စစ်ရေး

  • Apr- 2024 -
    23 April

    နဘားလမ်းဆုံမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ် အင်းတော်မြို့ထဲဆုတ်ခွာ

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နဘားလမ်းဆုံမှာတပ်ထိုင်ပြီး စစ်ဆေးရေးတင်းကြပ်နေတဲ့ စစ်ကောင်စီတပ်က အင်းတော်မြို့တွင်းဘက်ကို ပြန်ပြီးဆုတ်ခွာသွားတယ်လို့ အင်းတော်မြို့ဒေသခံတွေကနေ သိရပါတယ်။ ရွှေဘို–မြစ်ကြီးနားကားလမ်းပိုင်းမှာရှိတဲ့ နဘားလမ်းဆုံ ဒေသအခေါ်(ဂျပန်လှိုင်ဂူ)ထဲမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းနေထိုင်တဲ့ တပ်မ ၇၇ လက်အောက်ခံတပ် အင်အား ၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေဟာ ပြီးခဲ့အပတ်ကစပြီး အင်းတော်မြို့တွင်းတပ်ထဲကို ဆုတ်ခွာသွားတာဖြစ်တယ်လို့ အင်းတော်မြို့နေ အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “နဘားလမ်းဆုံအဖွဲ့ကတော့ပြန်ဆုတ်သွားပြီ…

    Read More »
  • 16 April

    မြစ်ကြီးနား-ဖားကန့်လမ်းပိုင်းစစ်ရေး အခြေအနေကြောင့်ပိတ်ထားဆဲ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား နှစ်ဖက်စစ်ရေးတင်းမာနေဆဲ ဖြစ်တာကြောင့် မြစ်ကြီးနား– ဖားကန့်ကားလမ်းပိုင်းပိတ်ထားဆဲလို့ ကာကွယ်ရေးတပ်က သိရပါတယ်။ မြစ်ကြီးနား–ဖားကန့်ကားလမ်းပိုင်းမှာရှိတဲ့ နန့်ယားစစ်ကောင်စီတပ်စခန်းကို KIA၊KPDF ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် လက်ရှိအချိန်ထိ ယင်းလမ်းပိုင်းမှာ စစ်ရေးတင်းမာမှုတွေရှိနေဆဲဖြစ်တာကြောင့် ဖားကန့်–မြစ်ကြီးနားကားလမ်းပိုင်း…

    Read More »
  • 12 April

    ဗန်းမော်မှာ မြို့စွန့်ခွာတိမ်းရှောင်သူများလာပြီး ကားခ၊လေယာဉ်ခစျေးအဆမတန်မြင့်တက်နေ

    ဗန်းမော်မြို့မှာ တိုက်ပွဲပြင်းထန်လာနိုင်တဲ့အခြေနေကြောင့် မြို့စွန့်ခွာတိမ်းရှောင်သူတွေများလာပြီး  ကားခ၊ လေယာဉ်ခ ဈေးအဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ မတ်လ ၇ ရက်နေ့ကနေစတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးဟာ တစ်ဖြည်းဖြည်းအရှိန်မြင့်တက်နေပြီး ဗန်းမော်ခရိုင်ရဲ့ မြို့နယ်တစ်ချို့ကအထိုင်တပ်စခန်းကိုသိမ်းပိုက်လာနိုင်ချိန် ဗန်းမော်မြို့ဟာ မြို့သိမ်းတိုက်ပွဲဖြစ်နိုင်ချေရှိနေတာကြောင့် မြို့ခံတစ်ချို့မြို့စွန့်ခွာထွက်ပြေးနေကြပြီဖြစ်ပါတယ်။ ခုလို…

    Read More »
  • 10 April

    ငွေကြေးတောင်းခံတဲ့ဂိတ်တွေကို ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ မိုးကောင်း PDF ပြော

    မိုးကောင်းမြို့နယ် မြို့ဝင်၊ မြို့အထွက်တွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ ဝါးတားဂိတ်လုပ်ပြီး ငွေကြေးကောက်ခံနေတဲ့ဂိတ်နေရာတွေကိုအဓိကပစ်မှတ်ထားတိုက်ခိုက်သွားမယ်လို့ ဒီကနေ့ပဲ Mogaung KPDF အဖွဲ့က KNG ကိုပြောပါတယ်။ ဒါကြောင့် ဝါးတားဂိတ်နဲ့ နီးကပ်ကြတဲ့ ပြည်သူတွေအတတ်နိုင်ဆုံး ရှောင်ပြီးနေကြဖို့ မိုးကောင်းမြို့ပြပျောက်ကြားတပ်ဖွဲ့က ပြီးခဲ့တဲ့…

    Read More »
  • 9 April

    KIA သတိပေးထားတဲ့နောက်ဆုံးရက်မတိုင်မှီ လွယ်ဂျယ်စစ်တပ်တရုတ်သို့ထွက်ပြေး

    “စစ်သားတွေကို မနေ့ကနောက်ဆုံးထွက်ဖို့ သတိပေးထားတယ်။ မထွက်ရင် ပစ်မယ်ဆိုပြီး KIA က အင်အားတွေ ထပ်တိုးထားပြီးတော့ ဝိုင်းရံထားတာဟုတ်တယ်။ သူတို့ဘက်ကလည်း ကြောက်လာလို့ထင်တယ်။ မနေ့ညက အကုန်ထွက်သွားကြပြီ”လို့ပြောပါတယ်။

    Read More »
  • 8 April

    ဝိုင်းမော်မှာ KIA နဲ့ ဝူယာန်ပြည်သူ့စစ်ကြားစစ်ရေးတင်းမာနေပြီး ၃ ရက်အတွင်း နေအိမ် ၁၄ အိမ်မီးရှို့ဖျက်ဆီးခံရ

    ဝိုင်းမော်မြို့နယ်မှာ ဝူယာန် လီဆူပြည်သူ့စစ်အဖွဲ့နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြားစစ်ရေးတင်းမာနေပြီး အပြန်လှန်နေအိမ်မီးရှို့နေတာကြောင့်  ၃ ရက်အတွင်း နေအိမ် ၁၄ အိမ်မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ၇ရက်နေ့အထိ ၃ ရက်အတွင်းမှာပဲ ဝူယန်ပြည်သူ့စစ်တပ်ချထားတဲ့ကျေးရွာအပါတစ်ဆက်တည်းရှိကြတဲ့ လမြန်၊ မုတ်ကျိတ်စတဲ့ ကျေးရွာက လူနေအိမ် ၁၄ အိမ်ထက်မနည်း မီးလောင်ပျက်စီးသွားတယ်လို့ ဝူယာန်ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။ “ဖြစ်တာက ရှေ့တစ်ရက်နေ့က စဖြစ်တာ။ ပထမဆုံးက ဝူယာန်ပြည်သူ့စစ်တာဝန်ခံရဲ့ နေအိမ်မီးလောင်သွားတယ်။ နောက်တစ်ညက ရွာမရပ်ကွက်က KIA နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ၃ အိမ်ထပ်ရှို့ခံရတယ်။ နောက်မနက်ပိုင်းက ထော့ဂေါ့ဆိုတဲ့ လီဆူရွာဘက်ကို ၁၀ လုံးလောက် ထပ်ရှို့ခံရတယ်တဲ့”လို့ပြောပါတယ်။ ဧပြီလ ၅ ရက်နေ့ ညပိုင်းမှာ ဝူယာန်ပြည်သူ့စစ်တာဝန်ခံဖြစ်တဲ့ ဦးငွါးဟူဆာရဲ့ နေအိမ်ကို KIA နဲ့ PDF အဖွဲ့ မီးရှို့ဖျက်ဆီးပေးလိုက်ပြီးနောက်ည ၆ ရက်နေ့မှာ ဝူယာန်ကျေးရွာက KIA နဲ့ ဆက်နွယ်မှုရှိတယ်ဆိုပြီး နေအိမ် ၃ လုံးကို ဝူယန်ပြည်သူ့စစ်အဖွဲ့တွေက သွားရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ဧပြီလ  ၇ နေ့ မနက်ပိုင်းမှာ ထော့ဂေါ့ဆိုတဲ့ လီဆူရွာဘက်မှာ နေအိမ် ၁၀ လုံးခန့် မီးရှို့ခံရပြီး နေ့လည်ပိုင်းမှာ လမြန်ကျေးရွာက နေအိမ်တစ်လုံး ထပ်ပြီးမီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။ ဒါကြောင့် ၃ ရက်အတွင်းမှာပဲ ဝိုင်းမော်မြို့နယ်ထဲက ဝူယာန်၊ လမြန်နဲ့ မုတ်ကျိတ် စတဲ့ ကျေးရွာတွေထဲက နေအိမ် ၁၄ လုံး ၂ ဖက်တပ်စစ်ရေးတင်းမာနေရာကနေ မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ခုလို နေအိမ်တွေ မီးရှို့ဖျက်ဆီးတာတွေ မဖြစ်ပွားသေးချိန် ဝူယာန်ကျေးရွာက ပြည်သူ့စစ်တပ်စခန်းအရင်ဦးဆုံးတိုက်ခိုက်ခံရပြီးတော့ တစ်ဆက်တည်း ပြည်သူ့စစ်တာဝန်ခံရဲ့ နေအိမ်မီးရှို့ဖျက်ဆီးခံရတာဖြစ်ပါတယ်။ ဝူယာန်ကျေးရွာက KIA နဲ့ ဆက်နွယ်ပတ်သက်မှုရှိတယ်ဆိုပြီး မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် ၃ လုံးဟာ ဝူယာန်ကျေးရွာ နယ်မြေ(၂) ရွာမရပ်ကွက်ရှိ ဦးမန်ဒေါင်ဟောင်းဒန်နေအိမ်၊ ဦးမာဟော်ဟောင်းဇေ၊ ဦးလဂန်ခေါင်ဇေ စတဲ့ နေရာအိမ်တွေဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နေအိမ် ၁၀ လုံးခန့် မီးရှို့ဖျက်ဆီးခံရတဲ့ ထော့ဂေါ့ ဆိုတဲ့ လီဆူရွာဘက်မှာလည်း နေအိမ်မီးရှို့မှုမဖြစ်ခင် မနက်ပိုင်းမှာစစ်ကောင်စီတပ်အပါ ဝူယန်ပြည်သူ့စစ်အဖွဲ့တွေနဲ့ KIA ပူးပေါင်းတပ်တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နေ့လည်ပိုင်းမှာ နေအိမ်မီးရှို့မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဧပြီလ ၇ ရက်နေ့မှာပဲ ဝါးရှောင်(Washawng Mare)ကျေးရွာအထက် ဝရှဂါးဘွမ့်(ဒေသအခေါ်) ဘက်မှာ စစ်ကောင်စီတပ်အပါ ပြည်သူ့စစ်အဖွဲ့တွေ စစ်အင်အား ၅၀ ဝန်းကျင် စစ်ရေးလှုပ်ရှားသွားလာနေတာကြောင့် နေ့လည် ၁၂ နာရီလောက်မှာ KIA တပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်နေ ဂျက်လေ ၂ စီးအပြင် Y – 12 လေယာဉ်အမျိုးအစား အဆက်မပြတ်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဝရှဂါးဘွမ့် တိုက်ပွဲဖြစ်တဲ့နေရာဘက်ကို ဝိုင်းမော် ခလရ ၅၈ တပ်ရင်းကနေ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် မုတ်ကျိတ်ကျေးရွာ ခရစ်ယာန်ဓမ္မသက္ကသိုလ် ကျောင်းဝင်းအတွင်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေလည်းရှိခဲ့ပါတယ်။ အခုလို စစ်တပ်ဘက်ကနေ လက်နက်ကြီး ပစ်ခတ်တာတွေ၊ စစ်တပ် ၂ ဖက်စလုံး နေအိမ်မီးရှို့တာတွေ အပြန်အလှန် လုပ်ဆောင်နေတာကြောင့် ဝူယာန်၊ မုတ်ကျိတ်နဲ့ လမြန် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဆက်သိရပါတယ်။ ဝိုင်းမော်ဒေသမှာ တစ်ဖန်ပြီး ၂ ဖက်စစ်တပ်က စစ်ရေးတင်းမာမှုဖြစ်နေတဲ့အခြေအနေမှာ ဝိုင်းမော်မြို့နယ်ထဲမှာ အခိုင်အမာရှိနေတဲ့ ခလရ ၅၈ တပ်ရင်း တိုက်ခိုက်ခံရမှာကို စစ်တပ်ဘက်က စိုးရိမ်နေတဲ့အပြင် KIA က တိုက်ခိုက်လာရင်ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ပိုမိုလုပ်ဆောင်ဖို့ မြင်တွေ့ရတယ်လို့ ဝိုင်းမော်ဒေသခံတစ်ယောက်က သုံးသပ်ပြောဆိုနေပါတယ်။ “အခုအခြေအနေက ဝိုင်းမော် ၅၈ တပ်ရင်းကို KIA ကတိုက်ခိုက်လာဆိုပြီး စိုးရိမ်နေတာရယ်။ ပြည်သူ့စစ်နဲ့ လော်ဝေါ်လူမျိုးတွေကြားမှာ လူမျိုးရေးပြဿနာဖြစ်အောင်ရယ်၊ ဝိုင်းမော်ဆိုတာက မပခနဲ့ အလွန်နီးကပ်လာတဲ့အခြေအနေမှာ စိုးရိမ်တာရယ်၊ ဒီထက်ပိုဆိုးလာရင် တစ်ရွာလုံးကို မီးရှို့ဖျက်ဆီးမယ်ဆိုတဲ့ သဘောနဲ့ လုပ်ဆောင်နေတယ်”လို့ပြောပါတယ်။…

    Read More »
  • 6 April

    ဝူယန်ပြည်သူ့စစ်စခန်းက ပစ်လိုက်တဲ့လက်နက်ကြီး လမြန်ရွာထဲကျရောက်ပေါက်ကွဲ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာအထိုင်ချထားတဲ့ပြည်သူ့စစ်စခန်းကနေ ပစ်လိုက်တဲ့လက်နက်ကြီး လမြန်ကျေးရွာထဲကျရောက်ပေါက်ကွဲခဲ့တဲ့တွက် နေအိမ်တစ်ချို့ထိမှန်ထားတဲ့အပြင် ဒေသခံပြည်သူတစ်ဦးရဲ့ဝက်တွေလည်းကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဧပြီလ ၅ ရက်နေ့ မနေ့ညနေ ၆ နာရီဝန်းကျင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF အဖွဲ့…

    Read More »
  • 5 April

    နန်းခွင်ဆေးရုံသစ်မှာ SNA တပ်နေရာယူတပ်စွဲထား

    မိုးကောင်းမြို့နယ် နန်းခွင်ရွာမှာရှိတဲ့ ဆေးရုံထဲမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်ဖွဲ့ တပ်စွဲနေရာယူထားပြီး ဆေးရုံရှေ့မှာ အခွန်ခကောက်ခံနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဧပြီလ ၅ ရက်နေ့ ဒီနေ့မနက် ၅ နာရီဝန်းကျင်ကစပြီး မိုးကောင်းမြို့နယ်ထဲမှာ အဓိကစစ်ရေးလှုပ်ရှားနေတဲ့ SNA တပ်တွေဟာ ဆေးရုံအဆောက်အဦးထဲ ဝင်ရောက်တပ်စွဲနေပြီး ဆေးရုံရှေ့လမ်းမမှာတော့ လမ်းသွားလမ်းလာသူပြည်သူတွေကို စစ်ဆေးပြီး အခွန်ကောက်ခံနေတယ်လို့ နန်းခွင်ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “မနက်ကနေ တပ်စွဲထားတယ် အရင်လို SNA ဝတ်စုံနဲ့မဟုတ်ဘူး အရပ်ဝတ် အပြင်ကျည်ကာလိုမျိုး အမည်းရောင် ဝတ်စုံနဲ့နေကြတယ်။ ဟုတ်တယ် ဆေးရုံအရှေ့မှာဆေးရုံက ပြည်ထောင်စု ကားလမ်းမကြီးနံဘေးမှာကားတွေကို ထွက်တားပြီး ငွေကောက်နေတာ”လို့ပြောပါတယ်။ လက်ရှိ SNA တပ်ဖွဲ့ဝင်ရောက်တပ်စွဲနေရာယူနေတဲ့ ဆေးရုံဟာ ရပ်ကွက်(၆) ရွှေနန်းမြေလမ်းမထိပ်မှာရှိပြီး အသစ်ဆောက်လုပ်ထားတဲ့ဆေးရုံဖြစ်ပြီး ဖွင့်ပွဲမကျင်းပရသေးဘူးလို့လည်း ဒေသခံတွေကပြောပါတယ်။ SNA တပ်ဖွဲ့ဆေးရုံမှာတပ်စွဲနေရာယူလိုက်တဲ့နောက် မနက်ပိုင်း ၇ ခွဲဝန်းကျင်မှာ နန်းခွင်ခန်းမဆောင်အနီး လက်နက်ကြီး နှစ်လုံးကျပေါက်ကွဲခဲ့တယ်လို့ သိရပြီး ထိခိုက်တာတွေတော့မရှိဘူးလို့ ဒေသခံတစ်ဦးက ခုလိုဆကပြောပါတယ်။ “ဆေးရုံနဲ့ ကျေးရွာခန်းမကြီးနဲ့က မဝေးဘူး လမ်းတစ်လမ်းကျော်ပဲ မနက်ဘယ်အဖွဲ့ပစ်တာလဲတော့ မသိဘူး လက်နက်ကြီး ၂ လုံးကျပေါက်ကွဲတာလည်းရှိတယ် လူအထိအခိုက်တော့ မရှိဘူး”လို့ ပြောပါတယ်။ ဒေသခံတွေရဲ့ပြောပြချက်အရ နန်းခွင်ဆေးရုံသစ်မှာ ဝင်ရောက်တပ်စွဲနေတဲ့ SNA တပ်ဖွဲ့ ဟာ စုစုပေါင်း အင်အား ၂၀ ဝန်းကျင်ရှိနိုင်တယ်လို့  ခန့်မှန်းပြောဆိုနေကြပါတယ်။ ဖေဖေါ်ဝါရီ ၂၁ ရက်နေ့ မနက် ၇ နာရီဝန်းကျင် နန်းခွင်တံတားအဆင်းမှာ စစ်ကောင်စီနဲ့ ပင်းဘောပြည်သူ့စစ်တွေ ပူးပေါင်းပြီး လမ်းပေါ်ဖြတ်သန်းသွားလာနေတဲ့ အရပ်သားတွေကိုဖမ်းဆီးတာတွေပြုလုပ်ခဲ့တဲ့ဖြစ်စဉ်တွေရှိလည်းရှိခဲ့ပါတယ်။ အဲဒီနောက် SAN တပ်တွေဟာ နန်းခွင်ရွာကနေ ထွက်ခွာသွားကြပေမယ့် မတ်လ လဆန်းပိုင်းကနေစပြီး ပြန်ဝင်ရောက်လာတာဖြစ်တယ်လို့လည်း သိရပါတယ်။ နန်းခွင်ရွာဟာ မိုးကောင်းမြို့နယ်နဲ့မြို့နယ်မြို့နယ်ကြားမှာရှိပြီး အိမ်ခြေ ၇၀၀ ဝန်းကျင်ရှိတဲ့ရွာလေးဖြစ်ပါတယ်။ By – Zami

    Read More »
  • 5 April

    ကျောက်စခန်းရွာမှာ ပိတ်မိနေတဲ့ ပြည်သူများလွတ်မြောက်လာ

    ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် ကျောက်စခန်းရွာနီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်နဲ့စစ်တပ်တို့အကြားတိုက်ပွဲမှာ ပိတ်မိနေတဲ့ပြည်သူတွေ ဒီနေ့မနက်မှာလွတ်မြောက်လာပြီဖြစ်တယ်လို့ လွတ်မြောက်လာတဲ့ ဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။ ဧပြီလ ၄ ရက်နေ့ မနေ့ကစပြီး ကျောက်စခန်းရွာနားမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က မိုးမောက်ဘက်ကနေလက်နက်ကြီးပစ်ကူနေတဲ့အပြင် လေကြောင်းနဲ့ပါပစ်ခတ်ခဲ့အတွက် သက်ကြီးရွယ်အိုနဲ့ကလေးသူငယ်များ ဒေသခံပြည်သူတွေဟာ တစ်ရက်လုံးရွာထဲမှာပိတ်မိနေခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဧပြီလ ၅ ရက်နေ့ ဒီမနက်မှာတော့ မိုးလင်းတာနဲ့တစ်ပြိုင်နက် ကျောက်စခန်းရွာ( ခဝမ်ဘန်)မှာ ရှိတဲ့ပြည်သူတွေအားလုံး မိုးမောက်၊ နီးစပ်ရာဘုန်းကြီးကျောင်းနဲ့ ဆွေမျိုးတွေအိမ်ကိုတိမ်းရှောင်နိုင်ခဲ့ကြတယ်လို့ ကျောက်စခန်းရွာကဒေသခံ အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။ “အခုလိုဖြစ်ရပ်မျိုးတစ်ခေါက်မှမကြံဖူးဘူး ဒီမနက်ထွက်လို့ရတဲ့ အချိန်တစ်ခါတည်းထွက်လာခဲ့တော့ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ဘဲ မှတ်ပုံတင်တောင်မယူနိုင်ခဲ့ဘူး ခုတော့ ဆွေမျိုးအိမ်မှာသူတို့ကျွေးတာစားပြီးနေနေတာပေါ့”လို့ပြောပါတယ်။ ရွာသားတွေထွက်ခွာသွားပြီးနောက် ဒီမနက် ၉ ခွဲဝန်းကျင်လောက်မှာတော့ စစ်ကောင်စီဘက်ကလေယာဉ်နဲ့ ပြန်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထွက်ပြေးတိမ်းရှောင်ဖို့ပြင်ဆင်နေတဲ့ ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဒေသခံတစ်ဦးကခုလိုပြောပြပါတယ်။ “သုံးယောက်တော့ ထိတယ် မှိုင်းထိလား သေနတ်ထိလားတော့မသိဘူး ကလေးတစ်ယောက်က လက်မှာ မှိုင်းစထိတယ် နောက်နှစ်ယောက်ကတော့‌ ခြေထောက်မှာထိတယ်”လို့ဆိုပါတယ်။ ကျောက်စခန်းရွာမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲတာအပြင် လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် ရွာထဲကနေအိမ်တော်တော်များများလည်း ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မိုးမောက်မြို့နဲ့ ၅ မိုင်လောက်အကွာမှာရှိတဲ့ ကျောက်စခန်းရွာဆုတောင်းကုန်းပေါ်မှာတပ်ချထားတဲ့ တပ်စခန်းကို KIA တပ်တွေက မတ်လ ၂ ရက်နေ့ ၆ နာရီလောက်မှာ ထိုးစစ်ဆင်ပြီးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့် ရွာနီးမှာတော့တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ကျောက်စခန်းရွာဟာ အိမ်ခြေ ၁၆၀ရှိတဲ့ ရွာလေးတစ်ရွာဖြစ်ပြီး လူဦးရေအားဖြင့် ၇၀၀ ဝန်းကျင်ရှိတာဖြစ်တယ်လို့ ကျောက်စခန်းရွာ ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။ By – Hope

    Read More »
  • 5 April

    ကျွန်းကုန်းရွာမှာပိတ်မိနေတဲ့ SNA နဲ့စစ်သားတွေကို ကယ်ထုတ်ဖို့ စစ်တပ်ဘက်က ၅ ရက်တွင်း လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်ရှိ

    စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ကျွန်းကုန်းကျေးရွာထဲမှာပိတ်မိနေတဲ့ SNA စစ်သားတွေနဲ့ စစ်ကောင်စီစစ်သားတွေကို ကယ်ထုတ်ဖို့အတွက် စစ်တပ်ဘက်က ကျွန်းကုန်းအနီးဝန်းကျင်တွေကို ၅ ရက်ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေတာကြောင့်  အရပ်သားထိခိုက်သေဆုံးတာတွေရှိနေတယ်လို့ သိရပါတယ်။ ဧပြီလ ၁ ရက်နေ့ ဟုမ္မလင်း PDF မဟာမိတ်ပူးပေါင်းတွေပိတ်စို့တိုက်ခိုက်မှုကြောင့် လက်ရှိကျွန်းကုန်းကျေးရွာထဲမှာရှမ်းနီအမျိုးသားများတပ်မတော် (SNA) ၇၅၃ တပ်နဲ့ တောင်တွတ်ဘက်ကဆင်းလာတဲ့စစ်ကောင်စီစစ်သားတွေနဲ့  ပျူစောထီးတွေစုစုပေါင်း အင်အား ၂၀၀ ကျော်ပိတ်မိနေတာဖြစ်ပြီး ဒီအဖွဲ့တွေကိုကယ်ထုတ်ဖို့ စစ်တပ်က ကျွန်းကုန်းနဲ့ မနောသာကျေးရွာတွေကို ၅ ရက်ဆက်တိုက်ဗုံးကျဲတိုက်ခိုက်နေတယ်လို့ ဟုမ္မလင်းPDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။ “ဟုမ္မလင်း ဖောင်းပြင်နယ်စပ်က ဟုမ္မလင်းထဲက ကျွန်းကုန်းကို ၃၀ ရက်နေ့ကစတိုက်ခဲ့တာ အခုဆိုရင် ၇ရက်ရှိနေပြီ အဲ့ထဲမှာရဲဘော် ၅ ယောက်ထိပြီး တစ်ယောက်ကျတယ်။ ပြည်သူခြောက်ယောက်ထိတာတစ်ယောက်သေတယ်ဗျ ဟုမ္မလင်းကတက်တဲ့ MI 2 နဲ့ပစ်တဲ့ဟာက ရဲဘော်လေးယောက်ထိတာ တစ်ယောက်ကျတယ် တံတားဦးကတက်လာတဲ့ဂျက်ဖိုက်တာနဲ့က ပြည်သူခြောက်ယောက်ထိပြီးတစ်ယောက်သေတာ”လို့သူကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ကျွန်းကုန်းထဲပိတ်မိနေတဲ့အဖွဲ့တွေကိုကယ်ထုတ်ဖို့ ဧပြီ ၁ ရက်နေ့က ဂျက်ဖိုက်တာတစ်စီးနဲ့ တစ်ရက်တည်း ၃ ကြိမ်၊ ဧပြီ ၂ ရက်နေ့က ဟုမ္မလင်း လေတပ်က MI 2 နဲ့ ၃ ကြိမ်၊ ဧပြီ ၃ ရက်နေ့ကလည်း တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာ ၂ စီးနဲ့ ၃ ကြိမ်၊ မနေ့က MI 2 နဲ့ ၄ ကြိမ်နှင့် ဒီကနေ့ ၁၂ နာရီ အချိန် မွာ MI 2 နဲ့နှစ်ကြိမ် ဂျက်ဖိုက်တာနဲ့တစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး စုစုပေါင်း ၅ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်အထိပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ဟုမ္မလင်းPDF ထဲက ရဲဘော်တစ်ဦးနှင့်  ကျွန်းကုန်းကျေးရွာထဲ အသက် ၁၈ နှစ်အရွယ်ကောင်လေးတစ်ယောက်လည်းသေဆုံးခဲ့တဲ့ အပြင်နေအိမ်တွေလည်းထိခိုက်ပျက်စီးတာတွေရှိသွားတယ်လို့ အထက်မှာဖော်ပြခဲ့တဲ့ တာဝန်ရှိသူ ကဆက်ပြောပါတယ်။ “အဓိကတိုက်ခိုက်တာတော့မနောသာနဲ့ကျွန်းကုန်းများတယ်ဗျ ရွာချင်းဆက်ထားတာဆိုတော့ သူတို့အများဆုံးပစ်တာကရွာထဲတွေပဲဗျနေအိမ်တွေဘာတွေထိခိုက်ပျက်စီးမှုကတော့ ကျွန်တော်တို့စာရင်းအတိအကျမရသေးဘူးဗျ ခြေမှုန်းရေးဝင်နေတုန်းဆိုတော့ မြေပြင်သတင်းယူလို့မရသေးဘူးဗျ အိမ်တွေပျက်စီးမှုကတော့ရှိတယ်ဗျ မနည်းဘူး မီးလောင်တာမျိုးတော့မရှိသေးဘူး”လို့သူကဆက်ပြောပါတယ်။ ကျွန်းကုန်းကျေးရွာကိုပိတ်စို့တိုက်ခိုက်နေတဲ့ အဖွဲ့တွေဟာ ခန္တီးခရိုင် တပ်ရင်း ၁၊တပ်ရင်း ၂၊ တပ်ရင်း ၃၊ ဖောင်းပြင်ခရိုင်တပ်ရင်း ၁ အပြင်အခြား ဟုမ္မလင်း အခြားPDF တွေလည်းပါဝင်ပြီး ဧပြီ ၁ရက်နေ့ကလည်းSNAနဲ့ စစ်ကောင်စီစစ်သားတွေတပ်ထိုင်ထားတဲ့ မနောသာကျေးရွာနဲ့ အင်ကြင်းမော်ရွာတို့ကို သိမ်းပိုက်ထိန်းချုပ်လိုက်နိုင်တယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်က ကျွန်းကုန်းလက်မလွတ်ရေး လေကြောင်းနဲ့တိုက်ခိုက်နေတဲ့အပြင် ကုန်းကြောင်းနေကလည်း ဟုမ္မလင်း၊ ကသာ စတဲ့မြို့နယ်တွေဘက်ကနေစစ်သားအင်အား အများအပြားနဲ့စစ်ကူတွေပို့နေတယ်လို့သိပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲမှာ PDF မဟာမိတ်ပူးပေါင်းတပ်တွေက မြို့သိမ်းတိုက်ပွဲနှင့်စခန်းသိမ်းတိုက်ပဲတွေကို ၂၀၂၃ ခုနှစ် ကတည်းက ဆင်နွဲခဲ့တာဖြစ်ပြီး လက်ရှိ ရွှေပြည်အေးမြို့၊လွှစင်ကုန်းရွာတွေကိုထိန်းချုပ်ထားတဲ့အပြင် စစ်ကောင်စီတပ်နဲ့ SNA တပ်စခန်းအများအပြားကိုလည်းသိမ်းပိုက်ရရှိထားပြီလို့သိရပါတယ်။ By – Zaw Zaw

    Read More »
Back to top button