စစ်ကောင်စီ
-
Oct- 2023 -2 Octoberသတင်း
စစ်ကောင်စီတပ်သား ၅ ဦး ကို လက်နက်နဲ့အတူ ဖမ်းဆီးရမိ
ကချင်ပြည်နယ် မိုးမောက်မြို့နယ်ထဲမှာရှိတဲ့ ရှန်းထုန်းဘွမ့် (Shang Htung Bum) တပ်စခန်းကနေ နွမ်လန့်ဘက်ကို စစ်ရိက္ခာသယ်ဖို့ ဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ တွေ တိုက်ခိုက်ခံရပြီး လက်နက်ပစ္စည်းအပါ တပ်သား ၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့ ရှန်းထုန်းဘွမ့်ကနေ…
Read More » -
Sep- 2023 -29 Septemberသတင်း
ရထားစမ်းသပ်ပြေးဆွဲချိန် မိုင်းဆွဲခံလိုက်တဲ့ စစ်ကောင်စီတပ် ရွာတစ်ရွာကို မီးရှို့သွား
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ရွာထောင်ဘူတာကနေ ရထားစမ်းသပ် ပြေးဆွဲနေချိန်မိုင်းဆွဲတိုက်ခိုက်ခံရချိန် ရထားတိမ်းမှောက်သွားတဲ့အတွက် စစ်ကောင်စီတပ်တွေဟာ အဲ့ဒီရထားလမ်းပိုင်းမှာရှိတဲ့ ကံကြီးကုန်းရွာကို မီးရှို့သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ မနေ့က စက်တင်ဘာလ ၂၇ရက်နေ့ မနက်ပိုင်း ၁၀နာရီလောက်မှာ စစ်ကိုင်း–ရွာထောင်–စာရေး–ကံကြီးကုန်း ဘူတာအထိ စစ်ကောင်စီတပ်က စမ်းသပ်ပြေးဆွဲတဲ့အချိန် ဒေသကာကွယ်ရေးတပ်တွေဘက်က မိုင်းဆွဲ တိုက်ခိုက်ခဲ့တဲ့အတွက် ရထားတိမ်းမှောက်သွားခဲ့တာလို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။ “ရထားကို တိုက်မိုင်းတွေထောင်ပြီး ဆွဲလိုက်တာ အဲ့လိုဖြစ်ပြီးတော့ လက်နက်ငယ်တွေလက်နက်ကြီးတွေနဲ့…
Read More » -
27 Septemberသတင်း
စစ်တပ်ရဲ့သင်္ဘော ၆ စီးဆန်တက်ခဲ့ချိန် မြစ်ကမ်းတစ်လျှောက်ပြည်သူတွေ ဘာတွေကြုံခဲ့ရလဲ ကာကွယ်ရေးတပ်နဲ့တိုက်ပွဲအခြေနေ ဆက်သွယ်မေးမြန်းချက်
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ စစ်ကိုင်းအထက်မှာရှိတဲ့ ကချင်ပြည်နယ်ဘက်ကို စစ်လက်နက်ရိက္ခာတင်ပို့ရာမှာ ထိခိုက်သေဆုံးမှုနည်းတဲ့ ရေကြောင်းကို သိသိသာသာအသုံးပြုလာပြီး ပြီးခဲ့တဲ့ ၂ လတာအတွင်းမှာ မန်းလေးကနေ ကချင်ပြည်နယ်ဘက်ကို စစ်လက်နက်ရိက္ခာတွေကို ၂ ကြိမ်တိတိလာရောက်ပို့ဆောင်ထားနိုင်ပြီဖြစ်ပါတယ်။ စစ်လက်နက်ရိက္ခာတွေပို့တဲ့ စစ်ကောင်စီတပ်ရဲ့သင်္ဘောတက်လာတိုင်း ကသာအထက်ပိုင်း ဧရာဝတီမြစ်ကမ်းတစ်လျှောက်ကနေ ဗန်းမော်ဆိပ်ကမ်းမရောက်ခင်အထိ…
Read More » -
27 Septemberသတင်း
မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်မှာ စစ်ကောင်စီကား တိုက်ခိုက်ခံရ
မြစ်ကြီးနားမြို့၊ ကျွန်းပင်သာရပ်ကွက် အေးစေတီကုန်းဆင်းမှာ ဒီကနေ့ညနေပိုင်း ၅ နာရီခန့်က စစ်ကောင်စီ ကားနှစ်စီး နဲ့ စရဖ အဖွဲ့များစီးလာတဲ့ကား လက်နက်ကြီးနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ မြစ်ကြီးနားထောင်ဘက်ကို ဦးတည်သွားနေတဲ့ အဲ့ဒီကား ၃ စီးကို…
Read More » -
27 Septemberဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့သတင်း
နမ်ဖတ်ကာ တပ်စခန်းအနီးမှာ စစ်ကောင်စီတပ်က မိုင်းထောင်ထားလို့ ပြည်သူများ သွားလာရေးမှာ အခက်တွေ့
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအထိုင်ချ စစ်ကောင်စီတပ်က စခန်းဘေးပတ်ဝန်းကျင် ဒေသခံတွေ သွားလာလှုပ်ရှားတဲ့နေရာတွေမှာ မိုင်းထောင်ထားတဲ့အတွက် လုပ်ကိုင်စားသောက်ရေးနဲ့ သွားလာလှုပ်ရှားရေးမှာ အခက်တွေ့နေတယ်လို့ သိရပါတယ်။ နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းဟာ ရွာသားတွေနဲ့ကပ်ရပ်စခန်းကြီးတစ်ခုဖြစ်ပြီး တပ်စခန်းပတ်ဝန်းကျင် မိုင်းထောင်ထားတဲ့အတွက် ရွာသားတွေ လယ်ယာ၊ ခြံ အခင်း သို့ သွားလာရေးမှာ အသက်အန္တရာယ်စိုးရိမ်ရပြီး…
Read More » -
25 Septemberသတင်း
KIA က တပ်စခန်း သိမ်းပိုက်လိုက်တဲ့ လိုင်လွမ့်အောင်ဂျာမှာ တိုက်ပွဲပြင်းထန်နေဆဲ
KIO ဌာနချုပ်အနီး နမ်ဆန်ယန်ကျေးရွာရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ လိုင်လွမ့်အောင်ဂျာ(Lailum Aungja)မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ကောင်စီ စခန်းတစ်ခုသိမ်းပိုက်လိုက်တဲ့နောက် တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတာ ၁ ပတ်လောက်ကြာမြင့်လာပြီဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ လိုင်လွမ့်အောင်ဂျာမှာ စစ်ကောင်စီတပ်စခန်း ၃ နေရာလောက်ရှိတဲ့ထဲက ဟဲလုံတပ်စခန်းကို KIA က သိမ်းပိုက်လိုက်တာဖြစ်ပြီး အဲဒီ ဟဲလုံတပ်စခန်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဟဲလုံအထက်မှာရှိတဲ့…
Read More » -
22 Septemberသတင်း
တန့်ဆည်မှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်တွေအကြားတိုက်ပွဲဖြစ်ပြီး နှစ်ဖက်အကျအဆုံးရှိ
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေအထိုင်ချတပ်စွဲထားတဲ့ ဒေါင်းမင်းဆီဆိုင်နဲ့ လဝကရုံးတွေကို ကာကွယ်ရေးတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ၁၀ ယောက်ထက်မနည်းသေဆုံးပြီး ကာကွယ်ရေးတပ်ဘက်က တစ်ယောက်ကျဆုံးတယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၂၂ ရက်နေ့ မနက် ၁၂ နာရီကျော်လောက်မှာ ကာကွယ်ရေးတပ်ဘက်က စစ်ကောင်စီတပ်တွေရဲ့ ဂိတ်စခန်းတွေကိုသွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ နှစ်ဖက်တိုက်ပွဲ ၃ နာရီကြာပြင်းထန်ခဲ့တယ်လို့ Voice of Taze- VOT က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “ရွှေဒေါင်းမင်း (စက်သုံးဆီ ၊ ဆန်စက် )ထဲမှာ…
Read More » -
21 Septemberသတင်း
ရေလှဲ၊ ဆင်တပ်ရွာ မီးရှို့ခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ဦးထက်နည်းထိခိုက်သေဆုံး
ကချင်ပြည်နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ရေလှဲရွာနဲ့ဆင်တပ်ရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းကို KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့က ဒီနေ့ မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်က ၄ ဦးထက်မနည်းသေဆုံးမှုရှိခဲ့တယ်လို့ ရွှေကူ PDF အဖွဲ့က သိရပါတယ်။ အဲဒီစစ်ကြောင်းဟာ…
Read More » -
20 Septemberသတင်း
ပုလဲနယ်မှာ စစ်ကောင်စီတပ်က ပျူစောထီးရွာတွေအတွက် ရိက္ခာစုစောင်းပေးနေ
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေပူးပေါင်းပြီးတော့ ပျူစောထီးရွာ ၂ ရွာအတွက် တစ်ရွာဝင်တစ်ရွာထွက်ပြီး ပြည်သူတွေရဲ့ ဆန်နဲ့စားသောက်ကုန်တွေကို ရိက္ခာအဖြစ်သိမ်းယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့လောက်ကတည်းက ဆားလင်းကြီးမြို့နယ်ထဲကနေ ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံပျူစောထီးတွေပေါင်းပြီး ပျူရွာတွေဖြစ်တဲ့အင်မထီးရွာနဲ့ဇီးဖြူကုန်းရွာတွေအတွက် ရိက္ခာတွေလိုက်စုဆောင်းပေးနေတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။ “မနေ့ကဆို ဇီးဖြူကုန်းရွာကပျူတွေနဲ့ပေါင်းပြီး နှောရိုးရွာဘုန်းကြီးကျောင်းထဲမှာထားတဲ့ ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေ ဆန်တွေကို အတင်းအဓမ္မသိမ်းယူသွားသေးတယ်။ သူတို့က ရွာတွေထဲဝင်ပြီး ပစ္စည်းတွေယူလိုက် ပြီးရင်ပျူစခန်းထဲပြန်ဝင်လိုက် အဲ့လိုလုပ်နေတာ…
Read More » -
19 Septemberသတင်း
ရွှေကူမှာ စက်လှေတွေမီးရှို့ဖျက်ဆီးခံလိုက်ရတာကြောင့် စက်လှေပေါ်နေထိုင်တဲ့ လူပေါင်း ၆၀ ကျော်နေရာထိုင်ခင်း အခက်အခဲဖြစ်နေ
ကချင်ပြည်နယ် ရွှေကူမြို့မှာ စစ်ကောင်စီတပ်က အရပ်သားတွေရဲ့ စက်လှေတွေကို မနေ့ကမီးရှို့ဖျက်ဆီးလိုက်တဲ့နောက် စက်လှေပေါ်မှာ မှီခိုနေထိုင်နေတဲ့အရပ်သား ၆၀ ကျော် နေရာထိုင်ခင်း နဲ့ အစားအသောက်အခက်အခဲဖြစ်သွားတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ မနေ့က စက်တင်ဘာ ၁၈ ရက်နေ့ မနက် ၈နာရီခွဲမှာ…
Read More »









