ဗန်းမော်
-
Aug- 2023 -28 Augustသတင်း
ဗန်းမော်ကနေ မအူပင်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ
ကချင်ပြည်နယ် ဗန်းမော်မြို့ မအူပင်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကားကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်က စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ဒေခသံတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၂၈ ရက်နေ့ ဒီနေ့ ညနေ ၃နာရီခွဲလောက်မှာ အင်အား ၈၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီစစ်ယာဉ်တန်း ၄ စီးဟာ နမ်ဆန်ယန်၊မြို့သစ်၊ကုန်းလောဘက်ကို စစ်အင်အား လက်နက်ရိက္ခာတင်ပို့မယ့်လမ်းကြောင်းလုံခြုံရေးယူပေးဖို့ စစ်အင်အားလာရောက်ပို့ဆောင်တဲ့ ရှေ့ပြေးစစ်ကား တစ်စီးကိုစောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ “ခလရ ၂၃၆ ကထွက်လာတဲ့ စစ်ကား ၄ စီးပေါ့ သူတို့က ဘယ်ကစစ်ကြောင်းတွေလဲဆိုတော့ ခုတစ်လော သင်္ဘောကဆင်းလာတဲ့ကောင်တွေ သူတို့က ခုသင်္ဘောကနေ လက်နက်ရိက္ခာတွေတင်ပို့ဖို့ ရိက္ခာလမ်းကြောင်းကိုလုံခြုံရေးယူပေးဖို့ တက်လာတဲ့ စစ်ကားတွေကို ရှေ့ပြေးလုံခြုံရေးယူပေးတဲ့ကားက မအူပင်ရွာနားမှာလူစုလုပ်နေတဲ့ချိန် ဒီဘက်က…
Read More » -
21 Augustသတင်း
ဗန်းမော်မှာ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းကလွှဲပြီး အရပ်သားပြည်သူသွားလာခွင့်ပိတ်ပင်ခံထားရ
ကချင်ပြည်နယ် ဗန်းမော်မြို့မှာ စစ်တပ်က မြို့တွင်းမြို့ပြင်လုံခြုံရေးတင်းကြပ်ထားတဲ့အပြင် မြို့တွင်း ရပ်ကွက်သွားလမ်းတွေမကျန် စစ်တပ်လက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေကလွှဲပြီး အရပ်သားပြည်သူတွေ သွားလာခွင့် ပိတ်ပင်ခံထားရတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ဒီလိုလုပ်ဆောင်လာတာဟာ စစ်လက်နက်ရိက္ခာတင် သင်္ဘော ၉ စီး ဆိုက်ကပ်လာတဲ့ ဩဂုတ်လ ၁၉ ရက်နေ့ကတည်းက ဖြစ်တယ်လို့ ဗန်းမော်ဒေသခံတစ်ဦးက အခုလို…
Read More » -
19 Augustသတင်း
ဗန်းမော် – လွယ်ဂျယ် ကားလမ်းပိုင်း ကုန်ပစ္စည်းသယ်ယူခွင့်ပိတ်ထားဆဲဖြစ်တဲ့အတွက် ပြည်သူများအခက်တွေ့နေ
ဗန်းမော် – လွယ်ဂျယ်ကားလမ်းမကြီးကို စစ်ကောင်စီတပ်က စားသောက်ကုန်များနဲ့ အခြားကုန်ပစ္စည်းသယ်ယူပို့ဆောင်ခွင့် ပိတ်ဆို့ထားတာ ၂ ပတ်ဝန်းကျင်လောက် ကြာမြင့်လာပြီဖြစ်တဲ့အတွက် လွယ်ဂျယ်ဘက်မှာ ရှိတဲ့ပြည်သူတွေမှာ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၆ ရက်ကနေ ဗန်းမော်ဘက်က အဓိကတင်သွင်းနေတဲ့ ဆန်၊ ဆီ၊…
Read More » -
18 Augustသတင်း
ဗန်းမော်နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ကျေးရွာတွေကို စစ်တပ်က ဂျက်ဖိုက်တာ ၃ စီးနဲ့ဗုံးကျဲ
ကချင်ပြည်နယ် ဗန်းမော်နဲ့ ရွှေကူ မြို့နယ်အစပ် ဗန်းမော်နယ်ထဲက ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်ကျေးရွာတွေကို စစ်ကောင်စီတပ်က တိုက်ပွဲ မဖြစ်ပဲ ဒီကနေ့ မနက်ပိုင်းမှာ လေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်က ဒီကနေ့ သြဂုတ် ၁၈ ရက်နေ့ မနက် ၄ နာရီ မိနစ်…
Read More » -
16 Augustသတင်း
စစ်ကောင်စီတပ်ရဲ့ သင်္ဘော ၉ စီး ရွှေကူကနေထွက်ခွာပြီး နာရီဝက်အကြာ ရွှေကူရဲစခန်း ဒရုန်းနဲ့ပစ်ခံရ စခန်းမှူးနဲ့ရဲမေတစ်ဦး ထိခိုက်ဒဏ်ရာပြင်းထန်
ရွှေကူမြို့ဆိပ်ကမ်းမှာ ဆိုက်ကဒ်ထားတဲ့ စစ်ကောင်စီတပ်ရဲ့သင်္ဘော ဒီနေ့မနက် ၉ နာရီဝန်းကျင်မှာ ဗန်းမော်ဘက်ကို ဆန်တက်သွားပြီးနောက် နာရီအကြာမှာ ရွှေကူမြို့မရဲစခန်းကို KIA,PDF တွေက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ ရဲစခန်းမှူးတစ်ဦးနဲ့ ရဲမေတစ် ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိထားတယ်လို့ ရွှေကူဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီစစ်ကောင်စီတပ်ရဲ့သင်္ဘော ၉ စီးဟာ ဩဂုတ်လ ၁၆ ရက်နေ့ ဒီနေ့မနက် ၉ နာရီလောက်မှာ ဆန်တက်နေချိန် တစ်ဆက်တည်းမှာဘဲ ရွှေကူမြို့မရဲစခန်း ဒရုန်းနဲ့ ၂ ကြိမ် ဗုံး ၄ လုံးပစ်ခံရပြီး ရဲစခန်းမှူးတစ်ဦး ဝမ်းဗိုက်ထိမှန်ထားတဲ့အပြင် ရဲမေ တစ်ဦးလည်း ခြေထောက်ထိမှန်သွားတယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ ရွှေကူမြို့ခံတစ်ဦးက KNG ကိုပြောပါတယ် “သင်္ဘောထွက်ပြီး မကြာဘူး ဒီဘက်ရဲစခန်းလာပစ်ကြပြီ ဒရုန်းနဲ့ ၄ ကြိမ်လာပစ်တယ်။ဒရုန်းနဲ့က ၂ ကြိမ် တစ်ကြိမ်ပစ်ရင် ၂ လုံးလာချတာ ပထမတစ်ကြိမ်တော့ ရဲစခန်းရုံးထဲကျတာ နောက်တစ်ကြိမ်က ရဲစခန်းဝင်းမှာဘဲ ပျူတွေနဲ့စစ်သားတွေနေတဲ့ချိန်ချတာဟုတ်တယ်။ ခုအတွင်းသတင်းအရ စခန်းမှူးဗိုက်ထိထားတယ် ပြောတယ် ရဲမေက ခြေထောက်တဲ့ ဟိုဘက် ပျူတွေနေတဲ့ဘက်ထိခိုက်မှုအခြေနေတော့ စုံစမ်းတုန်း”လို့ပြောပါတယ်။ ရွှေကူမြို့မရဲစခန်းဟာ အာဏာသိမ်းပြီးနောက်ပိုင်း မကြာခနပစ်ခတ်ခံနေရတာကြောင့် ရဲဝန်ထမ်းမိသားစုတွေဟာ ညဘက်တွေမှာ တပ်စခန်းထဲပြောင်းအိပ်နေပြီး ရုံးတက်ချိန်သာ လာရောက်ရုံးတက်နေတာဖြစ်တဲ့အတွက် ရွှေကူရဲစခန်းမှာတော့ ပျူစောထီးတွေနဲ့စစ်သားတွေ ညအိပ်စောင့်ပေးကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် ရဲ့စခန်းဝင်းထဲမှာ ညအိပ်စောင့်ပေးတဲ့ စစ်သားတွေနဲ့ ပျူအဖွဲ့လည်းရှိနေတာကို သိရှိထားတဲ့ ကာကွယ်ရေးတပ်တွေဟာ ရဲစခန်းဝင်းထဲမှာဘဲ ၂ နေရာလာရောက်တိုက်ခိုက်သွားတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ အလားတူ စစ်ကောင်စီတပ်ဟာ ဒီနေ့မနက် ရွှေကူကနေ ထွက်ခွာချိန် ရွှေကူထဲမှာ ခုရက်ပိုင်းဖမ်းဆီးထားတဲ့အရပ်သားတွေနဲ့အတူ အရင်ကတည်းက ဖမ်းဆီးထားတဲ့ နိုင်ကျဉ်းသားအပါအဝင် စုစုပေါင်းအရပ်သား ၃၀ ကျော်ကိုလည်း စစ်သင်္ဘောထဲမှာ လူသားဒိုင်းအဖြစ် ဖမ်းသွားတယ်လို့လည်း မျက်မြင်တွေ့တဲ့ရွှေကူ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “ဟိုအရင်ကတည်းက ဖမ်းထားတဲ့ ရွှေကူမြို့ထဲက စိုးနိုင်ကြွယ်ကုန်စုံဆိုင်ပိုင်ရှင်လည်းပါတယ် ဖမ်းခေါ်သွားတဲ့ထဲမှာ သင်္ဘောပေါ်တက်တဲ့ချိန် လက်နောက်ပြန်ကြိုးချည်ပြီး ခေါ်သွားကြတာ အယောက် ၃၀ ကျော်တော့ ရှိမယ် ခုရက်ပိုင်း ပြန်ဖမ်းထားတဲ့ဟာတွေရောဆို”လို့ ပြောပါတယ်။ ဖမ်းဆီးခေါ်ခံသွားရသူတွေဟာ နိုင်ကျဉ်းသားတစ်ချို့အပါအဝင်ဩဂုတ်လ ၈ ရက်နေ့ ဧရာဝတီမြစ်ကမ်းနံဘေးက ရွှေကူလေး၊ရွှေဘုံသာ၊ငပေါက်ဝရွာက လိုက်လံဖမ်းဆီးထားတဲ့ ဒေသခံအများဆုံးပါဝင်တယ်လို့ သူကဆက်ပြောပါတယ်။ ဒါပေမယ့် အဲဒီသင်္ဘော ၉ စီးဟာ ဝဲမရွာနဲ့ ဇင်းဘုံရွာကြားမှာ KIA တပ်ရင်း ၅ နဲ့ ၁၂ အဖွဲ့နဲ့ ရွှေကူ ကာကွယ်ရေးတပ်တွေက ၁၀၇ မမ ၁၀ ချက်ထက်မနည်း လက်နက်ကြီးတွေနဲ့ကြားဖြတ် ပစ်ခတ်တိုက်ခိုက်တာခံလိုက်ရပြီး သင်္ဘောတစ်စီးထိမှန်သွားတယ်လို့ ရွှေကူကာကွယ်ရေးတပ်တွေက အတည်ပြုပြော ဆိုပါတယ်။ “သင်္ဘောတွေ ၉ စီးလုံးတက်လာပြီလေ အဲတာကို မနက် ၁၁ နာရီလောက်မှာ ဒီဘက်က KIA,PDF ပူးပေါင်းတပ်တွေက ဇင်းဘုံနားမှာ လက်နက်ကြီးနဲ့လှမ်းထုတာ သင်္ဘောတစ်စီးပျက်သွားတယ်။ အဲဒီသင်္ဘောကို ကြိုးနဲ့တွဲပြီး တက်သွားနေပြီ”လို့ ရွှေကူ ကာကွယ်ရေးတပ်က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ လက်ရှိချိန်ထိ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘော ၉ စီးဆက်လက်ဆန်တက်နေပြီး စစ်ကောင်စီတပ်ဟာ လေကြောင်းကနေပါ ဂျက်ဖိုက်တာ တစ်စီး စစ်ရဟတ်ယဉ်တစ်စီးနဲ့ မကြာခနကင်းထောက်ပေးနေတယ်လို့လည်း သိရပါတယ်။ ဗန်းမော်ဘက်ကို ဆက်လက်ဆန်တက်နေတဲ့စစ်ကောင်စီတပ်တွေရဲ့ သင်္ဘောပစ်ခတ်ခံနေရသလို ရွှေကူမမြို့မရဲစခန်းလည်း ဒရုန်းနဲ့ဗုံးကြဲခံရတာကြောင့် လက်ရှိရွှေကူမြို့နယ် ရဲစခန်းဘက်လမ်းတွေမှာ လမ်းတွေပိတ်ထားပြီး စစ်ကောင်စီတပ်ဟာ လေကြောင်းနဲ့လာရောက်ကင်းထောက်နေကြောင်း ရွှေကူကာကွယ်ရေးတပ်နဲ့နီးစပ်အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “ရဲစခန်းကိုလာတိုက်တာ KIA နဲ့မြို့လှ PDF အဖွဲ့ ပြီးတော့ သင်္ဘောကြားဖြတ်ပစ်တာက KIAနဲ့ ရွှေကူ PDF တွေဟုတ်တယ် ဒီနေ့အဖို့တော့ ရဲစခန်းမှာလည်းတိတ်နေတာဘဲ”လို့ ပြောပါတယ်။ ဗန်းမော်ဘက်ကို ဆက်လက်ဆန်တက်နေတဲ့စစ်ကောင်စီတပ်ရဲ့ သင်္ဘော ၉ စီးမှာ စစ်လက်နက်ရိက္ခာတင်တဲ့သင်္ဘော ၇ စီးပါဝင်ပြီး စစ်အင်အား တင်ဆောင်ထားတဲ့သင်္ဘော ၂ စီးဖြစ်တယ်လို့ ကာကွယ်ရေးတပ်တွေကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံအထက်ပိုင်းကို စစ်အင်အား၊စစ်လက်နက်ရိက္ခာတွေပို့ဆောင်ရာမှာ ကုန်းကြောင်းကနေတိုက်ခိုက်ခံရမှုမှာအထိနာနေတဲ့အတွက် ရေကြောင်းကို သွင်သွင်ကျယ်ကျယ်အသုံးပြုနေတာလည်းဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ် သင်္ဘောဆန်တက်ချိန်တိုင်း မြစ်ကမ်းဘေးတစ်လျှောက်မှာနေထိုင်နေတဲ့ အရပ်သားပြည်သူတွေဟာ စစ်တပ်ရဲ့လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရတာတွေကြောင့်ကျေးရွာနေပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိစစ်ကောင်စီတပ်ရဲ့သင်္ဘောဆန်တက်နေတဲ့အတွက် ရွှေကူနယ်တစ်ဝိုက်မှာတော့ ရွာပေါင်း ၁၀ ရွာက ပြည်သူ ရာနဲ့ချီထွက်ပြေးနေရဆဲလည်းဖြစ်ပါတယ်။
Read More » -
15 Augustသတင်း
ကဇူးရွာမှာတိမ်းရှောင်နေတဲ့စစ်ရှောင်ပြည်သူတစ်ချို့ မြစ်ကြီးနားဘက်ကို ထပ်ပြီးတိမ်းရှောင်ဖို့ပြင်ဆင်နေ
စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ မြစ်ကြီးနား –ဗန်းမော်လမ်းမတစ်လျှောက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထပ်ထိုးနေတဲ့အတွက် ကဇူးရွာက စစ်ရှောင်ပြည်သူများ မြစ်ကြီးနားမြို့ဘက်ကို ဆက်ပြီးတိမ်းရှောင်ဖို့ ပြင်ဆင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်းပိုင်းကနေ တိုက်ပွဲစတင်ပြင်းထန်လာတဲ့ နမ်ဆန်ယန်ရွာက ပြည်သူ တစ်ချို့ဟာ မြစ်ကြီးနား၊ဝိုင်းမော်မြို့ဘက်ကိုထွက်ပြေးတိမ်းရှောင်သူရှိသလိုနမ်ဆန်ယန်ရွာနဲ့ မိုင် ၂၀ လောက်ဝေးတဲ့ ကဇူးကျေးရွာမှာတင် တိမ်းရှောင်ခဲ့သူတွေရှိခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိ ကဇူး၊ ဒဘတ်၊ ကျေးရွာတစ်ဝိုက်…
Read More » -
9 Augustသတင်း
ဗန်းမော်-လွယ်ဂျယ် ကုန်ပစ္စည်းတင်သွင်းခွင့် စစ်တပ်က ရက်အကန့်အသတ်မရှိပိတ်ပင်
ဗန်းမော်- လွယ်ဂျယ်သွားလမ်းမှာ ကုန်ပစ္စည်းတင်သွင်းခွင့်ကို စစ်တပ်က ရက်အကန့်သတ်မရှိပိတ်ပင်လိုက်တယ်လို့ အမည်မဖော်လိုတဲ့ လွယ်ဂျယ်ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၆ ရက်နေ့ကနေစပြီး ဗန်းမော်-လွယ်ဂျယ်အဝင်အထွက်တွေကို စစ်ဆေးရေးပိုမိုတင်းကြပ်လာတဲ့အပြင် ကုန်တင်သွင်းခွင့်ကိုလုံးဝပိတ်ပင်လိုက်တဲ့အပြင် ခရီးသည်တစ်ဦးကိုလည်း ခရီးဆောင်အိတ်တစ်အိတ်သာ သယ်ခွင့်ပြုနေတယ်လို့ အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။…
Read More » -
4 Augustသတင်း
မလိယန်ရွာနီး စစ်တပ်ကလေယာဉ်နဲ့ ဗုံးကြဲ
မြစ်ကြီးနား- ဗန်းမော်လမ်းမပေါ်မှာရှိတဲ့ မလိယန်ရွာနီးမှာ စစ်တပ်က ဒီနေ့ နေ့လည် ၁၁ နာရီဝန်းကျင်မှာ ဂျက်လေယာဉ် ၂ စီးနဲ့ ဗုံး ၄ကြိမ်လာရောက် ပစ်ခတ်သွားတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ အဲဒီ စစ်တပ်ရဲ့ဂျက်လေယာဉ် ၂စီးဟာ နေ့လည် ၁၁ နာရီဝန်းကျင်မှာ မန်းလေးတံတားဦးလေဆိပ်ကနေ တက်လာခဲ့ပြီး နေ့လည် ၁၁ နာရီခွဲလောက်မှာ ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။…
Read More » -
Jul- 2023 -21 Julyသတင်း
ဒင်ဂါနှင့် နောင်ဝမ့် စစ်ရှောင်များကို တစ်ရက်အတွင်း ပစ္စည်းအပြီး သိမ်းယူရန် စစ်ကောင်စီပြော
တိုက်ပွဲဖြစ်ပွားမှုကြောင့် ဗန်းမော်ခရိုင် ဒေါ့ဖုန်းယန်မြို့ပေါ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် ဒင်ဂါနှင့် နောင်ဝမ့် ကျေးရွာ ၂ ခုမှ စစ်ရှောင်ဒေသခံများကို တစ်ရက်အတွင်း ၎င်းတို့၏ ပစ္စည်းများ အပြီးသယ်ယူကြရန် စစ်ကောင်စီပြောဆိုထားသည်ဟု သိရသည်။ ဒေါ့ဖုန်းယန်မြို့အထက် ၃ မိုင်ခန့်အကွာမှာရှိတဲ့ ဒင်ဂါနှင့်…
Read More » -
12 Julyသတင်း
ဗန်းမော်မှာ မာရှယ်လော ထုတ်ပြန်
ဗန်းမော်မြို့မှာ စစ်ကောင်စီတပ်က ဒီညကစပြီး မာရှယ်လောထုတ်ပြန်လိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။<br> KIO ဌာနချုပ် လိုင်ဇာမြို့အနီး နမ်ဆန်ယန်ဘက်မှာ စစ်ရေးတင်းမာနေချိန် စစ်ကောင်စီတပ်က ဗန်းမော်မြို့မှာ ဒီည ၉ နာရီကစပြီး မာရှယ်လောထုတ်လိုက်ပြီဆိုတဲ့အကြောင်း ဗန်းမော်မြို့ပေါ်မှာရှိတဲ့ ရပ်ကွက်တာဝန်ရှိသူတွေက ပြောဆိုလာတယ်လို့…
Read More »









