ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို
,
ဖားကန့်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ထံသို့ ငွေကြေးစီးဆင်းနေသော ရင်းမြစ်များကို ပိတ်ဆို့ရန် စစ်ကောင်စီသည် စစ်သုံးဆီ နှင့် ဆန် သယ်ယူခွင့် တားမြစ်ထားသည်ဟု ဖားကန့်ဒေသခံများ ပြောသည်။ ဖားကန့်သို့တက်မည့် ဆီကားအစီး ၁၀၀ ကျော်ကို အောက်တိုဘာလ ၁၅ ရက်နေ့ နောက်ပိုင်း နမ့်ယာကျေးရွာ စစ်တပ်ဂိတ်တွင် ပိတ်ထားသည်မှာ အောက်တိုဘာလ ၂၉ ရက်နေ့အထိ ဖြစ်သည်။ ဖားကန့် လမ်းမကြီးတစ်လျှောက် နမ့်ယာကျေးရွာနှင့် တဆက်တည်းရှိသော ကပ်မှော်၊ ဆိုင်းဖရာ၊ ခွမ်စိုင်ယန်နှင့် တံတားညီနောင်တို့ရှိ
ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာရှိ ဘုရားငါးဆူနေရာတွင် စစ်ကောင်စီတပ်မှ တပ်စခန်းနေရာအသစ်ဆောက်လုပ်ကာ တပ်စွဲနေထိုင်နေသည့်အတွက် ဒေသခံ အိမ်ခြေ ၃၀ ဝန်းကျင်ခန့်ကို အတင်းအဓမ္မဖယ်ရှားခိုင်းခဲ့ကြောင်းသိရသည်။ ဘုရားငါးဆူအနီးတဝိုက်တွင် လက်လုပ်စား စိုက်ပျိုးခြံ လုပ်ကိုင်သူများ နေထိုင်သည့် နေရာတစ်ခုဖြစ်ပြီး အောက်တိုဘာလ ၂၄ ရက်နေ့ ထိုနေရာတွင် ရှိနေသည့် ပြည်သူများကို ဖယ်ရှားပေးရန် လာရောက်သတိပေးပြောဆိုခဲ့သည်ဟု ဘုရားငါးဆူအနီးတွင်နေထိုင်သည့် အမျိုးသမီးတစ်ဦး KNG ကိုပြောသည်။ “ဘာလို့ဖယ်ရှားခိုင်းနေလဲတော့ သေချာမသိရဘူး ၄၊ ၅ ရက်လောက်ရှိပြီ ဟုတ်တယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်မှ အများပြည်သူကို ရှောင်တခင် စစ်ဆေးတင်းကြပ်မှုများ ပြုလုပ်နေသည့်အတွက် အောက်တိုဘာလ ၂၅ ရက်နေ့မှ စတင်ပြီး ည ၆ နာရီနောက်ပိုင်း အပြင်မထွက်ကြရန် KIA အမိန့်ထုတ်ထားသည်ဟု သိရသည်။ ဖားကန့် မြို့တွင်း မြို့ပြင် လမ်းကြောင်းနေရာများဖြစ်ကြသည့် ဆန်းကြွယ် တံတား၊ ပန်းတင်တံတားနှင့် လုံးခင်းလမ်းဆုံး နေရာများအနှံ့တွင် စစ်ကောင်စီ အဖွဲ့မှ စစ်အင်အား အများအပြားဖြင့် လမ်းပိတ်ဆို့ စစ်ဆေးမှုများ တင်းကြပ်ထားသည်ဟု ဖားကန့်မြို့ဒေသခံ
စစ်ကောင်စီတပ် ဗုံးကျဲတိုက်ခိုက်ခဲ့သည့် KIA တပ်မဟာ (၉) နယ်မြေဘက်မှ ဒဏ်ရာရရှိသူများကို အချိန်မှီကုသခွင့်မရရှိသေးသည့်အတွက် သေဆုံးမှုထပ်တိုးနေဆဲဖြစ်ပြီး ပြည်သူ ၁၀၀ ကျော်ခန့်က ကံဆီးဂိတ်တွင် အောက်တိုဘာလ ၂၅ ရက် ယနေ့ အထိ ပိတ်ဆို့ခံထားရဆဲဖြစ်သည်ဟု သိရသည်။ ဒဏ်ရာရရှိသူများကို ကယ်ထုတ်နိုင်ရန်အတွက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ KBC တို့ စစ်ကောင်စီတပ်ဖွဲ့နှင့် ညှိနှိုင်းမှုခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့ကြောင်း ဖားကန့် ဒေသခံ ကချင်ပြည်သူတစ်ဦးကပြောသည်။ အောက်တိုဘာလ
ဖားကန့်မြို့နယ် KIA တပ်မဟာ ၉ နယ်မြေတွင် လေကြောင်းလိုင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိထားသည့် ပြည်သူ ၁၀၀ ကျော်ကို ဆေးကုသခံယူခွင့်မရအောင် စစ်ကောင်စီတပ်မှ အောက်တိုဘာလ ၂၄ ရက်နေ့ ည ၇နာရီခွဲအထိ ပိတ်ဆို့ထားဆဲဖြစ်သည်ဟု သိရသည်။ ပြင်းထန် ဒဏ်ရာရရှိသူများကို ပြည်သူများကို မြစ်ကြီးနားနှင့် ဖားကန့်ဆေးရုံကြီးများတွင် ဆေးကုသပေးရန်အရေးပေါ်လိုအပ်နေသော်လည်း ဖားကန့်မြို့နယ် ကံဆီးကျေးရွာအထွက်ဂိတ်တွင် စစ်ကောင်စီတပ်မှ လူနားများကို ထွက်ခွင့်မပေးဘဲ တားမြစ်ခံထားရဆဲဖြစ်သည်ဟု လူနာများဆေးကုသခွင့်ရရှိအောင် ကြိုးပမ်းပေးနေသည့် အမျိုးသားတစ်ဦး
ဖားကန့်မြို့နယ် KIA တပ်မဟာ ၉ နယ်မြေတွင် ယမန်နေ့ည လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရှိထားသော ပြည်သူ ၁၀၀ ကျော်ကို ဆေးကုသခွင့်မရအောင် Ginsi ကျေးရွာ အထွက်ဂိတ်တွင် စစ်ကောင်စီက တားမြစ်းထားကြောင်း သိရသည်။ အောက်တိုဘာ ၂၃ ရက်နေ့က KIA တပ်မဟာ ၉ နယ်မြေ အနန့်ပါတွင် တံတားဦးဘက်မှ ဂျက်ဖိုက်တာ ၃ စီးတက်လာပြီး ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဒဏ်ရာရပြည်သူများကို ဖားကန့်၊ မြစ်ကြီးနား စသည့်ဆေးရုံကြီးများသို့ ပို့ဆောင်ကာ ဆေးကုသခွင့်ပေးချင်သော်လည်း စစ်ကောင်စီက ကံဆီးတွင် တားမြစ်ထားကြောင်း ဆေးကုသခွင့်ပေးနိုင်ရေး ဆောင်ရွက်ပေးနေသည့် အမျိုးသားတစ်ဦးက KNG ကိုပြောသည်။
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကုဋေမှော်ရှိ ကျောက်စိမ်း ကုမ္ပဏီကြီး သုံးခု၏ လုပ်ကွက်များကို စစ်ကောင်စီ အင်အားသုံး ဝင်စီးစဥ် ဖမ်းဆီးခံလိုက်ရသည့် ပြည်သူ ၂၀ ကျော် ပြန်မလွတ်သေးကြောင်း သိရသည်။ အောက်တိုဘာလ ၁၅ ရက်နေ့တွင် အင်အား ၁၂၀ ခန့်ပါသော စစ်ကောင်စီတပ်သည် Ever ကျောက်စိမ်းတူးဖော်ကုမ္ပဏီ၊ မြယမုံ ကျောက်စိမ်းတူးဖော်ရေးကုမ္မဏီနှင့် အခြားကုမ္မဏီတစ်ခု (အမည်စုံစမ်းဆဲ) ကျောက်စိမ်းလုပ်ကွက်များသို့ ဝင်စီးပြီး ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်ဟု ဒေသခံအမျိူးသားတစ်ဦးက KNG ကို ပြောသည်။ ''၁၅ ရက်နေ့ ညနေ ၂နာရီလောက်မှာ ဝင်စီးတာ သေနတ်တွေပစ်ဖောက်ပြီးမှဝင်စီးတာ။ အဓိကဆိုဒ် ၃ ဆိုဒ်ကိုဝင်စီးတာဗျ မတူးခိုင်းတာကို ခိုးတူးနေလို့
ကချင်ပြည်နယ် ဖားကန့်မြို့နယ် အခွန်ဦးစီးဌာနမှ ဒုဦးစီးမှူး နှင့် စသုံးလုံးမှ အရာရှိတစ်ဦးတို့ ပစ်သတ်ခံရမှုတွင် အခွန် ဒုဦးစီးမှူး၏ ရုပ်အလောင်းကို အောက်တိုဘာလ ၁၆ ရက်နေ့ တွေ့ရှိခဲ့သည်ဟု ဒေသခံများပြောသည်။ အောက်တိုဘာလ ၁၄ ရက်နေ့ ၄နာရီအချိန်တွင် အခွန် ဒုဦးစီးမှူးနှင့် စသုံးလုံး အရာရှိ ၂ဦးသည် ဖားပြင်ကျေးရွာ အနှိပ်ခန်းတစ်ခုအတွင်း ရှိနေစဉ် အမည်မသိအဖွဲ့အစည်းတစ်ခုက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ဆန်ခါအုပ်စု ဆွတ်အောင်ရွာအရောက်တွင် ပစ်သတ်လိုက်သည်ဟုသိရသော်လည်း ဒုအခွန်ဦးစီးမှူး၏ ရုပ်အလောင်းသာတွေ့ရှိရကြောင်း
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတွင် လူငယ်အုပ်စု ၂ဖွဲ့ က အွန်းလိုင်းပေါ်မှ တဆင့် စိန်ခေါ်ကြပြီး အပြင်တွင်ထိုးကြိတ်မှုဖြစ်ပွားခဲ့ရာ လူငယ် ၂ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ အောက်တိုဘာလ ၁၀ရက်နေ့ ည ၁၀နာရီဝန်းကျင်ခန့်တွင် လူငယ် ၁၀ဦးပါသည့်အဖွဲ့နှင့် ၃ဦးသာပါရှိသည့် အဖွဲ့တို့ကြား လုံးခင်းတံတားအနီး ဦးချစ်အရက်ဆိုင်အတွင်းထိုးကြိတ် ခဲ့ကြရာတွင် ၂ဦးသေဆုံမှုရှိခဲ့သည်ဟု ဖြစ်စဉ်သိသူ ပြည်သူတစ်ဦး KNG ကိုပြောသည်။ “သေတာက ၃ယောက်တစ်ဖွဲ့ထဲက ၂ယောက်သေတာ။ တစ်ယောက်က ထွက်ပြေးသွားတယ်လို့သိရတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဟောင်ပါးတွင် ထွက်ပြေးတိမ်းရှောင်နေသည့် ဆယ်ဇင်း စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာခက်ခဲလာ၍ အရေးပေါ်ကူညီမှုများ လိုအပ်နေဆဲ ဖြစ်သည်ဟု သိရသည်။ ပြီးခဲ့သည့် သြဂုတ်လက စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရသည့် ဆယ်ဇင်းပြည်သူ ၂၀၀၀ ကျော်သည် နီးစပ်ရာ ကျေးရွာများရှိ ဘုန်းကြီးကျောင်း စာသင်ကျောင်းများခိုလှုံနေပြီး ထိုအနက် ဟောင်ပါးတွင်ရောက်နေသည့် စစ်ရှောင်ပြည်သူများသည် အစားအသောက် လိုအပ်နေဆဲဖြစ်သည်ဟု စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဦးက KNG ကို ပြောသည်။ ''အစားအသောက်ကတော့ ကြပ်တည်းလာပြီ။