ဗန်းမော်

  • Jan- 2025 -
    15 January
    သတင်း

    ဗန်းမော် အရပ်သားနေအိမ်ကို ဖျက်ပြီး စစ်ကောင်စီ ခံစစ်နေရာ ထပ်မံပြင်ဆင်

    ကချင်ပြည်နယ် ဗန်းမော်မြို့ တိုက်ပွဲမှာ စစ်ကောင်စီတပ်တွေဟာ အရပ်သားနေအိမ်၊ ခြံဝင်းတွေကို ဖြိုချဖျက်ဆီးလိုက်ပြီးတော့ တပ်နေရာယူ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။ မံစီမြို့နယ်တစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီးနောက် ဗန်းမော်မြို့ပေါ် ရှိ  စစ်ကောင်စီ စကခ ၂၁ ၊ ခလရ ၄၇ မှာလည်း နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားလာနေတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ ဗန်းမော်မြို့ လက်မလွတ်ရေးအတွက် KIA ကို ခုခံတိုက်ခိုက်နိုင်ဖို့…

    Read More »
  • 9 January
    သတင်း

    ဗန်းမော် စစ်ရှောင် တစ်သောင်းခွဲ အရေးပေါ် အကူအညီ လိုအပ်နေ

    ဗန်းမော် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်လူဦးရေ တစ်သောင်ခွဲ မှာ အရေးပေါ် အကူအညီ မရရှိတဲ့အတွက် အစားအသောက် နဲ့ နေရာအခက်အခဲ ကြုံတွေ့နေရတယ်လို့ စုံစမ်း သိရှိရပါတယ်။ မြို့သိမ်းတိုက်ပွဲကြောင့် ဗန်းမော် စစ်ရှောင်များမှာ မြို့မြောက်ဘက်၊ တောင်ဘက်ပိုင်း နဲ့ ဧရာဝတီမြစ်ကမ်းတစ်လျောက် ကျေးရွာတွေမှာ အများဆုံးထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ ဗန်းမော်မြို့ တောင်ဘက်ခြမ်း ဧရာဝတီမြစ်ကြောင်းတလျောက်ရှိ မြလယ်၊ စင်ခန်း၊ ကွေ့ကြီး၊ ဟန်ထက်၊ မာန်မကောက်၊ ကောင်းတုန်၊ ဆူးပုပ်ကုန်း၊…

    Read More »
  • 3 January
    သတင်း

    တိုက်ပွဲဖြစ်ပွားတဲ့ ဗန်းမော်မြို့တွင်း ရပ်ကွက််မှာ နေအိမ်အများအပြား ပျက်စီး

    တစ်လခန့်အကြာ မြို့သိမ်းတိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမော်မြို့မှာ မြို့တွင်းရပ်ကွက်အများအပြား မီးလောင်းပျက်စီးနေပြီး နှစ်ဖက်တိုက်ပွဲလည်း ဆက်လက်ဖြစ်ပွားနေတယ်လို့  ဗန်းမော်ဒေသခံတွေ ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ခိုက်နေတဲ့ ဗန်းမော်မြို့ကို စစ်ကောင်စီဘက်ကလည်း လေယာဉ်၊ တင့်ကား၊ ဒရုန်း အပြင် လက်နက်ကြီးတွေနဲ့ ပြန်လည် ခုခံတိုက်ခိုက်နေတဲ့အတွက် မြို့တွင်း မီးလောင် ပျက်စီးမှု များပြားကြောင်း ဗန်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။ “ဗန်းမော်မြို့တွင်းမှာက မြို့တစ်ဝက်ကျော်က ပြာပုံဖြစ်သွားပြီ။…

    Read More »
  • Dec- 2024 -
    18 December
    သတင်း

    ဗန်းမော်စစ်ရှောင်များ ကူညီထောက်ပံ့မှုမရတဲ့အပြင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုရှိနေ

    ကချင်ပြည်နယ် ဗန်းမော်မြို့တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့မှုမရတဲ့အပြင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေရှိနေတယ်လို့ စစ်ဘေးရှောင်တွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့စတင်လာတဲ့ ဗန်းမော်မြို့တိုက်ပွဲကြောင့် ထွက်ပြေးလာရတဲ့စစ်ရှောင်ပြည်သူတွေဟာ အရေးပေါ်အတွက်အစားသောက်ကူညီမှုတွေမရတဲ့အပြင် လမ်းခရီးမှာလည်း လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တပ်သားသစ်စုဆောင်းခံရတာရှိနေတယ်လို့ ဗန်းမော်စစ်ရှောင်တွေ ပြောပါတယ်။ “စစ်ရှောင်တဲ့သူတွေတော်တော်များများ…

    Read More »
  • 12 December
    သတင်း

    ဗန်းမော်မြို့ပေါ် ရပ်ကွက်အများစု KIA ထိန်းချုပ်ထားနိုင်ပြီလို့ဆို

    ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့သိမ်းတိုက်ပွဲပြင်းထန်နေတာ တစ်ပတ်ကျော်ရှိလာချိန် မြို့ပေါ်ရပ်ကွက်အများပိုင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ကစလို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာ ဗန်းမော်မြို့ကိုသိမ်းပိုက်ဖို့အတွက် မြို့ရဲ့ပတ်ပတ်လည်ကနေ စတင်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ ဒီကနေ့ဆိုရင် ဗန်းမော်မြို့ကိုသိမ်းပိုက်ဖို့ဦးတည်နေတဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးဟာ တစ်ပတ် ကျော် ၉ ရက်မြောက်နေ့အထိရှိလာပြီဖြစ်ပြီး ဗန်းမော်မြို့တွင်း ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ အစိုးရရုံးရှိရာ ရပ်ကွက်အားလုံးနီးပါး KIA ပူးပေါင်းတပ်သိမ်းပိုက်ထားပြီလို့ ဗန်းမော်KUG/KPDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ “မြို့ထဲကိုဝင်ထားတဲ့အဖွဲ့တွေကတော့ စခန်းတော်တော်များများကိုသူတို့သိမ်းထားပါတယ်။ ရဲစခန်းတို့၊ ထွေအုပ်ရုံးတို့ပေါ့။ တပ်စွဲထားတဲ့ နေရာ တော်တော်များများကိုလည်းသိမ်းထားနိုင်တယ်။ စခန်းအရေ အတွက်ကတော့ ၁၂ ခုလောက်သိမ်းထားနိုင်တယ်ပေါ့လေ။ အခုကတော့ ဗန်းမော်မြို့ စကခ ၂၁ နဲ့ ခလရ ၄၇ ကလွဲရင် မြို့ထဲနေရာတော်တော်များများကိုထိန်းထားပြီလို့ပြောလို့ရပါတယ်”လို့ပြောပါတယ်။ ဒါ့အပြင် ဗန်းမော်မြို့ပြင်မှာရှိတဲ့ ဗန်းမော်နည်းပညာတက္ကသိုလ်ကိုလည်း ပူးပေါင်းတပ်ဖွဲ့တွေကထိန်းချုပ်ထားပြီး ခလရ ၄၇ ကိုဆက်လက်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ဗန်းမော်မြို့တွင်းထဲက အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ ခလရ ၄၇ တို့လို စစ်ကောင်စီအထိုင်ချရာ တပ်တွေနဲ့တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေပြီး အဲ့ဒီအနီးတစ်ဝှိုက်ကရပ်ကွက်တွေမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲဖြစ်တာတွေရှိတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ဒါ့အပြင် ဗန်းမော်တက္ကသိုလ်၊ ၂မိုင်၊ ၃–၄မိုင်နဲ့ ၅–၆မိုင်၊ မံစီမြို့နယ်ထဲမှာကျန်နေတဲ့ ခမရ ၆၀၁၊၃၁၉ နဲ့ ၃၅၂ တို့မှာလည်းတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။ အခုလို နှစ်ဖက်တပ်တွေအကြားတိုက်ပွဲတွေပြင်းထန်လာတာနဲ့အတူ မြို့တွင်းရပ်ကွက်နေရာတစ်ချို့ မီးလောင်ပျက်ဆီးမှုတွေရှိနေပြီး ရဲစခန်း၊ထွေအုပ်ရုံးအပါအဝင်၊ စံကိုယ်ပိုင် အထက်တန်းကျောင်း၊ Friendship Hotel၊ ၂ မိုင်အနီးတစ်ဝှိုက်ကနေအိမ်တစ်ချို့နဲ့ ခွန်သာရပ်ကွက်ကနေအိမ်တွေမှာ မီးလောင် ပျက်ဆီးမှုတွေရှိနေတာလို့ သိရပါတယ်။ တစ်ဖက်မှာ ဒေသခံတွေဟာလည်းတိုက်ပွဲဖြစ်ပြီး ၂ ရက်လောက်အကြာ ဒီဇင်ဘာ ၆ ရက်နေ့လောက်ကစပြီး မြို့ကိုစွန့်ခွာထွက်ပြေးခဲ့ကြပြီး အများစုက မန္တလေးလိုမြို့ကြီးအပါအဝင် ဗန်းမော်မြို့ရဲ့တစ်ဖက်ကမ်းက ကျေးရွာတွေ၊ ကသာ၊ရွှေကူ၊ စင်းခမ်း နဲ့ ဘေးလွှတ်ရာ တောတောင်တွေထဲဦးတည်ထွက်ပြေးနေကြရပြီး အဘက်ဘက်ကအကူညီတွေလိုအပ်နေတယ်လို့သိရပါတယ်။ “အဓိကလိုအပ်တာ စားနပ်ရိက္ခာတွေနဲ့အဝတ်အထည်၊ဆေးဝါးတွေလိုအပ်တယ်။ တစ်ချို့ရပ်ကွက်မှာက လက်နက်ကြီးကျလာတော့ ချက်ချင်းထပြေးရတာရှိတယ် အဲတော့ ဘာမှမပါလာဘူးလေ”လို့ ဗန်းမော်ကနေ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက ပြောပါတယ်။ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့ဟာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၁) အခြေစိုက်ရာ မြို့ဖြစ်သလို ခလရ(၂၃၆)၊ ခလရ(၄၇)နှင့် အမြောက်တပ်တွေဖြစ်တဲ့ အမတ(၃၃၆),(၃၀၄)နှင့် အမှတ် ၇၀၀၆ သံချပ်ကာတပ်၊ ၅၀၁၄ တင့်ကားတပ်နှင့် လက်ရုံးတပ်ရင်းငါးရင်းလောက် အခြေစိုက်ထားသည့် တပ်မြို့ဖြစ် ပြီး စစ်ရေးအရအင်မတန်အရေးပါတဲ့မြို့လို့စစ်ရေးသုံးသပ်သူတွေကဆိုကြပါတယ်။ တစ်ဖက်မှာ တရုတ်နိုင်ငံနဲ့ မိုင် ၅၀ ခန့်အကွာမှာပဲရှိတဲ့ စစ်ရေးအရအင်မတန်အရေးပါတဲ့ ဗန်းမော်မြို့ကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်ဖို့ဦးတည်နေချိန်မှာပဲ တရုတ်နိုင်ငံအစိုးရက KIO ကိုတွေ့ဆုံဖို့ဖိတ်ခေါ်ခဲ့တယ်လို့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကို ဒီဇင်ဘာလ ၉ ရက်နေ့ကဖြေကြားခဲ့ပါတယ်။ လက်ရှိတော့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့အဖွဲ့တို့ တရုတ်နိုင်ငံကူမင်းမြို့မှာ တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံအဖွဲ့နဲ့ တွေ့ဆုံဖို့ရောက်ရှိနေပြီလို့သိရပြီး ဆွေးနွေးပွဲနဲ့ပတ်သက်လို့ အခြေနေအသေးအစိတ်ကို KNG က မသိရသေးပါဘူး။ ဒီအရေးပါတဲ့ဗန်းမော်မြို့သိမ်းတိုက်ပွဲကိုတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA အပါအဝင် အာရက္ခ တပ်တော် AA၊ ကျောင်းသားတပ်မတော် ABSDF၊ ကူကီးအမျိုးသားများတပ်မတော်၊ KIA ဂေါ်ရခါး တပ်ရင်း နဲ့ ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF တို့က ပူးပေါင်းတိုက်ခိုက်နေတာလို့ သိရပါတယ်။ By – အမိုး

    Read More »
  • 11 December
    သတင်း

    ဗန်းမော်မြို့နဲ့မံစီမြို့အနီး တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်က လေကြောင်းအကူနဲ့ရိက္ခာချပေးနေ

    ကချင်ပြည်နယ် ဗန်းမော်မြို့နဲ့မံစီမြို့နီးမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်က လေကြောင်းအကူနဲ့ရိက္ခာချ ပေးနေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ စတင်လာတဲ့ ဗန်းမော်မြို့နဲ့မံစီမြို့အနီးတိုက်ပွဲ တစ်ပတ်ကြာလာချိန် KIA ပူးပေါင်းတပ်က ဗန်းမော်မြို့တွင်း ရဲစခန်း၊ထွေအုပ်ရုံး၊နည်းပညာတက္ကသိုလ်၊စာသင်ကျောင်းနေရာတွေ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဗန်းမော်မြို့နဲ့မံစီမြို့အကြား ရှိတဲ့ ကာကင်းစခန်း ၇ ခုကို ရှင်းလင်းထားနိုင်ပြီ ဖြစ်ပါတယ်။ လက်ရှိ ဗန်းမော်မြို့တက္ကသိုလ်ကျောင်းနေရာမှာ တပ်စွဲထားတဲ့ စစ်တပ်၊ မြို့ပြင်တပ် ခလရ ၄၇နဲ့ မံစီမြို့စောင့်တပ် ခမရ ၆၀၁၊ ၃၁၉ တပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေသလို KIA ပူးပေါင်းတပ်က ဒီတပ်အားလုံးကို ပိတ်ဆို့တိုက် ခိုက်နေတာကြောင့် စစ်တပ်ဘက်က မနေ့ညစပြီး လေကြောင်းအကူနဲ့ရိက္ခာစပို့ပေးနေတယ်လို့ KIA ရှေ့တန်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ “ဗန်းမော်ရယ် မံစီရယ် ၂ ဘက်အညှပ်ခံထားရတော့ ထွက်ပေါက်မရှိတော့ဘူး လက်နက်ချချင်ချ မချရင် သေဖို့ပဲရှိပါတယ်။ မနေ့ညက Y8 နဲ့ အကြာကြီးဝဲပြီးလေထီးနဲ့ချတာဟုတ်တယ် တခါချရင် အထုပ်တွေ တော်တော်များတယ် ”လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ တိုက်ပွဲအနီးတစ်ဝိုက် ဒီဇင်ဘာလ ၁၀ ရက်ည Y8 လေယာဉ်အမျိုးအစားနဲ့ ၃ ကြိမ်၊ဂျက်လေယာဉ်နဲ့ ၂ ကြိမ်တိတိ လေထီးနဲ့ရိက္ခာချသွားတယ်လို့ သူကဆက်ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်တပ်ဘက်က လေကြောင်းနဲ့ပြင်းပြင်းထန်ထန်ခုခံနေပေမယ့် ကာကွယ်ရေးတပ်ဘက်ကလည်း အဆက်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ဒီဇင်ဘာလ ၁၀ ရက်ည မံစီမြို့စောင့်တပ်ဖြစ်တဲ့ ခမရ ၆၀၁ ၊ ၃၁၉ တပ်ထဲဝင်ရောက်နိုင်ပြီဖြစ်တယ်လို့ သိရပေမယ့် အသေးစိတ် ဆက်စုံစမ်းနေဆဲဖြစ်ပါတယ်။ ခမရ ၆၀၁၊ ၃၁၉ ဟာ မံစီမြို့နဲ့ ၄ မိုင်ဝန်းကျင်အကွာမှာရှိပြီး တစ်ဆက်တည်းရှိတဲ့ တပ်ရင်းဌာနချုပ်ဖြစ်သလို အင်အား ၂၀၀ ခန့်ရှိတယ်လို့လည်း ခန့်မှန်းထားကြပြီး မံစီတိုက်ပွဲမှာ တော်လှန်ရေးဘက်က ၂၀ ဝန်းကျင် အကျအဆုံးရှိသလို စစ်တပ်ဘက်ကလည်း အကျအဆုံးများတယ်လို့ ဆိုပါတယ်။ အလားတူ ဗန်းမော်မြို့တွင်းမှာလည်း တိုက်ပွဲပြင်းထန်နေပြီး ဗန်းမော်တက္ကသိုလ်ကျောင်း၊ မြို့ပြင်တပ် ခလရ ၄၇ မှာလည်း တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာ ခုဆိုရင် ၈ ရက်တိတိရှိလာပြီး စစ်တပ်ဘက်က ဒီဇင်ဘာလ ၁၀ ရက် မနေ့ညမှာ ဗန်းမော်မြို့နဲ့မံစီမြို့အနီးတစ်ဝိုက် လေကြောင်းဖြင့် ၅ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ KIA ရှေ့တန်းသတင်း ရင်းမြစ်ကပြောပါတယ်။ ဗန်းမော်မြို့နယ်ဟာ ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်ဖြစ်သလို အရှေ့မှအနောက်သို့ ၃၃ မိုင်၊ တောင်မှမြောက် ၅၅ မိုင်ရှည်လျားပြီး ၇၅၉.၀၁ စတုရန်းမိုင်ကျယ်ဝန်းကာ ဗန်းမော်မြို့နယ်ကို ရပ်ကွက် ၁၆ ခု၊ ကျေးရွာအုပ်စု ၄၁ စု၊ ကျေးရွာပေါင်း ၇၁ ရွာနဲ့ ဖွဲ့စည်းထားပြီး လူဦးရေ ၁၁၀,၀၀၀ (တစ်သိန်းတစ်သောင်း) ခန့် နေထိုင်ပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့စတင်လာတဲ့ တိုက်ပွဲကြောင့် အိမ်စောင့်ကလွှဲပြီး မြို့ခံပြည်သူအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြသလို မြို့အနိီးဝန်းကျင်ရွာပေါင်း ၁၀ ခန့်မှ လူဦးရေ သောင်းဂဏာန်းထွက် ပြေးတိမ်းရှောင်နေကြပြီဖြစ်ပါတယ်။ “ခုမြို့ထဲမှာတော့ အိမ်စောင့်လောက်ပဲကျန်တယ် အားလုံးက ထွက်ပြေးနေကြပြီ။ မန်းလေး၊မြစ်ကြီးနားဘက်ပြေးတဲ့…

    Read More »
  • 9 December
    သတင်း

    ဗန်းမော်မြို့နယ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး မြို့ခံအားလုံးနီး ထွက်ပြေးတိမ်းရှောင်

    ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့ ပတ်လည်မှာ တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး မြို့ဒေသခံအားလုံး ဘေးလွတ်ရာကို ခက်ခက်ခဲခဲ တိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ ဗန်းမော်ပြည်သူတွေက ပြောပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့စတင်လာတဲ့ KIA ပူးပေါင်းတပ်ရဲ့စစ်ဆင်ရေးဟာ ဒီနေ့ဆို ၆ ရက်မြောက်နေ့ထိရှိလာပြီး နှစ်ဖက်တိုက်ပွဲကြောင့် မြို့တွင်း လက်နက်ကြီးကျပေါက်ကွဲတာတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဗန်းမော်မြို့ပတ်လည်မှာရှိတဲ့ ကျေးရွာနေပြည်သူတွေအပါအဝင် မြို့တွင်းနေထိုင်တဲ့ ပြည်သူတွေဟာ ဒီဇင်ဘာလ ၄ ရက်နေ့စပြီး ရေလမ်း၊ကုန်းလမ်းကနေ တိမ်းရှောင်နေကြတာဖြစ်ပါတယ်။  “ရေလမ်း၊ ကုန်းလမ်းကနေ တိမ်းရှောင်နေကြတယ် ညောင်ပင်သာဘက်နေ ဟိုနေ့ကတည်းက ဖွင့်ပေးနေတာလို့ ခုမြို့ထဲမှာက အိမ်စောင့်လောက်ပဲ တစ်ချို့ကျန်နေတာ အများပိုင်းတိမ်းရှောင်နေကြပြီ။ ခန့်မှန်းခြေဆိုရင် ၇၀ ရာခိုင်နှုန်းလောက်တော့ ပြေးနေကြပြီ”လို့ ပြောပါတယ်။ ဗန်းမော်မြို့ခံတွေဟာ ဗန်းမော်တစ်ဖက်ကမ်း ရေလဲ၊နန့်ခုတ်၊မိုင်းခေါင်၊ ဟန်ထက် စီခမ်းကြီးဘက်ထွက်ပြေးတိမ်းရှောင်သူတွေရှိသလို ဗန်းမော်–ရွှေကူ–ကသာလမ်းကနေ ရွှေဘို– မန္တလေးဘက်တိမ်းရှောင်သူတွေရှိတယ်လို့ သိရပါတယ်။ ဒီနေ့ထိ KIA ပူးပေါင်းတပ်ဘက်က မြို့တွင်း ရဲစခန်း၊ထွေအုပ်ရုံးနဲ့နည်းပညာတက္ကသိုလ်တွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ရှင်းလင်းနိုင်ပြီး သိမ်းပိုက်ရရှိထားပြီလို့လည်း သတင်းထွက်နေပေမယ့် ကချင်ပြည်နယ်တစ်ပြည်နယ်လုံး ဖုန်း၊အင်တာနက်လိုင်း ပြတ်တောက်နေတာကြောင့် အသေးစိတ်သိရဖို့ ခက်ခဲနေပါတယ်။ ဒါ့အပြင် ဗန်းမော်မြို့ရှိ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စ.က.ခ) ဝင်းထဲမှာရှိတဲ့ ဗန်းမော်အကျဉ်းထောင်လည်း ဖွင့်ပေးလိုက်ပြီလို့သတင်းထွက်နေပေမယ့် အကျဉ်းထောင်ရှိရာ စကခ ၂၁ ကိုထိုးစစ်ဆင်တိုက်ခိုက်နေဆဲသာဖြစ်လို့ သတင်းမှန်ကန်မှုမရှိနိုင်ဘူးလို့လည်း ဒေသခံတစ်ချို့ပြောပါတယ်။ “သိပ်တော့မမှန်နိုင်ဘူးဗျ။ဖွင့်ပေးလိုက်တာမျိုးမဟုတ်ပဲ တစ်ချို့လွတ်ရက်နီးလာတဲ့သူတွေကို မိသားစုကိုလာကြိုဖို့ပြောတာမျိုးတော့ ကြားမိတယ်။ အဲသတင်းကတော့ မမှန်နိုင်ဘူး”လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ဒီဇင်ဘာလ ၉ ရက်နေ့ ဒီနေ့ထိ  ဗန်းမော်မြို့နဲ့ မံစီမြို့နယ်အကြားမှာရှိတဲ့ ခလရ ၄၇ တပ်နဲ့ မံစီမြို့စောင့်တပ်ဖြစ်တဲ့ ခမရ ၆၀၁၊ ၃၁၉ တွေကို လုံခြုံရေးယူပေးနေတဲ့ ကာကင်းစခန်း ၇ ခုကိုသိမ်းပိုက်ပြီးနောက် မံစီမြို့စောင့်တပ်ဖြစ်တဲ့ ခမရ ၆၀၁၊ ၃၁၉ တပ်ရင်းနဲ့ ဗန်းမော်မြို့ပြင်တပ် ခလရ ၄၇ နဲ့ မြို့တွင်းတပ် စကခ ၂၁ ကို ဆက်ပြီး ထိုးစစ်ဆင်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။ ဗန်းမော်မြို့ဟာ တရုတ်နယ်စပ်တည်ရှိရာ လွယ်ဂျယ်မြို့နဲ့မိုင် ၄၀ ဝန်းကျင်မှာရှိပြီး အရှေ့မှအနောက်သို့ ၃၃ မိုင်၊ တောင်မှမြောက် ၅၅ မိုင်ရှည်လျားပြီး ၇၅၉.၀၁ စတုရန်းမိုင်ကျယ်ဝန်းပြီး ဗန်းမော်မြို့နယ်ကို ရပ်ကွက် ၁၆ ၊ကျေးရွာအုပ်စု ၄၁ စု၊ကျေးရွာပေါင်း ၇၁ ရွာနဲ့ဖွဲ့စည်းထားပြီး လူဦး ၁၁၀၀၀၀ (တစ်သိန်းတစ်သောင်း) ခန့်နေထိုင်တယ်လို့ သိရပါတယ်။  ဗန်းမော်မြို့နယ်ရဲ့အရှေ့ဘက်မှာ မိုးမောက်မြို့နယ်၊ အနောက်မှာရွှေကူ၊တောင်ဘက်မှာ မံစီမြို့နယ်၊မြောက်ဘက်မှာ ဝိုင်းမော်မြို့နယ်တည်ရှိပြီး ခရိုင်ရုံးစိုက်ရာမြို့နယ်ဖြစ်ကာ စစ်ရေးအရ ကုန်းကြောင်း၊ရေကြောင်း အဓိက အချက်ချာကျတဲ့မြို့လည်းဖြစ်ပါတယ်။ By – Zami

    Read More »
  • 9 December
    သတင်း

    ဗန်းမော်တိုက်ပွဲပြင်းထန်နေချိန် တရုတ်အစိုးရက KIO ကိုတွေ့ဆုံဖို့ဖိတ်ခေါ်

    ကချင်ပြည်နယ် ဗန်းမော်မြို့နယ်နဲ့မံစီမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေချိန် တရုတ်အစိုးရက KIO နဲ့တွေ့ဆိုဖို့ဖိတ်ခေါ်တာကြောင့် KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လဦးဆောင်တဲ့အဖွဲ့ တရုတ်နိုင်ငံကိုထွက်ခွာသွားကြောင်း KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ (KIO ) ဥက္က ဗိုလ်ချူပ်ကြီး အင်ဘန်လဦးဆောင်တဲ့အဖွဲ့ ဒီဇင်ဘာ ၈ ရက်နေ့  မနေ့ကတည်းက တရုတ်ပြည်ကို ထွက်သွားတာဖြစ်ပြီး တွေ့ဆုံရမယ့်အကြောင်းအရင်းအသေးစိတ်မသိရဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ “KIO က တရုတ်အစိုးရနဲ့တွေ့ဆုံဆွေးနွေးတယ်လို့မဟုတ်ပဲ ကျနော်တို့ KIO ခေါင်းဆောင်တွေကို တရုတ်အစိုးရဘက်က ခေါ်ဆိုတာကြောင့် သွားလိုက်တာဖြစ်တယ်။ တွေ့ဖြစ်၊ မတွေ့ဖြစ် မသိဘူးနော် သွားတော့သွားလိုက်တယ် မနေ့က သွားလိုက်တယ်။ မနေ့ကသွားလိုက်တဲ့ထဲမှာ ကျနော်တို့ ဥက္ကဌ ဗိုလ်ချုပ်အင်ဘန်လ ဦးဆောင်သွားလိုက်တာဟုတ်တယ်။”လို့ KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက KNG ကချင်သတင်းဌာနကို ပြောပါတယ်။ ကချင်ပြည်နယ်တွင်းရှိ တရုတ်–မြန်မာနယ်စပ်တစ်ကြော စီပွားရေးဇုံနယ်အားလုံးကို KIO/KIAထိန်းချူပ်ထားပြီး လက်ရှိ ဗန်းမော်မြို့နဲ့မံစီမြို့နယ်တို့မှာ စစ်ကောင်စီနဲ့ တိုက်ပွဲပြင်းထန်နေချိန် KIO ကို တရုတ်အစိုးရဘက်က တွေ့ဆုံဖို့ ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။ ခုလို KIO အဖွဲ့ကို တရုတ်အစိုးရဘက်က ဖိတ်ခေါ်တာဟာ ဗန်းမော်တိုက်ပွဲရပ်တန့်ပေးဖို့ ဖြစ်နိုင်သလို၊ KIA သိမ်းပိုက်ထားတဲ့ နယ်စပ်ဂိတ်အားလုံး ပြန်လည်ဖွင့်ဖို့ ညှိနှိုင်းတာလည်း ဖြစ်နိုင်တယ်လို့ တရုတ်အရေးကျွမ်းကျင်တဲ့ကချင်နိုင်ငံရေးလေ့လာသုံးသူတစ်ဦးက ခုလိုပြောပါတယ်။ “အကြောင်းအရင်းက ၂ ခုဖြစ်နိုင်တယ်။ ပထမတစ်ချက်က နယ်စပ်ဂိတ်တွေအားလုံးဖွင့်မယ့်ကိစ္စတိုင်ပင်လာနိုင်မလား၊ နောက် ဒုတိယအချက်က ဗန်းမော်တိုက်ပွဲလည်း ပြင်းထန်နေတာဆိုတော့ ဗန်းမော်တိုက်ပွဲရပ်ပေးဖို့ ပြောတာလည်း ဖြစ်နိုင်တယ်”လို့ ပြောပါတယ်။ ဒါပေမယ့် KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူကြီးအင်ဖန်နော်ဘူပြောတာက တရုတ်အစိုးရနဲ့ ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ KIO ကြား တစ်လ(သို့မဟုတ်) ၂ လ တစ်ကြိမ် ပုံမှန်တွေ့ဆုံမှုသာဖြစ်နိုင်တယ်လို့ ပြောပါတယ်။  ကချင်အထူးဒေသ (၁) နယ်မြေမသိမ်းပိုက်ခင်လည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို တရုတ်ဘက်က တိုက်ပွဲမဖော်ဆောင်ဖို့ ဖိအားပေးခဲ့တာတွေရှိခဲ့ပါတယ်။ ဒါပေမယ့် KIA က တရုတ်ဖိအားတွေကြား မြေရှားသတ္တုထွက်ရှိရာ ကချင်အရှေ့ဘက်ခြမ်း ချီဖွေဒေသ၊ ပန်ဝါမြို့၊ ကန်ပိုင်တီမြို့ စတဲ့နယ်စပ်ကုန်သွယ်ရေး ဒေသအားလုံး သိမ်းပိုက်ထိန်းချူပ်လိုက်ပြီး လက်ရှိချိန်ထိ ကုန်သွယ်ရေးဂိတ်တွေအားလုံး ပိတ်ထားဆဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇင်ဘာလ ၄ ရက်နေ့ကစ  တရုတ်နယ်စပ် လွယ်ဂျယ်မြို့နဲ့  မိုင် ၄၀ အကွာမှာရှိတဲ့ ဗန်းမော်မြို့ကို  ထိုးစစ်စတင်ကာ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် အခုလို စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေချိန် တရုတ်အစိုးရဘက်က KIO ကို ခေါ်ယူတွေ့ဆုံမှုအပေါ် လူထုကြား စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။ ရှမ်းမြောက်မှာ နယ်စပ်ကုန်သွယ်ရေးနဲ့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချူပ် လားရှိုးမြို့အပါအဝင် နယ်မြေအမြောက်အများကို သိမ်းပိုက်ထိန်းချူပ်ထားနိုင်ပြီ ဖြစ်တဲ့ ကိုးကန့် MNDAA နဲ့ တစ်ဖက်က တအာင်းလွတ်မြောက်ရေးအဖွဲ့ PSLF/TNLA တပ်ဖွဲ့ တို့ဟာ တရုတ်ဖိအားကြောင့် စစ်တပ်နဲ့အပစ်ရပ်ပြီး စစ်ကောင်စီနဲ့ ဆွေးနွေးရန် တပ်ဖွဲ့နှစ်ဖွဲ့လုံး ထုတ်ပြန်စာအသီးသီး ထုတ်ပြန်ထားပြီလည်း ဖြစ်ပါတယ်။ တရုတ်– မြန်မာနယ်စပ်မှာ တိုက်ပွဲတွေဖော်ဆောင်တာ မလုပ်ဖို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို တရုတ်ဘက်က နယ်စပ်ဂိတ်တွေပိတ်ပြီး ဖိအားပေးနေချိန်မှာပဲ နယ်စပ်ဒေသတစ်ခုကို KIA က သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 6 December
    သတင်း

    ဗန်းမော်၊ မံစီ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ကလေကြောင်းနဲ့အပြင်းအထန်ခုခံနေ

    “လေယာဉ်လာတာတော့ ၅ ရက်နေ့ကနေ လေယာဥ်စလာတယ် ဗုံးချသံလည်း ကြားရတယ် စုစုပေါင်း ၁၅ ကြိမ်အထက်တော့ လာသွားပြီ မံစီနဲ့ဗန်းမော် လှည့်ပတ်ချနေတယ်”လို့ပြောပါတယ်။

    Read More »
  • 5 December
    သတင်း

    ဗန်းမော်မှာတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး အရပ်သား သေဆုံးမှု ၁၀ ဦးခန့်ရှိလာ

    ကချင်ပြည်နယ် ဗန်းမော်မြို့ပတ်ပတ်လည်မှာတိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး ၂ ရက်အတွင်း အရပ်သားသေဆုံးသူ ၁၀ ဦးခန့်ရှိလာပြီလို့ ဗန်းမော်ဒေသခံတွေပြောပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ကစပြီး ဗန်းမော်– မံစီအကြားရှိ စစ်တပ်စခန်းအားလုံး ကချင်လွတ်လပ်ရေးတပ်မတော်  KIA ထိုးစစ်ဆင်နေပြီး ကာကင်းစခန်း ၇ ခုသိမ်းပိုက်ရရှိထားကာ တိုက်ပွဲဆက်ပြင်းနေသလို တစ်ဖက်မှာတော့…

    Read More »
Back to top button