စစ်ရေးတင်းမာ

  • Jan- 2026 -
    15 January
    သတင်း

    ဘန်းဘားကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာနေ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာအုပ်စု ဘန်းဘားကျေးရွာမှာ ဒီမနက်ပိုင်းတိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။ ဇန်နဝါရီလ ၁၄ ရက် ည ၁၀ နာရီဝန်းကျင်ကစပြီး ဒီမနက် ၉ နာရီဝန်းကျင်အထိ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြား တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဘန်းဘားကျေးရွာနေ KIA ရှေ့တန်းရင်းမြစ်တစ်ဦး KNG ကို ပြောပါတယ်။ “ဒီမနက်အစောပိုင်းပဲ စစ်စီတပ်ဘက်က စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားလာလို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်တာဟုတ်တယ်။ မနေ့ည ၁၀ နာရီလောက်ကနေ ပစ်ကြတာ ဒီမနက် ၉ နာရီလောက်မှ ရပ်သွားပြီ ဒါပေမယ့် နှစ်ဖက်စလုံးကစောင့်ကြည့်နေကြတဲ့အခြေနေတော့ဟုတ်တယ်”လို့ ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေဟာ ဘန်းဘားကျေးရွာရဲ့တစ်ဖက်ကမ်း အာကျဲ၊ဖရောကျေးရွာဘက်က လက်နက်ကြီးပစ်ကူခဲ့သလို စန်းကားကျေးရွာရဲ့ တစ်ဖက်ကမ်းရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နန့်ပေါင်လေတပ်စခန်းကနေ လက်နက်ကြီးပစ်ကူတာတွေလုပ်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ ဒေသခံတွေပြောတာကတော့ နှစ်ဖက်ပစ်ခတ်မှုဟာ ဇန်နဝါရီလ ၁၄ ရက် မနေ့ည ၁၀ နာရီခန့်ကနေစတင်ကြားရပြီး ဒီမနက် ၉ နာရီလောက်မှ ရပ်သွားတယ်လို့ ပြောကြပါတယ်။ ဒါ့အပြင် တိုက်ပွဲဖြစ်နေချိန်အတွင်းမှာပဲ စစ်တပ်ဘက်က စန်းကားရွာကနေ ဘန်းဘားကျေးရွာဘက်ကို စစ်ကား ၃ စီးနဲ့အင်အားဖြည့်လာတာလည်းရှိတယ်လို့  KIA သတင်းရင်းမြစ်ကပြောပါတယ်။ စန်းကားကျေးရွာအုပ်စုဟာ  ကျေးရွာ၊ရပ်ကွက်ပေါင်း ၁၀ ခုရှိပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နမ့်ပေါင်လေတပ်စခန်းရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိပါတယ်။ ဒါကြောင့် စစ်တပ်ဘက်ကလည်း လုံခြုံရေးတင်းကြပ်ထားတဲ့အပြင် လတ်တလောမှာတော့ စန်းကားရွာရဲ့အောက်ဘက် ၇ မိုင်ဝေးတဲ့ ဘန်းဘားကျေးရွာမှာ စစ်တပ်နဲ့ KIA တပ်အကြား စစ်ရေးတင်းမာနေတာ ၂ လဝန်းကျင်ရှိလာပြီဖြစ်သလို ဒီနေ့တိုက်ပွဲနေရာဖြစ်တဲ့ဘန်ဘားရွာဘက်ကို စစ်တပ်ဘက်က လေကြောင်းနဲ့ပစ်ခတ်တာတွေရှိနေတယ်လို့လည်းဒေသခံတွေပြောပါတယ်။ ဒါပေမယ့် ထိခိုက်မှုရှိမရှိ အခြေနေအသေးစိတ်ကိုတော့မသိရသေးပါဘူး။ “ဒီနေ့လေယာဉ်နဲ့လည်းလာပစ်တယ်လို့တော့ပြောကြတယ် ဒါပေမယ့် အသေးစိတ်မသိရဘူး။ အရင်တစ်လောကတော့ ရပ်ကွက် ၇ အထိ KIA ဘက်ကဝင်ရောက်ထားနိုင်ပြီဟုတ်တယ်။  ခုက ပြန်ဆုတ်သွားတဲ့သဘောထင်တယ် ရပ်ကွက် ၇ အကျော်ဘန်ဘာဘက်မှာ ဖြစ်နေကြတယ်။“လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ စန်းကားကျေးရွာ ရပ်ကွက် ၃ နဲ့ ၄ ကြားမှာ ခေတ်အဆက်ဆက်က စစ်ကောင်စီတပ်ရဲ့အထိုင်တပ်ရင်းတစ်ခုရှိပေမယ့် အဲဒီတပ်ရင်းမှာ ခုနောက်ပိုင်း ပြည်သူ့စစ်အဖွဲ့တွေ နေရာယူထားပြီး စစ်တပ်ကောင်စီတပ်ဖွဲ့ကတော့ စန်းကားရွာအဝင်အထွက်နဲ့ နောင်ဟီးရွာအကြား အားလူးဘာရီရွာဘုန်းကြီးကျောင်းတွေမှာတပ်စွဲတာတွေရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီရက်ပိုင်း ရွာချင်းဆက်လမ်းတွေ စစ်တပ်ဘက်က လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးမေးမြန်းတာတွေရှိတယ်လို့ သိရပါတယ်။  စန်းကားကျေးရွာ၊အာလူးဘာရီကျေးရွာ၊နောင်ဟီး၊မခန္တီးကျေးရွာ၊ခတ်ချိုကျေးရွာတွေဟာ ဝိုင်းမော်မြို့– ရွေညောင်ပင်လမ်းပေါ်မှာရှိ မုတ်လွှဲရွာကနေဝင်သွားရပြီး ဧရာဝတီမြစ်ကမ်းနံဘေးတစ်ဆက်တည်းရှိတဲ့ ရွာတွေဖြစ်သလို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့နန့်ပေါင်လေတပ်စခန်းတစ်ဖက်ကမ်းမှာရှိတဲ့ရွာတွေဖြစ်ပါတယ်။ ဒါကြောင့် မကြာခနဆိုသလို စစ်တပ်ဘက်ကလည်း KIA ပူးပေါင်တပ်ရှိတယ်လို့ယူဆရတဲ့ ရွှေညောင်ပင်ဘက်ကို လက်နက်ကြီးပစ်ခတ်တာ၊ KIA ဘက်ကလည်း နန့်ပေါင်လေတပ်စခန်းကို လာရောက်ပစ်ခတ်တာတွေရှိတဲ့အတွက် ရွှေညောင်ပင်နဲ့နန့်ပေါင်လေတပ်စခန်းကြားမှာရှိနေတဲ့ စန်းကားကျေးရွာအနီးတစ်ဝိုက် မကြာခနလက်နက်ကြီးကျမှန်ပေါက်ကွဲတာတွေလည်းရှိနေတာဖြစ်ပါတယ်။ ဒီကျေးရွာအုပ်စုက ပြည်သူအများပိုင်းကတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လမှာစတင်လာတဲ့ KIA ပူးပေါင်းတပ်ရဲ့စစ်ဆင်ရေးစတင်လာချိန်ကစပြီး ဘေးလွှတ်ရာကိုတိမ်းရှောင်နေကြပြီး အိမ်စောင့်တစ်ချို့သာရွာတွေမှာ ကျန်ရှိကြတာလည်းဖြစ်ပါတယ်။ By – Zami

    Read More »
  • Nov- 2025 -
    11 November
    သတင်း

    ဖားကန့်မှာ စစ်တပ်က အရပ်ပြည်သူတွေရှိတဲ့ အဆောက်အဦး ဟိုတယ်တွေအထိ တပ်စွဲလာ

    ဖားကန့်မှာ စစ်ရေးအသာရဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်က စစ်ရေးနေရာမဟုတ်ဘဲ ကျေးရွာ၊ ရပ်ကွက်အတွင်းရှိ ခိုင်ခံ့တဲ့အဆောက်အဦး ဟိုတယ်နေရာတွေမှာ တပ်စွဲဝင်ရောက်နေရာယူလာတာကြောင့် နှစ်ဖက်စစ်တပ် စစ်ရေးပိုပြီး ပြင်းထန်လာနိုင်တယ်လို့ ဖားကန့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အရေးပါတဲ့ မြို့နေရာ၊ ကျေးရွာ၊ ရပ်ကွက်တွေကို စစ်ရေးအရ နယ်မြေစိုးမိုးနိုင်ဖို့အတွက်…

    Read More »
  • Jun- 2025 -
    27 June
    သတင်း

    နောင်ပိုအောင်ရွာမှာ စစ်ရေးတင်းမာနေလို့ ဒေသခံတွေကိုကြိုတင်တိမ်းရှောင်ခိုင်းထား

    စစ်ကိုင်းတိုင်းဒေသကြီး ၊ဟုမ္မလင်းမြို့နယ်ထဲက နောင်ပိုအောင်ကျေးရွာမှာ စစ်ရေးတင်းမာနေတဲ့အတွက် ဒေသခံတွေကိုလည်းကြိုတင်တိမ်းရှောင်ထားကြဖို့ပြောထားကြောင်း သိရပါတယ်။ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ စစ်ကောင်စီတပ်ပူးပေါင်းတပ်စွဲနေတဲ့ ဟုမ္မလင်းမြို့ရဲ့အရှေ့ဘက်ရှိ နောင်ပိုအောင်ကျေးရွာကို ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေ ထိုးစစ်ဆင်နေတာကြောင့် ရွာခံတွေကိုကြိုတင်တိမ်းရှောင်ကြဖို့သတိပေးထားတယ်လို့ ဟုမ္မလင်းမြို့ခံ အသက် ၄၀ ကျော်အမျိုးသမီးတစ်ဦးက KNG…

    Read More »
  • 26 June
    သတင်း

    ဖားကန့်မှာ စစ်‌ရေးအရအချက်ချာကျတဲ့ တောင်ကုန်းနှစ်ခုရဖို့စစ်တပ်ကြိုးပမ်းနေ

    ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုတစ်ခုလုံးကို လက်နက်ကြီး လှမ်းထောက်ပြီး ထိန်းချုပ်နိုင်ဖို့အတွက် အမြင့်ဆုံးတောင်ကုန်းတွေဖြစ်တဲ့ လမောင်ကုန်း(Lamawng Bum) နဲ့ မော်မောကုန်း(Mawmau Bum) နှစ်နေရာကို ပြန်ရဖို့ စစ်ကောင်စီတပ် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ဖားကန့်မှာ မေလကုန်းပိုင်းကနေ စစ်ကြောင်းထိုးထားတဲ့ စစ်ကောင်စီတပ်နဲ့…

    Read More »
  • 18 June
    သတင်း

    ဖားကန့်မှာ စစ်ကြောင်းမှူး ကျသွားတယ်လို့ သတင်းထွက်ပေါ်ပြီးနောက် နှစ်ဖက်တပ် စစ်ရေးပိုတင်းမာလာ

    ဖားကန့်မြို့နယ်ထဲမှာ မှော်လှည့်ပြီး ကုမ္မဏီဝင်းနေရာတွေ လိုက်လံမီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက စစ်ကြောင်းမှူးတိုက်ပွဲတွင်းကျသွားပြီဖြစ်ကြောင်း သတင်းထွက်ပေါ်လာတဲ့နောက် စစ်ရေးပိုမိုတင်းမာလာနေတယ်လို့ KIA နဲ့နီးစပ်တဲ့ ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်။ ဇွန်လ ၁ ရက်နေ့ကစပြီး မှော်ဆီစာ ဘုရားကျောင်းကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို KIA…

    Read More »
  • May- 2025 -
    7 May
    သတင်း

    စစ်ရေးအခြေနေကြောင့် မြစ်ကြီးနား – တနိုင်းလမ်းပိုင်း ခရီးသွားပြည်သူများအခက်ကြုံ

    ကချင်ပြည်နယ် မြစ်ကြီးနား– တနိုင်းလီဒိုလမ်းမတစ်‌လျှောက် KIA ပူးပေါင်းတပ်နဲ့ မင်းဇေသန့်ပြည်သူ့စစ်တပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာမှုရှိနေသေးတာကြောင့် ခရီးသွားပြည်သူများ သွားလာရေးမှာ အခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်ကစပြီး လီဒိုလမ်းမတစ်လျှောက် လက်နက်ကိုင်နှစ်ဖက်တပ်အကြား တိုက်ပွဲပြင်းထန်ခဲ့ရာကနေ ဒီနေ့ထိစစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ မြစ်ကြီးနားကားဂိတ်မှတာဝန်ရှိသူတစ်ဦး…

    Read More »
  • 1 May
    သတင်း

    မြစ်ကြီးနား – မန္တလေးလမ်းပိုင်း မိုးရွာသွန်းမှုကြောင့် လမ်းခရီးနှောင့်နှေး

    စစ်ရေးအခြေနေကြောင့် ကွင်းလမ်းအသုံးပြုပြီးသွားလာနေရတဲ့ မြစ်ကြီးနား–မန္တလေးလမ်းပိုင်း မိုးရွာသွန်းမှုကြောင့်လမ်းပိုင်းချော်လို့ ခရီးစဥ်နှောင့်နှေးမှုရှိနေတယ်လို့ ကားသမားတွေကပြောပါတယ်။ အင်းတော်မြို့သိမ်းတိုက်ပွဲကြောင့် ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဩဂုတ်လကစလို့ မြစ်ကြီးနား–မန္တလေးပြည်ထောင်စုလမ်းမကြီးကို ကာကွယ်ရေးတပ်တွေဘက်ကပိတ်ထားခဲ့တာ ဒီနေ့အထိဖြစ်ပါတယ်။  မိုးရွာသွန်းမှုကြောင့် အဲ့ဒီကွင်းလမ်းနေရာတစ်ဝှိုက်တွေက လမ်းချော်မှုတွေ ဖြစ်နေပြီး ပုံမှန်ဆို နှစ်ရက်ခန့်သာကြာမြင့်တဲ့ လမ်းခရီးကို…

    Read More »
  • Apr- 2025 -
    9 April
    သတင်း

    တနိုင်းလီဒိုလမ်းမပေါ်ရှိ ကျေးရွာ ၄ ရွာက စစ်ဘေးရှောင်များ နေရာထိုင်ခင်း နဲ့ စားနပ်ရိက္ခာ အခက်ကြုံနေ

    ကချင်ပြည်နယ် တနိုင်းလီဒိုလမ်းမပေါ်ရှိ  ဝါရာဇွပ် နဲ့ လဝါးကျေးရွာအနီး တိုက်ပွဲတွေကြောင့်တိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်များ နေရာထိုင်ခင်းနဲ့စားနပ်ရိက္ခာအခက်ကြုံနေတယ်လို့ စစ်ရှောင်များထံကနေ သိရပါတယ်။ တနိုင်းလီဒိုလမ်းမပေါ် ကချင်လွတ်လပ်ရေးတပ်မတော်နဲ့မင်းဇေသန့်ပြည်သူ့စစ်တပ်တို့အကြား ဇန်နဝါရီလစတင်လာတဲ့ တိုက်ပွဲကြောင့် ဝါရာဇွပ်ဒေသခံတွေအပါအဝင် ကွမ်စိုင်ယန်၊ ဒွမ်ဘန်၊ လဝါးစတဲ့ကျေးရွာတွေထဲက ဒေသခံပြည်သူအများပိုင်း‌ တောမှာ ကတုတ်ကျင်းတူးပြီး မိုးကာတဲတွေနဲ့ တိမ်းရှောင်နေသူတွေရှိသလို နမ္မတီးမြို့ပေါ် ရှိ လမ်းခွ၊ ကံလှ၊ ဝအောင်…

    Read More »
  • 8 April
    သတင်း

    တနိုင်း-မြစ်ကြီးနားကားလမ်းပိုင်း စစ်ရေးတင်းမာနေလို့ ခရီးသွားပြည်သူတွေအခက်ကြုံ

    ကချင်ပြည်နယ် မြစ်ကြီးနား–တနိုင်းလီဒိုကားလမ်းပိုင်းမှာ KIA နှင့်မင်းဇေသန့်ပြည်သူ့စစ်တပ်တို့ နှစ်ဖက်စစ်ရေးတင်းမာနေတာကြောင့် ခရီးသွား ပြည်သူတွေအခက်အခဲကြုံနေရတယ်လို့သိရပါတယ်။ တနိုင်း – မြစ်ကြီးနား လီဒိုကားလမ်းပေါ်ရှိ ဝါရာဇွပ်ကျေးရွာမှာထိုင်ထားတဲ့ KIAတပ်ဖွဲ့ရဲ့ စစ်ဆေးရေးဂိတ်ကို မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့က မတ်လ ၁၄ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ ဒီနေ့အထိနှစ်ဖက်စစ်ရေးတင်းမာနေပြီး ထိတွေ့တိုက်ပွဲတွေမကြာခနဖြစ်နေတာကြောင့် ခရီးသွားပြည်သူတွေ အခက်အခဲ ဖြစ်နေတယ်လို့ မြစ်ကြီးနားရောက်နေတဲ့တနိုင်းဒေသခံတစ်ဦးကပြောပါတယ်‌ြ…

    Read More »
  • 2 April
    သတင်း

    လဝါးရွာဗုံးကြဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုများသလို တိုက်ပွဲကြောင့် ပြည်သူတွေ ပိတ်မိနေ

    စစ်ရေးတင်းမာမှုဖြစ်နေတဲ့ ကချင်ပြည်နယ် တနိုင်းသွား လီဒိုလမ်းမပေါ် လဝါးကျေးရွာ (Lawa Mare) မှာ စစ်ကောင်စီလေကြောင်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကျေးရွာအတွင်း ထိခိုက်ပျက်စီးမှုများပြီး တိုက်ပွဲကြောင့်ဒေသခံပြည်သူတစ်ချို့ ပိတ်မိနေတယ်လို့ သိရပါတယ်။ လဝါးကျေးရွာထဲမှာ တပ်စွဲနေရာယူထားတဲ့ စစ်ကောင်စီတပ်နဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေကို KIA…

    Read More »
Back to top button