စာသင်ကျောင်း
-
Jun- 2024 -19 Juneသတင်း
ဖားကန့်ဒေသ KIO ဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာ ကျောင်းဆရာ၊ ဆရာမ လုံလောက်မှုမရှိဖြစ်နေ
ဖားကန့်မြို့နယ်ထဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ် သိမ်းပိုက်ထားပြီဖြစ်တဲ့ ကျေးရွာနေရာတွေမှာ စာသင်ကျောင်းတွေဖွင့်လှစ်ထားပေမယ့် စာသင်ကြားပေးမယ့် ဆရာ/ဆရာမ လုံလောက်မှုမရှိတဲ့ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီကနေ ဖားကန့်သွားလမ်း နန့်ယား၊ နမ်တိန့်နဲ့ ဟောင်ပါးအုပ်စု တာမခံကျေးရွာတွေကို KIA…
Read More » -
19 Juneမူးယစ်ဆေးဝါး
ဝိုင်းမော် စာသင်ကျောင်းတဝိုက် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို ဖမ်းဆီးအရေးယူပေးဖို့ဒေသခံတွေတောင်းဆို
ကချင်ပြည်နယ် ဝိုင်းမော်မြို့ အထက (၁) စာသင်ကျောင်းနားမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေပိုဆိုးရွားလာနေတာကြောင့် အမြန်ဆုံးဖမ်းဆီးအရေးယူပေးကြဖို့ ဒေသခံတွေကတောင်းဆိုနေကြပါတယ်။ ဝိုင်းမော်မြို့ရဲ့အခြေခံပညာအထက်တန်းကျောင်းဖြစ်တဲ့ အထက (၁) ကျောင်းဟာ မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ ရပ်ကွက်(၂) မှာရှိပြီး ကျောင်းရဲ့ဘေးပတ်ပတ်လည်လမ်းတွေမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတဲ့သူတွေ အုပ်စုလိုက် ၅ ဦးကနေ ၁၀ ဦးဝန်းကျင်ထိ နေ့တိုင်း လာရောက်သုံးစွဲနေကြတယ်လို့ သိရပါတယ်။ အခုလို ကျောင်းရဲ့လမ်းဘေးဝဲယာမှာ မူးယစ်ဆေးဝါးပေါ်ပေါ်တင်တင်ရောင်းဝယ်သုံးစွဲနေကြတာတွေကြောင့် ကျောင်းသားမိဘတွေအနေနဲ့ ကလေးတွေအနာဂတ်စိုးရိမ်မိတယ်လို့ မိဘတစ်ဦးက ခုလိုပြောပါတယ်။ “ကျွန်တော်တို့ကတော့ အရမ်းစိတ်မကောင်းဘူးပေးဘူးဗျ ကလေးတွေရဲ့ ကျောင်းပတ်လည်မှာရှိနေကြတာဆိုတော့ ကလေးတွေကအမြင်မဆန်းဖြစ်နေတာပေါ့ အတုမြင် အမြင်တတ်ဖြစ်မှာကို စိုးရိမ်တယ်”လို့ ဆိုပါတယ်။ ဝိုင်းမော်မြို့မှာ အထက ( ၁) အနီး မူးယစ်ဆေးဝါးတွေကို ပေါ်ပေါ်တင်တင်ရောင်းဝယ်သုံးစွဲနေကြတာဟာ နှစ်နဲ့ချီကြာနေပြီဖြစ်ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း ထိရောက်တဲ့အရေးယူမှုတွေမရှိတဲ့အတွက် တဖြည်းဖြည်းပိုမိုဆိုးရွားလာတာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံတွေက ပြောပါတယ်။ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေပိုဆိုးလာတာကြောင့် ရပ်ကွက်ထဲက ပြည်သူတွေစုပေါင်းပြီးမောင်းထုတ်တာ၊ ရဲတွေကို တိုင်ကြားတာတွေလုပ်ပေမယ့်လည်း ဖမ်းဆီးအရေးယူတာမရှိတဲ့အတွက် ထူးခြားမှုရှိမလာဘူးလို့ ဝိုင်းမော်ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “ရဲတွေကလည်း လာတော့လာတယ် ဒါပေမယ့် ပိုက်ဆံဘဲယူပြီး ပြန်ပြန်သွားတယ်။ ကျွန်တော်လည်း ဆေးရောင်းတဲ့သူကိုမေးကြည့်တော့ သူတို့ပြောတာက ရဲတွေကတစ်ခါတစ်လေ မင်းတို့မချရသေးဘူးမလားဆိုပြီး ပိုက်ဆံလာပေးတာမျိုးတောင်လုပ်တယ်လို့ ပြောတယ်”လို့ ဆိုပါတယ်။ ဒေသခံတွေရဲ့ပြောဆိုချက်အရ ရဲတွေဟာမူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို ဖမ်းဆီးတာမလုပ်ဘဲ အခွန်ကောက်ခံတဲ့ပုံစံမျိုးသာလုပ်လေ့ရှိတဲ့အတွက် ကျောင်းဘေးနားတစ်လျှောက် လွတ်လွတ်လပ်လပ်ရောင်းဝယ်သုံးစွဲသူတွေ ပိုဆိုးလာတာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံ ပြည်သူတွေက ပြောပါတယ်။ အခုလို အခြေအနေတွေကြောင့် ဝိုင်းမော်မြို့မှာ ပြီးခဲ့တဲ့နှစ်ကတည်းကနေ အသက်မပြည့်သေးတဲ့ ကလေးငယ်တော်တော်များများလည်း မူးယစ်ဆေးဝါးတွေသုံးစွဲတတ်လာပြီး ပျက်စီးလာကြတယ်လို့ ဆိုပါတယ်။ တစ်ဖက်မှာလည်း နိုင်ငံရေးအခြေအနေတွေကြောင့် ဝိုင်းမော်ဒေသခံတွေတိမ်းရှောင်ချင်ပေမယ့်လည်း မူးယစ်ဆေးဝါးရဲ့နောက်ဆက်တွဲပြသာနာဖြစ်တဲ့ ခိုးဆိုးလုနှိုက်တွေပေါများတဲ့အတွက် အိမ်စောင့်လျက်နေနေကြတာဘဲ ဖြစ်ပါတယ်။ အာဏာမသိမ်းခင် မူးယစ်ဆေးဝါးတိုက်ဖြတ်ရေးလုပ်ငန်းစဉ်တွေကို အရပ်ဘက်အဖွဲ့အစည်းတွေ အားကောင်းကောင်းနဲ့ တိုက်ဖြတ်နိုင်ခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စစ်တပ်ရဲ့ကန့်သတ်ချက်တွေကြောင့် ရပ်နားထားရတာဘဲ ဖြစ်ပါတယ်။ ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်နေရာအနှံ့မှာ လောင်းကစားရုံတွေအပြင်၊ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွေ များလာတာနဲ့ အတူ ခိုးဆိုးလုယှက်တာတွေလည်း များလာတာဘဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဘိန်းစိုက်ထုတ်မှုအများဆုံး ရှမ်းပြည်နယ်ဖြစ်ပြီး တစ်နိုင်ငံလုံးက စိုက်ပျိုးမှုနှုန်း ၈၈ ရာခိုင်နှုန်းက ရှမ်းပြည်နယ်က ဖြစ်တယ်လို့ UNODC မှာဖော်ပြထားပါတယ်။ အဲဒီထဲမှာတော့ ကချင်နဲ့ချင်းပြည်နယ်တို့က အများဆုံးစိုက်ပျိုးပြီး UNODC ရဲ့ ၂၀၂၃ ဒီဇင်ဘာ ၁၂ရက်နေ့ရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးမှုအများဆုံးနိုင်ငံဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ By – Hope
Read More » -
7 Juneသတင်း
KIO ထိန်းချုပ်နယ်မြေမှာ အခြေခံစာသင်ကျောင်း ၂၀၀ ကျော်ထပ်မံတိုးချဲ့
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေအသစ်တွေမှာ အခြေခံပညာစာသင်ကျောင်းပေါင်း ၂၀၀ ကျော်ကို ယခုနှစ် ထပ်မံတိုးချဲ့ဖွင့်လှစ် ထားတယ်လို့ KIO ပညာရေးဌာနကနေ သိရပါတယ်။ KIO အစိုးရ သိမ်းပိုက်ရရှိထားတဲ့နေရာဒေသတွေမှာ စာသင်ကျောင်း ပေါင်း ၁၀၀၀ ဝန်းကျင်လောက်ရှိနေပေမယ့်လည်း လုံခြုံရေးအရ ကျောင်းပေါင်း ၂၀၀ ကျော်သာ ဖွင့်လှစ်နိုင်သေးတာဖြစ်ပြီး ကျောင်းတွေတိုးချဲ့ဖွင့်လှစ်ရတာလို့ KIO ပညာရေးဌာန ဒုတာဝန်ခံ ဆရာကြီး မလန်ဘရန်တောင်( Malang Brang Tawng) က KNG ကို ပြောပါတယ်။ “ကျွန်တော်တို့တိုင်းပြည်မှာရှိတဲ့ ကလေးတွေအနေနဲ့ ပညာသင်ယူရမယ့်အချိန်တွေမှာ ပညာသင်ယူနိုင်ဖို့ ကျွန်တော်တို့က ရည်ရွယ်ပါတယ်။ ပြီးတော့ KIO ပညာရေးဌာဘက်ကလည်း ငွေကြေးအခက်အခဲတွေရှိပေမယ့်လည်း ကလေးတွေအားလုံး ပညာ မတတ်တဲ့သူမရှိအောင်ဆိုပြီး ကြိုးစားလုပ်ဆောင်နေတဲ့အတွက် မိဘပြည်သူတွေအနေနဲ့လည်း အားလုံးဝိုင်းဝန်းကူညီကြဖို့ တောင်းဆိုချင်ပါတယ်”လို့ ဆိုပါတယ်။ KIO ထပ်မံတိုးချဲ့ဖွင့်လှစ်ထားနိုင်တဲ့ ကျောင်းတွေဟာ အထက်တန်းကျောင်း ၂၅ ကျောင်း၊ အလယ်တန်းကျောင်း ၄၅ ကျောင်း၊ မူလတန်းကျောင်း ၁၇၁ ကျောင်းတိုးလာတယ်လို့ သူကဆိုပါတယ်။ ဒီစာသင်ကျောင်းတွေကို KIO မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပူတာအိုဘက်မှာ အထက်တန်းကျောင်း ၂ ကျောင်း၊ အလယ်တန်းကျောင်း ၂ ကျောင်းနဲ့ မူတန်းတန်းကျောင်း ၁၈ ကျောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရှမ်းပြည်နယ်ဘက်မှာ အထက်တန်းကျောင်း ၃ ကျောင်း၊ အလယ်တန်းကျောင်း ၁၀ ကျောင်းနဲ့ မူလတန်းကျောင်း ၁၇ ကျောင်း ထပ်မံဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ အလားတူ အရှေ့တိုင်းစစ်ဌာနချုပ်ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်ဘက်မှာတော့ အထက်တန်းကျောင်း ၃ ကျောင်း၊ အလယ်တန်းကျောင်း ၂ ကျောင်းနဲ့ မူလတန်းကျောင်း ၃၂ ကျောင်း၊ KIO ဗဟိုဌာနချုပ်အတွင်းမှာတော့ အထက်တန်းကျောင်း ၁၀ ကျောင်း၊ အလယ်တန်းကျောင်း ၁၇ ကျောင်းနဲ့ မူလတန်းကျောင်း ၅၃ ကျောင်း၊ အနောက်တိုင်းစစ်ဌာနချုပ်ထိန်းချုပ်နယ်မြေဖြစ်တဲ့ တနိုင်းဘက်မှာတော့ အထက်တန်းကျောင်းဖွင့်လှစ်ထားခြင်းမရှိပေမယ့် အလယ်တန်းကျောင်း ၃ ကျောင်းနဲ့ မူလတန်း ၅ ကျောင်းထပ်မံဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖားကန့်ဒေသထိန်းချုပ်နယ်မြေထဲမှာတော့ အထက်တန်းကျောင်း ၆ ကျောင်း၊ အလယ်တန်းကျောင်း ၇ ကျောင်းနဲ့ မူလတန်းကျောင်း ၁၇ ကျောင်း၊ အရှေ့မြောက်တိုင်းထိန်းချုပ်နယ်မြေ ဖရဲဘက်မှာတော့ အလယ်တန်းကျောင်း ၁ ကျောင်းနဲ့ မူလတန်းကျောင်း ၂ ကျောင်းတိုးလာပြီး အနောက်တောင်ဘက်တိုင်းထိန်းချုပ်နယ်မြေ မိုးညှင်းဘက်မှာတော့ အထက်တန်းကျောင်း ၁ ကျောင်း၊ အလယ်တန်းကျောင်း ၃ကျောင်းနဲ့ မူလတန်းကျောင်း ၂၇ ကျောင်းထပ်မံဖွင့်လှစ်ထားတာဘဲ စုစုပေါင်း ၂၄၁ ကျောင်းဖြစ်ပါတယ်။ အာဏာမသိမ်းခင် KIO ပညာရေးဌာနအောက်ကနေ…
Read More » -
5 Juneသတင်း
စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ ဝိုင်းမော်မြို့မှာ စာသင်ကျောင်းဖွင့်ပေမယ့် လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို
ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ၂၀၂၄– ၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံစာသင်ကျောင်းတွေ အားလုံးကိုဖွင့်လှစ်ထားပြီဖြစ်ပေမယ့် စစ်ရေးတင်းမာနေဆဲကြောင့် စိုးရိမ်ပူပန်မှုတွေရှိနေတယ်လို့ ကျောင်းသားမိဘတွေ ကပြောပါတယ်။ ဝိုင်းမော်မြို့က စာသင်ကျောင်းတွေမှာ မေလ ၂၈ရက်နေ့ ကတည်းကနေ ကျောင်းအပ်တာတွေကို လက်ခံနေတာ ဖြစ်ပြီး ဇွန်လ ၃ရက်နေ့…
Read More » -
Jan- 2024 -31 Januaryသတင်း
ရွှေကူမြို့နယ်မှာ NUG ထိန်းချုပ်မှုအောက် အခြေခံစာသင်ကျောင်းပေါင်း ၅၀ကျော်ဖွင့်လှစ်ထား
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနအောက်ကနေဖွင့်လှစ်ထားတဲ့ အခြေခံစာသင်ကျောင်းပေါင်း ၅၀ ကျော်ရှိတယ်လို့ ရွှေကူမြို့နယ်ပညာရေးဌာနက သိရပါတယ်။
Read More » -
8 Januaryသတင်း
အင်ဂျန်းယန်မြို့နယ်မှာ ၁ လခွဲနီးပါးပိတ်ထားတဲ့ စာသင်ကျောင်းပြန်ပြီးဖွင့်လှစ်
ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်မှာ ၁ လခွဲနီးပါးပိတ်ထားတဲ့ အခြေခံပညာအထက်တန်းကျောင်းမှာ ကျောင်းသား၊သူတွေကို စာသင်ကြားနေပြီလို့ အင်ဂျန်းယန်ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က အင်ဂျန်းယန်မြို့ထဲ ဆယ်စုနှစ်ကျော်ကြာအထိုင်ချခဲ့တဲ့စစ်ကောင်စီတပ်စခန်း အပြီးရုပ်သိမ်းဆုတ်ခွာသွားတဲ့အချိန် မြို့ထဲက အစိုးရအုပ်ချူပ်ရေးဆိုင်ရာ ရဲနဲ့ ဝန်ထမ်းများလည်း အားလုံး ထွက်ခွာသွားခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဇင်ဘာလ…
Read More » -
Dec- 2023 -21 Decemberသတင်း
အင်ဂျန့်ယန်မှာ ပိတ်ထားတဲ့ စာသင်ကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့ကြိုးစားနေ
ကချင်ပြည်နယ် အင်ဂျန်ယန်မြို့နယ်က တစ်လကျော်အကြာပိတ်ထားရတဲ့ စာသင်ကျောင်းများ ပြန်ပြီးဖွင့်လှစ်နိုင်ဖို့ ရွာကလူကြီးတွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ရက်နေ့ ညနေပိုင်း ၃နာရီဝန်းကျင်လောက်ကစပြီး အင်ဂျန်းယန်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့အထိုင်စခန်းနှစ်ခုလုံး အပြီး တပ်ဆုတ်သွားပြီးနောက် အင်ဂျန်ယန်…
Read More » -
Sep- 2023 -26 Septemberသတင်း
နမ့်ဖတ်ကာမှာ စစ်တပ် နဲ့ TNLA တိုက်ပွဲဖြစ်ပွားနေ
နမ့်ဖတ်ကာမှာ စစ်တပ်နဲ့ တအောင်းတပ်မတော် TNLA တပ်တို့ လက်နက်ကြီးနဲ့အပြန်အလှန်ပစ်ခတ်နေလို့ စာသင်ကျောင်းနဲ့စျေးတွေအားလုံး ပိတ်ထားရပြီး ဒေသခံတွေအတွက်လုံခြုံရေး စိုးရိမ်နေရတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၆ ဒီမနက် ၁၁ နာရီခန့် နမ့်ဖတ်ကာမှာအထိုင်ချနေတဲ့ ခလရ ၁၂၃ တပ် ကို TNLA ဘက်က လက်နက်ကြီးနဲ့ တပ်စခန်းအတွင်းထဲ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး…
Read More » -
Jun- 2023 -21 Juneသတင်း
အောင်နန်ကျေးရွာ စာသင်ကျောင်းပြန်လည်တည်ဆောက်ရန် ကူညီထောက်ပံ့မှုများ လိုအပ်နေ
မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် မံစီမြို့နယ် အောင်နန်ကျေးရွာမှ စာသင်ကျောင်းပြန်လည်တည်ဆောက်ရန် ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း ဒေသခံများမှ သိရသည်။ အောင်နန်ကျေးရွာတွင် ပြီးခဲ့သည့် မေလအတွင်း မိုးခါမုန်တိုင်းဝင်ရောက်တိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနှင့် နေအိမ်များပျက်စီးဆုံးရှုံးသွားသည့်အတွက် လက်ရှိ ယာယီကျောင်းဆောင်ဖြင့်သာ စာသင်ကြားနေရသည့် အခက်အခဲများရှိနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက…
Read More » -
17 Juneသတင်း
ရွှေကူမြို့နယ် KIA ၊ PDF စိုးမိုးထားသည့် နေရာများတွင် စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းဖွင့်လှစ်ရန် ခွင့်ပြုမည်မဟုတ်ကြောင်းပြောဆို
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF စိုးမိုးထားသည့်နေရာများတွင် စစ်ကောင်စီ စာသင်းကျောင်းများ ဖွင့်လှစ်ရန် ခွင့်ပြုမည်မဟုတ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ ရွှေကူမြို့နယ် KIA တပ်ရင်း ၁၂ နယ်မြေအတွင်း ရွှေကူအရှေ့တောင်ဘက်ခြမ်းနှင့်…
Read More »









