တိုက်ပွဲသတင်း

စစ်ကောင်စီတပ်ရဲ့ သင်္ဘော ၉ စီး ရွှေကူကနေထွက်ခွာပြီး နာရီဝက်အကြာ ရွှေကူရဲစခန်း ဒရုန်းနဲ့ပစ်ခံရ စခန်းမှူးနဲ့ရဲမေတစ်ဦး ထိခိုက်ဒဏ်ရာပြင်းထန်

ရွှေကူမြို့ဆိပ်ကမ်းမှာ ဆိုက်ကဒ်ထားတဲ့ စစ်ကောင်စီတပ်ရဲ့သင်္ဘော ဒီနေ့မနက်  နာရီဝန်းကျင်မှာ ဗန်းမော်ဘက်ကို ဆန်တက်သွားပြီးနောက် နာရီအကြာမှာ ရွှေကူမြို့မရဲစခန်းကို KIA,PDF တွေက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ ရဲစခန်းမှူးတစ်ဦးနဲ့ ရဲမေတစ် ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိထားတယ်လို့ ရွှေကူဒေသခံတွေဆီကနေ သိရပါတယ်။

အဲဒီစစ်ကောင်စီတပ်ရဲ့သင်္ဘော  စီးဟာ ဩဂုတ်လ ၁၆ ရက်နေ့ ဒီနေ့မနက်  နာရီလောက်မှာ ဆန်တက်နေချိန် တစ်ဆက်တည်းမှာဘဲ ရွှေကူမြို့မရဲစခန်း ဒရုန်းနဲ့  ကြိမ် ဗုံး  လုံးပစ်ခံရပြီး ရဲစခန်းမှူးတစ်ဦး ဝမ်းဗိုက်ထိမှန်ထားတဲ့အပြင် ရဲမေ တစ်ဦးလည်း ခြေထောက်ထိမှန်သွားတယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ ရွှေကူမြို့ခံတစ်ဦးက KNG ကိုပြောပါတယ်

သင်္ဘောထွက်ပြီး မကြာဘူး ဒီဘက်ရဲစခန်းလာပစ်ကြပြီ ဒရုန်းနဲ့  ကြိမ်လာပစ်တယ်။ဒရုန်းနဲ့က  ကြိမ် တစ်ကြိမ်ပစ်ရင်  လုံးလာချတာ ပထမတစ်ကြိမ်တော့ ရဲစခန်းရုံးထဲကျတာ နောက်တစ်ကြိမ်က ရဲစခန်းဝင်းမှာဘဲ ပျူတွေနဲ့စစ်သားတွေနေတဲ့ချိန်ချတာဟုတ်တယ်။ ခုအတွင်းသတင်းအရ စခန်းမှူးဗိုက်ထိထားတယ် ပြောတယ် ရဲမေက ခြေထောက်တဲ့ ဟိုဘက် ပျူတွေနေတဲ့ဘက်ထိခိုက်မှုအခြေနေတော့ စုံစမ်းတုန်းလို့ပြောပါတယ်။

ရွှေကူမြို့မရဲစခန်းဟာ အာဏာသိမ်းပြီးနောက်ပိုင်း မကြာခနပစ်ခတ်ခံနေရတာကြောင့် ရဲဝန်ထမ်းမိသားစုတွေဟာ ညဘက်တွေမှာ တပ်စခန်းထဲပြောင်းအိပ်နေပြီး ရုံးတက်ချိန်သာ လာရောက်ရုံးတက်နေတာဖြစ်တဲ့အတွက် ရွှေကူရဲစခန်းမှာတော့ ပျူစောထီးတွေနဲ့စစ်သားတွေ ညအိပ်စောင့်ပေးကြတာဖြစ်ပါတယ်။

ဒါ့ကြောင့် ရဲ့စခန်းဝင်းထဲမှာ ညအိပ်စောင့်ပေးတဲ့ စစ်သားတွေနဲ့ ပျူအဖွဲ့လည်းရှိနေတာကို သိရှိထားတဲ့ ကာကွယ်ရေးတပ်တွေဟာ ရဲစခန်းဝင်းထဲမှာဘဲ  နေရာလာရောက်တိုက်ခိုက်သွားတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

အလားတူ စစ်ကောင်စီတပ်ဟာ ဒီနေ့မနက် ရွှေကူကနေ ထွက်ခွာချိန် ရွှေကူထဲမှာ ခုရက်ပိုင်းဖမ်းဆီးထားတဲ့အရပ်သားတွေနဲ့အတူ အရင်ကတည်းက ဖမ်းဆီးထားတဲ့ နိုင်ကျဉ်းသားအပါအဝင် စုစုပေါင်းအရပ်သား ၃၀ ကျော်ကိုလည်း စစ်သင်္ဘောထဲမှာ လူသားဒိုင်းအဖြစ် ဖမ်းသွားတယ်လို့လည်း မျက်မြင်တွေ့တဲ့ရွှေကူ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

ဟိုအရင်ကတည်းက ဖမ်းထားတဲ့ ရွှေကူမြို့ထဲက စိုးနိုင်ကြွယ်ကုန်စုံဆိုင်ပိုင်ရှင်လည်းပါတယ် ဖမ်းခေါ်သွားတဲ့ထဲမှာ သင်္ဘောပေါ်တက်တဲ့ချိန် လက်နောက်ပြန်ကြိုးချည်ပြီး ခေါ်သွားကြတာ အယောက် ၃၀ ကျော်တော့ ရှိမယ် ခုရက်ပိုင်း ပြန်ဖမ်းထားတဲ့ဟာတွေရောဆိုလို့ ပြောပါတယ်။

ဖမ်းဆီးခေါ်ခံသွားရသူတွေဟာ နိုင်ကျဉ်းသားတစ်ချို့အပါအဝင်ဩဂုတ်လ  ရက်နေ့ ဧရာဝတီမြစ်ကမ်းနံဘေးက ရွှေကူလေး၊ရွှေဘုံသာ၊ငပေါက်ဝရွာက လိုက်လံဖမ်းဆီးထားတဲ့ ဒေသခံအများဆုံးပါဝင်တယ်လို့ သူကဆက်ပြောပါတယ်။

ဒါပေမယ့် အဲဒီသင်္ဘော  စီးဟာ ဝဲမရွာနဲ့ ဇင်းဘုံရွာကြားမှာ KIA တပ်ရင်း  နဲ့ ၁၂ အဖွဲ့နဲ့ ရွှေကူ ကာကွယ်ရေးတပ်တွေက ၁၀၇ မမ ၁၀ ချက်ထက်မနည်း လက်နက်ကြီးတွေနဲ့ကြားဖြတ် ပစ်ခတ်တိုက်ခိုက်တာခံလိုက်ရပြီး သင်္ဘောတစ်စီးထိမှန်သွားတယ်လို့ ရွှေကူကာကွယ်ရေးတပ်တွေက အတည်ပြုပြော ဆိုပါတယ်။

သင်္ဘောတွေ  စီးလုံးတက်လာပြီလေ အဲတာကို မနက် ၁၁ နာရီလောက်မှာ ဒီဘက်က KIA,PDF ပူးပေါင်းတပ်တွေက ဇင်းဘုံနားမှာ လက်နက်ကြီးနဲ့လှမ်းထုတာ သင်္ဘောတစ်စီးပျက်သွားတယ်။ အဲဒီသင်္ဘောကို ကြိုးနဲ့တွဲပြီး တက်သွားနေပြီလို့ ရွှေကူ ကာကွယ်ရေးတပ်က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လက်ရှိချိန်ထိ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘော  စီးဆက်လက်ဆန်တက်နေပြီး စစ်ကောင်စီတပ်ဟာ လေကြောင်းကနေပါ ဂျက်ဖိုက်တာ တစ်စီး စစ်ရဟတ်ယဉ်တစ်စီးနဲ့ မကြာခနကင်းထောက်ပေးနေတယ်လို့လည်း သိရပါတယ်။

ဗန်းမော်ဘက်ကို ဆက်လက်ဆန်တက်နေတဲ့စစ်ကောင်စီတပ်တွေရဲ့ သင်္ဘောပစ်ခတ်ခံနေရသလို ရွှေကူမမြို့မရဲစခန်းလည်း ဒရုန်းနဲ့ဗုံးကြဲခံရတာကြောင့် လက်ရှိရွှေကူမြို့နယ် ရဲစခန်းဘက်လမ်းတွေမှာ လမ်းတွေပိတ်ထားပြီး စစ်ကောင်စီတပ်ဟာ လေကြောင်းနဲ့လာရောက်ကင်းထောက်နေကြောင်း ရွှေကူကာကွယ်ရေးတပ်နဲ့နီးစပ်အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။

ရဲစခန်းကိုလာတိုက်တာ KIA နဲ့မြို့လှ PDF အဖွဲ့ ပြီးတော့ သင်္ဘောကြားဖြတ်ပစ်တာက KIAနဲ့ ရွှေကူ PDF တွေဟုတ်တယ် ဒီနေ့အဖို့တော့ ရဲစခန်းမှာလည်းတိတ်နေတာဘဲလို့ ပြောပါတယ်။

ဗန်းမော်ဘက်ကို  ဆက်လက်ဆန်တက်နေတဲ့စစ်ကောင်စီတပ်ရဲ့ သင်္ဘော  စီးမှာ စစ်လက်နက်ရိက္ခာတင်တဲ့သင်္ဘော  စီးပါဝင်ပြီး စစ်အင်အား တင်ဆောင်ထားတဲ့သင်္ဘော  စီးဖြစ်တယ်လို့ ကာကွယ်ရေးတပ်တွေကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံအထက်ပိုင်းကို စစ်အင်အား၊စစ်လက်နက်ရိက္ခာတွေပို့ဆောင်ရာမှာ ကုန်းကြောင်းကနေတိုက်ခိုက်ခံရမှုမှာအထိနာနေတဲ့အတွက် ရေကြောင်းကို သွင်သွင်ကျယ်ကျယ်အသုံးပြုနေတာလည်းဖြစ်ပါတယ်။

ဒါကြောင့် စစ်တပ် သင်္ဘောဆန်တက်ချိန်တိုင်း မြစ်ကမ်းဘေးတစ်လျှောက်မှာနေထိုင်နေတဲ့ အရပ်သားပြည်သူတွေဟာ စစ်တပ်ရဲ့လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရတာတွေကြောင့်ကျေးရွာနေပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိစစ်ကောင်စီတပ်ရဲ့သင်္ဘောဆန်တက်နေတဲ့အတွက် ရွှေကူနယ်တစ်ဝိုက်မှာတော့ ရွာပေါင်း ၁၀ ရွာက ပြည်သူ ရာနဲ့ချီထွက်ပြေးနေရဆဲလည်းဖြစ်ပါတယ်။

Show More

Related Articles

Back to top button