စစ်ပြေးဒုက္ခသည်များသတင်း

ခင်ဦးတွင် စစ်ကောင်စီတပ် ထိုးစစ်ဆင်လာသဖြင့် ဒေသခံ ၇ ထောင်ကျော်ထွက်ပြေးနေရ

ခင်ဦးမြို့နယ်အရှေ့ခြမ်းနှင့်အနောက်ခြမ်းတွင် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ ပူးပေါင်းတပ်တို့က စစ်ကြောင်းထိုး‌နေသောကြောင့် ရွာပေါင်း ၇ ရွာမှ ဒေသခံ ၇ ထောင်ဝန်းကျင်သည် ဘေးလွှတ်ရာသို့ ထွက်ပြေးနေရသည်ဟု သိရသည်။

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ဘက်မှ တက်လာသော စစ်ကောင်စီတပ်ဖွဲ့ အင်အား၂၀၀ ဝန်းကျင်သည် မေလ ၈ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး ခင်ဦးနယ်အရှေ့ဘက်ခြမ်းနှင့်အနောက်ခြမ်းသို့ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

စစ်သားတွေနဲ့ ပျူတွေနဲ့ပေါင်းပြီးဝင်လာတာ ရွာဘက်စဝင်လာကတည်းက သေနတ်တွေပစ်ပြီး ဝင်လာတာ။ ခုခင်ဦးအရှေ့ဘက်ခြမ်းရော အနောက်ဘက်ခြမ်းက ပြည်သူတွေပြေးနေရပြီဟုခင်ဦးမြို့နယ်သတင်းမှန် ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာများမှာ ခင်ဦးအရှေ့ခြမ်းရှိ ကဘွက်၊ ကုတ်တက်၊ ခင်ဦးအနောက်ခြမ်းက မြကန်၊ အင်းပတ်၊ ကုန်းသာ၊ အောင်သာ၊ အင်းပေါက် အစသည့်ကျေးရွာများဖြစ်ကြောင်း သိရသည်။ 

ထို့အပြင် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ကဘွက်ကျေးရွာနှင့် ကုတ်တက်ကျေးရွာအကြား နှစ်ဖက်ထိတွေ့ပြင်းထန်ခဲ့ကြောင်း သိရသည်။

စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဒီဘက်က တစ်ယောက်ကျတယ်။ သူတို့ဘက်ကလည်း အထိနာသွားတယ် အဲကြောင့် ရွာ ၂ ရွာကိုလည်း မီးရှို့သွားတယ်ဟုကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကဆိုသည်။

အဆိုပါ တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဘက်ကတစ်ဦးကျဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည့်အပြင် တိုက်ပွဲအပြီး စစ်ကောင်စီတပ်များသည် ကဘွက်ကျေးရွာနှင့်ကုတ်ကတ်ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးသွား‌ကြောင်း ဒေသကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်းမှ စတင်ကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အထိ စစ်ကိုင်းတိုင်းဒေသကြီးတွင် နေအိမ် ၄၇,၇၇၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု လ Data For Myanmar ၏ မတ်လ၁၉ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

Show More

Related Articles

Back to top button