သတင်း

ရထားစမ်းသပ်ပြေးဆွဲချိန် မိုင်းဆွဲခံလိုက်တဲ့ စစ်ကောင်စီတပ် ရွာတစ်ရွာကို မီးရှို့သွား

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ရွာထောင်ဘူတာကနေ ရထားစမ်းသပ် ပြေးဆွဲနေချိန်မိုင်းဆွဲတိုက်ခိုက်ခံရချိန် ရထားတိမ်းမှောက်သွားတဲ့အတွက် စစ်ကောင်စီတပ်တွေဟာ အဲ့ဒီရထားလမ်းပိုင်းမှာရှိတဲ့ ကံကြီးကုန်းရွာကို မီးရှို့သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

မနေ့က စက်တင်ဘာလ ၂၇ရက်နေ့ မနက်ပိုင်း ၁၀နာရီလောက်မှာ စစ်ကိုင်းရွာထောင်စာရေးကံကြီးကုန်း ဘူတာအထိ စစ်ကောင်စီတပ်က စမ်းသပ်ပြေးဆွဲတဲ့အချိန် ဒေသကာကွယ်ရေးတပ်တွေဘက်က မိုင်းဆွဲ တိုက်ခိုက်ခဲ့တဲ့အတွက် ရထားတိမ်းမှောက်သွားခဲ့တာလို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။

ရထားကို တိုက်မိုင်းတွေထောင်ပြီး ဆွဲလိုက်တာ အဲ့လိုဖြစ်ပြီးတော့ လက်နက်ငယ်တွေလက်နက်ကြီးတွေနဲ့ ပိတ်ထုပြီး ရွာထဲဝင်တော့တာပဲ အဲ့မှာ ရွာတောင်ထိပ်ကနေစရှို့တာ ဆုံးရှုံးမှုက ၁၅၀ လောက်ပါသွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။

ဒါ့အပြင် ကံကြီးကုန်းရွာကို ဝင်ရောက်စီးနင်းတဲ့အချိန်မှာလည်း ဒေသခံလင်မယား နှစ်ယောက် ဖမ်းဆီးခံလိုက်ရပြီး ဒီကနေ့အထိအဆက် အဆက်သွယ်တစ်စုံတစ်ရာ မရရှိသေးဘူးလို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ခုလို ရထားလမ်းကိုပြင်ဆင်ဖို့ကြိုးပမ်းလာတဲ့အတွက် ရထားလမ်းနဲ့အနီးမှာရှိတဲ့ ရွာပေါင်း၂၀ လောက်ကဒေသခံတွေကြိုတင် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကံကြီးကုန်းရွာက ဒေသခံတစ်ယောက်က ပြောပါတယ်။

ဒေသခံတွေကတော့ အကုန်ပြေးနေရတာပေါ့ ကံကြီးကုန်းရွာထဲက လင်မယားနှစ်ယောက်ဖမ်းခံထားရတယ် အခုထိပြန်မလွှတ်သေးဘူး လက်ရှိတော့ သူတို့ရထားလမ်းပြင်ဖို့ကြိုးစားနေတော့ ရွာပေါင်း ၂၀ လောက်ပြေးနေရတယ် စစ်ကိုင်းနဲ့ဝက်လက်နယ်တွေထဲကပေါ့ အရေးပေါ် စားနပ်ရိက္ခာတွေအတွက် ကြိုပြင်ဆင်ထားသင့်တယ် အရေးပေါ်လည်းလိုအပ်နေတယ်လို့ပြောပါတယ်။

မီးရှို့ခံခဲ့ရတဲ့ ကံကြီးကုန်းကျေးရွာဟာ အိမ်ခြေ ၄၀၀ လောက်ရှိတဲ့ထဲကနေ နေအိမ် ၁၅၀ကျော်မီးရှို့ခံလိုက်ရပြီလို့ ဆိုပါတယ်။

ကံကြီးကုန်းရွာဟာ စစ်ကိုင်းမြို့ရဲ့မြောက်ဘက် ၁၀ မိုင်လောက် အကွာမှာတည်ရှိတဲ့ရွာဖြစ်တယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ အရပ်သား  သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က စက်တင်ဘာလ ၈ရက်နေ့က ထုတ်ပြန်ထား

Show More

Related Articles

Back to top button