,
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အစပ်တွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးကာ ကျေးရွာ မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် ဒေသခံတစ်သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး ဆေးဝါးနှင့် စားနပ်ရိက္ခာများ အရေးပေါ် အကူညီလိုအပ်နေကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။ ဇန်နဝါရီလ ၃၀ ရက်နေ့ စစ်အင်အား ၁၂၀ကျော်ရှိသည့် စစ်ကောင်စီတပ် ခမရ-၃၆၈ တပ်ဖွဲ့နှင့် ပျူစောထီးပူးပေါင်းတပ်တို့သည် ကျွန်းလှနယ်စတင်ကာ ကန့်ဘလူမြို့နယ်အစပ်ထိ ရွာပေါင်း ၁၂ ရွာကို မီးရှို့နေကြောင်း သိရသည်။ “ဒီစစ်ကြောင်းက ရွာတွေကို မီးလိုက်ရှို့နေတာ ၂ ရက်ရှိပြီ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ အင်းမကျေးရွာနှင့် ဂုံညင်းသျှို ကျေးရွာ ၂ ခု မီးရှို့ဖျက်ဆီးခံရသဖြင့် နေအိမ် ၂၉ လုံးနှင့် စပါးတင်း ၄၀၀ ခန့် မီးလောင်ဆုံးရှုံးသွားခဲ့ရသည်ဟု ဒေသခံများထံမှသိရသည်။ ကန့်ဘလူ ကိုးတောင်ဘို့တွင် အခြေစိုက်ထားသော ခမရ ၃၆၃ တပ်ရင်းမှ စစ်အင်အား ၅၀ ခန့် ပါရှိိိိိသည့် စစ်ကြောင်းသည် ဇန်နဝါရီလ ၂၂ ရက်နေ့မှစတင်ကာ ဂုံညင်းသျှိုကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ပြီး ဇန်နဝါရီလ ၂၄ နေ့
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် အောက်တဲကျေးရွာတွင် နှမ်းအငှားရိတ်နေသော ပြည်သူ ၅ ဦးကို စစ်ကောင်စီက ယနေ့ နံနက်ပိုင်း ၉ နာရီဝန်းကျင်တွင် ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ အဆိုပါ စစ်ကြောင်းသည် ကိုးတောင်ဘို့ အထိုင် ခမရ-၃၆၃ စစ်ကြောင်းဖြစ်ပြီး ပြီးခဲ့သည့် ရက်ပိုင်းက ကောလင်းမြို့နယ်ရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းကာမီးရှို့ပြီး ကန့်ဘလူမြို့နယ်သို့ ပြန်လည်ဝင်ရောက်လာရာမှ ယခုလို ပြည်သူ ၅ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ "သူတို့က ကောလင်းမြို့နယ်ကနေ ကန့်ဘလူကိုပြန်လာတဲ့
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ခင်ဦးအစပ်လမ်းတစ်နေရာတွင် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ၁၂ ဘီးကားတစ်စီးနှင့် ၆ ဘီးကားတစ်စီး ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်မှ ၁၅ ဦးထက်မနည်း သေဆုံးမှုရှိခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှသိရသည်။ ဒီဇင်ဘာလ ၁၆ ရက် ယမန်နေ့ ၈ နာရီဝန်းကျင် ကန့်ဘလူခရိုင်ဘက်ကနေ ထွက်ခွာလာသည့် ကား ၂ စီးပေါ်တွင် စစ်ကောင်စီစစ်သားများ လိုက်ပါစီးနင်းလားသည့်အတွက် ကန့်ဘလူကာကွယ်ရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့သည်ဟု Dynamite Emperror
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်မြောက်ဘက်ခြမ်း ဆားတောင်ပြင်ဒေသတွင် စစ်ဘေးရှောင်နေသော အမျိုးသား ၁၄ ဦး ကို စစ်ကောင်စီက ဖမ်းဆီး သတ်ဖြတ်လိုက်သည်ဟု ဒေသခံများထံမှ သိရသည်။ (more…)
စစ်ကိုင်းတိုင်းဒေသရှိ ကောလင်း၊ ကန့်ဘလူနှင့် ကျွန်းလှ စသော မြို့နယ် ၃ခု၏ စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ အဝတ်အထည် ၊ မိုးကာ နှင့် ဆေးဝါးများအရေး ပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီပေးနေသူများထံမှသိရသည်။ ပြီးခဲ့သော ဩဂုတ်လ ၂၃ရက်နေ့မှစပြီး အဆိုပါ မြို့နယ်များတွင် စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အပြင် ကျေးရွာတစ်ချို့ဝင်ရောက်စီးနင်းကာ လူနေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသောကြောင့် ဒေသခံ ၃သောင်းဝန်းကျင် စစ်ဘေးဒဏ်ကြုံတွေ့နေရသည်ဟု စစ်ရှောင်ကူညီပေးနေသည့် တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။ “အခုက