သတင်း

စစ်ကိုင်းတိုင်းဘက်ကဝင်လာတဲ့ ကျွန်းသစ်ကား အစီးရေ ၁၀၀၀ နီးပါးစင်းခမ်းတံတားမှာပိတ်မိနေ

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ထဲက စင်းခမ်းတံတားမှာ စစ်ကိုင်းတိုင်းဘက်ကဝင်လာတဲ့ ကျွန်းသစ်ကားအစီးရေ ၁၀၀၀ နီးပါးပိတ်မိနေတယ်လို့သိရပါတယ်။

အဲ့ဒီကျွန်းသစ်ကားတွေဟာ ကချင်နဲ့စစ်ကိုင်းအစပ် စစ်ကိုင်းတိုင်းထဲက အင်းတော်မြို့နယ်၊ ဗန်းမောက်မြို့နယ်နဲ့ဖောင်းပြင်နယ်ထဲက ဝင်လာတဲ့ကားတွေဖြစ်ပြီး လက်ရှိစင်းခမ်းတံတားမှာ ပိတ်မိနေတာဖြစ်တယ်လို့ အင်းတော်နယ်ထဲက သစ်လုပ်ငန်းရှင်တွေနဲ့နီးစပ်တဲ့အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

ဟုတ်တယ် ခါတိုင်းပုံမှန်ဖြတ်တဲ့ လမ်းကြောင်းပဲ အခုက စင်းခမ်းမှာပဲစုပုံပြီးမှပိတ်မိနေတာ အစီးရေ ၁၀၀၀ လောက်ရှိတယ်တဲ့ပိတ်မိနေတာ သူတို့သစ်လုပ်ငန်းရှင်တွေလည်း ပြောတယ် အဲ့မှာပိတ်မိနေတယ်ဆိုပြီး အဲ့ဘက်ကအဖွဲ့အစည်းတွေမလွတ်ပေးတာထင်တယ်လို့သူကပြောပါတယ်။

စစ်ကိုင်းကနေထွက်လာတဲ့ ကျွန်းသစ်ကားတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ဆီမှာ တရားဝင်အခွန်ဆောင်ကာ ဖြတ်ကူးလာတဲ့ကားတွေဖြစ်ပြီး လက်ရှိ မံစီနယ်မှာတိုက်ပွဲတွေပြင်းထန်နေတာကြောင့်ပိတ်မိနေတာဖြစ်နိုင်တယ်လို့   စင်းခမ်းကျေးရွာ စခန်းသိမ်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့ LPDF တာဝန်ရှိသူတစ်ဦးကပြောပါတယ် 

သစ်ကားတွေကျွန်းသစ်ကားတွေနေမှာပါ့အေး ပိတ်ရင်လည်းပိတ်လောက်တယ် ဘာကြောင့်ပိတ်လောက်လဲဆိုတော့ သူတို့ကအဲ့ဒီမှာအရင်တုန်းကစစ်ကောင်စီက အမြဲတမ်းဂိတ်ကြေးကောက်စားတဲ့ ဟာလေး မြစ်ကူးတံတား အခုကကျတော့ ကျွန်တော်တို့ဘက်က သိမ်းပိုက်ပြီးမှာဂိတ်မှာထိုင်လိုက်တယ်ဆိုတော့ဟိုမှာမံစီမှာလည်းတိုက်ပွဲ ဖြစ်နေတယ်ဆိုတော့လမ်းကမံစီလမ်းဖြတ်ရတာဆိုတော့ပိတ်လောက်တယ်လို့သူကပြောပါတယ်။

စင်းခန်းကျေးရွာထဲက စစ်ကောင်စီတပ်စခန်း၊ရဲစခန်းနဲ့ကာကင်းဂိတ်တွေကို KIAပူးပေါင်းတပ်က မေလ  ရက်နေ့မှာသိမ်းလိုက်ပြီးနောက် စင်းခမ်းတံတားကို KIAKPDF ပူးပေါင်းတပ်တွေက ထိန်းချုပ်လိုက်တာဖြစ်ပြီးအဲ့ဒီသစ်ကား အစီးရေ ၁၀၀၀ နီးပါးဟာ မေလ  ရက်နေ့နောက်ပိုင်း ရောက်လာတဲ့ကားတွေလို့သိရပါတယ်။

စင်းခန်းကျေးရွာမသိမ်းမှီအချိန်ထိတော့ စစ်ကောင်စီတပ်ဟာ စင်းခမ်းတံတားမှာ ဂိတ်ထိုင်ပြီး သစ်ကားတစ်စီးကို ငွေကျပ် ၄သိန်း အခွန်ကောက်ခံပြီးဖြတ်သန်းခွင့်ပြုခဲ့တာဖြစ်ပါတယ်။

အဲ့ဒီကျွန်းသစ်ကားတွေဟာ အင်းတော်၊ဗန်းမောက်၊ ဖောင်းပြင်နယ်တွေထဲကနေ ဒီဇင်ဘာလလောက်ကတည်းကနေ စုဆောင်းထားတဲ့သစ်တွေဖြစ်ပြီး လက်ရှိသစ်ရာသီကုန်တော့မှဖြစ်တာကြောင့် တရုတ်ပြည်ကိုတင်ပို့ရာကနေ ပိတ်မိနေတာလို့သိရပါတယ်။

အင်းတော်၊ဗန်းမောက်၊ ဖောင်းပြင်နယ်တွေထဲကနေထွက်တဲ့သစ်ကားတွေအများအပြားဟာ NUG အစိုးရအုပ်ချုပ်ရေးစနစ်လည်ပတ်နေတဲ့ စစ်ကိုင်းတိုင်းမော်လူးမြို့ကိုဖြတ်ပြီးတရုတ်ပြည်ထဲအထိဝင်ရောက်နေတာဖြစ်ပါတယ်။

မော်လူးမြို့ကိုဖြတ်ပြီးတရုတ်ပြည်ကိုတင်သွင်းတဲ့လုပ်ငန်းရှင်ကြီးတွေရဲ့သစ်ကားတွေဟာ NUG ဆီအခွန်ဆောင်ထားတာကြောင့် အဖမ်းအဆီးမရှိ လွတ်ပေးနေ တာဖြစ်ပြီး မော်လူးဒေသထဲကအခွန်မဆောင်တဲ့ တနိုင်တပိုင်လုပ်သစ်လုပ်ငန်းရှင်တွေကိုတော့ ဖမ်းဆီးခံနေရတယ်လို့ဆိုကာ လွန်ခဲ့တဲ့လက ပြည်သူအချို့မော်လူးမြို့အုပ်ချုပ်ရေးတာဝန်ရှိသူတွေကို ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းထဲက အထက်ဖော်ပြပါမြို့နယ်တွေမှာ စစ်အာဏာသိမ်းနောက်ပိုင်းသစ်ထုတ်လုပ်မှုတွေပိုမိုများပြားလာနေတာကြောင့် သစ်တောပြုန်းတီးမှုများလာပြီး ရာသီဥတုပူပြင်းတာ၊ စိုက်ပျိုးရေးလုပ်ငန်းတွေထိခိုက်လာတာစတဲ့ ပြဿနာတွေကိုဒေသခံတွေကြုံတွေ့နေရတယ်လို့သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button