သတင်း

ကန့်ဘလူမှာ တစ်လအတွင်း စစ်ဘေးရှောင် ၁၁ ယောက်မြွေကိုက်ခံရပြီး ၂ ယောက်သေဆုံး

စစ်ကိုင်းတိုင်း ကန့်ဘလူမှာ ပြီးခဲ့တဲ့ ဩဂုတ်လတစ်လအတွင်း မြွေပွေးကိုက်ခံရသူ ၁၁ ယောက်အထိရှိခဲ့ပြီး အဲ့ဒီထဲမှာ ၁၄နှစ်အရွယ် ကလေးငယ်တစ်ယောက် အပါအဝင်  ယောက်သေဆုံးခဲ့တယ်လို့ ကျွန်းလှမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ဆီက သိရပါတယ်။

သေဆုံးခဲ့ရတဲ့သူတွေဟာ ပုဏ္ဏားကြီးရွာက အသက် ၁၄ နှစ်အရွယ် မောင်ပိုင်ဘုန်းခန့်ဆိုသူနဲ့ ပင့်သာကြီးရွာက အသက် ၂၆ နှစ်အရွယ် ကိုရန်လှိုင်ဝင်းဆိုသူတို့ဖြစ်တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူ တစ်ယောက်ကပြောပါတယ်။

ဒီအသက်မပြည့်တဲ့ကလေးကတော့ နွားကျောင်းရင်းနဲ့ကိုက်ခံရတာ အဲ့တာတောထဲမှာ ပဲသေဆုံးသွားပြီးတော့ အလောင်းကိုတွေ့မှပဲ မြွေကိုက်ခံရတာကိုသိရတာ နောက်တစ်ယောက်ကတော့ စစ်ရှောင်ရင်း လယ်ထဲဆင်းတဲ့ အချိန်မှာ ကိုက်ခံခဲ့ရတာပါ ကျနော်တို့အရပ်ဒေသခံအခေါ်တော့မြွေပွေးကိုက်ခံရတာလို့ပြောပါတယ်။

မြွေပွေးကိုက်ခံခဲ့ရသူ ၁၁ ဦးထဲမှာ ကလေးငယ်  ယောက်ပါဝင်တဲ့ထဲက ၁ ယောက်သေဆုံးခဲ့ရတာဖြစ်ပြီးတော့ ချပ်သင်းတိုက်နယ်က ၄ယောက်၊ ကိုးတောင်ဘို့တိုက်နယ်က  ယောက်နဲ့ ကျွန်းလှမြို့နယ်ထဲက ၃ယောက် ဖြစ်တယ်လို့သိရပါတယ်။

ကန့်ဘလူဒေသမှာ အာဏာမသိမ်းခင်ကလည်း မြွေကိုက်ခံရတာတွေရှိခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း မြွေကိုက်ခံရတဲ့နှုန်းတွေ ပိုမိုမြှင့်တက်လာသလို အသက်သေဆုံးတဲ့အထိဖြစ်လာတာလို့ ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ယောက်က အခုလို ဆက်ပြောပါတယ်။

အာဏာမသိမ်းခင်ကာလက ကန့်ဘလူခရိုင်မှာမြွေကိုက်ခံရမှုကများပါတယ် ဒါပေမဲ့ အာဏာမသိမ်းခင် ဆိုတော့ ဆေးတွေဘာတွေလည်း အလွယ်တကူဝယ်လို့ရတော့ ဆေးရုံဆေးခန်းတွေနဲ့လည်းနီးတော့ ကိုက်ခံရတယ် ဆေးရုံတင်တယ် ပြန်ကောင်းလာတာပေါ့အာဏာသိမ်းပြီးနောက်တော့ ဆေးရုံဆေးခန်းတွေ လည်းမရှိတော့ဘူး ဝေးလည်းဝေးသွားတယ် ဒါတွေကြောင့်မို့ ဒီလိုတွေဖြစ်လာတာလို့ ယူဆရတာပေါ့လို့ပြောပါတယ်။

စစ်ဘေးရှောင်ဒေသခံတွေအတွက် မြွေဆိပ်ဖြေဆေးတွေကို အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ ကျန်းမာရေး ဝန်ကြီးဌာနကလှူဒါန်းပေးတာနဲ့ တစ်ခြားပြည်တွင်းပြည်ပ အလှူရှင်တွေရဲ့လှူဒါန်းမှုတွေရှိပါတယ်။

မြွေကိုက်ခံရတဲ့လူနာတစ်ယောက်ကို မြွေဆိပ် ဖြေဆေး ၄ လုံးကနေ ၁၆ လုံးအထိ အသုံးပြုရသလို မြွေကိုက်ခံရတဲ့ လူနာဆက်တိုက်မြှင့်တက်လာနေတဲ့အတွက် မြေပြင်မှာ ဆေးဝါးလိုအပ်ချက်ကရှိနေဆဲဖြစ်တယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေက ပြောပါတယ်။

ဒါ့ကြောင့် ကန့်ဘလူမြို့နယ်မှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကနေ ပြီးခဲ့တဲ့ ဩဂုတ်လအထိ စစ်ဘေး ရှောင်ရင်း မြွေကိုက်ခံရသူ ၁၀၂ ဦးအထိရှိခဲ့ပြီးတော့ ကလေးငယ် ၃ ဦး အပါအဝင် သေဆုံးသူ ၉ ဦးအထိ ရှိလာပြီဖြစ်တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ မြွေကိုက်ခံရမှု စာရင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဒါ့အပြင်စစ်ကောင်စီတပ်တွေဟာ ဒီလ စက်တင်ဘာလအစကတည်းကနေ ဒီနေ့အထိကို ကန့်ဘလူဒေသကို စစ်ကြောင်းတွေ ဆက်တိုက်ဝင်ရောက်နေပြီးတော့ ဒေသခံတွေရဲ့ နေအိမ်မီးရှို့ဖျက်ဆီးတာတွေလည်း ရှိနေတဲ့အတွက် ဒေသခံ တွေသောင်းနဲ့ချီဘေးလွှတ်ရာကိုထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတဝှမ်း နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့အရပ်သား ၂ သန်းနီးပါး ရှိလာနေပြီး အဲ့ဒီထဲမှာ ၇၇၈,၉၀၀ဟာ စစ်ကိုင်းတိုင်းက စစ်ဘေးရှောင်တွေဖြစ်တယ်လို့ ကုလသမဂ္ဂ လူသား ချင်းစာနာမှုဆိုင်ရာပေါင်းစပ် ညှိနှိုင်းရေးမှူးရုံး UNOCHA က ဩဂုတ်လအစောပိုင်းက ထုတ်ပြန်ထားပါတယ်။

Show More

Related Articles

Back to top button