စစ်ကောင်စီ၏ မြင်း ၉ကောင် သယ်ဆောင်လာသော ၁၂ ဘီးကားကို KIA မီးရှို့ ဖျက်ဆီး
,
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပလနရပ်ကွက် နယ်မြေ ၃ ရှိ နယ်မြေ ရဲစခန်းတွင် ယနေ့ မနက်ပိုင်း ၅ နာရီခွဲမှ ၆ နာရီအတွင်း ပေါက်ကွဲမှုနှင့် ပစ်ခတ်မူများ ဖြစ်ပွားခဲ့သည်ဟု ရဲစခန်းအနီး နေထိုင်သူများပြောသည်။ "ပစ်ခတ်သံတွေကြားရတယ် တိုက်ပွဲဖြစ်တာထင်တယ်။ ပလနရဲစခန်းကိုလာပစ်သွားတာထင်တယ် လက်နက်ကြီးတွေနဲ့ပစ်လိုက် သေနတ်နဲ့ပစ်လိုက်အဲ့လိုကြားနေရတယ် ဆက်တိုက်ပဲ ၁၀မိနစ်တော့ကျော်မယ်ထင်တယ် လက်နက်ကြီးသံ ကြားလိုက်သေနတ်သံကြားလိုက်နဲ့ပေါ့"ဟု ဒေသခံပြည်သူတစ်ဦးက ဆိုသည်။ ဗုံးသံ ပထမဆုံး ကြားရပြီးနောက် ရဲစခန်းမှာ ပြန်လည်ပစ်ခတ်သည့်
စစ်ကိုင်းတိုင်းဒေသ ထီးချိုင့်မြို့ပေါ်ရှိ ဘောလုံးကွင်းတွင် စစ်ကြောင်းထိုးပြီး ပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ကို ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဘက် ၂ဦးထက်နည်း သေဆုံးပြီး ၅ဦးထက်နည်း ခြေပြတ်လက်ပြတ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ယနေ့နံနက်ပိုင်း ၅နာရီဝန်းကျင်ခန့်တွင် ထီးချိုင့်မြို့လယ် ဘောလုံးကွင်းတွင် စစ်အင်အား ၇၀ ခန့် အနားယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ ကြိုတင်စီစဉ်ထားသည့် ဆွဲမိုင်းဖြင့် တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်မှ တန်ပြန်ရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူ ၃ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦး
စစ်ကိုင်းတိုင်းဒေသ မြင်းမူမြို့နယ်နှင့် အရာတော်အစပ် ကံဖျားနှင့်ရသာ ကျေးရွာ ၂ခုမှ ပြည်သူပိုင် ပစ္စည်းများ သိမ်းယူသွားသည့် စစ်ကောင်စီတပ်ဖွဲ့ကို နယ်မြေခံ ဒေသကာကွယ်ရေးတပ်များ ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီဘက်က ၁၇ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ထံမှသိရသည်။ စစ်အင်အား ၆၀ ဝန်းကျင်ခန့်ပါရှိသော စစ်ကောင်စီတပ်ဖွဲ့သည် ယမန်နေ့ နံနက်ပိုင်း ၁၀နာရီဝန်းကျင်တွင် ကံဖျာနှင့်ရသာတို့ဘက်မှ မင်းရွာနှင့်သလဲဘာရွာ ကျေးရွာရှိသည့်ဘက်သို့ ဦးတည်ကာ ထွက်လာခဲ့ရာ PDF အဖွဲ့က နောက်ယောင်ခံလိုက်လာခဲ့ကြပြီး ရွာသာနှင့် မင်းရွာ
တနိုင်း လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က တပ်စခန်းအသစ်တစ်ခု ထပ်မံ တိုးချဲ့ကာ ဂိတ် ၃ခုဖြင့် ငွေကြေး ကောက်ခံမှုများ ပြုလုပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့မှစပြီး ဇူလိုင် လကုန်ပိုင်းအထိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေ ရွှေမှော်ဘက်သို့သွားသော လမ်းမကြီး ၄ ခုကို ဖြတ်တောက်လိုက်ပြီးနောက် တစ်လအတွင်း ရှဒူးဇွပ်ကျေးရွာအနီး ကိုင်းတောမှော်အဝင်ဝတွင် ပြည်သူ့စစ်
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မှော်ရှန်ကျေးရွာရှိ KBZ ဘဏ်ခွဲ ၂ ရှေ့တွင် ဩဂုတ်လ ၃ရက်နေ့ ရဲမှူးကိုကိုလွင် ပစ်သတ်ခံရမှု ဖြစ်စဉ်တွင် နောက်ထပ် ရဲအုပ်တစ်ဦးပါ ကျည်ထိမှန်ခဲ့ပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဩဂုတ်လ ၃ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် မှော်ရှန်ရပ်ကွက်ရှိ KBZ ဘဏ်ခွဲ ၂ ရှေ့တွင် ရဲမှူးကိုကိုလွင် နှင့် အတူပါလာသည့် ရဲအုပ်တို့ကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက
စစ်ကိုင်းတိုင်း ဗန်းမောက်မြို့ အရှေ့ဘက်နှင့် အနောက်ဘက်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့များအား Banmauk Revolution BR ပြည်သူ့ကာကွယ်ရေးတပ်မှ ၂ ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၁၀ ဦး ထက်မနည်း သေဆုံးကြောင်း BR PDF မှ သိရသည်။ "ရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တယ်။ ဆင်ကန်ရွာကပြည်သူနေအိမ်တွေပေါ်တက်ပြီး နေထိုင်တယ် စားသောက်ကြတယ်လို့ သိထားတယ်။ မိုင်းဆွဲတဲ့အခြေနေကတော့ သူတို့ဘက်က၅ယောက်ထက်မနည်း ကျဆုံးတယ်လို့ စစ်ရေးတာဝန်ခံကပြောတယ်။ နောက်ပြီး
ကချင်ပြည်နယ် ရွှေကူမြို့နယ် ရွှေကူ-ဗန်းမော်ကြားရှိ ဧရာဝတီမြစ် ရေကြောင်းလမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီ ဗိုလ်ကြီးတစ်ဦးနှင့် တပ်ကြပ်တစ်ဦးတို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ရွှေကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ ဖမ်းဆီးသွားကြောင်းသိရသည်။ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့် ရွှေကူမှ ဗန်းမော်မြို့သို့ ရေယာဉ်ဖြင့် စစ်ကောင်စီတပ်အတွက် စက်သုံးဆီပေပါများ သယ်ဆောင်လာမည့်သတင်းကြောင့် KIA နှင့် PDF များမှ သွားရောက်စစ်ဆေးရာ စက်သုံးဆီပေပါများပါရှိသည့် ရေယာဉ်ကို လွဲချော်သွား၍ ဗန်းမော်တက်မည့်
ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာရှိ ရဲစခန်းတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်များ လက်နက်ကြီးများဖြင့် ပစ်ခတ်မူကြောင့် အရပ်သား ပြည်သူ ၃ ဦး ကျည်ထိမှန်ခဲ့ကြောင်း SNAKE EYES PDF အဖွဲ့ထံမှ သိရသည်။ သြဂုတ်လ ၂ ရက်နေ့ ဆိပ်ခွန်ကျေးရွာ ရဲစခန်းတွင် အင်အား ၄၀ ခန့်ဖြင့် ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ရွာအတွင်း ဆန္ဒပြ ပြည်သူများကို ဖမ်းဆီးမှုများပြုလုပ်နေသည့်အတွက် ဒေသကာကွယ်ရေးတပ်များ စုပေါင်းကာ ဇူလိုင်လ ၃ ရက်နေ့တွင်
စစ်ကိုင်းတိုင်း ကသာမြို့နယ် ကျောက်ထုံးကြီးတိုက်နယ်ကျေးရွာမှ ဒေသခံ အရပ်သားပြည်သူ ၁၃ ဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများမှ သိရသည်။ သြဂုတ်လ ၃ ရက် ယမန်နေ့နံနက် ၉ နာရီဝန်းကျင် စစ်အင်အား ၃၀ ကျော်ခန့်ပါရှိသော စစ်ကောင်စီတပ်သည် ကသာဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း သံခွန်ရေမော်တော်ဖြင့်တက်လာကာ ကျောက်ထုံးကြီးတိုက်နယ် ကျေးရွာတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ဒေသခံ ၁၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံတစ်ဦး KNG ကိုပြောဆိုသည်။ "မနက်
ရှမ်းမြောက် မုံးကိုးမြို့ရှိ စစ်ရှောင်ပြည်သူများသည် စစ်ရှောင်ကာလ ၁နှစ်ခန့် ကြာလာချိန် နေရာထိုင်ခင်း ခက်ခဲမှု နှင့် အစားအသောက်ခက်ခဲမှု စသည့်ပြဿနာများဖြင့် ကြုံတွေ့နေရသဖြင့် ကူညီဖြေရှင်းပေးစေလိုသည်ဟု ဆိုသည်။ မုံးကိုးမြို့ရှိ စစ်ရှောင်အိမ်ထောင်စု ၂၀၀ ကျော်နှင့် လူဦးရေ ၈၀၀ ကျော်သည် ယခုချိန်ထိ မိမိရပ်ရွာများသို့ နေရပ်မပြန်နိုင်သောကြောင့် အချိန်ကာလကြာလာသည်နှင့်အမျှ အစားအသောက်လည်း ပိုမိုခက်ခဲလာကြောင်း မုံးကိုး KBC စစ်ရှောင်စခန်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ “စစ်ရှောင်တွေက ကိုယ့်ရပ်ရွာကို ပြန်လို့