ပညာရေးသတင်း

ရွှေကူမြို့နယ်မှာ NUG ထိန်းချုပ်မှုအောက် အခြေခံစာသင်ကျောင်းပေါင်း ၅၀ကျော်ဖွင့်လှစ်ထား

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနအောက်ကနေဖွင့်လှစ်ထားတဲ့ အခြေခံစာသင်ကျောင်းပေါင်း ၅၀ ကျော်ရှိတယ်လို့ ရွှေကူမြို့နယ်ပညာရေးဌာနက သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကနေ စတင်ဖွင့်လှစ်ခဲ့တဲ့ ရွှေကူနယ်မှာ  နှစ်ကျော်ကာလအတွင်း အခြေခံကျောင်းပေါင်း ၅၀ကျော်ဖွင့်လှစ်နိုင်ခဲ့တယ်လို့ ရွှေကူမြို့နယ်ပညာရေးတာဝန်ခံဆရာမတစ်ဦးက ပြောပါတယ်။

အဲဒီကျောင်းပေါင်း ၅၀ ကျော်ထဲမှာ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းဆယ်ကျောင်းအပါအဝင် မူလတန်းကျောင်း ၃၀ ဝန်းကျင်လောက်ရှိပြီး စုစုပေါင်းကျောင်း  ၅၀ ဖွင့်လှစ်ထားနိုင်ပြီဖြစ်ရာ ကျောင်းသား၊သူအားလုံးစုစုပေါင်း ၅၀၀၀ကျော်ရှိတယ်လို့ သိရပါတယ်။

သို့သော် ကလေးတွေကိုအဓိက စာသင်ကြားပေးနိုင်တဲ့ CDMဆရာမ တွေကတော့ ၈၀လောက်သာရှိပြီး စေတနာ့ဝန်ထမ်းဆရာ/မကတော့ ၃၀၀ ဝန်းကျင်လောက်နဲ့ သင်ကြားပေးနေတာဖြစ်တယ်လို့ ရွှေကူမြို့နယ်ပညာရေးတာဝန်ခံ ဆရာမတစ်ဦးက ခုလိုပြောပါတယ်။

မူလတန်းကျောင်းတွေမှာ တစ်ခန်းတစ်ယောက်နှုန်းနဲ့ ခြောက်ယောက်လောက် သင်ရမယ့်ဟာတွေဆို သုံးယောက်လောက်နဲ့ဘဲ လုပ်လိုက်ရတာတွေရှိတယ် ကျွန်မတို့ကျောင်းကCDMဆရာ/မတွေနည်းကျတဲ့အခါကြတော့ စေတနာ့ဝန်ထမ်းတွေခေါ်ကြတာပေါ့ ဒါပေမယ့်လည်း သင်တန်းအတွေ့အကြုံမရှိတော့ အခက်တွေ့ရတာပေါ့လို့ သူမကဆိုပါတယ်။

စေတနာ့ ဝန်ထမ်းဆရာတွေထဲမှာ တက္ကသိုလ်တက်နေတဲ့သူတွေ၊ ဘွဲ့ရသူတွေနဲ့ ဆယ်တန်းပြီးမြောက်ထားသူတွေ အပါအဝင် ဆယ်တန်းအထိတက်ရောက်ထားတဲ့သူတွေလည်းပါဝင်တာကြောင့် စာသင်ကြားရေးပိုင်းမှာ အခက်ခဲရှိပေမယ့် စေတနာ့ဝန်ထမ်းဆရာ၊မအားလုံးကို သင်ကြားရေးပိုင်းနဲ့ပတ်သက်ပြီး သင်တန်းပြန်ပေးတာမျိုးလည်းလုပ်ဆောင်နေတယ်လို့ သူက ဆက်ပြောပါတယ်။

အခြေခံပညာကျောင်းတွေကို စာသင်တဲ့ကာလက  လတာဖြစ်ပြီး ကလေးတွေရဲ အသက်အရွယ်နေရာဒေသအခြေအနေအရ ကျောင်းတစ်ကျောင်းနဲ့ တစ်ကျောင်းစာသင်တဲ့အချိန်တွေက ကွာခြားမှုတွေရှိတယ်လို့ ဆိုပါတယ်။

ကျွန်မတို့က ကလေးတွေရဲ့ အသက်နဲ့ အတန်းနဲ့ကိုက်အောင်သွာ.နေရတဲ့ အပိုင်းတွေရှိတယ် ပြီးတော့လုံခြုံရေးအခြေအနေတွေအရ ကျောင်းဖွင့်တဲ့ချိန်နဲ့ ပြီးတဲ့ချိန်တွေက နှစ်လသုံးလလောက်တော့ကွာဟသွားတာတွေလည်းရှိတယ်လို့ဆိုပါတယ်။

ဒါ့အပြင် NUGအစိုးရ အောက်ကသင်ကြားတဲ့ကျောင်းတွေမှာ နဂိုရှိပြီးသားဘာသာရပ် ၆ခုအပြင်နိုင်ငံရေး အသိပညာ၊ လူအခွင့်အရေးနဲ့ အနုပညာစတဲ့ အခြားအထွေထွေ ဘာသာရပ်တွေကိုပေါင်းပြီးဘာသာရပ် ၁၀ ခုအထိ  သင်ကြားပေးနေရတယ်လို့ သိရပြီး စာမေးပွဲမှာတော့ အဓိက ၆ဘာသာသာဖြေဆိုရမှာဖြစ်ပြီး ကျန်တဲ့ဘာသာရပ်တွေကတော့ လက်တွေ့လုပ်ဆောင်ရတာတွေပိုမိုများတယ်လို့ ဆိုပါတယ်။

အခုလိုတော်လှန်ရေးကာလ အခြေအနေအမျိုးမျိုးကြားမှာ စစ်ကောင်လက်အောက်ကကျောင်းတွေကိုမတက်ချင်ပေမယ့်တက်နေရတဲ့သူတွေနဲ့ အွန်လိုင်းကနေရော မြေပြင်ကနေပါ လုံခြုံရေးနဲ့အခြေအနေအမျိုးမျိုးအရတက်ရောက်ဖို့ခက်ခဲနေတဲ့ သူတွေအတွက် NUGပညာရေးဝန်ကြီးဌာနကနေပြီးတော့ အိမ်ကနေပြီးတော့(Home Base)လေးငါးယောက်ဖွဲ့ပြီးသင်ကြားပေးတာမျိုးတွေလည်းရှိတယ်လို့ သူမကပြောပါတယ်။ 

ဒီလိုမျိုးစာသင်ကြားတဲ့ ပုံစံမျိုးကို သက်ဆိုင်ရာမြိုု့နယ်မှာရှိတဲ့ ပညာရေးတာဝန်ခံတွေနဲ့ CDMဆရာမတွေအပြင်NUGပညာရေးဝန်ကြီးဌာကရဲ့ FACEBOOK စာမျက်မှာတွေမှာလည်း သတင်းအချက်အလက်တွေကိုရယူနိုင်တယ်လို့ သူမကပြောပါတယ်။

ဒါအပြင် NUG ပညာရေးဝန်ကြီးဌာနဘက်က တော်လှန်ရေးကာလမှာ ကျောင်းသူ/သားတွေကို ပညာသင်ကြားနိုင်တဲ့ အခွင့်အလမ်းပိုမိုရရှိဖို့ ကြိုးစားနေသလို NUGလက်အောက်ကတတ်မြောက် သင်ကြားထားတဲ့ ကျောင်းသားတွေလည်း NUG ပညာရေးဝန်ကြီးဌာနရဲ့ထောက်ခံချက်ရယူပြီးအနောက်နိုင်ငံတချို့မှာ ပညာဆက်လက်သင်ကြားနိုင်တယ်လို အမေရိကန်၊ ကိုးရီးယားနဲ့ ပြင်သစ်စတဲ့နိုင်ငံတွေကိုလည်းချိတ်ဆက်နေတယ်လို့ NUGပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး စိုင်းအောင်မျိုးထွန်းကပြောပါတယ်။

By – Hope

Show More

Related Articles

Back to top button