် ကွတ်ခိုင်ဆေးရုံမှာ ဆေးကုသခံယူနေတယ်လို့ သိရပါတယ်။

အခုက ကလေး ယောက် မိဘမဲ့အဖြစ်ကျန်နေခဲ့တာပေါ့။ အကြီးမရယ် အလတ်မရယ် အငယ်ဆုံးလေးရယ်ပဲ ကျန်တယ်။ သူတို့လေးတွေ တော်တော်လန့်ပြီး စိတ်ဒဏ်ရာနဲ့ ဆေးရုံမှာ ဆေးကုသနေတယ်။ အခုခံရတဲ့ ကလေးငယ်တွေကို စိတ်ပိုင်းဆိုင်ရာဒဏ်ရာကုသပေးရမယ်။ ပြီးရင် ကလေးတွေရဲ့ ရှေ့ရေးအတွက်လည်း အားလုံးဝိုင်းဝန်းပြီး ကူညီဖို့လိုအပ်ပါမယ်။” လို့ တုံဆင်ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကွတ်ခိုင်မြို့ တပ်မစခန်းကနေ မြို့အနီးပတ်ဝန်းကျင်ကျေးရွာဘက်တွေကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေတာတွေရှိနေပြီး လက်နက်ကြီးကြောင့် ဒီရက်ပိုင်း ထိခိုက်သေဆုံးသူတဲ့အရပ်သားပြည်သူ ၆ ဦးထက်မနည်း ရှိလာနေပြီး အိမ်မွေးတရိစ္ဆာန် ကျွဲ၊နွားတွေများစွာလည်း သေဆုံးတာတွေဖြစ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။

ဒါ့အပြင် နမ့်ဖတ်ကာဘက်လည်း နိုဝင်ဘာ ၂၈ ရက်နေ့ညနေပိုင်းမှာပဲ စစ်ကောင်စီတပ်စခန်း လက်နက်ကြီးရမ်းတမ်းပစ်ခတ်ခဲ့တာကြောင့် လီဆူဘော်ဒါတစ်ခုမှာလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

လက်ရှိ အဲ့ဒီကလေးငယ် ၅ ဦးထဲက ၄ ဦးတော့ နမ့်ဖတ်ကာဆေးရုံမှာ ဆေးကုသခံယူနေပြီး ထိခိုက်ဒဏ်ရာပြင်းထန်တဲ့ အသက် ၁၁ နှစ်အရွယ် ယောကျာ်းလေးကတော့ ကွတ်ခိုင်ဆေးရုံမှာဆေးကုသခံယူနေကြောင်း ဆက်လက်သိရပါတယ်။

စစ်ကောင်စီက မာရှယ်လောထုတ်ထားတဲ့ ကွတ်ခိုင်မြို့နမ့်ဖတ်ကာ၁၀၅ မိုင်မူဆယ် တစ်ကြော စစ်တပ်နဲ့ ညီနောင်မဟာမိတ်တွေကြား တိုက်ပွဲဆက်တိုက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်လေယာဉ်ဗုံးကြဲခြင်းနဲ့ လက်နက်ကြီးရမ်းတမ်းပစ်ခတ်တာတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေတာဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button