ငြိမ်းချမ်းရေးဆွေးနွေးမှုသတင်း

ရှမ်းမြောက် KIA နှင့်ဖြစ်ပွားသော တိုက်ပွဲတွင် မြန်မာ စစ်သား ၆ဦးသေ၊ ၅ဦး ထိခိုက်

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA အား နယ်မြေရှင်းလင်းရေးစစ်ဆင်တိုက်ခိုက်ရာတွင် စက်တင်ဘာ (၂၈) တနင်္လာနေ့ က မြန်မာ စစ်သား အနည်းဆုံး ()ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ အနည်းဆုံး ()ဦး ရှိကြောင်း KIA ဘက်မှ ဆိုပါသည်။

တနင်္လာနေ့ နံနက်ပိုင်းမှ ညနေပိုင်း ထိ KIA တပ်မဟာ () လက်အောက် တပ်ရင်း (၃၆) နယ်မြေ ကြူကုတ် (ပန်ဆိုင်း)မြို့နယ်ခွဲ သုံးနေရာတွင် တိုက်ပွဲများဖြစ်ပွားကာ တပ်မတော်ဘက်က ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး KIA တပ်မဟာ () အရာရှိ တစ်ဦး ကချင်သတင်းဌာန KNG ကို ယခုလို ပြောပါသည်။

အနည်းဆုံး ()ဦး ()ဦးခန့် သေဆုံးနိုင်တယ်။ ဒဏ်ရာ ရတာကတော့ ()ဦးမှ ()ဦးထိ ရှိနိုင်တယ်။

KIA ဘက်မှ ထိခိုက်မှု မရှိကြောင်း သူက ဆိုပါသည်။

တပ်မ (၈၈) စစ်ကြောင်းများ မုန်းဘော် (Mungbaw) ကျေးရွာပတ်၀န်းကျင် တောင်းကုန်များရှိ KIA တပ်ရင်း (၃၆) စခန်းများကို သုံးနေရာမှနယ်မြေရှင်းလင်းရေးထိုးစစ်ဆင်တိုက်မှု ပြုလုပ်ပြီး ပြန်ဆင်းလာစဥ် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

မိုင်ဖန် (Mai Hpang) ဘက်ကနေ ဆင်းလာတဲ့ စစ်ကြောင်းဟာ နမ်တောင်း (Nam Tau) မခေါယန် (Mahkaw Yang)နားမှာ စောင့်ကြိုတိုက်ခိုက်တယ်၊ အဲဒီမှာ ထိခိုက်သေဆုံးမှု အနည်းငယ် ရှိတယ်။ မနက်ပိုင်းမှာပဲ မန်နောင်ယန် (Man Nawng Yang)မှာ နှစ်ဖက် ထိတွေ့ တိုက်ပွဲဖြစ်ပွားတယ်၊ အဲဒီမှာ တော့ အတော်လေး အထိနာလို့ ကြားရတယ်။ ညနေပိုင်းမှာတော့ မုန်ဘော် (Mungbaw)မှ ပလဲခက် (Pale Hkyet) ဘက်ဆီ တက်လာတဲ့ စစ်ကြောင်းကို ခကျန်ခရော့ (Hka Chyang Hkaraw) ဆိုတဲ့ နေရာမှာ ထပ်ပြီး မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်တော့ ထိခိုက်မှုများတယ်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ တိုက်ပွဲဖြစ်ပွားရာ နယ်မြေမှဒေသခံ တစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါသည်။

နှစ်ဖက် တိုက်ပွဲကြောင့် စစ်ဘေးရှောင် ရွာသား (၆၀)ကျော်သည် မန်နောင်ကောင် (Man Nawng Kawng) ကျေးရွာ ခရစ်ယာန်အသင်းတော် ဘုရားကျောင်း၀င်းတွင် စက်တင်ဘာ (၂၄)ကတည်း ခိုလှုံနေကြောင်း ကြားသိရသော်လည်း လက်ရှိ တိုက်ပွဲဖြစ်ပွားနေေသည့် အခြေအနေကြောင့် ပြင်ပမှ အကူအညီများ သယ်လာပေးရန် ခက်ခဲနေသည်ဟု မုန်းဘော် (Mungbaw)ကျေးရွာ လူမှုကူညီရေးအဖွဲ့ တစ်ဖွဲ့မှ သိရသည်။

ယခု COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကြိုးပမ်းနေသည့်ကာလ တပ်မတော်က စက်တင်ဘာ (၃၀)ထိ တိုက်ပွဲ ရပ်ထားကြောင်း ထုတ်ပြန်ထားသော်လည်း ရှမ်းပြည်မြောက်ပိုင်းမှာနယ်မြေရှင်းလင်းရေးထိုးစစ်ဆင်နေသောကြောင့် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု အဖွဲ့၀င် KIA ကိုးကန့် MNDAA နှင့် ရခိုင် AA တို့နှင့်တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

 

…..Zawgyi….

 

ရွမ္းေျမာက္ KIA ႏွင့္ျဖစ္ပြားေသာ တိုက္ပြဲတြင္ ျမန္မာ စစ္သား ၆ဦးေသ၊ ၅ဦး ထိခိုက္

September 28, 2020
Kachin News Group

ရွမ္းျပည္ေျမာက္ပိုင္း မူဆယ္ခ႐ိုင္အတြင္း ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA အား နယ္ေျမရွင္းလင္းေရး’ စစ္ဆင္တိုက္ခိုက္ရာတြင္ စက္တင္ဘာ (၂၈) တနလၤာေန႔ က ျမန္မာ စစ္သား အနည္းဆုံး (၆)ဦး ေသဆုံးၿပီး ဒဏ္ရာရရွိသူ အနည္းဆုံး (၅)ဦး ရွိေၾကာင္း KIA ဘက္မွ ဆိုပါသည္။

တနလၤာေန႔ နံနက္ပိုင္းမွ ညေနပိုင္း ထိ KIA တပ္မဟာ (၆) လက္ေအာက္ တပ္ရင္း (၃၆) နယ္ေျမ ၾကဴကုတ္ (ပန္ဆိုင္း)ၿမိဳ႕နယ္ခြဲ သုံးေနရာတြင္ တိုက္ပြဲမ်ားျဖစ္ပြားကာ တပ္မေတာ္ဘက္က ထိခိုက္ေသဆုံးမႈႏွင့္ပတ္သက္ၿပီး KIA တပ္မဟာ (၆) အရာရွိ တစ္ဦး ကခ်င္သတင္းဌာန KNG ကို ယခုလို ေျပာပါသည္။

“အနည္းဆုံး (၆)ဦး (၇)ဦးခန္႔ ေသဆုံးႏိုင္တယ္။ ဒဏ္ရာ ရတာကေတာ့ (၅)ဦးမွ (၇)ဦးထိ ရွိႏိုင္တယ္။”

KIA ဘက္မွ ထိခိုက္မႈ မရွိေၾကာင္း သူက ဆိုပါသည္။

တပ္မ (၈၈) စစ္ေၾကာင္းမ်ား မုန္းေဘာ္ (Mungbaw) ေက်း႐ြာပတ္၀န္းက်င္ ေတာင္းကုန္မ်ားရွိ KIA တပ္ရင္း (၃၆) စခန္းမ်ားကို သုံးေနရာမွ ‘နယ္ေျမရွင္းလင္းေရး’ ထိုးစစ္ဆင္တိုက္မႈ ျပဳလုပ္ၿပီး ျပန္ဆင္းလာစဥ္ ႏွစ္ဖက္တိုက္ပြဲျဖစ္ပြားျခင္းျဖစ္သည္။

“မိုင္ဖန္ (Mai Hpang) ဘက္ကေန ဆင္းလာတဲ့ စစ္ေၾကာင္းဟာ နမ္ေတာင္း (Nam Tau)၊ မေခါယန္ (Mahkaw Yang)နားမွာ ေစာင့္ႀကိဳတိုက္ခိုက္တယ္၊ အဲဒီမွာ ထိခိုက္ေသဆုံးမႈ အနည္းငယ္ ရွိတယ္။ မနက္ပိုင္းမွာပဲ မန္ေနာင္ယန္ (Man Nawng Yang)မွာ ႏွစ္ဖက္ ထိေတြ႕ တိုက္ပြဲျဖစ္ပြားတယ္၊ အဲဒီမွာ ေတာ့ အေတာ္ေလး အထိနာလို႔ ၾကားရတယ္။ ညေနပိုင္းမွာေတာ့ မုန္ေဘာ္ (Mungbaw)မွ ပလဲခက္ (Pale Hkyet) ဘက္ဆီ တက္လာတဲ့ စစ္ေၾကာင္းကို ခက်န္ခေရာ့ (Hka Chyang Hkaraw) ဆိုတဲ့ ေနရာမွာ ထပ္ၿပီး မိုင္းနဲ႔ ေဖာက္ခြဲတိုက္ခိုက္ေတာ့ ထိခိုက္မႈမ်ားတယ္” ဟု လုံၿခဳံေရးအရ အမည္မေဖာ္လိုသူ တိုက္ပြဲျဖစ္ပြားရာ နယ္ေျမမွေဒသခံ တစ္ဦး ကခ်င္သတင္းဌာန KNG ကို ေျပာပါသည္။

ႏွစ္ဖက္ တိုက္ပြဲေၾကာင့္ စစ္ေဘးေရွာင္ ႐ြာသား (၆၀)ေက်ာ္သည္ မန္ေနာင္ေကာင္ (Man Nawng Kawng) ေက်း႐ြာ ခရစ္ယာန္အသင္းေတာ္ ဘုရားေက်ာင္း၀င္းတြင္ စက္တင္ဘာ (၂၄)ကတည္း ခိုလႈံေနေၾကာင္း ၾကားသိရေသာ္လည္း လက္ရွိ တိုက္ပြဲျဖစ္ပြားေနေသည့္ အေျခအေနေၾကာင့္ ျပင္ပမွ အကူအညီမ်ား သယ္လာေပးရန္ ခက္ခဲေနသည္ဟု မုန္းေဘာ္ (Mungbaw)ေက်း႐ြာ လူမႈကူညီေရးအဖြဲ႕ တစ္ဖြဲ႕မွ သိရသည္။

ယခု COVID-19 ကပ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရး ႀကိဳးပမ္းေနသည့္ကာလ တပ္မေတာ္က စက္တင္ဘာ (၃၀)ထိ တိုက္ပြဲ ရပ္ထားေၾကာင္း ထုတ္ျပန္ထားေသာ္လည္း ရွမ္းျပည္ေျမာက္ပိုင္းမွာ ‘နယ္ေျမရွင္းလင္းေရး’ ထိုးစစ္ဆင္ေနေသာေၾကာင့္ ေျမာက္ပိုင္းမဟာမိတ္ တပ္ေပါင္းစု အဖြဲ႕၀င္ KIA၊ ကိုးကန္႔ MNDAA ႏွင့္ ရခိုင္ AA တို႔ႏွင့္တိုက္ပြဲမ်ား ျဖစ္ပြားေနျခင္းျဖစ္သည္။

 

Show More

Related Articles

Back to top button