စစ်ကိုင်း
-
May- 2024 -8 Mayသတင်း
ဆင်ဘိုသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီ ကသာမှာအင်အားအလုံးအရင်းနဲ့ စစ်ရေးလှုပ်ရှားနေ
စစ်ကိုင်း နဲ့ ကချင်အစပ် ကသာမြို့နယ်မှာ စစ်ကောင်စီတပ်က ဒီရက်ပိုင်းအတွင်း အင်အားအလုံးအရင်းသုံးပြီး စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားတာတွေလုပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်အင်အား ၂၀၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းက ကသာမြို့ပြင်ကရွာတွေနဲ့ မြို့အစွန်ရပ်ကွက်တွေကို စစ်ကြောင်းထိုးနေတာလို့ ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “သူတို့က မြို့ပတ်ဝန်းကျင်ကိုလှုပ်ရှားနေတာ ဒါ့ကြောင့်ဒီစစ်ကြောင်းတွေကိုပဲ ကျနော်တို့ကအာရုံစိုက်နေ တာ ဒီရက်ပိုင်းကို မြို့ပတ်ဝန်းကျင်မှာ အင်အားတော်တော်များတယ်ထွက်လာတာ မျက်မြင်တွေပြောတာက တော့ အင်အား ၂၀၀ ကျော်ရှိတယ်တဲ့ “လို့ပြောပါတယ်။ စစ်ကောင်စီတပ်က ပုံမှန်ဆိုရင် ကသာမြို့ပြင်တစ်လျှောက်စစ်ရေးလှုပ်ရှားတဲ့အခါ အင်အား ၈၀ ဝန်းကျင် လောက်နဲ့သာ စစ်ကြောင်းသွားလာနေပေမယ့် ဆင်ဘိုမြို့ကိုသိမ်းလိုက်တဲ့နောက်မှာတော့ သိသိသာသာအင်အားဖြည့်ပြီး စစ်ရေးလှုပ်ရှားလာနေတာဖြစ်တယ်လို့ ဆိုပါတယ်။ လတ်တလော စစ်ကောင်စီတပ်က ကသာမြို့နဲ့ ၃မိုင်ပတ်ဝန်းကျင်က နတ်ရေတွင်း၊ လမ်းခွ၊ ပင်းမလွှတ်၊ ဆင်အင်း၊ သုံးပုံး စတဲ့ ကျေးရွာတွေတစ်ဝှိုက်ကို စစ်ကြောင်းတွေထိုးနေတာလို့ကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။ “ဆင်ဘိုတို့ဘာတို့ကျပြီးတာလဲပါမယ် ဒီရက်ပိုင်းက ဗန်းမော်တစ်ဝှိုက်ကလည်း စခန်းသိမ်းပွဲတွေ ရှိတယ် လေ ဒီလိုနယ်မြေအနေအထားကြောင့်လို့ပဲယူဆပါတယ် မြို့ရဲ့ခပ်လှမ်းလှမ်းကနေ ကာဖို့လုပ်တာလားပေါ့ သူတို့က ကုန်းကျတဲ့နေရာတွေကိုများတပ်စွဲမလားပေါ့ ကျနော်တို့ကလည်း သတိထားရတာပေါ့”လို့ပြောပါတယ်။ အဲ့ဒီစစ်ကြောင်းဟာ ကသာမြို့ပြင်က ကျေးရွာတွေနဲ့ မြို့အစွန်က ရွာတွေကို စစ်ကြောင်းပတ်ထိုးနေပြီး ကာကွယ်ရေးတပ်ဘက်က လည်း ဒရုန်းနဲ့တိုက်ခိုက်မှုတွေရှိတယ်လို့ဆိုပါတယ်။ ဒါ့အပြင် တစ်ဖက်မှာ စစ်ကောင်စီတပ်ဟာ ကသာမြို့တွင်းနေထိုင်တဲ့ စစ်မှုထမ်းဟောင်းတွေကို အတင်းအဓမ္မခေါ်ယူပြီးတော့ စစ်မှုပြန်ထမ်း ခိုင်းတာမျိုးတွေလည်းရှိနေတယ်လို့ သိရပါတယ်။ မနေ့က မေလ ၆ ရက်နေ့ညပိုင်းမှာ ကသာမြို့ပေါ် အမှတ် ၁ ရဲစခန်းရှေ့မှာ ဆိုင်ကယ်နဲ့ဖြတ်သွားတဲ့သူကို သေနတ်နဲ့လိုက်လံပစ်ခတ်ခဲ့ပြီး ထိခိုက်မှုရှိမရှိကိုတော့ KNG က အတည်မပြုနိုင်သေးပါဘူး။ ကသာမြို့နယ်ဟာ မြို့နယ်ရုံးတွေအခြေစိုက်ရာ မြို့ဖြစ်သလို ဧရာဝတီမြစ်ကမ်းနံဘေးမှာရှိတဲ့မြို့နယ်ဖြစ်ပြီး ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းတွေအရ လူဦးရေ ၁သိန်း၆သောင်းကျော်ရှိတဲ့မြို့ကြီးဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
6 Mayသတင်း
ကသာမှာ မိုးကြိုးပစ်လို့ အမျိုးသားတစ်ဦးသေဆုံး
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ မေလ ၅ ရက်နေ့ ညပိုင်း ၇ နာရီဝန်းကျင် မိုးကြိုးပစ်လို့ အမျိုးသားတစ်ဦးသေဆုံးသွားတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ ဖြစ်စဥ်ကတော့ ကသာမြို့နယ် မိုးတားလေးကျေးရွာ တစ်ဖက်ကမ်းမှာရှိတဲ့ မြေနုကျွန်းရွာမှာ ဖြစ်ပွား ခဲ့တာဖြစ်ပြီး အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးသေဆုံးတဲ့အပြင် နွား ၄…
Read More » -
1 Mayသတင်း
ကသာမြို့နယ် ပြည်သူ့ဆေးရုံမီးလောင်
စစ်ကိုင်း နဲ့ ကချင်အစပ် ကသာမြို့နယ်က ပြည်သူ့ဆေးရုံ မနေ့ ညနေပိုင်း ၅ နာရီဝန်းကျင်လောက်မှာ မီးလောင်ခဲ့ပြီး ပြင်ပလူနာဌာနအဆောင်တစ်ခုလုံးမီးလောင်ပျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါ တယ်။ ကသာမြို့နယ် ရပ်ကွက် ၄ မှာရှိတဲ့ ပြည်သူ့ဆေးရုံကြီးမီးလောင်ခဲ့တာဖြစ်ပြီး ကလေးမီးဖွားစာရင်းတွေနဲ့ ကလေးတွေအတွက်…
Read More » -
Apr- 2024 -22 Aprilသတင်း
ကောလင်းမှာတိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ကျဆုံးမှုရှိ
စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်မှာ မနေ့က ဧပြီလ ၂၁ ရက်နေ့က စစ်ကောင်စီတပ်နဲ့ကာကွယ်ရေး တပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်တပ်တွေအကြားထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ကောလင်း ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ တိုက်ပွဲကတော့ ကောလင်းမြို့နယ် အရှေ့ခြမ်း တဇူးရွာတစ်ဝှိုက်ကို စစ်ကောင်စီဘက်ကစစ်ကြောင်းထိုးလာ ရာကနေ နှစ်ဖက်ထိတွေ့မှုတွေဖြစ်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း…
Read More » -
18 Aprilသတင်း
ကချင်၊ စစ်ကိုင်း နဲ့ ရှမ်းပြည်နယ်အစပ်မှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုဆက်တိုက်လုပ်နေ
ကချင်၊စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်အစပ်မှာရှိတဲ့ ရွာတွေကိုစစ်တပ်က ဒီရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုဆက်တိုက်လုပ်နေတာကြောင့် အရပ်သား ၆ ယောက်သေဆုံးပြီး နေအိမ်နဲ့အဆောက်အဦးတွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေး တပ်ဖွဲ့တွေဆီကသိရပါတယ်။ ကချင်နဲ့စစ်ကိုင်းအစပ်က ထီးချိုင့်မြို့နယ် တောမရွာကို ဧပြီလ ၁၅ ရက်နေ့မှာတစ်ကြိမ်၊ ဧပြီလ ၁၆ ရက်နေ့ တစ်ကြိမ် ၂ ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Tigyaing Revolution က သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ကသာမြို့နယ်ထဲကညောင်ပင်ဝင်းရွာကို ဧပြီလ ၁၇ ရက်နေ့ တစ်ရက်တည်းမှာပဲ ၂ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကသာဒေသခံတစ်ယောက်ကအခုလိုပြောပါတယ်။…
Read More » -
11 Aprilသတင်း
ကျွန်းကုန်းရွာဘက် ထိုးစစ်ဆင်လာတဲ့စစ်ကြောင်း PDF ကြားဖြတ်တိုက်ခိုက်
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ကျွန်းကုန်းကျေးရွာဘက်ကို ထိုးစစ်ဆင်လာတဲ့စစ်ကြောင်းကို ဟုမ္မလင်း PDF ပူးပေါင်းတပ်ကြားဖြတ်တိုက်ခိုက်လိုက်တာကြောင့် အထိနာပြီးပြန်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။ အဲဒီစစ်ကြောင်းဟာ ဟုမ္မလင်းPDF မဟာမိတ်ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ကျွန်းကုန်းကျေးရွာကို ပြန်သိမ်းယူချင်တာကြောင့် ဧပြီလ ၁၀ ရက်နေ့ မနက် ၆ နာရီဝန်းကျင် ဖောင်းပြင်ကနေကျွန်းကုန်းဘက်ကိုတက်လာချိန် မန်မော်ကျေးရွာအဝင် လမ်းခုလတ်မှာ ကာကွယ်ရေးတပ်ဘက်ကစောင့်ကြိုတိုက်ခိုက်လိုက်တာဖြစ်တယ်လို့ ဟုမ္မလင်း PDF တာဝန်ရှိသူတစ်ဦးကKNG ကိုပြောပါတယ်။ “စစ်ကြောင်းကဖောင်ပြင်ကနေတက်လာတာ ညကတောထဲမှာညအိပ်တယ်မနက်အစောကြီး ကျွန်းကုန်းဘက်ကိုလာတဲ့အချိန် ဖောင်းပြင်နဲ့ကျွန်းကုန်းကြားထဲက မန်မော်ကျေးရွာအရောက်မှာ ဒီဘက်ကနေကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ သူတို့အထိနာတော့ ပြန်ဆုတ်သွားတယ် တချို့လည်းဒဏ်ရာကြီးကြီးမားမားရတဲ့စစ်သားတွေကိုဖောင်းပြင်ထိပို့လးတယ်ကြားတယ် တိုက်ပွဲ ကမနက် ၆နာရီကနေ မနက်၁၀ နာရီထိကြာတယ်”လို့အထက်ပါတာဝန်ရှိသူကပြောပါတယ်။ စစ်အင်အား ၁၀၀ ကျော်ရှိ စစ်ကြောင်းက ကျွန်းကုန်းကိုပြန်တိုက်ယူဖို့တက်လာတာဖြစ်ပြီး မန်မော်ကျေးရွာနီး ဟုမ္မလင်း PDFမဟာမိတ်ပူးပေါင်းတပ်တွေနဲ့ဒေသကာကွယ်ရေးအဖွဲ့တွေခြုံခိုက်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ၄ နာရီကျော်ကြာမြင့်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်ထိခိုက်သေဆုံးအထိနာသူတွေများကာ ဆယ်ချောင်းကျေးရွာထဲကိုတပ်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။ “သူတို့(စစ်ကောင်စီတပ်) အလောင်းတစ်လောင်းက ကျန်ခဲ့တယ်မကောက်သွားဘူး ဒဏ်ရာကတော့ ၁၀ ယောက်ကျော်ရသွားတယ် အထိနာတာများတော့ ဆယ်ချောင်းရွာထဲကိုပြန်ဆုတ်သွားတယ်အဲ့မှာ SNA စခန်းရှိတယ်လေးလောလောဆယ်အဲ့မှာတပ်စွဲနေတယ်”လို့ အထက်မှာဖော်ပြခဲ့တဲ့ ဟုမ္မလင်း PDF တာဝန်ရှိသူ တစ်ဦးကပြောပါတယ် ။ ဒါ့အပြင် တိုက်ပွဲမှာ အရပ်သား ၃ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်းထိခိုက်သေဆုံးသူတွေရှိတယ်လို့ သိရပါတယ်။ ကြားဖြတ်တိုက်ခံရတဲ့ စစ်တပ်ရဲ့စစ်ကြောင်းက လက်ရှိကျွန်းကုန်းကျေးရွာနဲ့ ၄ မိုင်ကျော်ဝေးတဲ့ ဆယ်ချောင်းကျေးရွာမှာတပ်စွဲနေတာဖြစ်ပြီး ဒဏ်ရာရစစ်သားတွေကိုဆေးကုသမှုပေးနေတယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်၊ SNA နဲ့ ပျူစောထီးတွေက စုစုပေါင်း အင်အား ၂၀၀ ကျော်ရှိနေတဲ့ ကျွန်းကုန်းကျေးရွာစစ်ကောင်စီတပ်စခန်းကုန်းကို ဟုမ္မလင်း PDF မဟာမိတ်ပူးပေါင်းတွေက မတ်လ ၃၀ ရက်နေ့ကစပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဧပြီ ၈ ရက်နေ့မှာသိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်ရှိ ကျွန်းကုန်းကိုပြန်ရဖို့စစ်ကောင်စီကြိုးပမ်းနေတာဖြစ်ပါတယ်။ လက်ရှိဟုမ္မလင်းမြို့နယ်နဲ့ဖောင်းပြင်နယ်ကြားထဲက စစ်ကောင်စီတပ်နဲ့SNA ပူးပေါင်းတပ်ထိုင်တဲ့စခန်းတွေကို ဟုမ္မလင်း PDF ပူးပေါင်းတပ်တွေမတ်လ ၃၀ ရက်နေ့ကနေစပြီးတိုက်ခိုက်ခဲ့ရာလက်ရှိ ကျွန်းကုန်းစခန်း၊ မနောသာစခန်း၊ အင်ကြင်းမော်စခန်းနဲ့ မန်မော်ကျေးရွာစခန်းတွေကိုသိမ်းပိုက်ထားပြီဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
6 Aprilသတင်း
ကသာမှာ အမျိုးသမီးတစ်ယောက်အပါအဝင် အရပ်သား ၃ ယောက်ထပ်ဖမ်းခံရ
စစ်ကိုင်း နဲ့ ကချင်အစပ် ကသာမြို့ ရပ်ကွက် ၂ မှာ ဒီကနေ့ ဧပြီလ ၅ ရက်နေ့ မနက်ပိုင်း ၆ နာရီလောက်က စစ်ကောင်စီတပ်က အမျိုးသမီးတစ်ယောက်အပါအဝင်အရပ်သား ၃ ယောက်ကိုဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ကသာမြို့နယ်…
Read More » -
3 Aprilသတင်း
ကသာမှာ အမျိုးသားတစ်ဦးဖမ်းဆီးခံရ
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့ မတ်လ ၃ ရက်နေ့ မနက်ပိုင်း ၁၁နာရီဝန်းကျင်မှာအမျိုးသားတစ်ဦး စစ်ကောင်စီရဲ့ဖမ်းဆီးတာခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ကသာမြို့ပေါ် ဇေယျာချောင် ရပ်ကွက်( ၅) မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တစ်ခုမှာထိုင်နေတဲ့အချိန် စစ်ကောင်စီဘက်ကဝင်ရောက်စီးနင်းပြီး ဖမ်းဆီးသွားခဲ့တာလို့ ဒေသခံတစ်ဦးကပြောပါတယ်။ “မနေ့ကပေါ့ ရဲဘော်တော့မဟုတ်ဘူး…
Read More » -
Mar- 2024 -22 Marchသတင်း
ကသာမှာ တိုက်ပွဲဖြစ်တာမရှိပဲ လေကြောင်းတိုက်ခိုက်ခံရ
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်က ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က မနေ့က ညနေပိုင်း ၅ နာရီလောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကသာမြို့နယ်ထဲက ဟဲနားဆိုတဲ့ရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်တာတစ်စုံတစ်ရာမရှိပဲ ဂျက်ဖိုက်တာအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ယောက်က KNG…
Read More » -
11 Marchသတင်း
ကသာနဲ့မဘိမ်းကြားက ခလရ ၁၂၁ တပ်ကို KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်
စစ်ကိုင်း– ကချင် နဲ့ ရှမ်းမြောက်အစပ် ကသာမြို့နယ်နဲ့မဘိမ်းမြို့ကြားက ငအိုးရွာမှာရှိတဲ့ စစ်ကောင်စီ တပ် ခလရ–၁၂၁ ကို ဒီကနေ့မနက်ပိုင်း ၂ နာရီဝန်းကျင်လောက်ကစပြီးတော့ KIA နဲ့ပူးပေါင်းတပ်ဖွဲ့ တွေက အလှစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါ တယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ PDF ၊ ကျောင်းသားတပ်မတော် ABSDF အပါအဝင် ရခိုင့်တပ်တော် AA တို့ကပါ ဒီတိုက်ခိုက်မှုမှာ ပါဝင်တိုက်ခိုက်နေကြတယ်လို့ ကသာမြို့မတိုက်နယ် ပကဖ တာဝန်ခံဆီကသိရပါတယ်။ “ဒီမနက်တိုက်တာဗျ အလှစ်အငိုက်ဝင်ဆော်လိုက်တာဗျ အခြေနေကတော့ကောင်းပါတယ် သူတို့ ဘက်က ကျဆုံးမှုတော့ရှိနိုင်တယ် တချို့ခဲယမ်းတွေလည်းရရှိတာရှိပါတယ်။ စခန်းသိမ်းတာမျိုး တော့မဟုတ်ဘူး အချိန်အခါကြည့်ပြီးဝင်ဆော်လိုက်တာ အခုတော့ နောက်ပြန်ဆုတ်ထားပါတယ်” လို့ ကသာမြို့မတိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံကပြောပါတယ်။ စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်ကတော့ ဒီကနေ့ မနက်ပိုင်း၈နာရီနဲ့ ၁၁နာရီဝန်းကျင်လောက်မှာ လေကြောင်းကနေ ကင်းထောက် လေယာဥ်နဲ့ပတ်ဝဲပြီးစောင့်ကြည့်တာမျိုးတွေလုပ်နေတယ်လို့သူက ဆက်ပြော ပါတယ်။ အဲ့ဒီ ခလရ ၁၂၁ တပ်စခန်းဟာ ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ် ငအိုးရွာအနီး ကသာနယ် ရွှေလီတံတားအစပ်မှာတည်ရှိတာဖြစ်ပြီး အင်အား၂၀၀ ကျော်နဲ့တပ်စွဲထားတာလို့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကပြောပါတယ်။ လက်ရှိ တိုက်ပွဲဟာခေတ္တငြိမ်နေပြီး အဲ့ဒီတပ်စခန်းအနီးတစ်ဝှိုက်က ဒေသခံတွေကတော့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။ “မနက် ၂ နာရီလောက်တိုက်ပွဲဖြစ်တာဆိုတော့ မိုးလည်းမလင်းသေးတဲ့အခါကျတော့ ပြည်သူတွေ ကတော့ ရုန်းရင်းဆန်ခတ်ဖြစ်သွားကြတာပေါ့ ကသာဘက်ကရောကြိုရှောင်နေကြတယ် “လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲ တပ်မ ၇၇ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေက စစ်သားတွေ နဲ့ မြို့လှ၊ ကသာ၊ ရှမ်းမြောက်ဘက်တွေမှာ စစ်ရေးလှုပ်ရှားတဲ့တပ်ရင်းတွေ စုပေါင်းပြီး အထိုင်ချထား ကြတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဒီတပ်စခန်းဟာ ဗန်းမော်–မန္တလေး လမ်းမကြီးပေါ်မှာတည်ရှိပြီး ငအိုးရွာနဲ့ မိုင်တစ်ဝက် လောက်အကွာမှာရှိတဲ့ တပ်စခန်းကြီးတစ်ခုဖြစ်တယ်လို့သိရပါတယ်။ လက်ရှိ KIA နဲ့မဟာမိတ်ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်နေတဲ့ ခလရ–၁၂၁ တပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကသာ၊မြို့လှ အပါအဝင် ရှမ်းပြည်မြောက်ပိုင်းက ဒေသတချို့ကို စစ်ကြောင်းတွေပတ်ထိုးလေ့ရှိပြီး တော်လှန်ရေးအင်အားစုတွေနဲ့မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ ရှိပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဟာ မတ်လ ၇ ရက်နေ့က စပြီးတော့ မြစ်ကြီးနား–ဗန်းမော်လမ်းပိုင်းက စစ်ကောင်စီရဲ့တပ်စခန်းတွေကို ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေပြီး ဗျူဟာကျတဲ့တောင်ကုန်းတွေနဲ့တပ်စခန်းကြီးတွေကို သိမ်းပိုက်ထား ပြီဖြစ်ပါတယ်။ By – အမိုး
Read More »









