တိုက်ပွဲသတင်း

ဆိုင်းတောင် စစ်တပ်ကုန်းကို KIA၊ PDFက ဒရုန်းဖြင့် တိုက်ခိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာရှိ စစ်ကောင်စီစစ်တပ်ကုန်းကို KIA  PDF ပူးပေါင်းတပ်ဖွဲ့မှ ယမန်နေ့ည ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဖားကန့် PDF နှင့် နီးစပ်သူများမှ သိရသည်။

ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာ ရပ်ကွက် ၂ အနီးရှိ စစ်ကောင်စီ စစ်တပ်ကုန်းကို ဖေဖော်ဝါရီ ၁၉ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဖားကန့် PDF နှင့် နီးစပ်သူတစ်ဦးက KNG ကို ပြောသည်။

ညကသွားပစ်တာဟုတ်တယ်တဲ့ ၇၉ မမ တွေ၊ ပြီးပဒိန် လက်နက်တွေနဲ့သွားပစ်တာတဲ့ ဟိုဘက်က အကျအရှုံးတော့ရှိမယ်လို့သိရတာ သေချာစီစဥ်ပြီး သွားပစ်တာဆိုတော ညကြီးဆိုတော့ဘယ်လောက်ကျလဲ အတိအကျမသိရသေးဘူးဟုပြောသည်။

သွားရောက်ပစ်ခတ်မှုတွင် မိနစ် ၃၀ နီးပါးကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်များ ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

သို့သော်လည်း နှစ်ဖက်ကျဆုံးမှု ရှိမရှိကို KNG အသေးစိတ်စုံစမ်းနေဆဲ ဖြစ်သည်။

ဆိုင်းတောင်စစ်တပ်ကုန်းသည် ယခုနောက်ပိုင်း မကြာခဏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခြင်းနှင့် အရပ်သားပြည်သူများကို ဝင်ရောင်စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာနေကြောင်း သိရသည်။

Show More

Related Articles

Back to top button