သတင်း

အင်ဂျန့်ယန်မှာ ပိတ်ထားတဲ့ စာသင်ကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့ကြိုးစားနေ

ကချင်ပြည်နယ် အင်ဂျန်ယန်မြို့နယ်က တစ်လကျော်အကြာပိတ်ထားရတဲ့ စာသင်ကျောင်းများ ပြန်ပြီးဖွင့်လှစ်နိုင်ဖို့ ရွာကလူကြီးတွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ရက်နေ့ ညနေပိုင်း ၃နာရီဝန်းကျင်လောက်ကစပြီး အင်ဂျန်းယန်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့အထိုင်စခန်းနှစ်ခုလုံး အပြီး တပ်ဆုတ်သွားပြီးနောက် အင်ဂျန်ယန် အထက်တန်းကျောင်း၊ အင်လော့ရန် မူလတန်းကျောင်းနဲ့ အင်ဂရန့်ရန် မူလတန်းကျောင်းတွေမှာ စာသင်ကြားနေတဲ့ ပညာရေးဝန်ထမ်းများ အားလုံး ပြောင်းရွေ့သွားတဲ့အတွက် KIO အစိုးရအောက်မှာရှိတဲ့ စာသင်ကျောင်းကလွှဲပြီး ကျန်တဲ့စာသင်ကျောင်းအားလုံး ပိတ်ထားရတာဖြစ်ပါတယ်။

၂၀၁၈ အင်ဂျန့်ယန် စာသင်ကျောင်းမှာ မြင်တွေ့တဲ့ ကလေးများ

အခုလိုကျောင်းပိတ်လိုက်တဲ့ အတွက် အင်ဂျန်ယန် မြို့က တချို့ ရပ်မိရပ်ဖတွေက ကလေးတွေပညာရေး အတွက်စိုးရိမ်ပြီး ကချင်ပြည်နယ် စစ်ကောင်စီအစိုးရဘက်က တာဝန်ရှိသူတွေနဲ့ ကျောင်းပြန်ဖွင့်နိုင်ဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေတဲ့ အပြင် တစ်ဖက်မှာလည်း ကေအိုင်အို ဘက်က ကျောင်းတွေဖွင့်လှစ်ပေးဖို့ ပြောဆိုတာမျိုးတွေလည်းရှိတယ်လို့ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

ကျောင်း ပြန်ဖွင့်နိုင်ဖို့အတွက် ဆွေးနွေးနေတုန်းဘဲ အဖြေတော့ မသိရသေးဘူး ဒီစာသင်နှစ် တစ်နှစ်တော့ ပြီးအောင် ဖွင့်ပေးဖို့ပေါ့။ တကယ်လို့ ဘယ်လိုမှဖွင့်ပေးလို့ မရဘူးဆိုရင်တော့ ကေအိုင်အို ဘက်က လည်း ကျောင်းတွေ ဖွင့် ပေးနိုင်ဖို့ စီစဉ်နေတယ်လို့ တော့ ပြောတယ်ဖွင့်ပေးလာလို့ရှိရင် အဲမှာ ပြန်တက်တာမျိုးပေါ့ လို့ ပြောပါတယ်။

အင်ဂျန်ယန်မြို့နယ်ဟာ ကချင်ပြည်နယ် မြစ်ဆုံအထက်မှာရှိပြီး ကေအိုင်အေတပ်မဟာ () တပ်ရင်း ()ရဲ့ ထိန်းချုပ်နယ်မြေအတွင်းမှာတည်ရှိတဲ့မြို့နယ်ဖြစ်တာကြောင့် အင်ဂျန်းယန်မြို့နယ်ထဲ စစ်ကောင်စီတပ်အောက် ကျောင်းတွေ ပိတ်ထားရပေမယ့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အစိုးရအောက်က ဖွင့်ထားတဲ့ တန်ဘောင်ယမ်ကျောင်းနဲ့ ဆွတ်မိုင်ယမ် ကျောင်းတွေမှာ‌တော့ KIO ဘက်က တက္ကသိုလ်ဆရာမတွေ သင်ကြားပေးနေတာလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒါ့အပြင် လက်ရှိအခြေအနေအရ အင်ဂျန်ယန်မှာ စစ်ရေးအရ ကေအိုင်အေနဲ့ စစ်ကောင်စီတို့ အကြား အခြေအနေတင်းမာမှု မရှိပေမယ့်လည်း ကေအိုင်အိုဘက်က ပိတ်ထားကျောင်းတွေ ဖွင့်လာချိန် စစ်ရေးအရတင်းမာမှုတွေ ပြန်ဖြစ်လာမှာကိုတော့စိုးရိမ်တယ်လို့ သူကခုလိုဆက်ပြောပါတယ်။

ကျောင်းပြန်ဖွင့်လာလို့ ရှိရင်လည်း စစ်ကောင်စီဘက်ကပြန်ရောက်လာမလား လေယာဉ်နဲ့များ ပြန်လာမလားဆိုတဲ့ စိုးရိမ်မှုတွေလည်းရှိနေတယ်လို့ဆိုပါတယ်။

လက်ရှိပိတ်ထားတဲ့ ကျောင်းတွေမှာ ကျောင်းသူ ကျောင်းသားဦးရေကတော့ သုံးရာဝန်းကျင်ရှိပြီးအထက်တန်းကျောင်းမှာတော့ ဆရာ၊ ဆရာမ ၁၀ ယောက်ဝန်းကျင်နဲ့ မူလတန်းကျောင်း တစ်ကျောင်းစီမှာတော့ ဆရာ,ဆရာမ ၅ယောက်ဝန်းကျင်ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

By – Hope

Show More

Related Articles

Back to top button