တိုက်ပွဲသတင်း

ဖောင်းပြင်မှာ စစ်တပ်နဲ့ပျူစောထီးတွေပူးပေါင်းတပ်ထိုင်တဲ့ ရွာ ၃ ရွာတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်မှာ ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်တွေပူးပေါင်း တပ်ထိုင်နေတဲ့ ကျေးရွာ  ရွာကို ဖောင်းပြင်PDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကတစ်ပြိုင်တက်တည်း ဝင်ရောက်တိုက်ခိုက်နေတာကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

မုံရွာဟုမ္မလင်းကားလမ်းမကြီးပေါ်မှာရှိတဲ့ ဖောင်းပြင်နယ်ထဲက ဆိတ်ဆားရွာကျေးရွာ၊ ဟာပါကျေးရွာနဲ့ညောင်ကုန်းကျေးရွာထဲ စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေပူး ပေါင်းတပ်ထိုင်နေတဲ့ စခန်းတွေကို ဖောင်းပြင် PDF နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက မေလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ကနေ တစ်ပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီ နေ့ မေလ ၉ ရက်နေ့အထိ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဖောင်းပြင် PDF တာဝန်ရှိသူ တစ်ဦးက KNGကိုပြောပါတယ်။

တိုက်ပွဲတွေကဖြစ်နေတုန်းပဲ ညောင်ကုန်းရယ်၊ဟာပါရယ်၊ ဆိတ်ဆားရယ်သုံးနေရာကို တိုက်ပွဲဖော်ဆောင်နေတာဟာပါကတော့ကျောင်းပဲကျန်တော့တယ် ဆိတ်ဆားကတော့ ရွာတစ်ပိုင်ကျန်သေးတယ် ညောင်ကုန်းက လည်းရွာတစ်ပိုင်းကျန်သေးတယ် နယ်မြေအနေအထားအရတော့တစ်ဝက်ဆီတော့ရပြီ။ သူတို့မဆုတ်သေးတာပဲရှိသေးတာသူတို့ ဆုတ်ပြီဆိုရင်တော့လုံးလုံးရပြီလို့ ပြောပါတယ်။

စစ်ကောင်စီစစ်သားတွေနဲ့ ပျူစောထီးတွေဟာ လက်ရှိကျေးရွာတွေထဲက လူနေအိမ်တွေ၊စာသင်ကျောင်းဆောင်တွေကိုအကာအကွယ်ယူခံပစ်နေတာကြောင့် ကာကွယ်ရေးတွေဘက်ကအချိန်ကြန့်ကြာနေတာဖြစ်ပြီး  ရက်တာထိုးစစ်အတွင်း ကျေးရွာသုံးရွာစလုံးကို ၅၀ ရာခိုင်နှုန်းလောက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး အပြည့်အဝထိန်းချုပ်နိုင်ဖို့ ဆက်ပြီးတိုက်နေတယ်လို့သိရပါတယ်။

သူတို့ကအရပ်သားတွေရဲ့နေအိမ် အိမ်အောက်မှာ ကွန်ဂရစ်နဲ့ဘန်ကာတွေဆောက်ပြီးခံပစ်နေတာ အကျအဆုံးကတော့များတယ် မနေ့တုန်းကဟာပါ ရွာထဲမှာတော့သူတို့မဆွဲနိုင်လို့ကျန်တဲ့အလောင်း ၇လောင်းရတယ် ညောင်ကုန်းရဲ့ဆိတ်ဆားဘက်ကအလောင်းတွေတော့မရသေးဘူး သူတို့ထိခိုက်ဒဏ်ရာရတာဟာပါထဲမှာတော့ များတယ် ၅၀ ကျော်ရှိတယ်လို့အထက်ပါတာဝန်ရှိသူကဆက်ပြောပါတယ်”လို့ ဖောင်းပြင်ကာကွယ်ရေးတပ် တာဝန်ရှိသူက ဆက်ပြောပါတယ်။

တိုက်ပွဲ ၃ ရက်အတွင်း နှစ်ဖက်အကျအဆုံးတွေရှိပေမယ့် စစ်ကောင်စီစစ်သားတွေနဲ့ ပျူစောထီးတွေဘက် သေဆုံးမှုတွေများနေတာကြောင့် စစ်ကောင်စီက လေကြောင်းသုံးပြီး တိုက်ခိုက်နေတာကြောင့် ထိခိုက်မှုတွေလည်းရှိနေတယ်လို့သိရပါတယ်။

ဟုတ်တယ် ဟုတ်တယ် ညတွေရော ည ၁၂ နာရီခွဲ တစ်နာရီကျော် မနက်ပိုင်းဆိုလည်း ၂ နာရီ သုံးနာရီလောက် မနေ့တုန်းကဆိုရင် ငါးနာရီ ခွဲကတည်းကလေကြောင်းပစ်တာလေး ဟိုဘက်က အထိအခိုက်ကတော့ရှိမှာနော် ပြည်သူတွေလည်းအထိအခိုက်ရှိတယ်လို့ဖောင်းပြင် PDF တစ်ဦးက ပြောတယ်။

အထက်မှာဖော်ပြခဲ့တဲ့ကျေးရွာတွေကစခန်းသိမ်းတိုက်ပွဲအတွင်းမှာ ကာကွယ်ရေးဘက်ကတစ်ဦးကျဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရရှိထားတယ်လို့လည်းသိရပါတယ်။

လက်ရှိဖောင်းပြင်PDFနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဝင်ရောက်တိုက်ခိုက်နေတဲ့ တပ်စခန်းတွေဟာ ဟုမ္မလင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်ကကုန်းကြောင်းနဲ့ထောက်ပို့လမ်းကြောင်းအသုံးပြုရာမှာ မဟာဗျူဟာကျတဲ့လမ်းပိုင်းမှာရှိနေတာဖြစ်ပါတယ်။

ဖောင်းပြင်PDFနဲ့မဟာမိတ်ပူးပေါင်းတပ်တွေဟာ လွန်ခဲ့တဲ့ဧပြီလတုန်းကလည်း ဖောင်းပြင်နယ်ထဲက စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ပူးပေါင်းတပ်ထိုင်နေတဲ့ အင်ကြင်းမော်၊မနော်သာ၊ ကျွန်းကုန်း၊မံမော်စတဲ့ကျေးရွာတွေကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button