သတင်း

ဆိုင်းတောင် သပိတ်စစ်ကြောင်းမှ ပြန်လာသူ ၈ ဦး ဖမ်းဆီးခံရ

ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင် သပိတ်စစ်ကြောင်းတွင် ပါဝင်သည့် ဒေသခံ ၈ ဦးကို ယမန်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားကြောင်း‌ သိရသည်။

ဇူလိုင်လ ၁၃ ရက်နေ့ ညနေ ၅ နာရီဝန်းကျင် ဆိုင်းတောင်သပိတ်စစ်ကြောင်းမှ ပြည်သူများသည် စစ်အာဏာရှင်အလိုမရှိ ဆန္ဒပြပြီးအပြန် အမျိုးသမီး ၇ ဦးအပါအဝင် စုစုပေါင်း ၈ ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားကြောင်း သိရသည်။

” သပိတ်စစ်ကြောင်းက ဆိပ်မူအုပ်စုရွာတွေဖြစ်တဲ့ ရှရော်ခရွာ ဆိုင်းတောင် ဆိပ်မူတွေမှာ သပိတ်စစ်ကြောင်း ထွက်ကြတာ။ အဲဒါ ဆိပ်မူဘက်သွားပြပြီး အထွက်မှာကို ဖမ်းသွားတာလို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ စစ်အင်အား ၃၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲသည် စစ်ဝတ်စုံ ယူနီဖောင်း အပြည့်အစုံဖြင့် ခြေလျင်ရောက်ရှိလာကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ ဒေါ်တိုး ၆၄ နှစ်၊ ဒေါ်ခိုင် ၅၁ နှစ်၊ ဒေါ်မာလင်း ၄၅နှစ်၊ မခင်လဲ့ ၃၁ နှစ်၊ ဒေါ်ငွေ ၅၈ နှစ်၊ မပေါပေါ ၃၀နှစ်၊ ဒေါ်မြင့်သန်း ၄၁ နှစ် ရပ်မိရပ်ဖ ကိုသိန်းထွန်း တို့ဖြစ်ကြောင်း သိရသည်။

“အမျိုးသမီးချည်း ၇ ယောက်ပါသွားတယ် အမျိုးသားက ဆိပ်မူက ရပ်မိရပ်ဖတစ်ယောက်ပါသွားတယ်။ လောလောဆယ်တော့ ဗျူဟာကုန်းမှာ ဖမ်းထားတယ်လို့ သိရတယ်” လို့ ဒေသခံတစ်ဦးကပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်သည့် သပိတ်စစ်ကြောင်းကို နေ့စဉ် ပြုလုပ်နေသော မြို့နယ်ထဲမှာ ဖားကန့်မြို့နယ် တစ်ခုအပါအဝင်ဖြစ်သည်။

Show More

Related Articles

Back to top button