ညီနောင်မဟာမိတ်

  • Jul- 2024 -
    5 July
    သတင်း

    လားရှိုးမြို့ နှစ်ဖက်တိုက်ပွဲတွေမှာ အရပ်သားသေဆုံးမှု ၁၃ ဦးအထိရှိလာ

    ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက ကိုးကန့်တပ် MNDAA တို့ နှစ်ဖက်ပစ်ခတ်မှုတွေအကြား သေဆုံးခဲ့ရတဲ့ အရပ်သား ၁၃ ဦးအထိရှိလာပြီလို့ တအာင်း တပ်မတော် TNLA သတင်းထုတ်ပြန်ချက်တွေနဲ့ ဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ နဲ့ မနေ့ကအထိ နှစ်ရက်အတွင်း မိသားစု ၆ဦး ပွဲချင်းပြီးသေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အပါအဝင် ကလေးငယ် နဲ့အမျိုးသမီးတွေပါသေဆုံးခဲ့ရပြီး နှစ်ရက်အတွင်းမှာပဲ သေဆုံးသူက ၁၃ ဦးအထိ ရှိလာတာဖြစ်ပါတယ်။ TNLA ရဲ့သတင်းထုတ်ပြန်ချက်တွေအရ လားရှိုးမြို့နယ်ထဲက ရပ်ကွက် ၁၊ရပ်ကွက် ၉၊ နမ့်ပေါင်ရွာ၊ ရပ်ကွက် ၁၁ နဲ့ ရပ်ကွက် ၅ တို့က ဒေသခံတွေ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ မနေ့က မနက်ပိုင်း ၇ နာရီခွဲဝန်းကျင်လောက်မှာတော့ စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ရပ်ကွက် ၉ က…

    Read More »
  • Dec- 2023 -
    19 December
    သတင်း

    မူဆယ် ၁၀၅ အနီး လေကြောင်းပစ်ခတ်မှုဆက်တိုက်ရှိနေဆဲ

    ရှမ်းမြောက် မူဆယ် ၁၀၅ မိုင်ကို ညီနောင်မဟာမိတ်ဘက်က အပြီးသတ်သိမ်းပိုက်ထားနိုင်ပေမဲ့ စစ်တပ်က လေယာဉ်နဲ့ ဆက်တိုက်လာရောက်ဗုံးကြဲတိုက်ခိုက်နေဆဲဖြစ်ကြောင်း ဒေသခံတွေ ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့က မူဆယ်မြို့အနီးက ၁၀၅ မိုင်ကုန်သွယ်ရေးဇုံရှိ စစ်တပ်ကုန်းကို ညီနောင်မဟာမိတ်တွေဘက်က အပြီးသတ်…

    Read More »
  • 19 December
    သတင်း

    တစ်လကျော်တိုက်နေရတဲ့ နမ့်ခမ်းမြို့ စခန်းသစ်ဗျူဟာကုန်း အပြီးသတ်သိမ်းပိုက်ရရှိ

    စစ်တပ်ဘက်က အပြင်းအထန်ခုခံနေတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့က  စခန်းသစ်ဗျူဟာကုန်းကို ညီနောင်မဟာမိတ်တွေ အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။ အဲ့ဒီစခန်းသစ်ကုန်းကို ဒီဇင်ဘာ ၁၈ ရက် မနေ့ညမှာ သိမ်းပိုက်ရရှိခဲ့ပြီ ဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ခုလိုအတည်ပြုပြောဆိုပါတယ်။ “သိမ်းလိုက်ပါပြီ။ စခန်းသိမ်းတာတော့ အတည်ပြုပါပြီ။ လက်ရှိ ကျနော်တို့ဆီမှာ အချက်အလက်လေးတွေ မစုံသေးဘူး။ ပုံတွေလည်းမရောက်လာသေးဘူး” လို့ ပြောပါတယ်။ နမ့်ခမ်းမြို့သိမ်းတိုက်ပွဲဆင်နွှဲပြီးနောက် နောက်ဆုံးခံစစ်ဖြစ်တဲ့ အဲ့ဒီစခန်းသစ်ဗျူဟာ ကုန်းကြီးကို ညီနောင်မဟာမိတ်တွေဘက်က ၁ လကျော်ကြာတိုက်ခိုက်ခဲ့ရပြီးနောက် သိမ်းပိုက်ရရှိပြီဖြစ်ပါတယ်။ နမ့်ခမ်းမြို့နဲ့ ၁ မိုင်လောက်အကွာမှာသာရှိတဲ့ အဲ့ဒီစခန်းသစ်ကုန်းကို တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ဘက်က အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၆ ရက်နေ့မှာ နမ့်ခမ်းမြို့ထဲက ရဲစခန်းနဲ့ မြို့ပြင်ဘက်က စစ်တပ်ဂိတ် တချို့နဲ့ အုပ်ချူပ်ရေးရုံးတွေကို သိမ်းပိုက်ရရှိခဲ့ကြောင်း မြို့ကိုထိန်းချူပ်လိုက်ပြီးဖြစ်ကြောင်း ထုတ် ပြန်ခဲ့တာဖြစ်ပါတယ်။ နမ့်ခမ်းမြို့ကို ထိန်းချူပ်နိုင်ပေမဲ့ မြို့နဲ့ကပ်ရပ် စစ်တပ်ရဲ့ခံတပ်ကြီး စခန်းသစ်ကုန်းကို မသိမ်းနိုင်သေးတာကြောင့် ညီနောင်မဟာမိတ်တွေ အပြင်းအထန်တိုက်ခိုက်ခဲ့ကြပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုလည်း အမြောက်အများရှိခဲ့ကြောင်း သိရပါတယ်။ နမ့်ခမ်းစခန်းသစ်ကုန်း သိမ်းပိုက်နိုင်ပြီဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး PSLF/ TNLA ပြောရဲဆိုခွင့်အဖွဲ့ကို KNG ကချင်သတင်းဌာနမှ ဆက်သွယ်ကြည့်ရာမှာတော့ သတင်းပို့ချက်မရသေးတာကြောင့် အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။ “အတည်ပြုပေးလို့ မရသေးပါဘူး။ ကျမတို့ဆီမှာ သတင်းလည်းမတတ်လာသေးပါ။ မနေ့ည အချိန်ထိတော့ တိုက်ပွဲတော့ ပြင်းထန်နေတယ်။ တစ်နေကုန်တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုပြီး တိုက်ခိုက်နေတာတွေရှိတယ်။ နမ့်ဖက်ကာကနေ အဝေးပစ်လက်နက်ကြီးနဲ့ ပစ်ကူနေတာတွေရှိတယ်”လို့ PSLF/…

    Read More »
  • Nov- 2023 -
    2 November
    သတင်း

    မြို့၄ မြို့ကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီလို့ဆို ညီနောင်မဟာမိတ်ထုတ်ပြန်

    ၁၀၂၇ စစ်ဆင်ရေး ၇ ရက်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ ၄ မြို့ကို အပြီးသတ်ထိန်းချုပ်လိုက်နိုင်ပြီလို့ ညီနောင်မဟာမိတ်အဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။ ညီနောင်မဟာမိတ်၃ဖွဲ့ဘက်က ထိန်းချုပ်ထားနိုင်တဲ့မြို့နယ်တွေဟာ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်(ပန်ဆိုင်း) အပါ အဝင် သိန္နီမြို့တို့ဖြစ်ပြီး အလုံးစုံထိန်းချုပ်နိုင်ပြီလို့ ဒီကနေ့ နိုဝင်ဘာ…

    Read More »
  • 1 November
    သတင်း

    ပန်ဆိုင်းမြို့ စစ်တပ်နဲ့ရဲစခန်း ညီနောင်မဟာမိတ်တိုက်ခိုက်သိမ်းပိုက်

    ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့က စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းကို ညီနောင်မဟာမိတ်တွေက အောက်တိုဘာ ၃၁ မနေ့ည ၈ နာရီမှာ ဝင်ရောက်တိုက်သိမ်းပိုက်ပြီး ရဲစခန်းလည်း မီးလောင်သွားပြီလို့ဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီနောက်နိုဝင်ဘာလ ၁ ရက် ဒီနေ့မနက် ၈ နာရီမှာတော့ စစ်တပ်က ဂျက်လေယာဉ် တစ်စီးနဲ့ ရဲစခန်းတဝိုက်လာရောက်ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ ၄ ဦးထိခိုက်ထိခိုက်ဒဏ်ရာရရှိထားပြီး နေအိမ်တစ်ချို့လည်းထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “မနေ့ည ပန်ဆိုင်းရဲစခန်းကိုတော့ ညီနောင်ကိုးကန့်တွေသိမ်းပိုက်လိုက်ပြီ။ စခန်းကိုလည်း မီးရှို့လိုက်ပြီပြောတယ်။ စစ်တပ်စခန်းကိုတော့ မသိမ်းနိုင်သေးဘူး။ ဒီမနက် ၈ နာရီလောက်မှာ လေယာဉ်နဲ့ လာပစ်သွားတယ်။ ရပ်ကွက် ၄ က နေအိမ်တစ်အိမ်ထိပြီး ပြည်သူ ၄ ဦးမှာ ထိသွားတယ်။” လို့  ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ စစ်တပ်လေယာဉ်နဲ့ဗုံးကြဲတာကြောင့်  ဒေသခံအမျိုးသား ၁ ဦး ၊ အမျိုးသမီး ၂ ဦး၊ ၇ နှစ်ဝန်းကျင်အရွယ် ကလေးငယ်တစ်ဦး စုစုပေါင်း ၄ ဦးထိခိုကဒဏ်ရာရရှိခဲ့ပါတယ်။  ကြူကုတ်ပန်ဆိုင်းမြို့က စစ်ကောင်စီတပ်စခန်းနဲ့ မြို့မရဲစခန်းကို ညီနောင်မဟာမိတ်အဖွဲ့ ကိုးကန့် MNDAA ၊ တအာင်း TNLA အပါအဝင် AA တို့ အောက်တိုဘာ ၃၀ ရက်နေ့ကစပြီး ဒရုန်းစစ်ဆင်ရေးနဲ့ စတင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ အဲ့ဒီလို တိုက်ခိုက်နေရာမှ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေလည်း ထွက်ပြေးသွားပြီး ရဲစခန်းကိုလည်း  မဟာမိတ်အဖွဲ့တွေဝင်စီးကာ မီးရှို့ဖျက်ဆီးလိုက်တာဖြစ်ပါတယ်။ လက်ရှိထိ ပန်ဆိုင်းမြို့ထဲ ညီနောင်မဟာမိတ်အဖွဲ့တွေ ဝင်ရောက်စီးနင်းနေပြီဖြစ်သလို စစ်ကောင်စီတပ်စခန်းကိုလည်း တိုက်ခိုက်နေဆဲဖြစ်ကြောင်းသိရပါတယ်။  ဒေသခံတွေ ပြောဆိုချက်အရ ပန်ဆိုင်းမြို့က အဲ့ဒီရဲစခန်းနဲ့ စစ်ကောင်စီစခန်းကို သိမ်းပိုက်ရရှိပါက ပန်ဆိုင်းမြို့ကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ပြောပါတယ်။ “ပန်ဆိုင်းက အဲ့ဒီ စစ်တပ်စခန်းနဲ့ ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဆိုရင်တော့ ပန်ဆိုင်းက ကိုးကန့်လက်ထဲဖြစ်ပြီ။ အခုလည်း မြို့ထဲဝင်စီးနေပြီး။ ပန်ဆိုင်းစစ်တပ်စခန်းတွေလည်း ရှိနေသေးတယ်။ ကိုးကန့်ဘက်က ဒရုန်းနဲ့အဲ့ဒီစစ်တပ်စခန်းကုန်းကို ပစ်ခတ်တိုက်ခိုက်နေတုန်း။” လို့ ဒီနေ့ ၁၁ နာရီလောက်မှာ အဲ့ဒီဒေသခံအမျိုးသားက ကချင်သတင်းဌာနကို ဖြေဆိုခဲ့ပါတယ်။ လက်ရှိမှာ ပန်ဆိုင်းမြို့က ဒေသခံပြည်သူအားလုံးနီးပါးကတော့ အောက်တိုဘာ ၃၀ ရက်နေ့ကတည်းက တရုတ်ဘက်ကို ညှိနှိုင်းတောင်းဆိုပြီး တရုတ်ဘက်ခြမ်းကို စစ်ရှောင်ခိုလှုံနေကြတယ်လို့ ဆက်လက်သိရပါတယ်။ ရှမ်းမြောက်မှာ အောက်တိုဘာလ ၂၇ ရက်နေ့ကနေ…

    Read More »
  • Oct- 2023 -
    30 October
    သတင်း

    သိန္နီတံတားကို ညီနောင်မဟာမိတ်အဖွဲ့တွေမိုင်းခွဲဖျက်ဆီးပြီးနောက် ကွတ်ခိုင် နဲ့ နမ့်ဖတ်ကာကြားက နမ့်ခိုင်တံတားကိုလည်း တိုက်ခိုက်နေလို့သိရ

    ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး–မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ သိန္နီတံတားကို ညီနောင် မဟာမိတ် ၃ ဖွဲ့က ဒီကနေ့ အောက်တိုဘာ ၃၀ ရက်နေ့ မနက်ပိုင်းမှာပဲ မိုင်းခွဲဖျက်ဆီးလိုက်တယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။ အခုလို သိန္နီတံတားမိုင်းခွဲဖျက်ဆီးခံရတာဟာ ရှမ်းပြည်နယ်အရှေ့ဘက်ခြမ်းနဲ့ ရှမ်းပြည်နယ်တောင်ဘက်ခြမ်း…

    Read More »
  • 27 October
    သတင်း

    ဘုံရန်သူတူရင် ဘယ်ဒေသမှာမဆို တိုက်ပွဲဖော်ဆောင်သွားမယ်လို့ BPLA ပြော

    ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဒီကနေ့ အောက်တိုဘာ ၂၇ ရက်နေ့မှာပဲ စတင်ခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး”မှာ ညီနောင်မဟာမိတ် ၃ဖွဲ့နဲ့အတူ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ကလည်းပါဝင်တိုက်ခိုက်နေတယ်လို့ သိရပြီး ဘုံရန်သူတူရင် ဘယ်ဒေသမှာမဆို တိုက်ပွဲဖော်ဆောင်သွားမယ်လို့ BPLA က KNG…

    Read More »
Back to top button