သတင်း

သိန္နီတံတားကို ညီနောင်မဟာမိတ်အဖွဲ့တွေမိုင်းခွဲဖျက်ဆီးပြီးနောက် ကွတ်ခိုင် နဲ့ နမ့်ဖတ်ကာကြားက နမ့်ခိုင်တံတားကိုလည်း တိုက်ခိုက်နေလို့သိရ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ သိန္နီတံတားကို ညီနောင် မဟာမိတ် ၃ ဖွဲ့က ဒီကနေ့ အောက်တိုဘာ ၃၀ ရက်နေ့ မနက်ပိုင်းမှာပဲ မိုင်းခွဲဖျက်ဆီးလိုက်တယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။

အခုလို သိန္နီတံတားမိုင်းခွဲဖျက်ဆီးခံရတာဟာ ရှမ်းပြည်နယ်အရှေ့ဘက်ခြမ်းနဲ့ ရှမ်းပြည်နယ်တောင်ဘက်ခြမ်း ကနေ တက်လာနေတဲ့ စစ်ကောင်စီရဲ့ယာဥ်တန်းတွေကို ဖြတ်တောက်ဖို့ ဖြစ်နိုင်တယ်လို့ ဒေသခံတစ်ယောက် ကသုံးသပ်ပါတယ်။

မိုင်းခွဲဖျက်ဆီးလိုက်တာ အဓိကက‌ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကိုဖျက်တောက်ချင်တာ ရှမ်း အရှေ့ နဲ့ ရှမ်းတောင်ဘက်က စစ်ယာဥ်တန်းတွေတက်လာတယ်လို့ကြားတယ် အဓိကတံတားကြီးပေါ့ ဆက်သွယ်ရေးလမ်းပိုင်းတွေရဲ့ အဓိကပင်မတံတားပဲ ဘယ်လိုမှကိုဝှိုက်ပြီးသွားလို့မရဘူး မြစ်ချောင်းတွေကို ဖြတ်ထားတာကိုလို့ပြောပါတယ်။

ဒါ့အပြင် သိန္နီတံတားဟာ လက်ရှိညီနောင်မဟာမိတ်တပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ချင်းရွှေဟော်ဒေသဘက် ကို သွားဖို့ ဖြတ်သန်းရမယ့်တံတားတယ်လို့ သိရပြီး တစ်ဖက်မှာလည်း ဒီကနေ့ အောက်တိုဘာ ၃၀ ရက်နေ့မနက်ပိုင်းမှာပဲ နမ့်ဖတ်ကာ နဲ့ ကွတ်ခိုင်ကြားမှာရှိတဲ့ နမ့်ခိုင်စစ်ဆေးရေးတံတားဂိတ်ကိုလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ဝင်ရောက်တိုက်ခိုက်နေတယ် လို့ သူကဆက်ပြောပါတယ်။

နမ့်ခိုင်လည်း ဒီမနက်တိုက်ပွဲဖြစ်နေတယ် နမ့်ခိုင်တံတားမှာပေါ့ ဒီ သိန္နီတံတားရော နမ့်ခိုင်တံတားရောက အရေးပါတဲ့တံတားတွေပေါ့ လက်ရှိအထိတော့ သိမ်းလိုက်ပြီလားဘာလားတော့ မကြားမိသေးဘူး” လို့ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ကွတ်ခိုင်မြို့ကနေလည်း လက်နက်ကြီးပစ်ခတ်သံတွေ ဆက်တိုက် ကြားနေသလို လေကြောင်းကနေ လည်း တိုက်ခိုက်တာတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် မနေ့က အောက်တိုဘာ ၂၉ ရက်နေ့ညပိုင်း၈နာရီလောက်မှာတော့ တအာင်းတပ်မတော် တပ်မဟာ ၅ ဒေသ သိန္နီမြို့နယ်ထဲက မိုင်းလီစစ်ကောင်စီတပ်စခန်း တစ်ခုကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ တအာင်းတပ်မတော် PSLF/TNLA ကသတင်းထုတ်ပြန်ထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button