သတင်း

ဖောင်းပြင်က စစ်တပ်နဲ့ပျူစောထီးပူးပေါင်းတပ်စခန်းနှစ်ခုကို PDF သိမ်းပိုက်

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် စစ်တပ်နဲ့ပျူစောထီးပူးပေါင်း တပ်ထိုင်ထားတဲ့ တပ်စခန်းနှစ်ခုကို PDF တွေ သိမ်းပိုက်ရရှိထားတယ်လို့ သိရပါတယ်။

ဖောင်းပြင်မြို့နယ် ဆိတ်ဆားကျေးရွာနဲ့ ဟာပါကျေးရွာထဲမှာ ပူးပေါင်းတပ်ထိုင်ထားတဲ့ စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေရဲ့စခန်းကို ဖောင်းပြင်PDFနဲ့မဟာမိတ်ပူးပေါင်းတပ်တွေက မေလ ၁၀ရက်နေ့ မနက်အစောပိုင်းမှာ သိမ်းပိုက်ရရှိထားတယ်လို့ ဖောင်းပြင် PDF တာဝန်ရှိသူတစ်ဦး KNG ကိုပြောပါတယ်။

ရလိုက်ပြီ မနက် ၁၀ နာရီမှာရလိုက်တယ် စကစ စစ်သားတွေနဲ့ပျူတွေက ဖောင်ပြင်ဘက်ကိုပြေးသွားကြတယ်။ အဲ့တာကိုဒီဘက်တော်လှန်ရေးတပ်ဖွဲ့တွေ ကနောက်ကနေလိုက်ပြီးလိုက်ပစ်သေးတယ် စခန်းတွေကိုတော့ရှင်းလင်း နေတုန်းလို့ ပြောပါတယ်။

သိမ်းပိုက်ရရှိထားတဲ့ ဒီစခန်း  ခုကို ဖောင်းပြင် PDF ပူးပေါင်းတပ်တွေက မေလ ၇ ရက်နေ့ကတည်းကနေ တစ်ပြိုင်နက်တည်းဝင်တိုက်ခဲ့တာဖြစ်ပြီး မေလ ၁၀ ရက်နေ့  ရက်အကြာ သိမ်းပိုက်ရရှိလိုက်တာဖြစ်ပါတယ်။

လက်နက်ခဲရမ်းတွေလည်းအများကြီးရတယ်ဗျ။ သိမ်းဆည်းနေကြတုန်းအလောင်းကတော့ ဟာပါမှာလည်း ၁၀ လောင်းကျော် ၂၀ လောက်တွေ့ထားပြီအခု ဆိတ်ဆားမှာလည်းအလောင်းတွေကိုတွေ့တာ မနည်းဘူးဒဏ်ရာတွေလည်းအများကြီးရတယ်သူတို့သယ်ထုတ်သွားကြတယ်လို့အထက်ဖော်ပြပါတာဝန်ရှိသူကဆက်ပြောပါတယ်။

ဟာပါနဲ့ဆိတ်ဆားစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က သေဆုံးသူ ၃၀ ထက်မနည်းရှိပြီး ထိခိုက်ဒဏ်ရာရ များနေသလို ကာကွယ်ရေးတပ်ဘက်ကလည်း ထိခိုက်သေဆုံးမှုရှိတယ်လို့သိရပါတယ်။

ကျန်ရှိနေတဲ့ ညောင်ကုန်းကျေးရွာထဲက စစ်ကောင်စီတပ်နဲ့ပျူစောထီးပူးပေါင်းတပ် စခန်းကိုဆက်လက်တိုက်ခိုက်သိမ်းပိုက်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က တံတားဦးနဲ့ဟုမ္မလင်းလေဆိပ်ကနေ MI2 နဲ့ဂျက်ဖိုက်တာတွေနဲ့ နေ့စဥ်ဗုံးကျဲတိုက်ခိုက်တာတွေလည်းရှိနေတဲ့အတွက်အရပ်သားထိခိုက်မှု၊နေအိမ်ပျက်စီးမှုတွေလည်းရှိနေတယ်လို့ဒေသခံတွေကဆိုပါတယ်။

ဒီနေ့သိမ်းပိုက်ထားတဲ့ ဆိတ်ဆားနဲ့ ဟာပါကျေးရွာကစခန်းတွေဟာ မုံရွာဟုမ္မလင်းကားလမ်းပိုင်းမှာတည်ရှိပြီးစစ်ကောင်စီတပ်က ကုန်းကြောင်းနဲ့ထောက် ပို့လမ်းကြောင်းအသုံးပြုရာမှာ အရေးပါတဲ့လမ်းကြောင်းဖြစ်ပါတယ်။

ဖောင်းပြင် PDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ဖောင်းပြင်နယ်ထဲက စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေပူးပေါင်းတပ်ထိုင်နေတဲ့ အင်ကြင်းမော်၊မနော်သာ၊ ကျွန်းကုန်း၊မံမော်စတဲ့ကျေးရွာတွေကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button