သတင်း

ကသာမြို့ပြင်စစ်တပ်ဂိတ် ပစ်ခတ်ခံရပြီး စစ်ကောင်စီဘက်က ၃ ဦးထိခိုက်ဒဏ်ရာရ၊ ပြည်သူ ၂ ဦးသေနတ်ထိမှန်

စစ်ကိုင်းတိုင်း ကသာမြို့ပြင်မှာရှိတဲ့စစ်တပ်ဂိတ် ဒီနေ့မနက်  နာရီလောက်မှာ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က  ဦးထိခိုက်ဒဏ်ရာရပြီး ဂိတ်နားကဖြတ်လာတဲ့ ပြည်သူ  ဦးသေနတ်ထိမှန်ထား‌တယ်လို့ ကသာ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ်လ ၁၇ ရက်နေ့ မနက်ပိုင်း ပစ်ခံရတဲ့ အဲဒီဂိတ်ဟာ စစ်အင်အား ၂၀ လောက်တပ်စွဲနေထိုင်တဲ့ဂိတ်ဖြစ်ပြီး လမ်းသွားလမ်းလာပြည်သူများကို နည်းအမျိုးမျိုးနဲ့အခွန်ကောက်ခံနေတဲ့ ဂိတ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂိတ်ကို ကသာ PDF ဘက်က ဒရုန်းနဲ့သွားပစ်တာ သူတို့ဘက်ကလည်း ပြန်ပစ်တော့ အဲမှာ ပန်းသွားချိုးပြီး ပြန်လာတဲ့ ဒေသခံအမျိုးသား  ယောက်ကျည်ထိသွားတာ ဟုတ်တယ်”လို့ပြောပါတယ်။

ကျည်ဆံထိမှန်သူ အမျိုးသား  ဦးမှာ ကသာမြို့ ရပ်ကွက် ၉၊ အပိုင်း ၄ မှာနေထိုင်သူများဖြစ်ပြီး အသက် ၂၅ နှစ်အရွယ်နဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသားနှစ်ဦးဖြစ်ပြီး အသက် ၂၅ နှစ်အရွယ်အမျိုးသားမှာ ဦးခေါင်းကျည်ဆံထိမှန် ထားတဲ့အတွက် အသက်အန္တရယ်စိုးရိမ်ရပြီး မန်းလေးဆေးရုံကို ပို့ဆောင်လိုက်ပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ကျည်ဆံထိတဲ့ နှစ်ယောက်က အခြေနေတော်တော်စိုးရိမ်ရတယ်ကြားတယ် အဲကြောင့်မန်းလေးကို အရေးပေါ်ပို့လိုက်ပြီ ခုလောလောဆယ်တော့ အဲနားဂိတ်က ဖြတ်သွားလို့မရသေးဘူးလို့ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရရှိထားသူတွေကိုလည်း အရေးပေါ်ကားနဲ့သယ်ယူနေကြတယ်လို့ ကသာဒေသခံတွေကပြောပါတယ်။

ကသာမြို့နယ်ဟာ စစ်ကိုင်းကသာအစပ်မှာရှိတဲ့မြို့နယ်ဖြစ်ပြီးတော့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေနဲ့ ကာကွယ်ရေးတပ်တွေအကြား မကြာခနဆိုသလိုထိတွေ့တိုက်ပွဲဖြစ် နေတဲ့နေရာလည်းဖြစ်ပါတယ်။

Show More

Related Articles

Back to top button