သတင်း

စစ်ကောင်စီတပ်သည် စာသင်‌ကျောင်းများကို ပစ်မှတ်ထား ဗုံးကျဲတိုက်ခိုက်နေ

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် စာသင်ကျောင်းအချို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် လုပ်ဆောင်နေကြောင်း People’s Defense Comrade အဖွဲ့ထံမှ သိရသည်။

ရေဦးမြို့နယ် အ‌နောက်ဘက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်သည် စာသင်ကျောင်းများကို ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်နေကြောင်း People’s Defense Comrade မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ခု ဒီရက်ပိုင်း အဲဘက်မှာဘာတိုက်ပွဲမှမရှိဘူး။ စစ်ကြောင်းထိုးနေတာလည်းမရှိဘူး။ အကြောင်းမဲ့သက်သက်ကို လာကြဲသွားတာပါ”ဟု ဆိုသည်။

စစ်ကောင်စီတပ် ဗုံးကြဲဖျက်ဆီးခဲ့သည့် စာသင်ကျောင်း ၂ ကျောင်းမှာ မေလ ၄ ရက်နေ့ ချမ်းသာရွာမှ အထက်တန်းကျောင်းတစ်ကျောင်း နှင့် မေလ ၉ ရက်နေ့ ထန်းတောကျေးရွာမှ အထက်တန်းကျောင်းများဖြစ်သည်။

အဆိုပါ အထက်တန်းကျောင်း ၂ ကျောင်းအနက် ချမ်းသာရွာကျောင်းသည် ကျောင်းပိတ်ထားသည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း ထန်းတောရွာမှ အထက်တန်း‌ကျောင်းတွင်မှု မူကြိုအတန်း သင်ကြားနေဆဲဖြစ်ကြောင်း သိရသည်။

စာသင်ကျောင်းကတော့တော်တော်လေးကိုထိခိုက်ပျက်ဆီးထားပါတယ်။ ကျောင်းကပိတ်ထားတာကြာပြီ။ ဒါပေမဲ့မူကြိုအရွယ်ကလေးတွေစာသင်နေတာတော့ရှိပါတယ်။ ၁၂ နာရီလောက်ကျောင်းဆင်းပေးလိုက်လို့ အန္တရာယ်ကင်းသွားပါတယ်ဟု People’s Defense Comrade မှ ပကဖ ရဲဘော်ထူးခန့်ဇော် အမေ့သားက ဆိုသည်။

ထို့အပြင် ယခုလိုဝေဟင်မှ တိုက်ခိုက်မူကြောင့် ထန်းတော၊ တင်းတိမ်ရံကျေးရွာမှ ဒေသခံများနှင့်အနီးပတ်ဝန်းကျင် ရှိ ကျေးရွာအချို့မှ ဒေသခံများသည် လေကြောင်းအန္တရာယ်ကို စိုးရိမ်သောကြောင့် ဘေးလွှတ်ရာသို့ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု သူကဆက်ပြောသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှု ၂ကြိမ်စလုံးသည် ရေဦးမြို့နယ်အတွင်း တံတားဦးလေတပ်မှလာသည့် ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်မူဖြစ်သည်ဟု People’s Defense Comrade အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Show More

Related Articles

Back to top button