မင်းအောင်လှိုင်

  • Jul- 2024 -
    24 July
    အင်တာဗျူးမင်းအောင်လှိုင်

    စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ယာယီသမ္မသလွှဲပြောင်းယူလိုက်တဲ့အပေါ် ကချင်ပြည်သူတွေရဲ့ အမြင်သုံးသပ်ချက်

    စစ်ကောင်စီရဲ့ ယာယီသမ္မတ ဦးမြင့်ဆွေက သူ့ရဲ့ယာယီသမ္မတတာဝန်ကို မနေ့က ဇူလိုင်လ ၂၂ ရက်နေ့မှာပဲ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လွှဲပြောင်းပေးအပ်လိုက်ကြောင်း စစ်တပ်ပိုင် သတင်း ဌာနတွေကတစ်ဆင့်သတင်းထုတ်ပြန်လိုက်ပါတယ်။ ယာယီသမ္မတ ဦးမြင့်ဆွေကျန်းမာရေးကြောင့် ဆေးကုသမှုခံယူနေရတဲ့အတွက် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စတွေကိုလိုအပ်သလို ဆောင်ရွက်နိုင်ဖို့ နဲ့ ယာယီသမ္မတဆေးခွင့်ယူနေချိန် လစ်ဟင်းနေတဲ့ တာဝန်ဝတ္တရားတွေကို ဆောင်ရွက်နိုင်ဖို့လို့ဆိုပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယာယီသမ္မတအဖြစ်လွှဲပြောင်းရယူတာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အခုလို ယာယီသမ္မတတာဝန်ကို စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လွှဲပြောင်းရယူလိုက်တဲ့ နောက် မြန်မာနိုင်ငံတဝှမ်း ဝေဖန်ထောက်ပြတာတွေရှိနေပါတယ်။ ယာယီသမ္မတဦးမြင့်ဆွေက သူ့ရဲ့တာဝန်ဝတ္တရားတွေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံသို လွှဲပြောင်းအပ် တာဝန်လွှဲပြောင်းပေးအပ်တဲ့အခြေနေနဲ့ပတ်သက်လို့ မြန်မာပြည်နိုင်ငံရေးအခြေနေက ဘယ်လိုတွေဆက်ဖြစ်လာနိုင်ပါသလဲ။ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတချို့ နဲ့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတစ်ချို့ရဲ့ အမြင်နဲ့ သဘောထားကို KNG က ဆက်သွယ်မေးမြန်း ထားပါတယ်။ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူ အမျိုးသားတစ်ဦး “မင်းအောင်လှိုင်က ယာယီသမ္မတရာထူးယူတယ်ဆိုတာထက် သူခန့်အပ်ခဲ့တဲ့ ယာယီသမ္မတဦးမြင့်ဆွေဟာ နာမကျန်းဖြစ်တာက တစ်ချက်ပေါ့။ နောက်တစ်ချက်က သူနာမကျန်းဖြစ်တဲ့အတွက် သူဆက်ပြီးလုပ်နိုင်တဲ့ အစွမ်းမရှိဘူးပေါ့ ဒါ့ကြောင့် တာဝန်တွေကို သူ့ကိုခန့်အပ်တဲ့ ကာကွယ်ရေးဦးစီးချုပ်ကိုပြန်ပြီးအပ်တယ်လို့ မြင်တယ်။ နောက်တစ်ချက်ကတော့ တကယ်လို့များ တပ်မတော်သားကိုယ်စားလှယ်ပေါ့နော် သမ္မတဖြစ်ဖို့ အတွက် (သို့) ဒုသမ္မတဖြစ်ဖို့အတွက် ခန့်အပ်တဲ့ကိုယ်စားလှယ်ကို ကာကွယ်ရေးဦးစီးချုပ်ကခန့်အပ်ရင် လွှတ်တော်အနေနဲ့ ပြန်ပြီးအတည်ပြုရတယ်။ ဒီအချိန်မှာ လွှတ်တော်မရှိတဲ့အတွက် နောက်ထပ် တပ်မတော် သားကိုယ်စားလှယ် တစ်ယောက်ကိုခန့်ဖို့အတွက်က လွှတ်တော်မရှိရင်နည်းနာမကျဘူးပေါ့။ နောက်ပြီး ဒီအချိန်က အရေးပေါ်ကာလအဖြစ်သူတို့သတ်မှတ်တဲ့အတွက် အာဏာအကုန်လုံးဟာ သူ့လက်ထဲမှာပဲ ရှိတဲ့ အတွက်ကြောင့် သူလိုသလိုပြန်ပြီးလုပ်လို့ရတဲ့အနေထားပေါ့ ဒါကြောင့်မို့ အရမ်းကြီးထူးခြားတယ်လို့မမြင် ပါဘူး သူ့မှာ လုပ်နိုင်တဲ့အာဏာရှိတာကြောင့် သူလိုချင်သလိုကစားလို့ရတဲ့ကစားပွဲဖြစ်တယ်။ ဒါ့ကြောင့် ထူးခြားတယ်လို့မမြင်ပါဘူး။ သူက ဇူလိုင် ၃၁ ဆို သက်တမ်းလည်းပြန်တိုးရမယ် ဒီသက်တမ်းတိုးဖို့ အတွက် သူက ယာယီသမ္မတအဖြစ်နဲ့ဦးဆောင်မယ် နောက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နောက်ထပ် ခြောက်လသက်တမ်းပြန်ယူသွားမယ်လို့ပဲ သုံးသပ်မိပါတယ်” ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူ အမျိုးသားတစ်ဦး “အဓိကတော့ ကျနော်နားလည်သလောက်ကတော့ ၂၀၂၀ မှာရွေးကောက်ပွဲတုန်းက NLD နိုင်တယ်ပေါ့နော် အခု NLD ရဲ့ ၄ နှစ်ကာလက ဒီနှစ်နှစ်ကုန်မှာကုန်မယ်။ ဆိုတော့ အဲ့တာကတစ်ချက်ပေါ့။ ဒုတိယတစ်ချက်က တော့ သူတို့ပြောတဲ့အတိုင်းရွေးကောက်ပွဲပြန်လုပ်ဖို့ပြင်ဆင်နေတဲ့အချိန်ပေါ့ ယာယီသမ္မတယူတာက ကြားကာလအစိုးရမှာ သူသမ္မတလုပ်ဖို့ရည်ရွယ်ချက်ရှိမယ်ထင်တယ်။ ဒီလုပ်မယ့် ရွေးကောက်ပွဲ ကိုတော့ တရုတ်ရောအိန္ဒိယရောအားပေးဖို့များတယ်။ အာဆီယံကအစပေါ့။ဆိုတော့ သူက ဒီရွေးကောက်ပွဲလုပ်ဖို့ နေရာဝင်ယူတယ်။ ကြားကာလမှာ ယာယီသမ္မတလုပ်ဖို့ရည်ရွယ်ချက်ရှိတယ်လို့ သုံးသပ်မိတယ်။ နောက်ဆက်တွဲအနေနဲ့ တရုတ်ရော မြောက်ပိုင်းအဖွဲ့တွေကအစ ဖိအားပေးမယ်ထင်တယ်။ ဝ၊ ကိုးကန့်၊ တအာင်း(ပလောင်) ၊ ကေအိုင်အေကအစပေါ့။ ဆိုတော့ ရွေးကောက်ပွဲဖြစ်ဖို့မဖြစ်ဖို့တော့မသိဘူး ဗမာပြည် ရဲ့ ထွက်ပေါက်လုပ်ဖို့ပေါ့်နော်။ ထွက်ပေါက်ကလည်းများများစားစားမရှိဘူး။ အခုက နစက ကိုအနိုင်လည်း မတိုက်နိုင်ဘူး။ နစက ကလည်း ဒီဘက်က တော်လှန်ရေးတပ်ဖွဲ့ကိုအပြုတ်နိုင်ဖို့ အနေအထားက၂ နှစ် ၃နှစ် ရှိလာတော့ ထွက်ပေါက်မရှိတဲ့အနေအထားမှာ စစ်တပ်က ရွေးကောက်ပွဲအတွက်ထွက်ပေါက်ရှာတာပေါ့။ ဒီရွေးကောက်ပွဲလမ်းကြောင်းမရှိရင် သူတို့မှာဘာမှမရှိတော့ဘူးလေ။ အဓိက သူယာယီသမ္မတယူတာက သူ့ရဲ့ရူးသွပ်တဲ့ သမ္မတဖြစ်ချင်တဲ့ဆန္ဒပြည့်သွားတာပေါ့ ဒါပေမဲ့ ပြည်သူရဲ့ဆန္ဒတော့မဟုတ်ဘူးပေါ့” ဒီမိုကရေစီအရေးလှုပ်ရှားသူအမျိုးသမီးတစ်ဦး “သူတို့ကတော့ အရင်ရှေ့က ဦးသိန်းစိန်လက်ထပ်ကလိုမျိုးပေါ့ ယူနီဖောင်းလဲတဲ့သဘောမျိုးပေါ့လေ ယူနီဖောင်းလဲပြီး အရပ်ဝတ်ဖြစ်သွားတယ်ဆိုတာကိုပုံဖော်တာပေါ့လေ သူတို့ဖော်ချင်တဲ့အတိုင်းဖော်တာပေါ့ ၂၀၀၈ ပုံစံအတိုင်းသွားတယ်ဆိုတာမျိုးပေါ့ တရုတ်ဘက်ကလည်းပါတီတွေကို ခေါ်တွေ့တာတွေ ဆိုတော့ တရုတ်ရဲ့ဖိအားတွေလည်းပါမယ်။ သူတို့ရဲ့ထွက်ပေါက်အနေနဲ့ လုပ်သင့်တယ်ဆိုတဲ့အမြင်ရှိတဲ့သူတွေလည်း ရှိတယ်။ သူတို့ဖြစ်ချင်တဲ့ပုံစံကိုဖော်သွားတာပေါ့ သူတို့လည်းတစ်ခြားအကွက်လည်းမတွေ့တော့ဘူးပေါ့နော်။ ဆိုတော့ နောက်ဆုံး သူတို့အကွက်ပြတာပေါ့ ခုနကပြောတဲ့ ယူနီဖောင်းလဲပြီး ယာယီသမ္မတအနေနဲ့ လုပ်ပြီး တော့ မတရားဥပဒေကို ဥပဒေအတိုင်းပြန်လုပ်တဲ့သဘောလို့မြင်ပါတယ်။ ရှေ့ဆက်ပြီးဘာဖြစ်နိုင်မလဲဆိုတာ ကတော့ပြောဖို့တော့ခက်တယ် ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေရဲ့အား ပြည်သူတွေရဲ့စိတ်ဆန္ဒကလည်း ပိုပြီးအရေးကြီးတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တုန့်ပြန်မှု ပါဝင်မှုကလည်းအပြောင်းအလဲ ဖြစ်စေမှာပေါ့ သူတို့ကတော့ ၂၀၀၈ ဥပဒေအရပဲ လုပ်သွားတယ်ဆိုပြီး နိုင်ငံတကာကိုပြောနေကျအတိုင်းပဲ ဆက်ပြောမှာပဲပေါ့နော်။ ဆိုတော့ တစ်ခြား ပါတီနိုင်ငံရေးနဲ့ ရွေးကောက်ပွဲလုပ်ဖို့အတွက်လည်းပြောတာရှိ တယ်။ ဒါကတော့ရှင်းနေတာပဲ ပြည်သူတွေကလုံးဝလက်မခံတဲ့ဟာဖြစ်တယ်။ လက်ခံနိုင်ဖွယ်လည်း မရှိဘူး။ ဒီအပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ပါဝင်မှု သူတို့ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်မလဲ ဆိုတာက ပိုပြီးတော့ ပြောင်းလဲမှုတစ်ခုဖြစ်လာမယ်လို့ထင်ပါတယ်။” ဦးမြင့်ဆွေဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် မတ်လကနေ ၂၀၁၆ ခုနှစ် မတ်လ အထိ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲအလွန်မှာတော့ မြန်မာနိုင်ငံရဲ့ ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံခဲ့ရပြီး စစ်ကောင်စီ တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သမ္မတ ဦးဝင်မြင့်ဖမ်းဆီးခံခဲ့ရချိန်ကစလို့ ယာယီသမ္မတအဖြစ် စစ်ကောင်စီက ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ By – အမိုး

    Read More »
  • Dec- 2022 -
    14 December
    သတင်းမင်းအောင်လှိုင်

    ပူတာအိုဒေသကို ထိန်းသိမ်းကာကွယ်ရန် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောဆို

    အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်းက ပူတာအိုဒေသသည် စိုက်ပျိုးရေနှင့်မွေးမြူရေး၊ ခရီးသွားလုပ်ငန်းများလုပ်ဆောင်ရန် ကောင်းမွန်သည့် ဒေသခံတစ်ခုဖြစ်သည့်အတွက် သဘာဝပတ်ဝန်းကျင်ပျက်စီးစေမည့် လုပ်ရပ်များကို ရှောင်ကျဉ်ကြရန် ပြည်သူတစ်ချို့ကိုပြောဆိုသွားကြောင်းသိရသည်။ အပြန်လမ်းဖြစ်သည့် ပူတာအိုလေယာဉ်ကွင်းအရောက်တွင် သွားရောက်ပို့ဆောင်ခဲ့သည့် ရိုးရာအဖွဲ့နှင့် အသေးစားစီးပွားရေးလုပ်ငန်းရှင်ဖွဲ့တို့ကို သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များပျက်သုဉ်းစေမည့် လုပ်ရပ်များ…

    Read More »
  • 14 December
    သတင်းဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

    အာဏာသိမ်း စစ်ခေါင်းဆောင် မြစ်ကြီးနား နှင့် ပူတာအိုမြို့တွင် ရောက်ရှိနေ

    အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၁၃ ရက်နေ့က မြစ်ကြီးနားမြို့သို့ ရောက်ရှိလာပြီး ယနေ့နံနက်ပိုင်းတွင် ပူတာအိုဒေသခံများနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။ မြစ်ကြီးနားမြို့တွင် ယမန်နေ့က တွေ့ဆုံမှုများပြုလုပ်ခဲ့ပြီးနောက် ညနေ ၆ နာရီဝန်းကျင်တွင် ပူတာအိုမြို့သို့ ရောက်ရှိခဲ့သည်ဟု ပူတာအိုဒေသခံတစ်ဦး KNG ကို ပြောဆိုသည်။ “အမျိုးသားလေကြောင်းလိုင်းနဲ့ ၆ နာရီလောက်မှာ ပူတာအိုကို…

    Read More »
  • Sep- 2022 -
    7 September
    Fact Check

    ‘မင်းအောင်လှိုင် ရုရှားရောက်နေစဉ် စိုးဝင်းမှ အာဏာ ကောက်သိမ်း လိုက်ပြီ’ ဆိုသည့် သတင်းအမှားဖြန့်နေ

    “မင်းအောင်လှိုင် ရုရှားရောက်နေလို့ စိုးဝင်မှ အာဏာကောက်သိမ်း MWD မှာ တရားဝင် ကြေငြာနေပြီ” ဟူသော သတင်းအမှားတစ်ပုဒ် Youtube ပေါ်တွင် ထပ်မံ ပျံနှံနေသည်ကို တွေ့ရသည်။ အဆိုပါ သတင်းအမှားကို ပရိတ်သတ် ၃ သောင်း ငါးထောင်ကျော် (Subscriber 34.8K)…

    Read More »
  • Aug- 2022 -
    26 August
    Fact Check

    “မင်းအောင်လှိုင် မိသားစုလုံးကို UN တပ်တွေဖမ်းလိုက်ပြီ” ဆိုသည့် ပရိတ်အကြိုက်တွေ့စေမည့် သတင်းအမှားဖြင့် Youtube တွင် ဝင်ငွေရှာနေ

    “မင်းအောင်လှိုင်မိသားစုလုံးကို UN တပ်တွေ ဖမ်းလိုက်ပြီး မင်းအောင်လှိုင် ဘဝပျက်ပြီဟေ့” ဆိုပြီး ပရိသတ်အကြိုက် သတင်းခေါင်းစဥ်ဖြင့် ကြည့်ရှုသူများပြားအောင် လုပ်ဆောင်နေသည့် Youtube ဗီဒီယိုများလည်း ပျံနှံနေသည်ကို တွေ့ရသည်။ အဆိုပါ သတင်းအမှားများကို “DVB Myanmar Media” Youtube Channel တွင် ဩဂုတ်လ ၂၅ ရက်နေ့တွင် စတင်ဖြန့်ဝေခဲ့ပြီး နာရီပိုင်းအတွင်း ကြည့်ရှုသူ နှစ်ထောင်နီးပါးရှိခဲ့သည်။ ယခု…

    Read More »
Back to top button