ဖားကန့်
-
Nov- 2022 -22 Novemberသတင်း
စစ်ရေးတင်းမာမှုရှိနေသည့် အင်းတော် နှင့် ဖားကန့် ဝှေခါလမ်း KIA သွားလာခွင့်ပိတ်ထား
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါကျေးရွာနှင့် အင်းတော်ကြီးလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား စစ်ရေးတင်းမာမှုဖြစ်ပေါ်နေသည့်အတွက် ဝှေခါလမ်းပိုင်းကို KIA ဘက်မှ ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားကြောင်း သတင်းရရှိသည်။ အင်းတော်နှင့် ဝှေခါလမ်းပိုင်းဘက်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် KIA…
Read More » -
17 Novemberသတင်း
ဖားကန့် တွင် စစ်ကောင်စီ တပ်ဆင်ပေးနေသည့် Mytel Wifi တပ်ဆင်သူ နည်းပါး
ဖားကန့် မြို့နယ်တွင် စစ်ကောင်စီ တပ်ဆင်နေသည့် Mytel wifi ကို တပ်ဆင်သူ နည်းပါးကြောင်း ဖားကန့်ဒေသခံများထံမှ သိရသည်။ ဖားကန့်တွင် ဖုန်းအင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရမှု တစ်နှစ်ကျော်အကြာတွင် စစ်ကောင်စီသည် စစ်တပ်ပိုင် Mytel Wifi တပ်ဆင်ပေးပြီး ဝင်ငွေရှာဖွေရန်နှင့် စောင့်ကြည့်ရန် ကြိုးစားနေသော်လည်း ဖားကန့်မြို့တွင် တပ်ဆင်သူ နည်းပါးကြောင်း…
Read More » -
15 Novemberတိုက်ပွဲ
ဖားကန့် နယ်အစပ်ရှိ ညောင်ထောက်ကုန်းတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်ထိခိုက်သေဆုံးမှုများပြား
မိုးညှင်း နှင့် ဖားကန့် မြို့နယ် ၂ခုစပ်ကြားတွင်ရှိ ညောင်ထောက်ကုန်းအနီးတဝိုက်တွင် ယနေ့ မွန်းလွှဲ ၁ နာရီဝန်းကျင်ခန့်က စ်ကောင်စီတပ်နှင့် KIA၊ PDF တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၂၀ ဦးထက်မနည်းထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။ စစ်အင်အား…
Read More » -
8 Novemberသတင်း
ဖားကန့် တွင် စစ်တပ်ကုန်းတစ်ခု လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး စစ်သား ငါးဦး ဒဏ်ရာရ
ဖားကန့် မြို့နယ် ဒေသအခေါ် ဆိပ်မူစစ်တပ်ကုန်းတွင် လက်နက်ကြီး နှစ်လုံးပစ်ခတ်ခံရပြီး စစ်သားငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာလ ၇ ရက် ည ၄ နာရီအချိန်ခန့်တွင် အမည်မသိ အဖွဲ့တစ်ခုက လက်နက်ကြီး…
Read More » -
Oct- 2022 -29 OctoberFact Check
NLD အမတ် အောင်ဟိန်းမင်းအပါအဝင် KIA တပ်ရင်း ၆ မှ အရာရှိအချို့ကို KIA မှ ယာယီ ဖမ်းဆီးထိန်းသိမ်းထားသည်ဆိုသော သတင်းအမှား
ဖားကန့်မြို့ အနန့်ပါ တွင် စစ်ကောင်စီ မှ ဂျက်ဖိုက်တာ ၃ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရပြီးနောက် PDF စစ်ဒေသမှူး NLD အမတ် အောင်ဟိန်းမင်းအပါအဝင် KIA တပ်ရင်း (၆) မှ အရာရှိတချို့ကို KIA မှ ယာယီဖမ်းဆီးထိန်းသိမ်းလိုက်သည်ဆိုပြီး မဟုတ်မမှန် သတင်းအမှားဖြန့်ဝေထားသည်ကို…
Read More » -
27 Octoberသတင်း
ဖားကန့် အစုပြုံလိုက် ဗုံးကျဲခံရခြင်းမှ လွတ်မြောက်လာသူများကို စစ်ကောင်စီက ထပ်မံရှာဖွေနေ
ဖားကန့်တွင် စစ်ကောင်စီ ဗုံးကျဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုများ ဆုတောင်းပွဲပြုလုပ်ရန် လုံခြုံရေးအရ စိုးရိမ်ရသည့်အပြင် လွတ်မြောက်လာသူများကိုလည်း ဖမ်းဆီးအရေးယူရန် စစ်ကောင်စီက ပြင်ဆင်နေသည်ဟု ဖားကန့်ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်သည် ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများ၏ အလောင်းကို သယ်ယူခွင့်မရအောင် ဖားကန့် Ginsi ကျေးရွာအထွက်တွင် အောက်တိုဘာလ ၂၄ ရက်နေ့ကတည်းက ပိတ်ဆို့ထားပြီး လွတ်မြောက်လာသူများနှင့် ကူညီဆောင်ရွက်ပေးသူများကိုလည်း မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုမည်ဟု သိရကြောင်း ဖားကန့်ဒေသခံ ကချင်ပြည်သူတစ်ဦးက KNG ကိုပြောသည်။ “အခုက သူတို့ တော်တော်တင်းကြပ်ထားတဲ့ပုံစံဖြစ်တယ်။ စစ်ကောင်စီတွေက ဒဏ်ရာရပြီး လွတ်လာတဲ့သူတွေကော ကူညီဆောင်ရွက်ပေးတဲ့သူတွေကိုပါ ၁၇(၁)နဲ့ ဖမ်းဆီးမယ်လို့လည်း ပြောနေကြတယ်။ အဲ့ကြောင့် ပြည်သူတွေလည်း လုပ်ရကိုင်ရတာ တော်တော်ခက်ခဲသွားတယ်”ဟုပြောဆိုသည်။ ယခုလို စစ်ကောင်စီဘက်မှ ဖမ်းဆီးအရေးယူမည်ဟု ပြောဆိုနေသည့်အတွက် သေဆုံးသွားသူများ၏ မိသားစုဝင်များက အောက်မေ့ သတိရ ဆုတောင်းပွဲပြုလုပ်၍ မရသည့် အခြေအနေရှိနေသည်ဟု သူကဆက်ဆိုသည်။ လက်ရှိ ဒဏ်ရာရရှိသူများပိတ်ဆို့ခံထားရဆဲဖြစ်သောကြောင့် KIA တပ်မဟာ ၉ နယ်မြေတွင်သာ ဆေးဝါးကုသမှုများပြုလုပ်လျက်ရှိနေပြီး တစ်ချို့မှာ ဆေးကုသခံယူမှု နှောင့်နည်းသည့်အတွက် သွေးထွက်လွန်ကာ သေဆုံးမှုများရှိနေသည်။ ဗုံးကျဲခံရမှုကြောင့် သေဆုံးသူ ၆၀ ကျော်၏ ရုပ်အလောင်းများကို ဖားကန့် Ginsi ကျေးရွာအထက် ဘော်ဆာဒီးကျေးရွာ၏ ဥရုချောင်းတစ်ဖက်ကမ်းတွင် အောက်တိုဘာလ ၂၅ ၊၂၆ ရက်နေ့တို့တွင် မြေမြှုပ်သဂြိုလ်ပေးခဲ့ကြကြောင်းသိရသည်။ အောက်တိုဘာလ ၂၃ ရက်နေ့ ည စစ်ကောင်စီ ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခံရမှုတွင် သေဆုံးသူ ၅၀ ဝန်းကျင်ရှိခဲ့ပြီး ၃ ရက်ခန့်အကြာ စစ်ကောင်စီတပ်မှ သွားလာခွင့်ပိတ်ဆို့ထားသည့်အတွက် ဒဏ်ရာရရှိသူများသွေးလွန်ကာ သေဆုံးမှုများရှိခဲ့သောကြောင့် သေဆုံးသူဦးရေ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ဗုံးကျဲမှုအပြီး ဖားကန့် ဆေးရုံး ဆေးခန်းများတွင် စစ်ကောင်စီ စစ်သားများနှင့်ရဲများက ဒဏ်ရာပြင်းထန်သည့် လူများရှိမရှိ လိုက်လံစစ်ဆေးမှုများရှိနေသည့်အတွက် မြို့တွင်း မြို့ပြင်နေရာများတွင်လည်း စစ်ဆေးရေးတင်းကြပ်ထားသည်ခြင်းသည်။
Read More » -
Jul- 2022 -20 Julyသတင်း
ပိတ်ဆို့ခံနေရသော စစ်ကြောင်းကို ကယ်ထုတ်ရန် စစ်ကောင်စီမှ KIA ကို လေကြောင်းဖြင့် တိုက်ခိုက်နေ
ဖားကန့် ဆယ်ဇင်းတွင် စစ်ကောင်စီ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ပိတ်ဆို့ထားသောကြောင့် စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် လာရောက် ဗုံးကျဲနေဆဲ ဖြစ်သည်ဟု သိရသည်။ ဆယ်ဇင်း ချမ်းသာအေးကျေးရွာတွင် စစ်ကောင်စီတပ် အင်အား ၅၀ ဝန်းကျင်ခန့်…
Read More » -
17 Julyတိုက်ပွဲ
ဆယ်ဇင်းတွင် စစ်ကောင်စီတပ် ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်
ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲဖြစ်ပွားနေ သောကြောင့် ယနေ့ တစ်ရက်အတွင်း စစ်ကောင်စီတပ်ဘက် ဂျက်လေယာဉ်ဖြင့် ၃ကြိမ်ထက်မနည်း လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ ကြောင်း ဒေသခံများထံမှသိရသည်။ တာမခန်ဘက်မှ ဆယ်ဇင်းဘက်သို့ စစ်ကြောင်း ၂ခုဖြင့်…
Read More » -
14 Julyသတင်း
ဆိုင်းတောင် သပိတ်စစ်ကြောင်းမှ ပြန်လာသူ ၈ ဦး ဖမ်းဆီးခံရ
ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင် သပိတ်စစ်ကြောင်းတွင် ပါဝင်သည့် ဒေသခံ ၈ ဦးကို ယမန်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားကြောင်း သိရသည်။ ဇူလိုင်လ ၁၃ ရက်နေ့ ညနေ ၅ နာရီဝန်းကျင် ဆိုင်းတောင်သပိတ်စစ်ကြောင်းမှ…
Read More » -
Jun- 2022 -27 Juneသတင်း
ဖားကန့်မြို့တွင်း နေရာအချို့တွင် ယခုရက်ပိုင်း Mytel အင်တာနက်လိုင်း ပြန်ရနေ
ဖားကန့်မြို့တွင်း နေရာအချို့တွင် ယခုရက်ပိုင်း စစ်တပ်ပိုင် Mytel ဖုန်းအင်တာနက်လိုင်းများ ပြန်လည်ရရှိကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီသည် ဖားကန့်တစ်မြို့နယ်လုံးကို ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့မှ စတင်ကာ ပြည်တွင်း ဖုန်းအော်ပရီတာများအားလုံး၏ အင်တာနက်လိုင်းကို…
Read More »








