Fact Checkသတင်း

‘မင်းအောင်လှိုင် ရုရှားရောက်နေစဉ် စိုးဝင်းမှ အာဏာ ကောက်သိမ်း လိုက်ပြီ’ ဆိုသည့် သတင်းအမှားဖြန့်နေ

မင်းအောင်လှိုင် ရုရှားရောက်နေလို့ စိုးဝင်မှ အာဏာကောက်သိမ်း MWD မှာ တရားဝင် ကြေငြာနေပြီ” ဟူသော သတင်းအမှားတစ်ပုဒ် Youtube ပေါ်တွင် ထပ်မံ ပျံနှံနေသည်ကို တွေ့ရသည်။

အဆိုပါ သတင်းအမှားကို ပရိတ်သတ် ၃ သောင်း ငါးထောင်ကျော် (Subscriber 34.8K) ရှိသောတော်လှန်ရေး” အမည်ရှိသည့် Youtube Channel တွင် ယနေ့ စက်တင်ဘာလ () ရက်နေ့တွင် နေ့လယ် ၁၂ နာရီခွဲ့ခန့်တွင် စတင်ဖြန့်ဝေလာခဲ့ပြီး နာရီပိုင်းအတွင်း ကြည့်ရှုသူ သုံးရာအထိ ရှိလာနေပြီ ဖြစ်သည်။

သတင်းဆန်းစစ်ချက်အရ စစ်ကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်သည် စက်တင်ဘာလ ()ရက်နေ့ ညနေပိုင်း ရုရှားနိုင်ငံ ဗလာဒီဗိုစတော့မြို့သို့ ထွက်သွားပြီ ဖြစ်သော်လည်း သူ့လက်အောက်မှ စစ်ဗိုလ် စိုးဝင်းသည် အာဏာသိမ်းခြင်း မရှိသေးပါ။

ထို့ကြောင့် အထက်ဖော်ပြပါ အကြောင်းအရာသည် သတင်းအမှားတစ်ခုသာ ဖြစ်နေသည်ကို တွေ့ရသည်။

ယခုလို သတင်းခေါင်းစဥ်အမှားများဖြင့် ပရိတ်များစိတ်ဝင်စားအောင် နေ့စဥ် Youtube ဗီဒီယိုဖိုင်များကို ပြုလုပ်နေရခြင်း၏ အဓိကအကြောင်းအရင်းမှာ ၄င်းတို့၏ ဗီဒီယိုကို ဝင်ရောက်ကြည့်ရှုသူများအောင်ပြုလုပ်ပြီး Youtube မှ ပိုက်ဆံရှာဖွေနေခြင်း ဖြစ်သည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် နေ့စဥ် လူမှုကွန်ယက်စာမျက်နှာများမှ သတင်းခေါင်းစဥ်နှင့် သတင်းအကြောင်းအရာများကို ဖတ်ရှုရာတွင်လည်း ဒေသတွင်း သတင်းဌာနများနှင့် ယုံကြည်ထိုက်သော သတင်းဖော်ပြချက်များဖြင့် တိုက်စစ်ကာ ယုံကြည် သင့်ပါသည်။

Related Articles

Back to top button