ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို
,
ကချင်ပြည်နယ် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသကို အာဏာသိမ်းစစ်ကောင်စီက ရာနှုန်းပြည့် ထိန်းချုပ်နိုင်ရန်အတွက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့တို့ကို အင်အား ကျဆင်းသွားအောင် ပိတ်ဆို့တားမြစ်မှုများကို အစွမ်းကုန် လုပ်ဆောင်နေသည်ဟု ဖားကန့်ဒေသခံများ ပြောဆိုနေကြသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နောက်ပိုင်း ဖားကန့်ဘက်သို့ တင်ပို့မည့် ဆန်နှင့် စက်သုံးဆီများကို ဖားကန့်လမ်း နမ့်ယာ(Nam Ya Mare) စစ်တပ်ဂိတ်တွင် စတင်တားမြစ်ခဲ့ပြီးနောက် KIA နှင့် ဆက်နွယ်မှုရှိသည့် ကျောက်စိမ်ကုမ္ပဏီတစ်ချို့ကိုလည်း လုပ်ငန်းလည်ပတ်ခွင့်မရအောင် ပိတ်ဆို့မှုများ လုပ်ဆောင်လာသည်ဟု သိရသည်။ ဖားကန့်မြို့နယ်တွင်
အာဏာသိမ်း စစ်ကောင်စီ၏ လူထုအပေါ် ဖိနှိပ် ကြမ်းကြုတ်မှုများကြောင့် နေ့စဉ်ဘဝ စားဝတ်နေရေးပြဿနာ ဖြေရှင်းရန်အတွက် အနယ်နယ်အရပ်ရပ်မှ ပြည်သူများသည် ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်ဒေသသို့ အခြေချနေထိုင်လာကြသည်။ ဖားကန့်ဒေသတွင် ယခင်ကတည်းက ရွေ့ပြောင်းလုပ်သားအများအပြား လာရောက်လုပ်ကိုင်ခဲ့သည်နည်းတူ အာဏာသိမ်းပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေသော စစ်ကိုင်းတိုင်းအနှံမှ ပြည်သူအများစု ဖားကန့်သို့ ရွေ့ပြောင်းကာ အသက်မွေးဝမ်းကြောင်း ပြုလာကြသည်။ “ကျွန်တော်တို့ဖက်က ဘာမှလုပ်ကိုင်စားလို့မရတော့ဘူး၊ ရွာမှာကျန်ခဲ့တဲ့သူတွေလည်း ဟိုပြေးလိုက် ဒီပြေးလိုက်ပဲ၊ ထမင်းထုပ်တောင် သူများပို့ပေးမှ စားနေကြရတာ၊ ဒီမှာတော့ လောပန်းနဲ့နေပြီး
ဖားကန့်မြို့နယ် မိုးကာကျေးရွာထိပ်တွင် တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်သည် ကျေးရွာထိပ်မှ နေ၍ လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် မိုးကာ ကျေးရွာနေ အမျိုးသားတစ်ဦး ထိမှန်ခဲ့ကြောင်း သိရသည်။ ဆိပ်မူကျေးရွာအုပ်စုရှိ မိုးကာကျေးရွာတွင် လွန်ခဲ့သည့် မေလ ၂၃ရက်နေ့က စတင်တပ်စွဲထားသည့် စစ်ကောင်စီ တပ်မ ၃၃ လက်အောက်ခံ တပ်စခန်းတစ်ခုသည် ယနေ့ မေ ၂၇ ရက်နေ့ နံနက် ၇နာရီအချိန်ခန့်က လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဒေသခံအမျိုးသားတစ်ဦး