စစ်ကောင်စီ
-
May- 2023 -10 Mayသတင်း
စစ်ကောင်စီတပ်သည် စာသင်ကျောင်းများကို ပစ်မှတ်ထား ဗုံးကျဲတိုက်ခိုက်နေ
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် စာသင်ကျောင်းအချို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် လုပ်ဆောင်နေကြောင်း People’s Defense Comrade အဖွဲ့ထံမှ သိရသည်။ ရေဦးမြို့နယ် အနောက်ဘက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်သည် စာသင်ကျောင်းများကို ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်နေကြောင်း People’s Defense Comrade မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။…
Read More » -
9 Mayသတင်း
စစ်ကောင်စီတပ် မီးရှို့ခဲ့သည့် ကျေးရွာအချို့တွင် လျှပ်စစ်မီး ပြန်လည်ရရှိရန် ရှင်းလင်းရေးစတင်
စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာအချို့တွင် လျှပ်စစ်မီး ပြန်လည်ရရှိရန်အတွက် ဒေသခံများကိုယ်တိုင် ရှင်းလင်းရေး လုပ်ဆောင်နေကြောင်း သိရသည်။ ယခုနှစ် မတ်လ ၂၀ ကျော်တွင် စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ရွှေကူအရှေ့ခြမ်း ကျေးရွာများသို့ ထိုးစစ်ဆင်ပြီးနောက် ကျေးရွာပေါင်း ၁၂ ရွာတိတိကို…
Read More » -
8 Mayစစ်ပြေးဒုက္ခသည်များ
ခင်ဦးတွင် စစ်ကောင်စီတပ် ထိုးစစ်ဆင်လာသဖြင့် ဒေသခံ ၇ ထောင်ကျော်ထွက်ပြေးနေရ
ခင်ဦးမြို့နယ်အရှေ့ခြမ်းနှင့်အနောက်ခြမ်းတွင် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ ပူးပေါင်းတပ်တို့က စစ်ကြောင်းထိုးနေသောကြောင့် ရွာပေါင်း ၇ ရွာမှ ဒေသခံ ၇ ထောင်ဝန်းကျင်သည် ဘေးလွှတ်ရာသို့ ထွက်ပြေးနေရသည်ဟု သိရသည်။ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ဘက်မှ တက်လာသော စစ်ကောင်စီတပ်ဖွဲ့ အင်အား၂၀၀ ဝန်းကျင်သည် မေလ…
Read More » -
4 Mayသတင်း
ဆိုင်းဖရာနှင့် ကပ်မှော် ဒေသခံများ မလိုအပ်ဘဲအပြင်မထွက်ကြရန် စစ်ကောင်စီ သတိပေး
ဖားကန့် လမ်းမပေါ်ရှိ နန့်ယားစစ်တပ်ဂိတ်တွင် ယနေ့နံနက် ၉ နာရီခွဲဝန်းကျင် စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသည့်အတွက် ဆိုင်းဖရာနှင့်ကပ်မှော် ကျေးရွာ ၂ ရွာမှ ဒေသခံပြည်သူများ မလိုအပ်ဘဲအပြင်မထွက်ကြရန် စစ်ကောင်စီတပ် သတိပေးပြောဆိုလာကြောင်း ဒေသခံများမှ သိရသည်။ နန့်ယားစစ်တပ်ဂိတ်သို့ ဝင်ရောက်လာသည့် အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သောအပတ် မိုးညှင်းမြို့နယ် နန်မားစစ်တပ် ခမရ ၃၈၆ တပ်မှ စစ်အင်အား ၂၀၀ ဝန်းကျင်ဖြင့် ကားမိုင်းစစ်တပ်ကုန်းသို့ စစ်အင်အားတိုးချဲ့ထားသည့် အဖွဲ့ဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် နန့်ယားစစ်တပ်အတွင်းသို့ ၁၃၀ ထက်မနည်း ရောက်ရှိလာခဲ့ကြောင်း ဒေသခံတစ်ဦးက KNG ကို ပြောသည်။ “အခုရောက်လာတဲ့ စစ်ကြောင်းအဖွဲ့တွေက စစ်ကြောင်းအသစ်ဖြစ်တဲ့အတွက် သတိထားပြီးနေကြဖို့နဲ့ အလိုအပ်ဘဲ အပြင်တွေဘာတွေ မထွက်ကြနဲ့ ဆိုပြီး ပြောလာတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ သူတို့သွားတဲ့ လမ်းကြောင်းတွေမှာ လမ်းရှင်းဆိုပြီး ပစ်ခတ်တာတွေရှိတော့ ပြောတာထင်တယ်”ဟုပြောသည်။ အဆိုပါ စစ်ကြောင်းသည် ယနေ့နံနက်ပိုင်းအစောပိုင်းက ကားမိုင်းစစ်တပ်ကုန်းမှ ထွက်ခွာလာသည့် စစ်ကြောင်းဖြစ်ပြီး ထွက်ခွာလာသည့် လမ်းတစ်လျှောက်တွင်လည်း ဘယ်ညှာ ပစ်ခတ်မှုများပြုလုပ်ကာ နန်ယားစစ်တပ်အတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း ဒေသခံများပြောသည်။ ယခုလို စစ်ကောင်စီဘက်မှ စစ်အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပစ်ခတ်မှုများလုပ်ဆောင်နေသည့်အပြင် သတိပေးပြောဆိုမှုများကြောင့် ထိုဒေသတွင်ရှိသော ဒေသခံပြည်သူများသည်လုံခြုံရေးအတွက် စိုးရိမ်နေကြရကြောင်းသိရသည်။ ထို့အပြင် ယနေ့နံနက်ပိုင်း ကားမိုင်းမြို့မှ နန့်ယားစစ်တပ်ဘက်သို့ ထွက်ခွာလာစဉ် လမ်းတစ်လျှောက်တွင်လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများလုပ်ဆောင်ခဲ့သည့်အပြင် မလန်လယ်တောနေရာတွင်ရှိသော ပြည်သူတစ်ချို့ကိုလည်း ဖမ်းဆီးသွားကြောင်း မလန်းလယ်တော အနီးတဝိုက်တွင်ရှိသော ပြည်သူတစ်ဦးက KNG ကိုပြောဆိုထားသည်။
Read More » -
3 Mayသတင်း
စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့် ကချင်ပြည်နယ်မှ အကျဉ်းသား ၃ ဦးသာ ပါဝင်
ယနေ့ မေလ ၃ ရက် ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံးအတိုင်းတာဖြင့် အကျဉ်းသား/ သူ ၂၁၅၃ လွတ်ငြိမ်းခွင့်တွင် ကချင်ပြည်နယ် အကျဉ်းထောင် ၂ ခုမှ ၃ ဦးသာ လွှတ်ငြိမ်းခွင့် ပါဝင်လာကြောင်း သိရသည်။…
Read More » -
Apr- 2023 -23 Aprilသတင်း
ဖားကန့် Happy KTV တွင် စစ်ကောင်စီဗိုလ်မှူးတစ်ဦးနှင့် လုပ်ငန်းရှင် ၄ ဦးပစ်ခတ်ခံရပြီး သုံးဦးသေဆုံး
ဖားကန့်မြို့တွင်း မရှီကထောင်ရပ်ကွက်ရှိ Happy KTV တွင် ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်းအချိန် စစ်ကောင်စီဗိုလ်မှူးတစ်ဦးနှင့် လုပ်ငန်းရှင်လေးဦးတို့ ပစ်ခတ်ခံရပြီး အဆိုပါ ဗိုလ်မှူး နှင့် လုပ်ငန်းရှင် ၂ ဦး ထိုနေရာတွင် ပွဲချင်းပြီးသေဆုံးသွားကြောင်း…
Read More » -
21 Aprilသတင်း
အရပ်သား ၁၀၀ နီးပါးကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းဆီးသွား၊ တချို့ရိုက်နက်ခံထားရ
ဖားကန့် မှော်ဘုံ (Maden Yang) ကျေးရွာကို ဝင်စီးနေသည့် စစ်ကောင်စီ စစ်ကြောင်းသည် အရပ်သားပြည်သူ ၁၀၀ နီးပါးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီး ပြည်သူအချိုု့ကို ရိုက်နက်ထားသည်ဟု သိရသည်။ မနေ့ မနက် ၄ နာရီခန့်တွင် အင်အား ၁၀၀ ဝန်းကျင်ရှိသည့် စစ်ကြောင်းတစ်ကြောင်းသည် မှော်ဘုံ…
Read More » -
20 Aprilစစ်ပြေးဒုက္ခသည်များ
ပဇီကြီးရွာ အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ် အင်အား ၂၀၀ ဝန်းကျင်ဖြင့် ဝင်ရောက်လာ
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သားအစုပြုံလိုက်သေဆုံးခဲ့သည့် ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာအနီးတစ်ဝိုက်တွင် ယနေ့နံနက်ပိုင်းမှစတင်ပြီး စစ်အင်အား ၁၅၀ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက် နေရာယူထားသည်ဟု သိရသည်။ စစ်အင်အား ၁၅၀ ခန့်ပါဝင်သော စစ်ကောင်စီ စစ်ကြောင်းသည် ဧပြီလ ၁၉ ရက်နေ့မှစတင်ကာ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်မှ ကန့်ဘလူနယ် မလည်ကျေးရွာတွင် ညအိပ်တပ်စွဲပြီး…
Read More » -
20 Aprilသတင်း
ရွှေကူမြို့ပတ်လည်တွင် စစ်ကောင်စီတပ် စစ်အင်အား အလုံးအရင်းဖြင့် တပ်ဖြန့်လှုပ်ရှားနေ
ဗန်းမော်ခရိုင် ရွှေကူမြို့ပတ်လည်တွင် ယနေ့ နံနက် ၃ နာရီဝန်းကျင်မှ စတင်ကာ စစ်ကောင်စီတပ်သည် စစ်အင်အားအလုံးအရင်းဖြင့် တပ်ဖြန့်ထားပြီး စစ်ရေးလှုပ်ရှားနေကြောင်း ဒေသခံများမှ သိရသည်။ ယနေ့ နံနက် ၃ နာရီ ဝန်းကျင်မှစကာ ဗန်းမော်ဘက်မှ စစ်ကောင်စီတပ် အင်အား ၂၀၀ ထက်မနည်း လာရောက်ပို့ဆောင်ထားပြီး မြို့ပတ်လည်…
Read More » -
17 Aprilသတင်း
စစ်ကောင်စီ၏ လွှတ်ငြိမ်းချမ်းသာခွင့်တွင် ကချင်ပြည်နယ် အကျဉ်းထောင်အချို့မှ အကျဉ်းသား ၆၇ ဦး လွှတ်ငြိမ်းခွင့်ရ
မြန်မာနှစ်ဆန်း ၁ ရက်နေ့ စစ်ကောင်စီ၏ လွှတ်ငြိမ်းချမ်းသာခွင့်တွင် ကချင်ပြည်နယ် အကျဉ်းထောင်အချို့မှ အကျဉ်းသား ၆၇ ဦး လွှတ်ငြိမ်းခွင့်တွင် ပါဝင်လာကြောင်း သိရသည်။ အဆိုပါ လွှတ်ငြိမ်းချမ်းသာခွင့်တွင် မြစ်ကြီးနားအကျဉ်းထောင်မှ အမျိုးသမီး ၅ ဦး၊ အမျိုးသား ၂၈…
Read More »









