,
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် ပျဥ်ထောင်ကျေးရွာတွင် ပျူစောထီး၊ စစ်ကောင်စီ ပူးပေါင်းတပ် နှင့် နယ်မြေခံ ကာကွယ်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၁၀ ဦးခန့် သေဆုံးကာ ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ဖြစ်စဥ်မှာ ယမန်နေ့က ပျဥ်ထောင်ကျေးရွာတွင် ရောက်ရှိနေသော ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့များကို နယ်မြေခံကာကွယ်ရေးတပ်များမှ ဒရုန်းဖြင့်ပစ်ခတ်ခဲ့ပြီးနောက် တဲစုကျေးရွာ ဦးတည်လာတဲ့ အင်အား ၄၀ ပါ စစ်ကြောင်းနှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ရောင်နီပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “ပျဥ်ထောင်ရွာက ပျူတွေ လုံခြုံရေးယူနေတဲ့အချိန် မြို့နယ် ပကဖက ဒရုန်းနဲ့ပစ်တယ် အောင်တော့မအောင်မြင်ခဲ့ဘူး။ အဲ့မှာအင်အား ၄၀
အရာတော်မြို့နယ် ဆင်တလည်ကျေးရွာမှ နေအိမ် ၃၇ လုံးကို ဇူလိုင်လ ၁၃ ရက်နေ့ မနက်ပိုင်း ၁၀နာရီ ဝန်းကျင်က စစ်ကောင်စီ တပ်သားများ နှင့် ပျူစောထီးအဖွဲ့များ ဝင်ရောက်စီးနင်းကာ မီးရှို့သွားကြောင်း Ayadaw Bone Naing PDF ထံမှ သိရသည်။ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများသည် ဆင်တလည်ရွာကို လက်နက်ကြီး ၁၅ လုံး ခန့် ရမ်းသမ်းပစ်ခတ်ကာ ဝင်ရောက်လာခဲ့ပြီး နေအိမ်များကို ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး ချက်ချင်းပြန်ထွက်ခွာသွားကြောင်း
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာရှိ လူနေအိမ် ၁၀၀ ဝန်းကျင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ပျူစောထီးအဖွဲ့များက ဇွန်လ ၁၄ရက် ယမန်နေ့နံနက် ၅နာရီခန့်တွင် မီးရှို့ဖျက်ဆီးသွားပြီး ဒေသခံပြည်သူ ၄ဦးလည်း သတ်ဖြတ်ခံထားရကြောင်း ဒေသသတင်းအရင်းအမြစ်ထံမှသိရပါသည်။ "သတ်ဖြတ်ခံရတာတော့ ယောက်ျားသားတွေပဲ။ တစ်ယောက်ကတော့ မီးရှို့ပြီးသတ်ခံရတာ ကျန်တာတွေကျတော့ မျက်ခွက်တွေဘာတွေကို ဓားတွေနဲ့မွှန်းပြီးတော့ သေနတ်တွေနဲ့ရောပစ်သတ်ခံရတာဗျ"ဟု Farmer Revolution Force FRF (CHU)မှတာဝန်ရှိသူတစ်ဦးကဆိုသည်။ အဆိုပါစစ်ကောင်စီတပ်ဖွဲ့များနှင့် ပျူစောထီးများသည် ဇွန်လ၁၂ရက်နေ့က ချင်းတွင်းမြစ်ကြောင်းအတိုင်း မော်တော်ရေယာဥ်ဖြင့်ဆန်တက်လာကာ တောကျောင်းလေးရွာတွင်
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကံဇီးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့အချို့နှင့် ပျူစောထီးအဖွဲ့ကို ဇွန်လ ၅ ရက် နေ့လည် ၁၂နာရီဝန်းကျင်တွင် ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း Farmer Revolution Force FRF(CHU) မှ သိရသည်။ ဒရုန်းဖြင့် တိုက်ခိုက်နေချိန် စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့် လက်နက်ကြီးလက်နက်ငယ်များ အသုံးပြုကာ ဆက်တိုက်ပစ်ခတ်ရာမှ မြေပြင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၈ဦးထက်မနည်း သေဆုံးကြောင်း CHU မှ တာဝန်ရှိသူက ပြောသည်။ "ဒရုန်းနဲ့တိုက်လိုက်တော့ သူတို့ဘက်က
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆန်းကြွယ်ကျေးရွာတွင် ပျူစောထီး ယူဆရသူ အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံများထံ မှသိရသည်။ ယနေ့ မတ် ၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဖြစ်ပွားခဲ့ပြီး ယင်းအမျိုးသားမှာ နေအိမ်တွင်းရှိနေစဥ် လက်နက်ကိုင်ဆောင်ထားသည့် အမည်မသိလူတစ်စုမှ ပစ်ခတ်သွားကြောင်း ဆန်းကြွယ်ကျေးရွာ နေအမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ဆိုသည်။ "သူ့အသက်က ၆၀ ဝန်းကျင် လူနာမည်ကတော့ဦးလူမော်တဲ့ မနက် ၁၀ နာရီခွဲလောက် နေအိမ်မှာသေနတ်နဲ့
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများအခြေချနေထိုင်သည့် စခန်းကိုမေလ ၁၁ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းကာ သွားရောက်တိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်းသိရသည်။ မြန်မာ့တော်ဝင်နဂါးတပ်မတော်၊ မုံရွာပြည်သူကာကွယ်ရေးတပ်၊ ပုလဲနယ်တပ်ရင်း (၁) နှင့် နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက နံနက်ပိုင်း ၁၁ နာရီမှ ညနေပိုင်း ၃နာရီခွဲအထိ သွားရောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ၂၀ ကျော်ထိခိုက်ကျဆုံးခဲ့ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဘက်မှ တစ်ဦးကျဆုံးခဲ့ကြောင်း ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကKNG သတင်းဌာနသို့ပြောသည်။ “တိုက်ပွဲကတော်တော်လည်းပြင်းထန်ခဲ့တယ်ဗျ။
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများက အင်အား အလုံးအရင်းဖြင့် တစ်ရွာဝင်တစ်ရွာထွက် လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီစစ်သားနှင့် ပျူစောထီးအဖွဲ့ အင်အား ၁၀၀ ခန့်သည် ယနေ့ မေလ ၂ရက်နေ့တွင် စစ်ကြောင်း ၃ ကြောင်း ဖြန့်ကာ ခင်ဦးမြို့နယ်အတွင်းရှိ သရက်ကန်ရွာ၊ အင်းပတ်ရွာ၊ အင်းတိုင်းလေးရွာ၊ မူးသာကျေးရွာများတွင်းသို့ ဝင်ရောက်လာကာ ကျေးရွာမှနေအိမ်များကို မီးတင်ရှို့သွားကြောင်း ခင်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက