ကသာမြို့
-
Mar- 2026 -25 Marchသတင်း
ကသာမြို့မှာတိုက်ပွဲပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေဆက်ရှိနေ
ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က ကသာမြို့လယ်ခေါင်မှာရှိတဲ့ မဟာလေးထပ်ကျောင်းတိုက်လို့အမည်ရှိတဲ့ ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး အမျိုးသမီး၊ ကလေးငယ်နဲ့ သံဃာတော်တွေအပါအဝင် အရပ်သားအစုလိုက်အပြုံလိုက်သေဆုံး မှုတွေဖြစ်ပွားခဲ့ပါတယ်။
Read More » -
Feb- 2026 -20 Februaryသတင်း
ကသာ-ထီးချိုင့်အစပ် PDF ဂိတ်တိုက်ခိုက်ခံရ
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်ထဲက ကျောက်ပုံကျေးရွာ PDF ဂိတ် စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့နီးစပ်တဲ့ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်လောက်မှာ ဗုံးသီး ၂ လုံးဖြင့် ဂိတ်နေရာအတိအကျကိုကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသူတစ်စုံတစ်ရာမရှိခဲ့ပေမဲ့လည်း ထိခိုက်ဒဏ်ရာရရှိတာ အဆောက်အဦးတချို့ပျက်ဆီးတာတွေတော့ရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။…
Read More » -
Jan- 2026 -13 Januaryသတင်း
ကသာတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ၃၀၉ တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တစ်ချို့မီးလောင်နေ
စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့သိမ်းတိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ရဲ့ ခမရ ၃၀၉ တပ်ကနေ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြို့စွန်ရပ်ကွက်၊ကျေးရွာတစ်ချို့မှာ နေအိမ်မီးလောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ကနေ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်နှင့် မဟာမိတ်တပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကသာမြို့သိမ်းတိုက်ပွဲဟာ ဒီနေ့ဆို ရက်ပေါင်း ၁၉ ရက်ကြာမြင့်လာပြီဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၃ ရက်နေ့ ဒီမနက်ပိုင်းမှာတော့ ခမရ ၃၀၉ တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ကသာမြို့ရဲ့မြောက်ဖက်ရှိ စေတီကုန်းရွာ၊ ပိန္နဲကုန်းရွာရှိနေအိမ်တစ်ချို့ မီးလောင်နေတယ်လို့ ဒေသခံအမျိုးသားတစ်ဦး KNG ကိုခုလိုပြောပါတယ်။ “ဒီမနက် ၁၁ နာရီလောက်ကနေ ပစ်နေတာ ခုကသာမြို့ မြောက်ဖက် မိုးတားလေးရွာဘက်သွားတဲ့လမ်းမှာရှိတဲ့ စေတီကုန်းရွာ၊ ပိန္နဲကုန်းရွာဘက် အိမ်တွေမီးလောင်နေတယ် မီးခိုးတွေလည်း အလိပ်လိုက်ကိုမြင်နေရတယ်။ ဘယ်လောက်ထိလောင်သွားပြီလဲဆိုတာတော့ မသိရသေးဘူး”လို့ ပြောပါတယ်။ စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်မီးလောင်နေတဲ့ စေတီကုန်းရွာ၊ ပိန္နဲကုန်းရွာတွေဟာ မြို့နဲ့တစ်ဆက်တည်းရှိပြီး ရပ်ကွက်အနေနဲ့ဆို ရပ်ကွက် (၈) ဧရိယာမှာရှိကာ ကသာမြို့တွင်းကနေ ဆိုင်ကယ်နဲ့ ၁၀ မိနစ် ခန့်သွားရတဲ့နေရာမှာရှိတဲ့ ရပ်ကွက်၊ကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။ လက်နက်ကြီးကြောင့် နေအိမ်မီးလောင်ဆုံးရှုံးမှုအခြေနေကိုတော့ အသေးစိတ်မသိရသေးသလို ထိခိုက်ဒဏ်ရာရသူရှိ မရှိကိုလည်း မသိရသေးဘူးလို့ ဒေသခံတွေပြောပါတယ်။ ဒါ့အပြင် ဒီမနက်လက်နက်ကြီးပစ်ခတ်နေတဲ့အချိန်အတွင်းမှာပဲ စစ်တပ်ဘက်က Y8 လေယာဉ်နဲ့ ခမရ ၃၀၉ တပ်ထဲကို ရိက္ခာ၊လက်နက်ခဲယမ်းတွေလည်း ၂ ကြိမ်လာပို့သွားတယ်လို့ သိရပါတယ်။ “ဒီမနက် ခမရ ၃၀၉ ထဲကိုလည်း ရိက္ခာတွေလာချသွားတယ် သူတို့က လေကြောင်းအသုံးပြုပြီး ရိက္ခာ၊လက်နက်ခဲယမ်းတွေသယ်နေတာ။ တိုက်ပွဲက ပစ်လိုက်၊နားလိုက်ပဲ နားတယ်ဆိုတာ ဟိုလိုကြီးနားသွားတာမဟုတ်ဘူး နေ့တိုင်းလိုလိုဖြစ်နေတာ မနေ့ကဆိုတစ်နေ့လုံးပစ်ကြတာဟုတ်တယ်”လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ခုလိုပြောပါတယ်။ နှစ်ဖက်တိုက်ပွဲအတွင်း စစ်တပ်ဘက်က အသေခံဒရုန်းအသုံးပြုမှု အလွန်အကျွံသုံးနေပြီး ကသာမြို့အနီးကျေးရွာတွေဘက်ကို လေကြောင်းနဲ့ပစ်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တွေလည်းပုံမှန်ရှိနေတဲ့အတွက် ပြည်သူတွေသတိထားနေကြဖို့ကိုလည်း တော်လှန်ရေးတပ်တွေဆိုပါတယ်။ KNG ရဲ့နောက်ဆုံးရရှိထားတဲ့အခြေနေအရ ကသာမြို့နယ်ရဲ့နောက်ဘက် ကြံတော၊ပြည်သာယာရပ်ကွက်ရှိ ကသာမြို့စောင့်တပ် ခမရ ၃၀၉ တပ်က ခံစစ်ဌာနချုပ်အဖြစ်ခုခံနေသလို ရဲစခန်း၊ထွေအုပ်ရုံးနဲ့ မြို့ပေါ်ရပ်ကွက် တစ်ချို့ကိုသာ စစ်တပ်ဘက်က ထိန်းချုပ်ထားနိုင်ပြီး မြို့အစွန်ရပ်ကွက်နဲ့ ကျေးရွာတွေဘက်ကိုတော့ တော်လှန်ရေးအင်အားစုတွေက စိုးမိုးထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။ ကသာမြို့မှာ ရပ်ကွက် ၁၁ ခု၊ ကျေးရွာ ၂၀၀ နီးပါးခန့်ရှိပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၆၀,၀၀၀ ကျော်နေထိုင်တဲ့မြို့ဖြစ်ပြီး ခရိုင်ရုံးစိုက်ရာမြို့လည်းဖြစ်သလို ကုန်းကြောင်း၊ရေကြောင်းအချက်ချာကျတဲ့မြို့ဖြစ်ပါတယ်။ ကသာမြို့ ဒေသခံတွေကတော့ ဒီဇင်ဘာလဆန်းပိုင်းမှာ ကသာမြို့သိမ်းတိုက်ပွဲစတင်လာတော့မယ့်အကြောင်း သတင်းတွေထွက်ပေါ်လာချိန်နဲ့ မြို့သိမ်းတိုက်ပွဲစတင်လာချိန်ကစပြီး အများပိုင်းနေရပ်စွန့်ခွာသွားသူတွေရှိသလို မြို့တွင်းရပ်ကွက်တစ်ချို့မှာ ကျန်ရှိသေးတဲ့ပြည်သူတွေလည်းရှိနေတယ်လို့ သိရပါတယ်။ NUG အစိုးရ လက်အောက်ခံတပ်များနှင့် ပူးပေါင်းတပ်များက မကြာခဏဆိုသလို အာဏာသိမ်းစစ်တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေရာ စစ်ကိုင်း– ကချင် အစပ်မှာ တဆက်တည်းရှိနေတဲ့ မော်လူး၊ အင်းတော်၊ ဗန်းမောက်မြို့တွေကိုထိန်းချုပ်ထားပြီး ကသာမြို့ကိုပါ သိမ်းယူဖို့ ဆက်ပြီးထိုးစစ်ဆင် တိုက်ခိုက်နေကြတာလည်းဖြစ်ပါတယ်။ စစ်ကိုင်း– ကချင်အစပ်ရှိ ကသာမြို့ဟာ ဒုတိယကမ္ဘာစစ်၊ ကိုလိုနီခေတ်က အင်္ဂလိပ်အရေးပိုင်မင်းတွေ ခရိုင်ရုံးစိုက်ခဲ့တဲ့ ခရိုင်မြို့ကြီးဖြစ်ခဲ့သလို ဒီနေ့ထိ နှစ်ရာကျော်ရှိကိုလိုနီအိမ်ကြီးတွေလည်း အများအပြားရှိနေတဲ့အပြင် သမိုင်းဝင်စေတီပုထိုးအဆောက်အဦးတွေများစွာရှိနေတဲ့မြို့လည်းဖြစ်ပါတယ်။ By – Zami
Read More » -
5 Januaryသတင်း
နေအိမ်မှာကျန်ခဲ့တဲ့ ပစ္စည်းများပြန်ယူတဲ့ ကသာစစ်ဘေးရှောင် တချို့ သေဆုံး
ကသာမြို့လုံးကျွတ် နီးပါး ဘေးလွှတ်ရာကို စစ်ဘေးတိမ်းရှောင်နေကြရချိန် ဒေသခံတချို့ဟာ နေအိမ်မှာကျန်ခဲ့တဲ့ ပစ္စည်းတွေပြန်ယူရင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့တယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။ မဘိမ်းမြို့နယ်အတွင်း စစ်ဘေးရှောင်နေတဲ့ ကသာမြို့ခံအမျိုးသမီးတစ်ဦးက “မြို့ပြင်ထွက်ပြီးသားလူတွေက ပစ္စည်းသွားယူတဲ့ သူတွေ ဘာတွေက ဗုံးမှန်လို့သေတာနဲ့ဘာနဲ့ဆိုတော့ ကျမတို့လည်း ကြောက် ကြတယ်။ မြို့ပေါ်ကျန်နေတဲ့သူတချို့ကတော့ ဘာမှမဖြစ်ဘူး…
Read More » -
2 Januaryသတင်း
ကသာမြို့တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှုတွေရှိ
စစ်ကိုင်း–ကချင်အစပ် ကသာမြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ပတ္တမြားရပ်ကွက်က ဈေးနဲ့ အထက ၂ ကျောင်းက အဆောက်အဦးတချို့ မီးလောင်ပျက်ဆီးမှုတွေရှိနေတယ်လို့ ကသာမြို့ခံတွေကပြောပါတယ်။ ဒီကနေ့ ဇန်နဝါရီလ ၂ ရက်နေ့မှာတော့ ကသာမြို့နဲ့ ၁၅ မိုင်အကွာ မိုးတာလေးတိုက်နယ်ထဲကကျေးရွာတစ်ရွာလေကြောင်း တိုက်ခိုက်ခံခဲ့ရပြီး အရပ်သား…
Read More » -
Dec- 2025 -28 Decemberသတင်း
ရွေးကောက်ပွဲလုပ်နေတဲ့ ကသာမြို့မှာ ပစ်ခတ်မှုတွေဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းကင်းထောက်မှုတွေလုပ်
စစ်ကိုင်း နဲ့ ကချင်အစပ် ကသာမြို့ပေါ်မှာ ဒီကနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲကျင်းပနေချိန်မှာပဲ လက်နက်ကြီးနဲ့ လက်နက်ငယ်ပစ်ခတ်သံတွေ ထွက်ပေါ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကိုင်းတိုင်းထဲမှာ ရွေကောက်ပွဲ အပိုင်း ၁ အနေနဲ့ အစောဆုံးကျင်းပနေတဲ့မြို့နယ်တွေထဲ ကသာမြို့လည်းပါဝင်ပြီး…
Read More » -
Jun- 2024 -3 Juneသတင်း
ကသာမှာထိတွေ့မှုဖြစ်
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေအကြား ဒီကနေ့ မနက်ပိုင်း ၈ နာရီလောက်မှာထိတွေ့မှုဖြစ်ခဲ့တယ်လို့ ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဆီကသိရ ပါတယ်။ ကသာမြို့နယ်ရဲ့ ၃ မိုင်ပတ်ဝန်းကျင်မှာရှိတဲ့ရွာတွေကို စစ်ကြောင်းပတ်ထိုးနေတဲ့ အင်အား ၇၀ ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ထိတွေ့မှုဖြစ်ခဲ့တာဖြစ်တယ်လို့ ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ယောက် ကပြောပါတယ်။…
Read More » -
May- 2024 -1 Mayသတင်း
ကသာမြို့နယ် ပြည်သူ့ဆေးရုံမီးလောင်
စစ်ကိုင်း နဲ့ ကချင်အစပ် ကသာမြို့နယ်က ပြည်သူ့ဆေးရုံ မနေ့ ညနေပိုင်း ၅ နာရီဝန်းကျင်လောက်မှာ မီးလောင်ခဲ့ပြီး ပြင်ပလူနာဌာနအဆောင်တစ်ခုလုံးမီးလောင်ပျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါ တယ်။ ကသာမြို့နယ် ရပ်ကွက် ၄ မှာရှိတဲ့ ပြည်သူ့ဆေးရုံကြီးမီးလောင်ခဲ့တာဖြစ်ပြီး ကလေးမီးဖွားစာရင်းတွေနဲ့ ကလေးတွေအတွက်…
Read More » -
Apr- 2024 -29 Aprilသတင်း
ကသာမြို့နယ်က ရွာတစ်ရွာကို စစ်စီတပ်လေကြောင်းတိုက်ခိုက် စာသင်ကျောင်းနဲ့နေအိမ်တစ်ချို့ ထိမှန်ပျက်ဆီး
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်က မြိုင်သာယာဆိုတဲ့ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဂျက်ဖိုက်တာအသုံးပြုပြီးဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စာသင်ကျောင်းဆောင်တချို့ပျက်ဆီးခဲ့ရသလို နေအိမ် ၁ လုံး မီးလောင်ပျက်ဆီးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဖြစ်စဥ်က ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်ကဖြစ်ခဲ့တာဖြစ်ပြီး…
Read More » -
Dec- 2023 -28 Decemberသတင်း
ကသာမြို့နယ် ကျောက်ထုံးကြီးရွာကို စစ်တပ်ဗုံးကျဲတိုက်ခိုက်
စစ်ကိုင်း – ကချင်အစပ်မှာရှိတဲ့ ကသာမြို့နယ်ကို စစ်ကောင်စီတပ်က ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ လေကြောင်းကနေ ဂျက်ဖိုက်တာရော၊ Mi 35 အပါအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ ဆီကသိရပါတယ်။ ဒီကနေ့ မွန်းလွှဲပိုင်း…
Read More »









