စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် NUG မှ လျှို့ဝှက် ကမ်းလှမ်း ဟူသော သတင်းအမှား
,
စစ်ကိုင်းတိုင်းဒေသ မင်းကင်းမြို့နယ် တောင်ယာတောကျေးရွာရှိ စစ်ကောင်စီတပ်၏ ရေယာဉ်စစ်ဆေးရေးဂိတ်စခန်းကို ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F) သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက် ၅ ဦးထက်မနည်းသေဆုံး လက်နက်ခဲယမ်းတစ်ချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။ စက်တင်ဘာလ ၂၁ရက်နေ့ မွန်းလွှဲ ၃နာရီဝန်းကျင်တွင် ပြည်သူများအပေါ်မတရား ရိုက်နက် စစ်ဆေးမှုများပြုလုပ်ကာ ငွေကြေးကောက်ခံနေသည့် ရေယာဉ်ဂိတ်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(S.R.F) မှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။ “စခန်းက ကမ်းနားမှာတည်ထားတာ ပျူစောထီးတွေလည်းပါတယ်။ သူတို့ရဲ့နယ်မြေဖြစ်တော့ အေးဆေးနေကြတယ်။ ပုံမှန်ဆို
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့မရဲစခန်းနှင့် အင်းတော် အ.ထ.က ကျောင်းတွင် ယမန်နေ့ည ၉နာရီဝန်းကျင်တွင် မိုင်းပေါက်ကွဲခဲ့သည်ဟု သိရသည်။ အင်းတော် အ.ထ.က ကျောင်းဝန်းအတွင်းတွင် တစ်လုံး၊ အင်းတော်မြို့မ ရဲစခန်းနောက်ဖေးတွင် နှစ်လုံးဆင့်တချိန်တည်း ပေါက်ကွဲခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ကပြောသည်။ "မနေ့ည ၉နာရီကျော်ကျော်လောက်မှာ ကျောင်းမှာအရင်ပေါက်ကွဲသံကြားပြီး ၁၀ မိနစ်လောက်ကြာတော့ ရဲစခန်းမှာ နှစ်လုံးထပ်ကွဲတယ်" လို့ ဒေသသတင်းရင်းမြစ်ကပြောသည်။ ပေါက်ကွဲချိန်တွင် လူထိခိုက်မှုမရှိသော်လည်း စစ်ကောင်စီတပ်များသည် ယနေ့နံနက်ပိုင်းမှစကာ အင်းတော်မြို့တွင်း ပြည်သူများ၏ နေအိမ်များအား တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံစစ်ဆေးနေကြောင်း ၎င်းက ဆက်ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ် ဇီးပင်လယ်ကျေးရွာကို စစ်ကြောင်းထိုးရန် ဝင်ရောက်လာသည့် စစ်ကောင်စီ ကားနှစ်စီးကို ယမန်နေ့မနက်၅နာရီဝန်းကျင်တွင် ဒေသကာကွယ်ရေးတပ်များက စလစ်မိုင်း၅လုံး တူမီးရှေ့ထွက်မိုင်း၂လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးနှင့်ဒဏ်ရာရရှိသူများရှိနိုင်သည်ဟု Ayadaw Bone Naing PDF မှသိရသည်။ စစ်ကောင်စီ စီးနင်းလာသော ကား ၂စီး မိုင်းဆွဲတိုက်ခိုက်ခံရမှုတွင် ဒုတိယမြောက်ကား ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး စစ်ကောင်စီဘက်မှ ၅ဦးသေဆုံးပြီး ၈ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရှိနိုင်ကြောင်း အဆိုပါ စစ်ဆင်ရေးတွင် ပါဝင်ခဲ့သော အရာတော်
စစ်ကိုင်းတိုင်းဒေသကြီး ပင်လယ်ဘူးမြို့နယ် မြောက်ဘက်ခြမ်းတွင် စစ်ကြောင်းထိုးဝင်ရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့သည် ပစ်ခတ်ဖမ်းဆီးမှုများ ရှိနေသဖြင့် ဒေသခံပြည်သူ ၇၀၀ ကျော်ခန့် ထွက်ပြေးတိန်းရှောင်နေရကြောင်း ဒေသခံများထံမှသိရသည်။ စစ်အင်အား ၁၂၀ ခန့်သည် ဇူလိုင် ၁၇ ရက်နေ့ ပင်လယ်ဘူး မြောက်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာကာ ကျေးရွာတစ်လျှောက်တွင်ရှိသော အရပ်သားပြည်သူများကို သေနတ်ပစ်ခတ် ဖမ်းဆီးမှုများရှိခဲ့သောကြောင့် ပြည်သူ ၁၁ ဦး ဖမ်းဆီခံခဲ့ရသည်ဟု ပင်လယ်ဘူးမြို့နယ် PDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။
ဖားကန့်မြို့နယ် ဆယ်ဇင်းဘက်သို့ စစ်ကူတက်လာသော စစ်ကောင်စီအဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ယနေ့ည ၂နာရီခွဲဝန်းကျင်တွင် ဟုမ္မလင်းနှင့် ဖားကန့် မြို့နယ် ၂ခုစပ်ကြားတွင် တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံသတင်းအရင်းအမြစ်မှ သိရသည်။ KIA တပ်မဟာ ၉ တပ်ရင်း ၂၆ နယ်မြေ တိုက်ပွဲဖြစ်ပွားနေသော ဆယ်ဇင်းကျေးရွာအနီး အေးချမ်းသာရွာဘက်သို့ တိုက်ခိုက်ရန် စစ်ကိုင်းဘက်မှ ရှမ်းနီ SNA တပ်သားများအပါ စစ်ကောင်စီတပ် ၂၀၀ ဝန်းကျင်ခန့် တက်လာသော
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးတိုက်ဖွဲ့များကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်နေကြောင်း သိရသည်။ ကိုးတောင်ဘို့ ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကန့်ဘလူမြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ Local PDFများ၊ ကန့်ဘလူခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ ဇွန်လ ၂ရက်နေ့မှစ၍ သွားရောက်တိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က သေဆုံးမှု များပြားပြီး အထိနာခဲ့သောကြောင့် ဇွန်လ ၃ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ကာ လေကြောင်းသုံး တိုက်ခိုက်နေကြောင်း ဒေသခံတစ်ဦးက
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် နတ်ချောင်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များကြား သုံးရက်ကြားတိုက်ပွဲ ပြင်းထန်နေကြောင်းသိရပြီး နတ်ချောင်းကျေးရွာကိုလည်း စစ်ကောင်စီတပ်က ငါးကြိမ်မြောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။ ကလေးမြို့မှ အင်အား ၂၀၀ ကျော်ပါဝင်သည့် စစ်ကောင်စီတပ်သည် မေလ ၃၁ရက်နေ့မှ စတင်ကာ နတ်ချောင်းကျေးရွာတွင်းသို့ တပ်စွဲနေထိုင်လျက်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သွားရောက် တိုက်ခိုက်ခဲ့သောကြောင့် သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပြီး နတ်ချောင်းရွာကိုလည်းစစ် ကောင်စီတပ်က ၅ကြိမ်တိုင်မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ “နတ်ချောင်းဘက်မှာတော့ စစ်ကြောင်းတွေထိုးပြီးတော့ ထိတွေ့မှုတွေဖြစ်နေတယ်အခုလည်း
စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင် ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့မှ ဒီနေ့ မေလ ၃၀ ရက် ၅ရက်အတွင်းမှာ အိမ်ခြေတစ်ရာကျော် မီးရှို့ဖျက်စီးခံခဲ့ရသည်ဟု ဒေသခံတစ်ဦးထံ မှ သိရသည်။ "မေလ ၂၀ ရက်နေ့မှာ ထန်းတောကုန်းမှာ တိုက်ပွဲဖြစ်တယ်။ စပြီးစစ်ကြောင်းထိုးတာက ၂၅ရက်နေ့ကစဝင်တယ်။ ၂၆ မှာ ရွှေတွင်းကုန်းကို မီးဝင်ရှို့တယ် အရှို့ခံရတဲ့အိမ်ခြေက တစ်ရာကျော်လောက်ရှိပြီ တစ်ချို့ရွာတွေကို ၆အိမ်၇အိမ်ပဲရှို့တာ တော်လှန်ရေးလုပ်တဲ့အိမ်တွေပေါ့ ဆိုကြပါစို့ ပြည်သူတွေကမပြေးနိုင် အဲ့ပြည်သူတွေကို