ဖားကန့်မြို့နယ်

  • Nov- 2024 -
    23 November
    သတင်း

    ကျောက်ဝိုင်းကပြန်လာတဲ့ တရုတ်အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေ သေနတ်ထောက်ပြီး ငွေသိန်းတစ်ထောင်ကျော်လုယက်

    ဖားကန့်မြို့နယ် လုံခင်းကျေးရွာအုပ်စု  မြောက်ကုန်းစစ်တပ်ကုန်းအနီး တရုတ်အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်က သေနတ်ထောက်ပြီး ငွေသိန်းတစ်ထောင်ကျော်လုယူသွားတယ်လို့ ဖားကန့်ဒေသခံတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၈ နာရီဝန်းကျင် လုံးခင်းကျောက်ဝိုင်းကနေ ကားနဲ့ ပြန်လာတဲ့ တရုတ်အမျိုးသား ၂ ဦး  (ဒေသအခေါ်) မြောက်ကုန်းစစ်တပ်ကုန်းရှေ့မှာ ဖမ်းဆီးခေါ်ခံရပြီးနောက် ငွေသိန်းတစ်ထောင်ကျော်လုယူခံလိုက်ရတာဖြစ်တယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးပြောပြပါတယ်။ “လုံးခင်းကနေ ပြန်လာတဲ့ တရုတ်းအမျိုးသား ၂ ယောက် လုံးခင်းအကျော် မြောက်ကုန်း စစ်တပ်နေရာအောက်နားရောက်တော့ ခြုံမှာပုန်းနေတဲ့ စစ်သား ၃ ယောက် ထွက်လာပြီး သေနတ်ထောက်ခြိမ်းခြောက်တာတဲ့ ခနကြာတော့ စစ်တပ်ကုန်းထဲကို ခေါ်သွားပြီး ကားထဲမှာပါလာတဲ့ ပစ္စည်းတွေအကုန်လုံးထုတ်ပြခိုင်းတယ်တဲ့။ အဲ့ဒီ ၂ ယောက်မှာ ပါလာတဲ့ ငွေသိန်းတစ်ထောင်လောက်ကို ယူပေးလိုက်ပြီး ပြန်လွတ်လိုက်တယ်လို့ပြောတယ်”လို့ပြောပါတယ်။ သေနတ်ထောက်ခြိမ်းခြောက်မှုစလုပ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးမှာ အရပ်ဝတ် ဝတ်ထားပြီး သေနတ်တိုကိုင်သူတစ်ဦး သေနတ်ရှည်ကိုင်သူတစ်ဦးအပြင် လက်နက်မကိုင်ပဲ လက်ဗလာနဲ့တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ တရုတ်အမျိုးသား ၂ ဦးကို စဖမ်းပြီး သေနတ်ထောက် မောက်လှဲခံထားရချိန် တစ်ဆက်တည်းမှာပဲ လုံးခင်းကနေ ဆိုင်ကယ်နဲ့ပြန်လာတဲ့ လင်းမယား ၂ ဦးကိုလည်း ရပ်ခိုင်းပြီး  အမျိုးသမီးဖြစ်သူ ဝတ်ဆင်ထားတဲ့ ဆွဲကြိုး၊လက်စွပ်စတဲ့ လက်ဝတ်ရတနာတွေလည်း လုယက်သွားတယ်လို့ ဆက်ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ တစ်ညထဲမှာပဲ ပြည်သူ ၄ ဦးဆီးက ရွှေ၊ ငွေ လုယက် သိမ်းယူသွားတာဖြစ်တယ်လို့ သိရပါတယ်။ လမ်းသွားလမ်းလာအရပ်သားပြည်သူတွေကို လုယက်မှုလုပ်နေတဲ့ မြောက်ကုန်းနေရာဟာ လုံးခင်းတံဘောင်တံတားအသေးအကျော် စစ်ကောင်စီတပ်တစ်ခုတည်း အထိုင်ချထားတဲ့ နေရာဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။ အဲဒီ တစ်ကြောမှာ စစ်ကောင်စီတပ်တွေသာ နေရာယူထားတဲ့ နေရာဖြစ်ပြီးတော့ မြောက်ကုန်း စစ်တပ်ကုန်းကနေ သွားတဲ့ လမ်းမကြီးဟာ မလန့်ကျေးရွာကို သွားတဲ့လမ်းမကြီးဖြစ်တယ်လို့ သိရပါတယ်။ ဖားကန့်ဒေသမှာရှိကြတဲ့ မှော်ပြည်သူအများပိုင်းက မြောက်ကုန်းစစ်တပ်ကုန်းမှာ စစ်တပ်ရှိတာကြောင့် နေ့ခင်းရံဖန် ရံခါလွဲပြီး ည ၈ နာရီနောက်ပိုင်းမှာ သွားလာသူမရှိသလောက်နည်းပါးတယ်လို့ သိရပါတယ်။ “အဲ့လမ်းက စစ်တပ်ရှိတာကြောင့် အများပိုင်းက သိပ်မသွားကြဘူး။ သွားရင်တောင် နေ့ခင်းပဲ သွားကြတာများတယ်။ ၈ နာရီနောက်ပိုင်းဆို သိပ်မသွားကြဘူး။ ပြီးရင် အဲဒီလမ်းမှာက တခြား ခိုးဆိုလုယက် သူခိုး ဓါးပြတွေ ရှိမယ့်နေရာလည်းမဟုတ်ဘူး။ အဲဒီတစ်ကြောက မျောက်ကုန်းစစ်တပ်တွေသာရှိကြတယ်။ အဲဒီနေရာက တောင်စောင်းလည်းဖြစ်တာကြောင့် ဘယ်သူက ဘာလုပ်တယ် ။ ဘယ်သူလာတယ် အကုန်လှမ်းမြင်ရတဲ့ နေရာဖြစ်တယ်”နောက်ထပ် ဖားကန့် ဒေသခံ တစ်ဦးက ဆက်ပြောပါတယ်။ ဒါကြောင့် လုံးခင်းတံဘောင်တံတား အကျော် မြောက်ကုန်းအနီးတဝိုက် အရပ်သားပြည်သူတွေ ဆီကနေ လုယက်မှုလုပ်နေတာဟာ စစ်ကောင်စီတပ်တွေသာ ဖြစ်နိုင်တယ်လို့ ဖားကန့် ဒေသခံပြည်သူတစ်ချို့က သုံးသပ်ပြောဆိုနေတာလည်းဖြစ်ပါတယ်။ အလားတူ လက်ရှိ လုယက်မှုဖြစ်စဉ်မတိုင်မှီ ပြီးခဲ့တဲ့ ၄ ရက်အတွင်းမှာလည်း ဖြတ်သန်းသွားလာတဲ့ အမျိုးသား ၄ ဦးကို မြောက်ကုန်း စစ်တပ်ကုန်းထဲခေါ်ယူဝိုင်းရိုက်တာရှိခဲ့တယ်လို့သိရပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အစိုးရအနေနဲ့လည်း ပြည်သူတွေကို မလိုအပ်ပဲ မြောက်ကုန်းစစ်တပ်ကုန်းရှိတဲ့ လမ်းမကြီးဘက်ကို သွားလာရေးဂရုစိုက်ဖို့…

    Read More »
  • 15 November
    သတင်း

    မြေစာပုံပြိုကျတဲ့နေရာ  ၅ ရက်ကြာလာတဲ့အထိ ဝင်ခွင့်ပိတ်ထားဆဲဖြစ်သောကြောင့် သေဆုံးမှုစာရင်းမသိရ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီဆာကျေးရွာ မြေစာပုံပြိုကျခဲ့တဲ့နေရာကို  ၅ ရက်ကြာတဲ့အထိ ဝင်ဝင်ခွင့်ပိတ်ထားဆဲဖြစ်သောကြောင့် သေဆုံးမှုစာရင်းမသိရဘူးလို့  ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့ ညပိုင်း ၁၂ နာရီဝန်းကျင်လောက်မှာ မှော်စီစာရွာမှာရှိတဲ့ တင်အောင်ကြိုင် လုပ်ကွက်ဟောင်းမြေနေရာပြိုကျခဲ့တာဖြစ်ပြီး ဒေသခံတွေကတော့ သေဆုံးသူ ၂၀ ဦးထက်မနည်းရှိနိုင် တယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ မြေပြိုကျတဲ့အဲ့ဒီကုမ္ပဏီလုပ်ကွက်ဟောင်းထဲကို ဘယ်သူ့ကိုမှဝင်ခွင့်မပေးတဲ့အတွက် သေဆုံးမှုစာရင်း မသိရဘူးလို့ ဒေသခံတစ်ဦး ခုလိုပြောပါတယ်။ “လက်ရှိအနေ အထားက မြေပြိုတဲ့နေရာကို ဘယ်သူမှဝင်လို့မရဘူး။ ကယ်ဆယ်ရေးအဖွဲ့တွေလည်း ဝင်လို့မရဘူး ဖြစ်နေတယ်။ အဓိကပြောချင်တာက မြေပြိုတဲ့နေရာကိုဘယ်သူမှသတင်းယူပိုင်ခွင့်မရှိသလို ဘယ်လောက်သေဆုံးတယ်ဆိုတာလည်းမသိရဘူး။”လို့ပြောပါတယ်။ လက်ရှိ မြေပြိုကျမှုဖြစ်ပွားခဲ့တာဟာ မှောစီစာကျေးရွာထဲက (ဒေသအခေါ် ) တင်အောင်ကြိုင်လုပ်ကွက်ဟောင်းနေရာဖြစ်ပြီး မြေစာကားနှစ်စီးမြေစာသွန်ချရာကနေ မြေစာပြတ်ကျပြီးရေကန်ထဲလျောကျကုန်တာ လို့ ဒေသခံတွေကဆိုပါတယ်။ အဆိုပါ မြေစာပြတ်ကျရာမှာ ပျောက်ဆုံးနေတဲ့ မြေစာကားမောင်းသူ၊ မြေစာကားနောက်လိုက်သူတွေ အပါအဝင် ရေမဆေးသမားများပျောက်ဆုံးနေပြီး အခင်းဖြစ်နေရာကို မည်သည့်အဖွဲ့ကမ ဝင်ခွင့်ပိတ်ဆို့ထား တယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံတစ်ဦးကဆက်ပြောပါတယ်။ “တာဝန်ရှိတဲ့သူလား၊ ကုမ္ပဏီကအဖွဲ့ဝင်တွေလားတော့မသိရဘူး။ ကန့်သတ်ချက်ပဲမဟုတ်ဘူး။ အမှောင်ချ တာ။ ကုမ္ပဏီအနေနဲ့လည်းဒီသတင်းကိုမပေါက်ကြားစေချင်တဲ့သဘောပေါ့။ တာဝန်ရှိတဲ့သူတွေ ကလည်း ဒီသတင်းကိုအပြင်မထွက်စေချင်တဲ့သဘောပေါ့။”လို့ဒေသခံတစ်ဦးကပြောပါတယ်။ ဖားကန့်မြို့နယ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်းကတည်းကစတင်လို့ အင်တာနက်ရော၊ ဖုန်းလိုင်းပါ ဖြတ်တောက်ခံထားရတဲ့အပြင် ဆိုင်းတောင်တိုက်ပွဲနောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က သတင်းထိန်းချုပ်မှုတွေလည်းရှိနေတဲ့အတွက် သတင်းအတိအကျရရှိဖို့ခက်ခဲတဲ့ဒေသလည်းဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်း မတ်လအတွင်းစတင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIAရဲ့ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာထိုးစစ်ဆင်တိုက်ပွဲအတွင်း ဖားကန့်မြို့နယ်အတွင်းမှာလည်း နှစ်ဖက်တပ်တွေတိုက်ပွဲတွေအပြင်းအထန်ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိတော့ ဖားကန့်မြို့နယ်တစ်ခုလုံးနီးပါးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က နယ်မြေစိုးမိုးထားပြီး စစ်ကောင်စီရဲ့ဖားကန့်ဗျူဟာကုန်းတစ်ခုသာကျန်ရှိတော့သလို အဲ့ဒီဗျူဟာကုန်းကစစ်ကောင်စီတပ်ဖွဲ့ဝင် တွေဟာလည်း စစ်ရေးလှုပ်ရှားတာတွေမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။ ဖားကန့်မြို့နယ်မှာ နှစ်စဥ်ဆိုသလို ကျောက်စိမ်းတူးဖော်တဲ့ကုမ္ပဏီတွေရဲ့ စွန့်ပစ်မြေစာပြိုကျမှုတွေကြောင့် ရေမဆေးသမားတွေနှစ်စဥ်သေဆုံးမှုတွေရှိနေပြီး ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇူလိုင်လကဖြစ်ပွားခဲ့တဲ့ ဝှေခါရွာ မြေပြိုမှုမှာ အရပ်သား ၂၀၀ အထိသေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် ၂၀၂၄ ဇွန်လအတွင်းမှာတော့ မှော်စီစာကျေးရွာမှာပဲ ကျောက်စိမ်းလုပ်ကွက်တစ်ခု မြေစာပြိုကျခဲ့လို့ ရေမဆေးသမားတစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ By – အမိုး

    Read More »
  • Oct- 2024 -
    29 October
    သတင်း

    လုံးခင်းရွာ ဘေလီသံတံတားပျက်ဆီးနေပြီး အမြန်ဆုံးပြုပြင်ပေးဖို့လိုအပ်နေ

    ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာရှိတဲ့ ဘေလီသံဘောင်တံတားပျက်ဆီးနေတဲ့အတွက် လမ်းသွားလမ်းလာဒေသခံတွေနဲ့ တံတားအသုံးပြုနေတဲ့ ကျောင်းသူ၊သားတွေအတွက် အန္တာရယ်ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီတံတားဟာ လုံးခင်းကျေးရွာ အထက်တန်းကျောင်းမှာတက်နေတဲ့ ကျောင်းသား၊သူတွေအတွက် အရေးကြီးဆုံးတံတားဖြစ်ပြီး ကြမ်းခင်းအပြား ၃ ပေလောက်လန်ထွက်နေတာကြောင့် အမြန်ဆုံးပြုပြင်ပေးဖို့နဲ့နှစ်စဥ်ထိန်းသိမ်းပေးဖို့ ဒေသခံတစ်ဦး ခုလိုပြောပါ တယ်။ “သွားလို့လာလို့တော့ရပါတယ်။ ကျောင်းတက်ဆင်းချိန်ဆိုရင် အခက်အခဲဖြစ်တာပါ။ နောက်တစ်ခုက ညပိုင်း မမြင်မစမ်းနဲ့ဆိုရင် အန္တာရယ်ရှိနိုင်တယ်။ ဘေးပတ်ဝန်းကျင်ကရွာတစ်ချို့နဲ့ လုံးခင်းအထက ကျောင်းအတွက်အားအကိုးရဆုံးတံတားပါ”လို့ ဒေသခံတစ်ဦး ပြောပါတယ်။ ဘေလီသံတံတားပေါ် ဆိုင်ကယ်နဲ့ကားတွေ အသွားအလာများသလို သက်တမ်းကြားမြင့်လာပြီဖြစ်တဲ့အတွက် ကားကြီးတွေကိုဖြတ်ခွင့်မပေးပဲ ၃ တန်အောက်ကားသေးနဲ့ ယာဥ်ငယ်တွေကိုသာ ဖြတ်သန်းခွင့် ပေးထားတဲ့တံတားဖြစ်ပါတယ်။ မကြာခဏပြုပြင်နေရတဲ့တံတားဖြစ်သလို ဒီတစ်ကြိမ်မှာတော့ သံပြားလံတာကနေ သံပြားပါးပြီး ဂဟေစတွေလန်ပြီး ပျက်ဆီးသွားတာလို့ ဒေသခံတွေကပြောပါတယ်။ “တံတားကပေါက်တာပါ။ တံတားကျိုးတာမဟုတ်ပါဘူး။ ဆိုင်ကယ်နဲ့ကားတွေအသွားအလာများတယ်။ ပြုပြင်ထားတာတွေကလည်း စံချိန်မမှီတာလား အဲ့လိုထင်တယ်။ အခုက သံပြးလန်တာကနေ သံပြား ပါးပြီး ဂဟေစတွေလန်ပြီးဖြစ်သွားတာ”လို့ ဒေသခံတစ်ဦး ပြောပါတယ်။ ဘေလီသံဘောင်တံတားဟာ လုံးခင်းဒေသခံတွေအတွက်သာမက အဲ့ဒီအနီးတစ်ဝှိုက်က ငြိမ်းချမ်း၊ မလန်း စတဲ့ကျေးရွာက ဒေသခံတွေရော အဓိကအားကိုးရတဲ့တံတားဖြစ်သလို မိုးကောင်းလမ်း နဲ့ မှော်ထဲကို ဆက်သွယ်ပေးထားတဲ့ ဥရုချောင်းဖြတ်ပထမဆုံးတံတားတစ်ခုဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ By- အမိုး

    Read More »
  • 23 October
    သတင်း

    KIA အနေနဲ့ စစ်တပ်လို သတင်းသမားတွေကို ဖမ်းဆီးတာမလုပ်သင့်ဘူးလို့ CPJ ပြော

    ကချင်လွတ်လပ်ရေးတပ်မတော် KIA ဖမ်းဆီးထားတဲ့ ဖားကန့်မြို့နယ်၊ နယ်ခံသတင်းသမား ၂ ဦး အမြန်ဆုံး လွှတ်ပေးဖို့ CPJ က မနေ့ကပဲ တောင်းဆိုလိုက်ပါတယ်။ စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ CPJ က စက်တင်ဘာလ ၂၂ ရက်နေ့ရက်စွဲနဲ့ KIA  ဖမ်းဆီးထားတဲ့သတင်းသမား ၂ ဦးကို အမြန်ဆုံးပြန်လွတ်ပေးဖို့၊ KIA အနေနဲ့ စစ်ကောင်စီတပ်လို သတင်းသမား တွေကို ဖမ်းဆီးတာမလုပ်သင့်ဘူးလို့လည်း ဆိုထားပါတယ်။ “မြန်မာပြည်တွင်းစစ်မှာ ပါဝင်နေတဲ့အဖွဲ့တိုင်းဟာ သတင်းထောက်တွေကို ကာကွယ်ပေးဖို့ တာဝန်ရှိတယ်။ သတင်းထောက်တွေကို ပစ်မှတ်ထားခွင့်မရှိဘူး ကချင်လွတ်ရေးတပ်မတော်က သတင်းယူနေတဲ့ သတင်းထောက်တွေကို ဖမ်းဆီးပြီး မြန်မာစစ်အစိုးရလိုမလုပ်သင့်ပါဘူး။ တာလင်းမောင်နဲ့ နောင်ရိုးကို အခု လွှတ်ပေးသင့်တယ်”လို့ CPJ ရဲ့ အရှေ့တောင်အာရှကိုယ်စားလှယ် Shawn Crispin က ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ အဆိုပါ သတင်း သမား ၂ ဦးကို ဖားကန့်မြို့နယ်ထဲက KIA တပ်မဟာ ၉ နယ်မြေမှာဖမ်းဆီးထားပြီး လက်ရှိအခြေနေနဲ့ပတ်သက်လို့ KNG ကို အခုလိုပြောပါတယ်။ “ဘာကြောင့်ဖမ်း တယ် သူတို့အပြစ်ကဘာရှိတယ်ဆိုတာကို စစ်ဆေးမေးမြန်းနေတဲ့ အနေအထား ထင်တယ်  ဖမ်းတဲ့ကိစ္စနဲ့တော့ သတင်းဌာနနဲ့တော့ တိုက်ရိုက်ပတ်သက်မှုမရှိဘူး တပ်ပိုင်းဆိုင်ရာကနေဖမ်းတာဆိုတော့။ ဘာကြောင့် ဖမ်းတယ်ဆိုတာကတော့ ကျနော်မသိတာကိုပြောတာပါ။ သူတို့ကတော့သိမှာပါ။ သူတို့ရဲ့ စားရေးသောက်ရေးနဲ့တစ်ခြားကိစ္စတွေကတော့ စိုးရိမ်စရာတော့မရှိပါဘူး KIA ကတော့ အဲ့တာ မျိုးတွေ ဘယ်တော့မှအလေးမထားတာကိုမတွေ့ရဘူး အလေးထားပြီးတော့မှ သူတို့လိုအပ်တာတွေကို ဖြည့်ဆည်း ပြီးမှ ထိန်းထိန်းသိမ်းသိမ်းခေါ်ထားတယ်ထင်တယ် ဒါက ကျနော်သူတို့ရဲ့အခြေနေကို သုံးသပ်ပြီးမှ ပြောတာ ပါ။”လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ သတင်းထောက် ၂ ဦးဖမ်းဆီးခံထားရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက တိတိကျကျဖြေဆိုနိုင်တာမရှိပေမယ့် သတင်းထောက် ၂ ဦးကို အလေးနက်ထားပြီး သေချာထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။ ဖားကန့်မြို့နယ် နယ်ခံသတင်းသမား ၂ ဦးဖြစ်တဲ့ ကိုတာလင်းမောင်နဲ့ ကိုနောင်ရိုးတို့ကို KIA တပ်က စက်တင်ဘာလ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့ တစ်ရက်ခြားပြီးဖမ်းဆီးခဲ့တာဖြစ်ပြီး အခုဆိုရင် ၃ ပတ်ရှိလာပြီ ဖြစ်ပါတယ်။ သတင်းသမား ၂ ဦးနဲ့ရင်းနှီးတဲ့မိတ်ဆွေတစ်ဦးပြောတာကတော့ “ အဲဒီ ဖားကန့်တပ်မဟာက ၉ တပ်မဟာမှူး ပြောတာကတော့ ဆိုင်းတောင်တိုက်ပွဲပြီးရင် လွှတ်ပေးမယ်ပြောတယ်။ ဒါပေမယ့်ခုချိန်ထိ မလွှတ်ပေးသေး ဘူး” လို့ ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ သတင်းထောက်နှစ်ဦးထဲက အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးဟာ အာဏာသိမ်းခါစ ကာလဖြစ်တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှာ စစ်ကောင်စီရဲ့ဖမ်းဆီးခံရပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အောက်တိုဘာလ ၃ ရက်နေ့မှာပြန်လည်လွတ်မြောက်လာခဲ့သူလို့သိရပါတယ်။ သတင်းထောက်ကိုတာလင်းမောင်ကတော့ အာဏာမသိမ်းခင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ပြန်/ဆက်)မှာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အာဏာသိမ်းပြီးနောက် CDM ဝင်ထားကာ Red News Agency သတင်းဌာနက သတင်းထောက်အလုပ်ကို လုပ်ကိုင်နေတာလို့သိရပါတယ်။ သတင်းသမား ၂ ဦးပြန်လွတ်ပေးဖို့ ဖားကန့်တော်လှန်ရေးအင်အားစုနဲ့ မိသားစု၊ရင်းနှီးတဲ့ မိတ်ဆွေတွေကလည်း ဖားကန့်မြို့နယ် KIA တပ်မဟာ ၉ ၊တပ်မဟာမှူးကို စာပေးပို့တောင်းဆိုထားကြတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထဲက KIA တပ်ဟာ သတင်းသမားတွေကိုပထမဆုံးအကြိမ်ဖမ်းဆီးတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကြောင်းကိုလည်း CPJ ကဆိုထားပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့်အတွက် ဒုတိယအဆိုးဆုံးနိုင်ငံဖြစ်ပြီး အနည်းဆုံး သတင်းထောက် ၄၃ ဦးအကျဥ်းချခံထားရတယ်လို့ CPJ ရဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ်ပြန် ချက်အရသိရပါတယ်။ By –…

    Read More »
  • Dec- 2022 -
    17 December
    သတင်း

    အနန့်ပါ ဖြစ်စဉ်တွင် ထိခိုက်သေဆုံးသူများအတွက် Chin Baptist Churches USA မှ ဒေါ်လာ ၁ သိန်း လှူဒန်း

    ဖားကန့်မြို့နယ် အနန့်ပါ(A Nang Pa)တွင် စစ်ကောင်စီတပ်၏ ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်မှုကြောင့် သေဆုံး ထိခိုက်ခဲ့သူများအတွက် အမေရိကန်နိုင်ငံရှိ Chin Baptist Churches မှ US ဒေါ်လာ ၁ သိန်း လှူဒန်းခဲ့သည်ဟု သိရသည်။ အဆိုပါ လှူဒန်းငွေကို ဒီဇင်ဘာလ ၁၆ ရက်နေ့ Chin…

    Read More »
  • 16 December
    သတင်းဖားကန့် ဒေသ ပြည်သူများရှိသည့် မြင်ကွင်းတစ်နေရာ

    ဖမ်းခံထားရသည့် အရပ်သား ၁၁ ဦးကို မိသားစုဝင်များနှင့် ဆက်သွယ်ခွင့်မပေးသေး

    ဖားကန့်မြို့နယ် မှော်ပုံကျေးရွာမှ ဖမ်းဆီးခံလိုက်ရသည့် အရပ်သား ၁၁ ဦးကို မိသားစုဝင်များနှင့် ဆက်သွယ်ခွင့် မပေးသေးသည့်အပြင် ယနေ့ထိ စစ်ကြောရေးတွင်သာ ထားရှိဆဲဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ ဒီဇင်ဘာ ၅ ရက်နေ့  မှော်ပုံ ကျေးရွာဘုန်းကြီးရှိ အမျိုးသမီး ၇ ဦး…

    Read More »
  • 7 December
    သတင်းHpakant Photo

    မှော်စီဆာ စစ်ရှောင်စခန်း လူနေအိမ်အချို့ ကို စစ်ကောင်စီ ဝင်စီး အရပ်သား ၂ ဦး ဖမ်းခံရ

    ဖားကန့်မြို့နယ် မှော်စီဆာကျေးရွာရှိ စစ်ရှောင်စခန်းနှင့် လူနေအိမ်အချို့ကို စစ်ကောင်စီက အင်အား အများအပြားဖြင့် ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် အရပ်သား ၂ ဦးကိုလည်း ဖမ်းဆီးထားသည်ဟု သိရသည်။ အင်အား ၅၀ ကျော်ပါသည့် စစ်ကောင်စီ ခြေလျှင် စစ်ကြောင်းသည် ဒီဇင်ဘာလ ၇ ရက်နေ့ မွန်းလွှဲ…

    Read More »
  • 6 December
    လူ့အခွင့်အရေးချိုးဖောက်မှုဖားကန့် ဒေသ ပြည်သူများရှိသည့် မြင်ကွင်းတစ်နေရာ

    စစ်ကောင်စီ ဝင်ရောက်စီးနင်းထားသည့် မှော်ဘုံတွင် ရွာသားအချို့ပိတ်ဆို့ခံထားရ

    ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ဘုံကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းထားပြီး ကျေးရွာနေပြည်သူတစ်ချို့လည်း ပိတ်ဆို့ခံထားရကြောင်း  ဒေသခံများပြောသည်။ ဒီဇင်ဘာလ ၅ ရက် ယမနေ့ ညနေ ၄ နာရီဝန်းကျင်မှ မှော်ဘုံကျေးရွာအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF…

    Read More »
  • 5 December
    တိုက်ပွဲHpakant

    ဖားကန့် မှော်ဘုံကျေးရွာ စစ်ကောင်စီဝင်ရောက်စီးနင်းမှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ဘုံကျေးရွာကို စစ်ကောင်စီတပ်အဖွဲ့ စစ်အင်အား အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့သောကြောင့် ပစ်ခတ်မှုများရှိခဲ့ကြောင်းသိရသည်။ ဒီဇင်ဘာလ ၅ ရက် ယနေ့  မွန်းလွှဲပိုင်း ၄ နာရီဝန်းကျင် စစ်အင်အား ၈၀ ကျော်ခန့်ပါရှိသည့် စစ်ကောင်စီအဖွဲ့…

    Read More »
  • Nov- 2022 -
    15 November
    သတင်း

    မှော်မောင်းလျှံကျေးရွာအနီး အမျိုးသားတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးနေ

    ဖားကန့်မြို့နယ် မှော်မောင်းလျှံ(Mau Maw Layang) ကျေးရွာအနီးတွင် အမည်မသိ အမျိူးသားတစ်ဦး ဓာတ်ထိုးဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်း ကို ယနေ့နံနက်ပိုင်းတွင် ဒေသခံများကတွေ့ရှိခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၁၅ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်တွင်…

    Read More »
Back to top button