သတင်း

ကန့်ဘလူတိုက်ပွဲတွင် အထိနာသော စစ်ကောင်စီတပ် လေ‌ကြောင်းသုံး တိုက်ခိုက်

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးတိုက်ဖွဲ့များကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်နေကြောင်း သိရသည်။

ကိုးတောင်ဘို့ ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကန့်ဘလူမြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ Local PDFများ၊ ကန့်ဘလူခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ ဇွန်လ ၂ရက်နေ့မှစ၍ သွားရောက်တိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က သေဆုံးမှု များပြားပြီး အထိနာခဲ့သောကြောင့် ဇွန်လ ၃ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ကာ လေကြောင်းသုံး တိုက်ခိုက်နေကြောင်း ဒေသခံတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

“မနေ့က နေ့လည် ၂နာရီလောက်ကနေ mi 35တစ်ဦး၊ Mi 17 ၂စီးနဲ့စတင်တိုက်ခိုက်ခဲ့တယ်ဗျ။ လေကြောင်းနဲ့စစ်ကူလည်း ထပ်ပို့တယ်။ ကာကွယ်ရေးတပ်တွေဘက်က လက်နက်ကြီးတွေနဲ့ပစ်တော့ အသေအဆုံးများခဲ့တယ်။ အခုကလေ ကြောင်းသုံးကြီးထိုးစစ်ဆင်နေတော့ကာကွယ်ရေးတပ်ဖွဲ့တွေ အကြီးအကျယ် ခုခံနေရတယ်ဗျ”ဟု ကန့်ဘလူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ကန့်ဘလူ မြောက်ခြမ်းတွင် ဇွန်လ ၂ ရက်နေ့ကတည်းက စစ်ကောင်စီတပ်စစ်ရေး ပိုမိုလှုပ်ရှားလာသောကြောင့် လမ်းပိုင်းအချို့ကိုလည်း ယာယီပ်ိတ်ထားလိုက်ကြောင်း သိရသည်။

ကန့်ဘလူ-ကျွန်းလှ-ကောလင်းလမ်းပိုင်းကိုပိတ်ထားပါတယ်။ မြေပြင်ကာကွယ်ရေးအဖွဲ့တွေက ပြန်ဖွင့်ကြောင်း ထုတ်ပြန်မှ သိရမှာပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။

လတ်တလောတွင် နှစ်ဘက် တိုက်ပွဲပြင်းထန် နေသောကြောင့်ကန့်ဘလူ၊ ကျွန်းလှ၊ ပင်းသာ၊ချပ်ကြီး၊ ချပ်သင်း၊ ကိုးတောင်ဘို့၊ ကောလင်းစသည့်ဒေသများမှ ဒေသခံထောင်ချီစစ်ဘေးရှောင်နေရကြောင်းသိရသည်။

Show More

Related Articles

Back to top button